ေက်ာင္းသြားဖို႔ အပ်င္းႀကီးေနတဲ့ သားငယ္ေလးကို ပညာရွိနည္းနဲ႔ ဆုံးမခဲ့တဲ့ မိဘ

ေက်ာင္းသြားဖို႔ အပ်င္းႀကီးေနတဲ့ သားငယ္ေလးကို ပညာရွိနည္းနဲ႔ ဆုံးမခဲ့တဲ့ မိဘ

ေက်ာင္းသြားဖို႔ အပ်င္းႀကီးေနတဲ့ သားငယ္ေလးကို ပညာရွိနည္းနဲ႔ ဆုံးမခဲ့တဲ့ မိဘ

ဘယ္အသက္အ႐ြယ္ကိုေရာက္ေနတဲ့ သူျဖစ္ျဖစ္ ၊ ဘယ္လို ရာထူးရာခံရွိေနသူေတြပဲျဖစ္ျဖစ္ ငယ္ငယ္ကေတာ့ ေက်ာင္းသြားတာ ၊ စာက်က္ရတာကို ေတာ့ ပ်င္းရိခဲ့ၾကဖူးမွာပါ။

ေက်ာင္းမသြားခ်င္လို႔ ေနမေကာင္းသလိုလိုလုပ္ခဲ့တာ ၊ အိမ္စာမၿပီးလို႔ ေက်ာင္းေျပးတာေတြကေတာ့ ငယ္ဘဝရဲ႕ အမွတ္တရေလးေတြပါပဲေနာ္။ ဒါေပမယ့္ မိဘေတြက ေခ်ာ့တစ္ခါေျခာက္တလွည့္နဲ႔ ပညာအေမြေတြေပးခဲ့လို႔ လုပ္ငန္းအသီးသီး ၊ ဘဝအသီးသီးမွာ ျဖတ္သန္းႏိုင္ခဲ့ၾကတာဆိုလည္း မမွားပါဘူးေနာ္။

ဒီလိုပဲ ထိုင္းႏိုင္ငံက မိဘႏွစ္ဦးျဖစ္တဲ့ နတ္တာနီခ်ာနဲ႔ သူ႔အမ်ိဳးသားဟာ ၅ ႏွစ္အ႐ြယ္သားေလးကို ေက်ာင္းထားေပးေပမယ့္ ကေလးက ေက်ာင္းကို လုံးဝ မသြားခ်င္တာေၾကာင့္ ဂ်စ္ကန္ကန္လုပ္သလို ၊ အၿမဲလည္း ငိုယိုေနခဲ့ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ေက်ာင္းကို လုံးဝ မသြားခ်င္တာေၾကာင့္ျဖစ္ပါတယ္။ ဒါနဲ႔ နတ္တာနီခ်ာတို႔ လင္မယားလည္း ကေလးကို ဘယ္လိုမွ ဆုံးမလို႔ မရဘူ။ ဒါနဲ႔ ေက်ာင္းသြားခ်င္တဲ့စိတ္ျဖစ္ေအာင္ လုပ္မွသာ ေက်ာင္းသြားမွာျဖစ္တယ္လို႔ ဆုံးျဖတ္ၿပီး သားျဖစ္သူကို ပညာေပးဖို႔ ေဆာင္႐ြက္ပါေတာ့တယ္။

 

ေက်ာင္းမသြားခ်င္တဲ့ သားေလးကို ေက်ာင္းမသြားခိုင္းပဲ ေက်ာင္းမသြားခ်င္ရင္ အမႈိက္လိုက္ေကာက္ရမယ္လို႔ ေျပာပါတယ္။ အဲ့ဒီအခါမွာ ကေလးက အမႈိက္ကို လိုက္ေကာက္ပါတယ္။ ၿပီးေတာ့ ေကာက္လို႔ရတဲ့ အမႈိက္ကို ေရာင္းပါတယ္။

