မကပ္တဲ့ ဒယ္အိုးေတြ (Nonstick cookware) သုံးရင္ ဒါေတြကိုေတာ့ ေရွာင္က်ဥ္ပါ

မကပ္တဲ့ ဒယ္အိုးေတြ (Nonstick cookware) သုံးရင္ ဒါေတြကိုေတာ့ ေရွာင္က်ဥ္ပါ
မကပ္တဲ့ ဒယ္အိုးေတြ (Nonstick cookware) သုံးရင္ ဒါေတြကိုေတာ့ ေရွာင္က်ဥ္ပါ

မကပ္တဲ့ ဒယ္အိုးေတြ (Nonstick cookware) သုံးရင္ ဒါေတြကိုေတာ့ ေရွာင္က်ဥ္ပါ

ေဈးကြက္ထဲမွာ ေတြ႕ရမ်ားတဲ့ မကပ္တဲ့ ဒယ္အိုးေတြရဲ႕ မ်က္ႏွာျပင္ေပၚမွာ polytetrafluoroethylene လို႔ ေခၚတဲ့ ဓာတုပစၥည္းတမ်ိဳး သုတ္ထား ပါတယ္။ ဒါေၾကာင့္

၁။ စတီး (သို႔) သံနဲ႔ လုပ္ထားတဲ့ ဇြန္း။ ေယာက္မ ေတြနဲ႔ မသုံးပါနဲ႔. (သစ္သား သို႔ ဆီလီကြန္နဲ ႔လုပ္ထားတဲ့ ဇြန္းကို သုံးေပးပါ)

၂။ ဒယ္အိုးရဲ႕ အထဲမွာ ဘာမွ မထည့္ဘဲ အၾကာႀကီး အပူေပးတာမ်ိဳး မသုံးသင့္ပါ။ (ဥပမာ…ငပိဖုတ္ဖို႔ ငပိ နည္းနည္းေလး ထည့္ၿပီး အပူေပးတာမ်ိဳး..)

၃။ အပူခ်ိန္ မ်ားမ်ားျဖင့္ ဆီျမႇဳပ္ေၾကာ္ျခင္း (deep fry) ကို လုပ္ျခင္းေရွာင္ပါ။

၄။ ဒယ္အိုး ပြန္းလြယ္တဲ့ အစားအေသာက္ေတြ မေလွာ္ပါနဲ႕။ (ဥပမာ ေျမပဲေလွာ္. ႏွမ္းေလွာ္..စသျဖင့္)

၅။ ပူေနတဲ့ ဒယ္အိုးကို ေဆးရန္အတြက္ ခ်က္ခ်င္း ေရေအးမေလာင္းပါနဲ႔ . ဒယ္အိုးက လုံးဝ ေအးသြားမာ ေဆးေၾကာ ေပးပါ။

၆။ ေဆးတဲ့အခါ ေဖာ့ (အစိမ္းရင့္ေရာင္ အၾကမ္းစား ေဖာ့ မသုံး ရပါ) ေပ်ာ့ေပ်ာ့ေလးသာ သုံးပါ။ ေဆးရ ခက္တာမ်ိဳးဆို ေရခဏ စိမ္ထားေပးၿပီးမွ ေဆးပါ။

၇။ ခ်ဥ္တဲ့ အစားအေသာက္မ်ားကို ခ်က္ျပဳပ္ျခင္းကို ေရွာင္ေပးပါ. (ခရမ္းခ်ဥ္သီး အႏွစ္ခ်က္ျခင္း၊ သံပုရာယို ထိုးျခင္းရဲ႕ အခ်ဥ္ဓာတ္ေၾကာင့္( အက္ဆစ္ဓာတ္) ပ်က္စီး ေစႏိုင္ပါတယ္။)

၈။ သိမ္းဆည္းတဲ့အခါ အျခားေသာ ဒယ္အိုးမ်ားကို အေပၚက ထပ္ၿပီး သိမ္းဆည္းတာမ်ိဳး ေရွာင္ေပးပါ. (ျခစ္ရာေတြ မ်ားလာရင္ လည္း ပ်က္စီး ေစႏိုပ္ပါတယ္)

၉။ သုံးပါမ်ားလာရင္ ဒယ္အိုးထဲမွာ အဝါေရာင္ ဆီေခ်းေတြ ကပ္လာတတ္ပါသည္။ ေဖာ့နဲ႔သာ ၾကာၾကာေလး ေဆးေပးပါ။ အဝါေရာင္ ဆီေခ်းေတြကလည္း ပ်က္စီး ေစပါသည္။

၁၀။ ခ်က္ျပဳပ္တဲ့အခါ မီးအား မျပင္းရပါ။ (မီးအား ေသးေသးနဲ႔ အလယ္အလတ္ မီးအားကိုသာ သုံးေပးပါ။)

ပုံမွာပါတဲ့အတိုင္း မကပ္တဲ့ အလႊာကုန္သြားလို႔ ေအာက္က အလူမီနီယံ (သို႔) စတီး ေပၚလာရင္ ဆက္ မသုံးသင့္ပါ။ ခ်က္ျပဳတ္ရင္းနဲ႔ ဒယ္အိုး မကပ္ေအာင္ သုတ္ထားသည့္ ဓာတုပစၥည္းမ်ား အစားအေသာက္ထဲ ပါဝင္သြားႏိုင္ပါသည္။

ဒယ္နီ လို႔ေခၚတဲ့ လွ်ပ္စစ္ဒယ္အိုးတခ်ိဳ႕မွာ မကပ္တဲ့ မ်က္ႏွာျပင္ ပါေသာ္လည္း တခ်ိဳ႕ေသာအသုံးျပဳသူမ်ားသည္ စတီးဇြန္း၊ ေယာက္မ တို႔ျဖင့္ အားရပါးရ ခ်က္ၾကသည္ကို ေတြ႕ဖူးပါသည္။ (စတီးဇြန္း ေတြနဲ႔ လုံးဝ မခ်က္သင့္ပါ)

