ထန္းပင္ျမစ္ ဆိုတာ ထန္းပင္ႀကီးရဲ႕ အျမစ္လား… မသိေသးသူမ်ား အတြက္ တင္ေပးလိုက္တာပါ…

ထန္းပင္ျမစ္ ဆိုတာ ထန္းပင္ႀကီးရဲ႕ အျမစ္လား... မသိေသးသူမ်ား အတြက္ တင္ေပးလိုက္တာပါ...
ထန္းပင္ျမစ္ ဆိုတာ ထန္းပင္ႀကီးရဲ႕ အျမစ္လား... မသိေသးသူမ်ား အတြက္ တင္ေပးလိုက္တာပါ...

ထန္းပင္ျမစ္ ဆိုတာ ထန္းပင္ႀကီးရဲ႕ အျမစ္လား… မသိေသးသူမ်ား အတြက္ တင္ေပးလိုက္တာပါ…

ထန္းပင္ျမစ္ ဆိုေတာ့ အခ်ိဳ႕ မသိေသးသူမ်ားက ထန္းပင္ႀကီးရဲ႕ အျမစ္ေတြလို႔ ထင္ေနၾကေတာ့ ရယ္လိုက္ ရေသးတယ္..

ထန္းပင္ႀကီးရဲ႕ အျမစ္ က ႀကီးမား လြန္းလို႔ ႏြားေတြ စားဖို႔အတြက္ ႏြားစာက်င္း (ျမက္ေတြ ထည့္ေကြၽးတဲ့ ခြက္ႀကီး) ေတြေတာင္ ထြင္းလို႔ ရပါတယ္။

စားလို႔ ရတဲ့ ထန္းပင္ျမစ္က ထန္းသီး အရင့္ ေတြကို ေျမျမဳပ္ထားပီး ထြက္လာတဲ့ ထန္းပင္ေပါက္ပါ။ ဥပမာေျပာရရင္ ယာေတာသူတို႔ စားေနတဲ့ ပဲပင္ေပါက္ လို ဘဲေပါ့… အာ့တာကို မစားရင္ ထန္းပင္ႀကီး ျဖစ္လာမွာေပါ့ေလ။

သူ႔ အရသာ က ႏုလြန္းရင္ ခါးသက္သက္ ျဖစ္တတ္ပီး… ေရာင္းတန္းဝင္ အ႐ြယ္ေလာက္ ဆိုရင္ေတာ့ စားပီးရင္း စားခ်င္စရာေကာင္းတဲ့ ထူးဆန္းတဲ့ အရသာမ်ိဳးေလးပါ။ မီးဖုတ္ စားရင္ အနံ႔ ပိုပီး ေမႊးပါ တယ္။

စားသုံးရန္ အတြက္… ထန္းပင္ျမစ္ မီးဖုတ္ (သို႔) ထန္းပင္ျမစ္ျပဳတ္ ကို အခြံခြာပီးလွ်င္ ထန္းျမစ္ ေဖြးေဖြးေလး ေတြ႕ပါ လိမ့္မယ္။ ထို ထန္းျမစ္ေလးရဲ႕ အေပၚယံ အမွ်င္ပါးေလးကို ေနာက္တစ္ႀကိမ္ ထပ္ခြာပါ..

ထို႔ေနာက္ အလယ္ကေနျခမ္းကာ အထဲက အူတိုင္ အႏွံေလးကို ဖယ္ပီး စိတ္ႀကိဳက္စားလို႔ ရပါပီ။ (မစားဖူးေသးသူမ်ား အတြက္ ေျပာတာပါေနာ္… )

ထန္းပင္ျမစ္ ကို မီးဖုတ္ပီးလည္းစား လို႔ ရသလို ျပဳတ္ပီးလည္း ဆီ နဲ႔ ဆားနဲ႔ တို႔စားၾကပါတယ္။

အခ်ိဳ႕ကလည္း ထန္းျမစ္ေၾကာ္၊ ထန္းျမစ္ႏွမ္းေထာင္း စသျဖင့္ အမ်ိဳးမ်ိဳး စားေလ့ရွိၾကပါတယ္။

