ကမာၻႀကီးကို ပိုျမင့္တဲ့အသိဉာဏ္ေတြနဲ႔ ခ်စ္တတ္ၾကဖို႔ လိုပါတယ္

ကမာၻႀကီးကို ပိုျမင့္တဲ့အသိဉာဏ္ေတြနဲ႔ ခ်စ္တတ္ၾကဖို႔ လိုပါတယ္
ကမာၻႀကီးကို ပိုျမင့္တဲ့အသိဉာဏ္ေတြနဲ႔ ခ်စ္တတ္ၾကဖို႔ လိုပါတယ္

ကမာၻႀကီးကို ပိုျမင့္တဲ့အသိဉာဏ္ေတြနဲ႔ ခ်စ္တတ္ၾကဖို႔ လိုပါတယ္

ဘုံေဘဘားမား ကုမၸဏီဟာ သစ္ပင္ တစ္ပင္ကို ခုတ္ခ်ိန္တန္လို႔ ခုတ္ေတာ့မယ္ဆိုရင္ေတာင္ အဲဒီ့ သစ္ပင္ကို ေသေအာင္ သတ္ပါတယ္။ သစ္ပင္ကို ေသေအာင္သတ္ဖို႔က အခ်ိန္ေတာ္ေတာ္ ေပးရပါတယ္။

သစ္ပင္တစ္ပင္ကို ဒီအတိုင္းခုတ္လိုက္ရင္ ျပန္ မရွင္သန္ေပမယ့္ အဲဒီ့ အပင္ေအာက္က ေရေသာက္ျမစ္ေတြကေတာ့ အလုပ္လုပ္ေနတုန္းပါပဲတဲ့။ အလုပ္လုပ္ေနရင္ ေျမဆီလႊာထဲက

အရာေတြကို သစ္ပင္ရဲ႕ အျမစ္ေတြက စုပ္ယူေနဆဲ ျဖစ္ေနလို႔ ဘာအျမစ္မွ အလုပ္မလုပ္ဘဲ ေသမွသာ သစ္ပင္ကို ခုတ္ခိုင္းပါတယ္လို႔ စာအုပ္တစ္အုပ္မွာ ဖတ္ရေတာ့ အံ့ၾသခဲ့ရဖူးတယ္။

British ေတြဟာ သူတို႔ colonized လုပ္ထားတဲ့ နယ္ေျမက သစ္ပင္တစ္ပင္ခ်င္း အေပၚမွာ အဲလို စည္းကမ္းရွိခဲ့ၾကသလားေပါ့။ ငါတို႔ ငယ္စဥ္ကကတည္းက သင္ရတာေတာ့ ဘုံေဘဘားမားဟာ လက္ဝါးႀကီးအုပ္တဲ့ လုပ္ငန္းႀကီးတစ္ခုပါပဲ။

တကယ္ လက္ဝါးႀကီး အုပ္ခဲ့ရင္ေတာင္ ဒီေလာက္ ေကာင္းတဲ့ ပညာကို ဘာလို႔ မသင္ခဲ့ရလဲဆိုတာ ဆယ္ေက်ာ္သက္ဘဝမွာ ေမးခြန္းႀကီး တစ္ခုပါပဲ။ အသက္ေတြ ႀကီးလာတဲ့အခါ အေမရိကန္က သူတို႔ဆီမွာ ေရနံထြက္တဲ့ ေဒသေတြ အမ်ားႀကီး ရွိေပမယ့္

တစ္ခ်ိဳ႕ ေဒသေလာက္ပဲ တူးေၾကာင္း၊ သူမ်ားႏိုင္ငံေတြဆီကပဲ ေရနံ ဝယ္ယူေၾကာင္း သိလာရေတာ့ တျဖည္းျဖည္း သေဘာေပါက္နားလည္လာတယ္။ ေဂဟစနစ္ဆိုတာ တစ္ႏိုင္ငံတည္း လိုက္နာလို႔ မရဘူးဆိုတာလည္း သေဘာေပါက္လာတယ္။