က်န္းမာစြာေနထိုင္ခ်က္ျပဳတ္ရန္အတြက္ သိသားသင့္သည့္ အေၾကာင္းအရာေလးေတြကို သိမွတ္ခဲ့သမွ် ျပန္လည္မွ်ေဝေပးလိုက္ပါသည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

မကပ်တဲ့ ဒယ်အိုးတွေ (Nonstick cookware) သုံးရင် ဒါတွေကိုတော့ ရှောင်ကျဉ်ပါ

ဈေးကွက်ထဲမှာ တွေ့ရများတဲ့ မကပ်တဲ့ ဒယ်အိုးတွေရဲ့ မျက်နှာပြင်ပေါ်မှာ polytetrafluoroethylene လို့ ခေါ်တဲ့ ဓာတုပစ္စည်းတမျိုး သုတ်ထား ပါတယ်။ ဒါကြောင့်

၁။ စတီး (သို့) သံနဲ့ လုပ်ထားတဲ့ ဇွန်း။ ယောက်မ တွေနဲ့ မသုံးပါနဲ့. (သစ်သား သို့ ဆီလီကွန်နဲ့လုပ်ထားတဲ့ ဇွန်းကို သုံးပေးပါ)

၂။ ဒယ်အိုးရဲ့ အထဲမှာ ဘာမှ မထည့်ဘဲ အကြာကြီး အပူပေးတာမျိုး မသုံးသင့်ပါ။ (ဥပမာ…ငပိဖုတ်ဖို့ ငပိ နည်းနည်းလေး ထည့်ပြီး အပူပေးတာမျိုး..)

၃။ အပူချိန် များများဖြင့် ဆီမြှုပ်ကြော်ခြင်း (deep fry) ကို လုပ်ခြင်းရှောင်ပါ။

၄။ ဒယ်အိုး ပွန်းလွယ်တဲ့ အစားအသောက်တွေ မလှော်ပါနဲ့။ (ဥပမာ မြေပဲလှော်. နှမ်းလှော်..စသဖြင့်)

၅။ ပူနေတဲ့ ဒယ်အိုးကို ဆေးရန်အတွက် ချက်ချင်း ရေအေးမလောင်းပါနဲ့ . ဒယ်အိုးက လုံးဝ အေးသွားမာ ဆေးကြော ပေးပါ။

၆။ ဆေးတဲ့အခါ ဖော့ (အစိမ်းရင့်ရောင် အကြမ်းစား ဖော့ မသုံး ရပါ) ပျော့ပျော့လေးသာ သုံးပါ။ ဆေးရ ခက်တာမျိုးဆို ရေခဏ စိမ်ထားပေးပြီးမှ ဆေးပါ။

၇။ ချဉ်တဲ့ အစားအသောက်များကို ချက်ပြုပ်ခြင်းကို ရှောင်ပေးပါ. (ခရမ်းချဉ်သီး အနှစ်ချက်ခြင်း၊ သံပုရာယို ထိုးခြင်းရဲ့ အချဉ်ဓာတ်ကြောင့်( အက်ဆစ်ဓာတ်) ပျက်စီး စေနိုင်ပါတယ်။)

၈။ သိမ်းဆည်းတဲ့အခါ အခြားသော ဒယ်အိုးများကို အပေါ်က ထပ်ပြီး သိမ်းဆည်းတာမျိုး ရှောင်ပေးပါ. (ခြစ်ရာတွေ များလာရင် လည်း ပျက်စီး စေနိုပ်ပါတယ်)

၉။ သုံးပါများလာရင် ဒယ်အိုးထဲမှာ အဝါရောင် ဆီချေးတွေ ကပ်လာတတ်ပါသည်။ ဖော့နဲ့သာ ကြာကြာလေး ဆေးပေးပါ။ အဝါရောင် ဆီချေးတွေကလည်း ပျက်စီး စေပါသည်။

၁၀။ ချက်ပြုပ်တဲ့အခါ မီးအား မပြင်းရပါ။ (မီးအား သေးသေးနဲ့ အလယ်အလတ် မီးအားကိုသာ သုံးပေးပါ။)

ပုံမှာပါတဲ့အတိုင်း မကပ်တဲ့ အလွှာကုန်သွားလို့ အောက်က အလူမီနီယံ (သို့) စတီး ပေါ်လာရင် ဆက် မသုံးသင့်ပါ။ ချက်ပြုတ်ရင်းနဲ့ ဒယ်အိုး မကပ်အောင် သုတ်ထားသည့် ဓာတုပစ္စည်းများ အစားအသောက်ထဲ ပါဝင်သွားနိုင်ပါသည်။

ဒယ်နီ လို့ခေါ်တဲ့ လျှပ်စစ်ဒယ်အိုးတချို့မှာ မကပ်တဲ့ မျက်နှာပြင် ပါသော်လည်း တချို့သောအသုံးပြုသူများသည် စတီးဇွန်း၊ ယောက်မ တို့ဖြင့် အားရပါးရ ချက်ကြသည်ကို တွေ့ဖူးပါသည်။ (စတီးဇွန်း တွေနဲ့ လုံးဝ မချက်သင့်ပါ)

ကျန်းမာစွာနေထိုင်ချက်ပြုတ်ရန်အတွက် သိသားသင့်သည့် အကြောင်းအရာလေးတွေကို သိမှတ်ခဲ့သမျှ ပြန်လည်မျှဝေပေးလိုက်ပါသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*