ဥကၠာခဲအပုိင္းအစက အလုိေလွ်ာက္ေရြ႕ေနလုိ႔၊ ျပတုိက္ဝန္ထမ္းေတြ ထိတ္လန္႔ေန

ဥကၠာခဲအပုိင္းအစက အလုိေလွ်ာက္ေရြ႕ေနလုိ႔၊ ျပတုိက္ဝန္ထမ္းေတြ ထိတ္လန္႔ေန

ဥကၠာခဲအပုိင္းအစက အလုိေလွ်ာက္ေရြ႕ေနလုိ႔၊ ျပတုိက္ဝန္ထမ္းေတြ ထိတ္လန္႔ေန

ျပတုိက္တစ္ခု အတြင္းမွာ ခင္းက်င္းျပသ ထားတဲ့ ဥကၠာခဲအပုိင္းအစ တစ္ခုဟာ ဘယ္သူ႕ပေယာဂမွ မပါဘဲ ေရြ႕လွ်ားေနတဲ့ အတြက္ State History Museum of the Southern Urals ျပတုိက္ဝန္ထမ္းေတြအဖုိ႔ ထိတ္လန္႕ ေနေၾကာင္း ဆုိပါတယ္။

သိပၸံပညာရွင္ ေတြကေတာ့ ဒီဥကၠာခဲ ဟာ ကမာၻ ေျမႀကီး က ေန ျပန္လည္ ထြက္ေျပး ခ်င္ေန တဲ့သေဘာ လုိ႔ ဆုိၾကပါတယ္။

အဆုိပါ ဥကၠာခဲ့ဟာ ႐ုရွားႏုိင္ငံ၊ Chelyabinsk ၿမိဳ႕ကေရကန္ တစ္ခုထဲကုိ က်ေရာက္ ခဲ့တဲ့ဥကၠာခဲပါ။ အဲဒီ ဥကၠာခဲဟာ ခင္းက်င္းျပသထားတဲ့ ေနရာကေန ႐ုန္းၾကြ တဲ့ ပုံစံမ်ိဳး ေတြ ရွိခဲ့တာေၾကာင့္ အေတာ္ေလး ဂယက္ထေစခဲ့ပါတယ္။

အဆုိပါဥကၠာခဲဟာ ကမာၻေျမကို (၂၀၁၃)ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၅)ရက္က လာေရာက္ထိမွန္ခဲ့တာ ျဖစ္ပါတယ္။ လူ(၁၅၀၀)ေလာက္ ဒဏ္ရာရရွိခဲ့ပါတယ္။

၎ဥကၠာခဲ ကို မွန္ေလွာင္အိမ္ ထဲ ထည့္သြြင္း ျပသထား ခဲ့ရာ ဖုံးထား တဲ့ အဖုံးက ႐ုတ္တရက္ ပြင့္သြားခဲဲ့တယ္ လို႕ လည္း ဆုိပါတယ္။

ၿပီးခဲ့တဲ့ လတုန္းကလည္း Chelyabinsk 2 ဥကၠာခဲရဲ႕ အလင္းေရာင္ ေကာင္းကင္ကေန ျဖတ္သန္းသြားတယ္လုိ႔ ေကာလဟာလ ျဖစ္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ဒုံးက်ည္တစ္စင္း ပစ္လႊတ္တာ ျဖစ္ပုံရတယ္ဆုိၿပီး သတင္းေတြ ထပ္မံ ထြက္ေပၚလာခဲ့တာပါ။

တစ္ခ်ိဳ႕ ကလည္း အခုလုိ ဥကၠာခဲ အလုိအေလွ်ာက္ ေရႊ႕လ်ားျခင္ းဟာ အဆင့္ျမင့္ နည္းပညာ သုံးၿပီး တစ္စုံတစ္ေယာက္ က ဥကၠာခဲကုိ ခုိးယူဖုိ႔ ႀကိဳးစားတာ ျဖစ္ႏုိင္ေၾကာင္း လို႕ဆိုပါတယ္။

ဒါမွ မဟုတ္ လုံၿခဳံေရး စမ္းသပ္မႈ တစ္ခုလည္း ျဖစ္ႏုိင္ ေၾကာင္း သုံးသပ္ ေနၾက ပါတယ္။ ဒီလုိ အျဖစ္အပ်က္မ်ိဳး တစ္ခါမွ မျဖစ္ခဲဳ့ဖူးပါဘူး။

အခင္းျဖစ္လွ်င္ ျဖစ္ခ်င္းပဲ ျပတုိက္ လုံၿခဳံေရးအဖြဲ႕ဟာ အခင္းျဖစ္ ေနရာကို ေျပးလႊား ေရာက္ရွိသြားၿပီး၊ ခင္းက်င္း ျပသထား တဲ့ အခန္းကို ပိတ္လုိက္တယ္ လုိ႔ သိရပါတယ္။

