ေျမႀကီးကေ႐ႊသီးတယ္ဆိုတဲ့ စကားအတိုင္း ေ႐ႊအစစ္ေတြ တကယ္ထြက္တဲ့ သစ္ပင္

ေျမႀကီးကေ႐ႊသီးတယ္ဆိုတဲ့ စကားအတိုင္း ေ႐ႊအစစ္ေတြ တကယ္ထြက္တဲ့ သစ္ပင္
ေျမႀကီးကေ႐ႊသီးတယ္ဆိုတဲ့ စကားအတိုင္း ေ႐ႊအစစ္ေတြ တကယ္ထြက္တဲ့ သစ္ပင္

ေျမႀကီးကေ႐ႊသီးတယ္ဆိုတဲ့ စကားအတိုင္း ေ႐ႊအစစ္ေတြ တကယ္ထြက္တဲ့ သစ္ပင္

သိပၸံပညာရွင္ေတြက ေ႐ႊေၾကာရွာေဖြရင္းနဲ႔ ေ႐ႊေတြသီးေနတယ္လို႔ ဆိုလို႔ရတဲ့ ယူကလစ္သစ္ပင္ေတြကို မေတာ္တဆ ေတြ႕ရွိခဲ့ပါတယ္။ ဒီအပင္ေတြကို ဘယ္လို အသုံးခ်ၾကမလဲ။

ပုံျပင္ထဲမွာေတာ့ ကိုယ္လိုခ်င္တဲ့ ပစၥည္းေတြကို အပင္ေတြဆီက ခူးယူၾကတာ ၾကားဖူးၾကမွာပါ။ ေရွးတုန္းကလဲ ပစၥည္းေတြသီးတဲ့ ပေဒသာပင္ဆိုတာ ရွိခဲ့တယ္လို႔ လူႀကီးေတြကေျပာဖူးၾကပါတယ္။

ကဲ…အခုကေတာ့ ပစၥည္းေတြသီးတဲ့ အပင္ေတြအေၾကာင္းေတာ့ မဟုတ္ေပမယ့္ ေ႐ႊထြက္တဲ့ သစ္ပင္ေတြအေၾကာင္း ေျပာျပမွာပါ။

ေ႐ႊထြက္တဲ့သစ္ပင္ေတြေတြ႕တဲ့ေနရာကေတာ့ ေျခာက္ေသြ႕တဲ့ ေဒသတစ္ျဖစ္လဲ Goldfields-Esperance ေဒသျဖစ္ၿပီး ၾသစေၾတးလ်တိုက္ အေနာက္ဘက္မွာ ရွိတာပါ။

မူလကေတာ့ ရွာေဖြသူေတြဟာ ဒီေ႐ႊထြက္တဲ့ေျမေအာက္မွာ ဘာရွိသလဲဆိုတာေလာက္ပဲရွာေဖြဖို႔ ရည္႐ြယ္ခဲ့ေပမယ့္ တကယ္ေ႐ႊေတြ႕ေတာ့ေျမႀကီးထဲမွာ မဟုတ္ဘဲ ယူကလစ္သစ္ပင္ေတြမွာ သြားေတြ႕ပါတယ္။

အဲဒီသစ္ပင္ေတြဟာ အကိုင္းအလက္ ခ်ိဳးခံရေပမယ့္လည္း မူလအတိုင္း ျပန္လည္ရွင္သန္ႏိုင္စြမ္းရွိတဲ့ အပင္ ေတြျဖစ္ၿပီး အျမစ္ေတြဟာလည္း ေျမေအာက္ဘက္ကိုလွ်ိဳတိုးႏိုင္စြမ္းအားေကာင္းတာေၾကာင့္

ေရေသာက္ျမစ္ေတြက ဘယ္လိုေျမေအာက္ေရကိုအသုံးခ်ၿပီး အပင္ေတြကို ရွင္သန္ေစသလဲ ဆိုတာေတာင္ ရွာရခက္ပါတယ္။ ဒီမွာေမးစရာရွိတာက ေျမႀကီးေအာက္ကေ႐ႊေတြဟာ သစ္ပင္ကေန ဘာေၾကာင့္ထြက္သလဲဆိုတာပါပဲ။

တကယ္ေတာ့ ယူကလစ္သစ္ပင္ေတြရဲ႕အျမစ္ဟာ ရွည္လ်ားလြန္းတာေၾကာင့္ ေ႐ႊေတြရွိတဲ့ ေျမလႊာထဲအထိ ေရာက္ရွိႏိုင္ပါတယ္။