စာေရးဆရာမ ဂ်ဴးရဲ႕ ဝတၳဳေတြကို သေဘာက်တဲ့ အထဲမွာ အခ်စ္အေၾကာင္း ဇာတ္ေကာင္ အေၾကာင္းေတြထက္ သဘာဝပတ္ဝန္းက်င္အေၾကာင္းေတြ ဗဟုသုတအေနနဲ႔ ထည့္ထည့္ေပးတာလည္း ပါခဲ့တာေပါ့။

အသက္ ၃၅ ေလာက္မွာ ဘာအေအး ဝယ္ေသာက္ေသာက္ ေမာ့ေသာက္တဲ့ အက်င့္ ျဖစ္လာတယ္။ ပလက္စတစ္ပိုက္ေတြ မယူေတာ့ဘူး။ က်ေနာ္တို႔ဟာ ကမာၻေျမကို ခ်စ္တတ္ဖို႔ လိုပါတယ္။

ဒီလိုအခ်ိန္မ်ိဳးမွာ လူအခ်င္းခ်င္းေတာင္ သတ္ျဖတ္ေနတဲ့ အခ်ိန္ သက္မဲ့လို႔ ေခၚဆိုႏိုင္တဲ့ သစ္ပင္ေတြ၊ ျမစ္ေခ်ာင္းေတြကို ခ်စ္ဖို႔ ေျပာရတာေတာ့ ေတာ္ေတာ္ ခက္ေနပါလိမ့္ဦးမယ္။

အဲဒါေတြက အေရးမႀကီးေသးဘူးလို႔ လာျငင္းရင္လည္း က်ေနာ္က သက္မဲ့ ျဖစ္တဲ့ ေလကို မရႉဘဲ ေနၾကည့္ပါလို႔ ေျပာရပါလိမ့္မယ္။ က်ေနာ္တို႔ ရႉေနရတဲ့ ေအာက္ဆီဂ်င္ကို သစ္ပင္ေတြက ထုတ္ေပးေနတယ္ဆိုတာ မွန္ေပမယ့္

တကယ့္ တကယ္ကေတာ့ က်ေနာ္ တို႔ ပတ္ဝန္းက်င္က သစ္ပင္ေတြက ထုတ္တာ အင္မတန္နည္းပါတယ္။ ပင္လယ္ေအာက္က Plankton လို႔ ေခၚတဲ့ ေရညႇိေရေမွာ္အပင္ေမွ်ာေလး(တခ်ိဳ႕ကလည္း သစ္ပင္၊ တစ္ခ်ိဳ႕ကလည္း တိရိစာၦန္) ေတြက ထုတ္ေနၾကတာပါတဲ့။

ကုန္းေျမေပၚက သစ္ပင္ေတြကေတာ့ က်ေနာ္တို႔ လူေတြအတြက္ မလိုအပ္တဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြ စုပ္ယူၾကပါတယ္။ေဂဟစနစ္ဆိုတာ ဒီအတိုင္းပါပဲ။ တစ္ေယာက္မလိုတာကို တစ္ေယာက္ကလိုအပ္ျခင္း၊ တစ္ေယာက္လိုတာကို တစ္ေယာက္က မလိုအပ္လို႔ ထုတ္ေပးျခင္းနဲ႔ လည္ပတ္ေနၾကတဲ့ ကမာၻႀကီးပါပဲ။

ေခတ္အဆက္ဆက္မွာ ေဂဟစနစ္နဲ႔ အံဝင္ဂြင္က် လိုက္မေျပာင္းႏိုင္လို႔ မ်ိဳးတုန္းသြားၾကတဲ့ သတၱဝါေတြ မနည္းပါဘူး။လူအမ်ားနဲ႔ သဟဇာတမျဖစ္လို႔ အခု မ်ိဳးတုန္းေတာ့မယ့္ စနစ္ေတြဆိုရင္လည္း ဒီလိုပါပဲ။

အံဝင္ဂြင္က် လိုက္မေျပာင္းႏိုင္ရင္ အရာအားလုံးဟာ ေပ်ာက္ကြယ္သြားၾကေလ့ ရွိပါတယ္။ ဘာပဲျဖစ္ျဖစ္ပါေလ။ သဘာဝတရားႀကီးကို ခ်စ္ၾကပါ။ အခ်စ္ဆိုတာေလ အသိဉာဏ္နဲ႔ဆိုင္ပါတယ္။