အတြင္းပိုင္းကို တာဝန္ယူရတဲ့ လုံၿခဳံေရးဝန္ထမ္း Ruslan Safin က ဥကၠာခဲ ဖုံးထားတဲ့ အဖုံးကို သူခုိးက ရီမုဒ္နဲ႔ လွမ္းဖြင့္ဖုိ႔ ႀကိဳးစားတယ္ဆုိတာ မျဖစ္ႏုိင္ေၾကာင္း ျငင္းဆုိခဲ့ပါတယ္။

Credit # Shwemon

Unicode

ဥက္ကာခဲအပိုင်းအစက အလိုလျှောက်ရွေ့နေလို့၊ ပြတိုက်ဝန်ထမ်းတွေ ထိတ်လန့်နေ

ပြတိုက်တစ်ခု အတွင်းမှာ ခင်းကျင်းပြသ ထားတဲ့ ဥက္ကာခဲအပိုင်းအစ တစ်ခုဟာ ဘယ်သူ့ပယောဂမှ မပါဘဲ ရွေ့လျှားနေတဲ့ အတွက် State History Museum of the Southern Urals ပြတိုက်ဝန်ထမ်းတွေအဖို့ ထိတ်လန့် နေကြောင်း ဆိုပါတယ်။

သိပ္ပံပညာရှင် တွေကတော့ ဒီဥက္ကာခဲ ဟာ ကမ္ဘာ မြေကြီး က နေ ပြန်လည် ထွက်ပြေး ချင်နေ တဲ့သဘော လို့ ဆိုကြပါတယ်။

အဆိုပါ ဥက္ကာခဲ့ဟာ ရုရှားနိုင်ငံ၊ Chelyabinsk မြို့ကရေကန် တစ်ခုထဲကို ကျရောက် ခဲ့တဲ့ဥက္ကာခဲပါ။ အဲဒီ ဥက္ကာခဲဟာ ခင်းကျင်းပြသထားတဲ့ နေရာကနေ ရုန်းကြွ တဲ့ ပုံစံမျိုး တွေ ရှိခဲ့တာကြောင့် အတော်လေး ဂယက်ထစေခဲ့ပါတယ်။

အဆိုပါဥက္ကာခဲဟာ ကမ္ဘာမြေကို (၂၀၁၃)ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်က လာရောက်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ လူ(၁၅၀၀)လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

၎င်းဥက္ကာခဲ ကို မှန်လှောင်အိမ် ထဲ ထည့်သွင်း ပြသထား ခဲ့ရာ ဖုံးထား တဲ့ အဖုံးက ရုတ်တရက် ပွင့်သွားခဲ့တယ် လို့ လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း Chelyabinsk 2 ဥက္ကာခဲရဲ့ အလင်းရောင် ကောင်းကင်ကနေ ဖြတ်သန်းသွားတယ်လို့ ကောလဟာလ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒုံးကျည်တစ်စင်း ပစ်လွှတ်တာ ဖြစ်ပုံရတယ်ဆိုပြီး သတင်းတွေ ထပ်မံ ထွက်ပေါ်လာခဲ့တာပါ။

တစ်ချို့ ကလည်း အခုလို ဥက္ကာခဲ အလိုအလျှောက် ရွှေ့လျားခြင် းဟာ အဆင့်မြင့် နည်းပညာ သုံးပြီး တစ်စုံတစ်ယောက် က ဥက္ကာခဲကို ခိုးယူဖို့ ကြိုးစားတာ ဖြစ်နိုင်ကြောင်း လို့ဆိုပါတယ်။

ဒါမှ မဟုတ် လုံခြုံရေး စမ်းသပ်မှု တစ်ခုလည်း ဖြစ်နိုင် ကြောင်း သုံးသပ် နေကြ ပါတယ်။ ဒီလို အဖြစ်အပျက်မျိုး တစ်ခါမှ မဖြစ်ခဲု့ဖူးပါဘူး။

အခင်းဖြစ်လျှင် ဖြစ်ချင်းပဲ ပြတိုက် လုံခြုံရေးအဖွဲ့ဟာ အခင်းဖြစ် နေရာကို ပြေးလွှား ရောက်ရှိသွားပြီး၊ ခင်းကျင်း ပြသထား တဲ့ အခန်းကို ပိတ်လိုက်တယ် လို့ သိရပါတယ်။

အတွင်းပိုင်းကို တာဝန်ယူရတဲ့ လုံခြုံရေးဝန်ထမ်း Ruslan Safin က ဥက္ကာခဲ ဖုံးထားတဲ့ အဖုံးကို သူခိုးက ရီမုဒ်နဲ့ လှမ်းဖွင့်ဖို့ ကြိုးစားတယ်ဆိုတာ မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

Credit # Shwemon

Be the first to comment

Leave a Reply

Your email address will not be published.


*