သစ္ပင္ေတြဟာ ဓာတ္ပစၥည္းေတြကို ေျမေအာက္ကေနသယ္ေဆာင္ႏိုင္စြမ္းရွိတာ မဆန္းေပမယ့္ မူလအားျဖင့္ေ႐ႊဆိုတဲ့ သတၱဳဟာ အပင္ေတြရဲ႕အဆိပ္ျဖစ္တာေၾကာင့္ ဒီအပင္ေတြကေတာ့ အထူးအဆန္း လိုျဖစ္ေနပါတယ္။

ေ႐ႊရွိတဲ့ေျမလႊာထဲေရာက္ေနတဲ့ အျမစ္ေတြက ေ႐ႊအပိုင္းအစေတြကို စုပ္ယူၿပီးေနာက္ အႏၲရာယ္ရွိတဲ့ ဓာတ္ေပါင္းစည္းမႈေတြမျဖစ္ဖို႔ အေပၚဆုံး အဖ်ားမွာရွိတဲ့ အ႐ြက္ေတြဆီ ပို႔ေပးလိုက္ပါတယ္။

ဒီျဖစ္စဥ္ကို ရွာေဖြေတြ႕ရွိသူေတြက အစက မယုံၾကေသးပါဘူး။ ဖန္လုံအိမ္ထဲမွာလည္း အဲဒီ အပင္ေတြေ႐ႊေတြကို သယ္ေဆာင္ႏိုင္စြမ္း ရွိ၊မရွိ စမ္းသပ္ခဲ့ၾကရာမွာ အမွန္ျဖစ္တယ္ဆိုတာ ေလ့လာေတြ႕ရွိခဲ့ၾကပါတယ္။

အဲဒီ Eucalyptus အပင္ေတြကေ႐ႊထြက္ေပမယ့္ မ်ားျပားလွတာ မဟုတ္ပါဘူး။ အမႈန္အမႊားေလာက္ပဲ ျဖစ္ဟန္တူပါတယ္။

ဘာေၾကာင့္လည္းဆိုေတာ့ အဲဒီလိုေ႐ႊ ထြက္တဲ့ အပင္ေပါင္း ၅၀၀ ေလာက္ေပါင္းမွ လက္ထပ္လက္စြပ္ တစ္ကြင္းစာလုပ္ဖို႔ လုံေလာက္တဲ့ေ႐ႊသာ ရႏိုင္ေလာက္လို႔ပါပဲတဲ့။

အဲဒီေတာ့ ဒီအပင္ေတြဟာ ေ႐ႊထြက္ရာမွ ာအသုံးမဝင္ရင္ ဘယ္မွာသုံးၾကပါမလဲ။ ေ႐ႊထုတ္တဲ့ေနရာမွာ သုံးၾကပါတယ္တဲ့။ အပင္ေတြစိုက္ၿပီး ေ႐ႊရွိ၊မရွိ စမ္းသပ္လို႔ ရတာေၾကာင့္ ေ႐ႊေၾကာေတြကို ေပါက္တူးေပါက္ၿပီး ရွာစရာ မလိုေတာ့ပါဘူး။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

မြေကြီးကရွှေသီးတယ်ဆိုတဲ့ စကားအတိုင်း ရွှေအစစ်တွေ တကယ်ထွက်တဲ့ သစ်ပင်

သိပ္ပံပညာရှင်တွေက ရွှေကြောရှာဖွေရင်းနဲ့ ရွှေတွေသီးနေတယ်လို့ ဆိုလို့ရတဲ့ ယူကလစ်သစ်ပင်တွေကို မတော်တဆ တွေ့ရှိခဲ့ပါတယ်။ ဒီအပင်တွေကို ဘယ်လို အသုံးချကြမလဲ။

ပုံပြင်ထဲမှာတော့ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေကို အပင်တွေဆီက ခူးယူကြတာ ကြားဖူးကြမှာပါ။ ရှေးတုန်းကလဲ ပစ္စည်းတွေသီးတဲ့ ပဒေသာပင်ဆိုတာ ရှိခဲ့တယ်လို့ လူကြီးတွေကပြောဖူးကြပါတယ်။

ကဲ…အခုကတော့ ပစ္စည်းတွေသီးတဲ့ အပင်တွေအကြောင်းတော့ မဟုတ်ပေမယ့် ရွှေထွက်တဲ့ သစ်ပင်တွေအကြောင်း ပြောပြမှာပါ။