လမ္းေဘး အေၾကာ္သည္ အေမက သူ႔သားသမီးကို ခ်စ္လို႔ ေအာ္ဆဲေနတာလည္း အခ်စ္ပါပဲ။ အသိဉာဏ္ကြာသြားေတာ့ သက္ေရာက္မႈေတြ ကြာၾကတာပဲေပါ့။ က်ေနာ္တို႔ ကမာၻႀကီးကို ပိုျမင့္တဲ့ အသိဉာဏ္ေတြနဲ႔ ခ်စ္တတ္ၾကဖို႔ တိုက္တြန္းပါရေစဗ်ာ။

Credit – Si Thu Myint Mgmg

Unicode

ကမ္ဘာကြီးကို ပိုမြင့်တဲ့အသိဉာဏ်တွေနဲ့ ချစ်တတ်ကြဖို့ လိုပါတယ်

ဘုံဘေဘားမား ကုမ္ပဏီဟာ သစ်ပင် တစ်ပင်ကို ခုတ်ချိန်တန်လို့ ခုတ်တော့မယ်ဆိုရင်တောင် အဲဒီ့ သစ်ပင်ကို သေအောင် သတ်ပါတယ်။ သစ်ပင်ကို သေအောင်သတ်ဖို့က အချိန်တော်တော် ပေးရပါတယ်။

သစ်ပင်တစ်ပင်ကို ဒီအတိုင်းခုတ်လိုက်ရင် ပြန် မရှင်သန်ပေမယ့် အဲဒီ့ အပင်အောက်က ရေသောက်မြစ်တွေကတော့ အလုပ်လုပ်နေတုန်းပါပဲတဲ့။ အလုပ်လုပ်နေရင် မြေဆီလွှာထဲက

အရာတွေကို သစ်ပင်ရဲ့ အမြစ်တွေက စုပ်ယူနေဆဲ ဖြစ်နေလို့ ဘာအမြစ်မှ အလုပ်မလုပ်ဘဲ သေမှသာ သစ်ပင်ကို ခုတ်ခိုင်းပါတယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ရတော့ အံ့သြခဲ့ရဖူးတယ်။

British တွေဟာ သူတို့ colonized လုပ်ထားတဲ့ နယ်မြေက သစ်ပင်တစ်ပင်ချင်း အပေါ်မှာ အဲလို စည်းကမ်းရှိခဲ့ကြသလားပေါ့။ ငါတို့ ငယ်စဉ်ကကတည်းက သင်ရတာတော့ ဘုံဘေဘားမားဟာ လက်ဝါးကြီးအုပ်တဲ့ လုပ်ငန်းကြီးတစ်ခုပါပဲ။

တကယ် လက်ဝါးကြီး အုပ်ခဲ့ရင်တောင် ဒီလောက် ကောင်းတဲ့ ပညာကို ဘာလို့ မသင်ခဲ့ရလဲဆိုတာ ဆယ်ကျော်သက်ဘဝမှာ မေးခွန်းကြီး တစ်ခုပါပဲ။ အသက်တွေ ကြီးလာတဲ့အခါ အမေရိကန်က သူတို့ဆီမှာ ရေနံထွက်တဲ့ ဒေသတွေ အများကြီး ရှိပေမယ့်

တစ်ချို့ ဒေသလောက်ပဲ တူးကြောင်း၊ သူများနိုင်ငံတွေဆီကပဲ ရေနံ ဝယ်ယူကြောင်း သိလာရတော့ တဖြည်းဖြည်း သဘောပေါက်နားလည်လာတယ်။ ဂေဟစနစ်ဆိုတာ တစ်နိုင်ငံတည်း လိုက်နာလို့ မရဘူးဆိုတာလည်း သဘောပေါက်လာတယ်။

စာရေးဆရာမ ဂျူးရဲ့ ဝတ္ထုတွေကို သဘောကျတဲ့ အထဲမှာ အချစ်အကြောင်း ဇာတ်ကောင် အကြောင်းတွေထက် သဘာဝပတ်ဝန်းကျင်အကြောင်းတွေ ဗဟုသုတအနေနဲ့ ထည့်ထည့်ပေးတာလည်း ပါခဲ့တာပေါ့။