စုစုေပါင္း ထိုင္းေငြ ၂ ဘတ္ရတဲ့အခါ။ မိသားစု အိမ္ျပန္လာၾကပါတယ္။ ကေလးငယ္ဟာ လမ္းေလွ်ာက္ရတာေညာင္းလို႔ ဘတ္စ္ကားစီးဖို႔ ေျပာဆိုေပမယ့္ နတ္တာနီခ်ာတို႔ လင္မယားက စီးခ်င္ရင္စီးေလ။ ဒါေပမယ့္ သားမွာ ၂ ဘတ္ပဲ ရွိတာ ဘတ္စ္ကားဖိုးက ၁၀ ဘတ္ျဖစ္တယ္လို႔ဆိုတာေၾကာင့္ ကေလးငယ္လည္း မစီးရပဲ မိသားစု လမ္းဆက္ေလွ်ာက္လာခဲ့ပါတယ္။

ေနာက္ေတာ့ ေရခဲမုန႔္ဆိုင္ေတြ႕ပါတယ္။ ကေလးက သဘာဝအရ ေရခဲမုန႔္စားခ်င္တယ္လို႔ ဆိုပါတယ္။အဲ့ဒီအခါမွာ ေရခဲမုန႔္ကလည္း ၅ ဘတ္ ေလ။ သားမွာ ၂ ဘတ္ထဲရွိတာဘယ္လို စားမလဲလို႔ ေမးလိုက္ေတာ့ ကေလးဟာ ေရခဲမုန႔္လည္း မစားရပဲ အိမ္ကိုသာျပန္ခဲ့ၾကပါတယ္။

ေနာက္တစ္ေန႔မွာေတာ့ ကေလးကို ေက်ာင္းကိုသြားဖို႔ေျပာတဲ့အခါ ကေလးဟာ လုံးဝ ၿငိဳျငင္ျခင္းမရွိပဲ ေလ်ာေလ်ာလ်ဴလ်ဴေက်ာင္းကိုသြားခဲ့တယ္လို႔ မွ်ေဝပါတယ္။

ဒီလိုလုပ္ေဆာင္မႈအေပၚမွာေတာ့ အခ်ိဳ႕က ရက္စက္လြန္းတယ္လို႔ မွတ္ခ်က္ေတြျပဳေနၾကသလို အခ်ိဳ႕ကလည္း ကေလးကို နားလည္ေအာင္ ပညာေပးတာျဖစ္တဲ့အ တြက္ ေထာက္ခံၾကပါတယ္။

ကဲ ..ပရိသတ္ႀကီးေတြကေရာ ။ ဒီလိုလုပ္တာဟာ လုပ္သင့္လား။ ဒါမွမဟုတ္ မလုပ္သင့္ဘူးလားဆိုတာကို ေအာက္က ကြန္မင့္ေလးမွာ ဝင္ေရာက္ေဆြးေႏြးေပးပါဦးေနာ္။

Credit # Shwe Yaung Lan

Unicode

ကျောင်းသွားဖို့ အပျင်းကြီးနေတဲ့ သားငယ်လေးကို ပညာရှိနည်းနဲ့ ဆုံးမခဲ့တဲ့ မိဘ

ဘယ်အသက်အရွယ်ကိုရောက်နေတဲ့ သူဖြစ်ဖြစ် ၊ ဘယ်လို ရာထူးရာခံရှိနေသူတွေပဲဖြစ်ဖြစ် ငယ်ငယ်ကတော့ ကျောင်းသွားတာ ၊ စာကျက်ရတာကို တော့ ပျင်းရိခဲ့ကြဖူးမှာပါ။

ကျောင်းမသွားချင်လို့ နေမကောင်းသလိုလိုလုပ်ခဲ့တာ ၊ အိမ်စာမပြီးလို့ ကျောင်းပြေးတာတွေကတော့ ငယ်ဘဝရဲ့ အမှတ်တရလေးတွေပါပဲနော်။ ဒါပေမယ့် မိဘတွေက ချော့တစ်ခါခြောက်တလှည့်နဲ့ ပညာအမွေတွေပေးခဲ့လို့ လုပ်ငန်းအသီးသီး ၊ ဘဝအသီးသီးမှာ ဖြတ်သန်းနိုင်ခဲ့ကြတာဆိုလည်း မမှားပါဘူးနော်။