ရွှေထွက်တဲ့သစ်ပင်တွေတွေ့တဲ့နေရာကတော့ ခြောက်သွေ့တဲ့ ဒေသတစ်ဖြစ်လဲ Goldfields-Esperance ဒေသဖြစ်ပြီး သြစတြေးလျတိုက် အနောက်ဘက်မှာ ရှိတာပါ။

မူလကတော့ ရှာဖွေသူတွေဟာ ဒီရွှေထွက်တဲ့မြေအောက်မှာ ဘာရှိသလဲဆိုတာလောက်ပဲရှာဖွေဖို့ ရည်ရွယ်ခဲ့ပေမယ့် တကယ်ရွှေတွေ့တော့မြေကြီးထဲမှာ မဟုတ်ဘဲ ယူကလစ်သစ်ပင်တွေမှာ သွားတွေ့ပါတယ်။

အဲဒီသစ်ပင်တွေဟာ အကိုင်းအလက် ချိုးခံရပေမယ့်လည်း မူလအတိုင်း ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့ အပင် တွေဖြစ်ပြီး အမြစ်တွေဟာလည်း မြေအောက်ဘက်ကိုလျှိုတိုးနိုင်စွမ်းအားကောင်းတာကြောင့်

ရေသောက်မြစ်တွေက ဘယ်လိုမြေအောက်ရေကိုအသုံးချပြီး အပင်တွေကို ရှင်သန်စေသလဲ ဆိုတာတောင် ရှာရခက်ပါတယ်။ ဒီမှာမေးစရာရှိတာက မြေကြီးအောက်ကရွှေတွေဟာ သစ်ပင်ကနေ ဘာကြောင့်ထွက်သလဲဆိုတာပါပဲ။

တကယ်တော့ ယူကလစ်သစ်ပင်တွေရဲ့အမြစ်ဟာ ရှည်လျားလွန်းတာကြောင့် ရွှေတွေရှိတဲ့ မြေလွှာထဲအထိ ရောက်ရှိနိုင်ပါတယ်။

သစ်ပင်တွေဟာ ဓာတ်ပစ္စည်းတွေကို မြေအောက်ကနေသယ်ဆောင်နိုင်စွမ်းရှိတာ မဆန်းပေမယ့် မူလအားဖြင့်ရွှေဆိုတဲ့ သတ္တုဟာ အပင်တွေရဲ့အဆိပ်ဖြစ်တာကြောင့် ဒီအပင်တွေကတော့ အထူးအဆန်း လိုဖြစ်နေပါတယ်။

ရွှေရှိတဲ့မြေလွှာထဲရောက်နေတဲ့ အမြစ်တွေက ရွှေအပိုင်းအစတွေကို စုပ်ယူပြီးနောက် အန္တရာယ်ရှိတဲ့ ဓာတ်ပေါင်းစည်းမှုတွေမဖြစ်ဖို့ အပေါ်ဆုံး အဖျားမှာရှိတဲ့ အရွက်တွေဆီ ပို့ပေးလိုက်ပါတယ်။

ဒီဖြစ်စဉ်ကို ရှာဖွေတွေ့ရှိသူတွေက အစက မယုံကြသေးပါဘူး။ ဖန်လုံအိမ်ထဲမှာလည်း အဲဒီ အပင်တွေရွှေတွေကို သယ်ဆောင်နိုင်စွမ်း ရှိ၊မရှိ စမ်းသပ်ခဲ့ကြရာမှာ အမှန်ဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

အဲဒီ Eucalyptus အပင်တွေကရွှေထွက်ပေမယ့် များပြားလှတာ မဟုတ်ပါဘူး။ အမှုန်အမွှားလောက်ပဲ ဖြစ်ဟန်တူပါတယ်။

ဘာကြောင့်လည်းဆိုတော့ အဲဒီလိုရွှေ ထွက်တဲ့ အပင်ပေါင်း ၅၀၀ လောက်ပေါင်းမှ လက်ထပ်လက်စွပ် တစ်ကွင်းစာလုပ်ဖို့ လုံလောက်တဲ့ရွှေသာ ရနိုင်လောက်လို့ပါပဲတဲ့။

အဲဒီတော့ ဒီအပင်တွေဟာ ရွှေထွက်ရာမှ ာအသုံးမဝင်ရင် ဘယ်မှာသုံးကြပါမလဲ။ ရွှေထုတ်တဲ့နေရာမှာ သုံးကြပါတယ်တဲ့။ အပင်တွေစိုက်ပြီး ရွှေရှိ၊မရှိ စမ်းသပ်လို့ ရတာကြောင့် ရွှေကြောတွေကို ပေါက်တူးပေါက်ပြီး ရှာစရာ မလိုတော့ပါဘူး။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*