အသက် ၃၅ လောက်မှာ ဘာအအေး ဝယ်သောက်သောက် မော့သောက်တဲ့ အကျင့် ဖြစ်လာတယ်။ ပလက်စတစ်ပိုက်တွေ မယူတော့ဘူး။ ကျနော်တို့ဟာ ကမ္ဘာမြေကို ချစ်တတ်ဖို့ လိုပါတယ်။

ဒီလိုအချိန်မျိုးမှာ လူအချင်းချင်းတောင် သတ်ဖြတ်နေတဲ့ အချိန် သက်မဲ့လို့ ခေါ်ဆိုနိုင်တဲ့ သစ်ပင်တွေ၊ မြစ်ချောင်းတွေကို ချစ်ဖို့ ပြောရတာတော့ တော်တော် ခက်နေပါလိမ့်ဦးမယ်။

အဲဒါတွေက အရေးမကြီးသေးဘူးလို့ လာငြင်းရင်လည်း ကျနော်က သက်မဲ့ ဖြစ်တဲ့ လေကို မရှူဘဲ နေကြည့်ပါလို့ ပြောရပါလိမ့်မယ်။ ကျနော်တို့ ရှူနေရတဲ့ အောက်ဆီဂျင်ကို သစ်ပင်တွေက ထုတ်ပေးနေတယ်ဆိုတာ မှန်ပေမယ့်

တကယ့် တကယ်ကတော့ ကျနော် တို့ ပတ်ဝန်းကျင်က သစ်ပင်တွေက ထုတ်တာ အင်မတန်နည်းပါတယ်။ ပင်လယ်အောက်က Plankton လို့ ခေါ်တဲ့ ရေညှိရေမှော်အပင်မျှောလေး(တချို့ကလည်း သစ်ပင်၊ တစ်ချို့ကလည်း တိရိစ္ဆာန်) တွေက ထုတ်နေကြတာပါတဲ့။

ကုန်းမြေပေါ်က သစ်ပင်တွေကတော့ ကျနော်တို့ လူတွေအတွက် မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုပ်ယူကြပါတယ်။ဂေဟစနစ်ဆိုတာ ဒီအတိုင်းပါပဲ။ တစ်ယောက်မလိုတာကို တစ်ယောက်ကလိုအပ်ခြင်း၊ တစ်ယောက်လိုတာကို တစ်ယောက်က မလိုအပ်လို့ ထုတ်ပေးခြင်းနဲ့ လည်ပတ်နေကြတဲ့ ကမ္ဘာကြီးပါပဲ။

ခေတ်အဆက်ဆက်မှာ ဂေဟစနစ်နဲ့ အံဝင်ဂွင်ကျ လိုက်မပြောင်းနိုင်လို့ မျိုးတုန်းသွားကြတဲ့ သတ္တဝါတွေ မနည်းပါဘူး။လူအများနဲ့ သဟဇာတမဖြစ်လို့ အခု မျိုးတုန်းတော့မယ့် စနစ်တွေဆိုရင်လည်း ဒီလိုပါပဲ။

အံဝင်ဂွင်ကျ လိုက်မပြောင်းနိုင်ရင် အရာအားလုံးဟာ ပျောက်ကွယ်သွားကြလေ့ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါလေ။ သဘာဝတရားကြီးကို ချစ်ကြပါ။ အချစ်ဆိုတာလေ အသိဉာဏ်နဲ့ဆိုင်ပါတယ်။

လမ်းဘေး အကြော်သည် အမေက သူ့သားသမီးကို ချစ်လို့ အော်ဆဲနေတာလည်း အချစ်ပါပဲ။ အသိဉာဏ်ကွာသွားတော့ သက်ရောက်မှုတွေ ကွာကြတာပဲပေါ့။ ကျနော်တို့ ကမ္ဘာကြီးကို ပိုမြင့်တဲ့ အသိဉာဏ်တွေနဲ့ ချစ်တတ်ကြဖို့ တိုက်တွန်းပါရစေဗျာ။

Credit – Si Thu Myint Mgmg

Be the first to comment

Leave a Reply

Your email address will not be published.


*