ဒီလိုပဲ ထိုင်းနိုင်ငံက မိဘနှစ်ဦးဖြစ်တဲ့ နတ်တာနီချာနဲ့ သူ့အမျိုးသားဟာ ၅ နှစ်အရွယ်သားလေးကို ကျောင်းထားပေးပေမယ့် ကလေးက ကျောင်းကို လုံးဝ မသွားချင်တာကြောင့် ဂျစ်ကန်ကန်လုပ်သလို ၊ အမြဲလည်း ငိုယိုနေခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ သူဟာ ကျောင်းကို လုံးဝ မသွားချင်တာကြောင့်ဖြစ်ပါတယ်။ ဒါနဲ့ နတ်တာနီချာတို့ လင်မယားလည်း ကလေးကို ဘယ်လိုမှ ဆုံးမလို့ မရဘူ။ ဒါနဲ့ ကျောင်းသွားချင်တဲ့စိတ်ဖြစ်အောင် လုပ်မှသာ ကျောင်းသွားမှာဖြစ်တယ်လို့ ဆုံးဖြတ်ပြီး သားဖြစ်သူကို ပညာပေးဖို့ ဆောင်ရွက်ပါတော့တယ်။

ကျောင်းမသွားချင်တဲ့ သားလေးကို ကျောင်းမသွားခိုင်းပဲ ကျောင်းမသွားချင်ရင် အမှိုက်လိုက်ကောက်ရမယ်လို့ ပြောပါတယ်။ အဲ့ဒီအခါမှာ ကလေးက အမှိုက်ကို လိုက်ကောက်ပါတယ်။ ပြီးတော့ ကောက်လို့ရတဲ့ အမှိုက်ကို ရောင်းပါတယ်။

စုစုပေါင်း ထိုင်းငွေ ၂ ဘတ်ရတဲ့အခါ။ မိသားစု အိမ်ပြန်လာကြပါတယ်။ ကလေးငယ်ဟာ လမ်းလျှောက်ရတာညောင်းလို့ ဘတ်စ်ကားစီးဖို့ ပြောဆိုပေမယ့် နတ်တာနီချာတို့ လင်မယားက စီးချင်ရင်စီးလေ။ ဒါပေမယ့် သားမှာ ၂ ဘတ်ပဲ ရှိတာ ဘတ်စ်ကားဖိုးက ၁၀ ဘတ်ဖြစ်တယ်လို့ဆိုတာကြောင့် ကလေးငယ်လည်း မစီးရပဲ မိသားစု လမ်းဆက်လျှောက်လာခဲ့ပါတယ်။

နောက်တော့ ရေခဲမုန့်ဆိုင်တွေ့ပါတယ်။ ကလေးက သဘာဝအရ ရေခဲမုန့်စားချင်တယ်လို့ ဆိုပါတယ်။အဲ့ဒီအခါမှာ ရေခဲမုန့်ကလည်း ၅ ဘတ် လေ။ သားမှာ ၂ ဘတ်ထဲရှိတာဘယ်လို စားမလဲလို့ မေးလိုက်တော့ ကလေးဟာ ရေခဲမုန့်လည်း မစားရပဲ အိမ်ကိုသာပြန်ခဲ့ကြပါတယ်။

နောက်တစ်နေ့မှာတော့ ကလေးကို ကျောင်းကိုသွားဖို့ပြောတဲ့အခါ ကလေးဟာ လုံးဝ ငြိုငြင်ခြင်းမရှိပဲ လျောလျောလျူလျူကျောင်းကိုသွားခဲ့တယ်လို့ မျှဝေပါတယ်။

ဒီလိုလုပ်ဆောင်မှုအပေါ်မှာတော့ အချို့က ရက်စက်လွန်းတယ်လို့ မှတ်ချက်တွေပြုနေကြသလို အချို့ကလည်း ကလေးကို နားလည်အောင် ပညာပေးတာဖြစ်တဲ့အ တွက် ထောက်ခံကြပါတယ်။

ကဲ ..ပရိသတ်ကြီးတွေကရော ။ ဒီလိုလုပ်တာဟာ လုပ်သင့်လား။ ဒါမှမဟုတ် မလုပ်သင့်ဘူးလားဆိုတာကို အောက်က ကွန်မင့်လေးမှာ ဝင်ရောက်ဆွေးနွေးပေးပါဦးနော်။

Credit # Shwe Yaung Lan

Be the first to comment

Leave a Reply

Your email address will not be published.


*