ဒါ့ေၾကာင့္ ယာေတာသူတို႔လည္း အညာစာ တစ္မ်ိဳး ျဖစ္တဲ့ ထန္းပင္ျမစ္ကို လမ္းႀကဳံရင္ စားၾကည့္ဖို႔ မေမ့ၾကပါနဲ႔ ေနာ္…။

#credit.. မူရင္းေရးသူ

Unicode

ထန်းပင်မြစ် ဆိုတာ ထန်းပင်ကြီးရဲ့ အမြစ်လား… မသိသေးသူများ အတွက် တင်ပေးလိုက်တာပါ…

ထန်းပင်မြစ် ဆိုတော့ အချို့ မသိသေးသူများက ထန်းပင်ကြီးရဲ့ အမြစ်တွေလို့ ထင်နေကြတော့ ရယ်လိုက် ရသေးတယ်..

ထန်းပင်ကြီးရဲ့ အမြစ် က ကြီးမား လွန်းလို့ နွားတွေ စားဖို့အတွက် နွားစာကျင်း (မြက်တွေ ထည့်ကျွေးတဲ့ ခွက်ကြီး) တွေတောင် ထွင်းလို့ ရပါတယ်။

စားလို့ ရတဲ့ ထန်းပင်မြစ်က ထန်းသီး အရင့် တွေကို မြေမြုပ်ထားပီး ထွက်လာတဲ့ ထန်းပင်ပေါက်ပါ။ ဥပမာပြောရရင် ယာတောသူတို့ စားနေတဲ့ ပဲပင်ပေါက် လို ဘဲပေါ့… အာ့တာကို မစားရင် ထန်းပင်ကြီး ဖြစ်လာမှာပေါ့လေ။

သူ့ အရသာ က နုလွန်းရင် ခါးသက်သက် ဖြစ်တတ်ပီး… ရောင်းတန်းဝင် အရွယ်လောက် ဆိုရင်တော့ စားပီးရင်း စားချင်စရာကောင်းတဲ့ ထူးဆန်းတဲ့ အရသာမျိုးလေးပါ။ မီးဖုတ် စားရင် အနံ့ ပိုပီး မွှေးပါ တယ်။

စားသုံးရန် အတွက်… ထန်းပင်မြစ် မီးဖုတ် (သို့) ထန်းပင်မြစ်ပြုတ် ကို အခွံခွာပီးလျှင် ထန်းမြစ် ဖွေးဖွေးလေး တွေ့ပါ လိမ့်မယ်။ ထို ထန်းမြစ်လေးရဲ့ အပေါ်ယံ အမျှင်ပါးလေးကို နောက်တစ်ကြိမ် ထပ်ခွာပါ..

ထို့နောက် အလယ်ကနေခြမ်းကာ အထဲက အူတိုင် အနှံလေးကို ဖယ်ပီး စိတ်ကြိုက်စားလို့ ရပါပီ။ (မစားဖူးသေးသူများ အတွက် ပြောတာပါနော်… )

ထန်းပင်မြစ် ကို မီးဖုတ်ပီးလည်းစား လို့ ရသလို ပြုတ်ပီးလည်း ဆီ နဲ့ ဆားနဲ့ တို့စားကြပါတယ်။

အချို့ကလည်း ထန်းမြစ်ကြော်၊ ထန်းမြစ်နှမ်းထောင်း စသဖြင့် အမျိုးမျိုး စားလေ့ရှိကြပါတယ်။

ဒါ့ကြောင့် ယာတောသူတို့လည်း အညာစာ တစ်မျိုး ဖြစ်တဲ့ ထန်းပင်မြစ်ကို လမ်းကြုံရင် စားကြည့်ဖို့ မမေ့ကြပါနဲ့ နော်…။

#credit.. မူရင်းရေးသူ

Be the first to comment

Leave a Reply

Your email address will not be published.


*