သေဘၤာသီး အျမဳေတကို ဒကာႀကီးတစ္ေယာက္ ရခဲ့တာနဲ႔ ဆက္စပ္ၿပီး အျမဳေတ (၉) ပါး အေၾကာင္း

သေဘၤာသီး အျမဳေတကို ဒကာႀကီးတစ္ေယာက္ ရခဲ့တာနဲ႔ ဆက္စပ္ၿပီး အျမဳေတ (၉) ပါး အေၾကာင္း
သေဘၤာသီး အျမဳေတကို ဒကာႀကီးတစ္ေယာက္ ရခဲ့တာနဲ႔ ဆက္စပ္ၿပီး အျမဳေတ (၉) ပါး အေၾကာင္း

သေဘၤာသီး အျမဳေတကို ဒကာႀကီးတစ္ေယာက္ ရခဲ့တာနဲ႔ ဆက္စပ္ၿပီး အျမဳေတ (၉) ပါး အေၾကာင္း

ဒီေန႔ ဒကာႀကီးတစ္ေယာက္ သေဘၤာသီး အျမဳေတ(အမေတ) ရခဲ့တာနဲ႔ ဆက္စပ္ၿပီး အျမဳေတ(အမေတ) အေၾကာင္း ဗဟုသုတ ရေစျခင္းငွာ တင္ေပးလိုက္ပါတယ္။

အျမဳေတ (၉) ပါး

၁။ ရဇတ မုတၱာအျမဴေတ… ေငြအဆင္းကဲ့သို႔ျဖဴေသာ အေရာင္ရွိ၏၊ စားေကာင္းေသာက္ဖြယ္ ေက်းဇူးျပဳ၏။

၂။ သုဝဏၰ မုတၱာအျမဳေတ… ေ႐ႊနီ အဆင္းကဲ့သို႔ နီေသာ အေရာင္ရွိ၏၊ ႏွစ္သက္ဖြယ္ အဆင္းသဏၭာန္ ေက်းဇူးျပဳ၏။

၃။ ဂံသုတၱာ အျမဳေတ… ေၾကးနီ မရမ္းေစ့ အဆင္းကဲ့သို႔ နီေသာအေရာင္ရွိ၏၊ ေၾကာက္လန႔္ဖြယ္ေသာ အသံကိုေက်းဇူးျပဳ၏။

၄။ ေလာဟိတမုတၱာအျမဳေတ… ေအာင္မည္းညိဳ အပြင့္ကဲ့သို႔ အဆင္းအေရာင္ရွိ၏၊ အေႁခြအရံေက်းဇူးျပဳ၏။

၅။ နီလမုတၱာအျမဳေတ… ညိဳေမာင္းေသာ အဆင္းအေရာင္ရွိ၏၊ အဝတ္ပုဆိုးကို ေက်းဇူးျပဳ၏။

၆။ ပီတမုတၱာ အျမဳေတ… ျမသားျမရည္ အဆင္းကဲ့သို႔ စိမ္းေသာအေရာင္ရွိ၏၊ ဥယ်ာဥ္ သစ္သီးသစ္ပြင့္ တို႔ကိုေက်းဇူးျပဳ၏။

၇။ ကာဠမုတၱာ အျမဳေတ… မင္ေသြးကဲ့သို႔ မည္းနက္ေသာအေရာင္ရွိ၏၊ ရွိန္းဆာယာကြယ္ကာေစတတ္ျခင္းျဖင့္ ေက်းဇူးျပဳ၏။

၈။ ပဘႆရမုတၱာ အျမဳေတ… အနီ အဝါ အျပာ အစိမ္း အျဖဴ အေမာင္း ေျခာက္သြယ္ေသာ အေရာင္ရွိ၏။ အထူးထူးေသာ နာနာ႐ုပ္တို႔ကို ဖန္ဆင္းႏိုင္ျခင္း ကြယ္ေပ်ာက္ေစျခင္း၊

ႏွစ္သက္ဖြယ္ အသံသာယာျခင္း၊ ရန္သူကို ေအာင္ျခင္း၊ ဘီလူး သစ္ က်ား ေႁမြအဆိပ္သင့္ေသာ ေအာက္မ်ားကို ပယ္ရွားျခင္း ေက်းဇူးျပဳ၏။

၉။ ဝေယာဇနမုတၱာ အျမဳေတ… နဝရတ္ကိုးပါးအဆင္းကဲ့သို႔ ၿပိဳးၿပိဳးျပက္ တစ္ခဲနက္ ဝင္းဝင္းေျပာင္ေျပာင္ ဆီမီးေရာင္ ထြန္းပျခင္းရွိ၏။ ေကာင္းကင္ပ်ံျခင္း၊ ေျမလွ်ိဳးျခင္း၊ လူတို႔ႏွစ္သက္ျခင္း၊ ရန္သူအေပါင္း ေၾကာက္႐ြံ႕ျခင္း၊

အထူးထူးေသာ နာနာ႐ုပ္တို႔ကို ဖန္ဆင္းႏိုင္ျခင္း၊ ေသနတ္ သစ္ခြၽန္ ဓား လွံ လက္နက္ မစူးရွႏိုင္ျခင္း၊ ခြန္အားႀကီးျခင္း၊ ေ႐ႊေငြရတနာတို႔ႏွင့္ တကြ အသုံးအေဆာင္မ်ိဳးဟူသမွ် အက်ိဳးျပဳေစတတ္၏။အရွင္စႏၵေဇာတိ – သာသနာႏြယ္ေဖာင္ေဒးရွင္း

Unicode

သင်္ဘောသီး အမြုတေကို ဒကာကြီးတစ်ယောက် ရခဲ့တာနဲ့ ဆက်စပ်ပြီး အမြုတေ (၉) ပါး အကြောင်း

ဒီနေ့ ဒကာကြီးတစ်ယောက် သင်္ဘောသီး အမြုတေ(အမတေ) ရခဲ့တာနဲ့ ဆက်စပ်ပြီး အမြုတေ(အမတေ) အကြောင်း ဗဟုသုတ ရစေခြင်းငှာ တင်ပေးလိုက်ပါတယ်။

အမြုတေ (၉) ပါး

၁။ ရဇတ မုတ္တာအမြူတေ… ငွေအဆင်းကဲ့သို့ဖြူသော အရောင်ရှိ၏၊ စားကောင်းသောက်ဖွယ် ကျေးဇူးပြု၏။

၂။ သုဝဏ္ဏ မုတ္တာအမြုတေ… ရွှေနီ အဆင်းကဲ့သို့ နီသော အရောင်ရှိ၏၊ နှစ်သက်ဖွယ် အဆင်းသဏ္ဌာန် ကျေးဇူးပြု၏။

၃။ ဂံသုတ္တာ အမြုတေ… ကြေးနီ မရမ်းစေ့ အဆင်းကဲ့သို့ နီသောအရောင်ရှိ၏၊ ကြောက်လန့်ဖွယ်သော အသံကိုကျေးဇူးပြု၏။

၄။ လောဟိတမုတ္တာအမြုတေ… အောင်မည်းညို အပွင့်ကဲ့သို့ အဆင်းအရောင်ရှိ၏၊ အခြွေအရံကျေးဇူးပြု၏။

၅။ နီလမုတ္တာအမြုတေ… ညိုမောင်းသော အဆင်းအရောင်ရှိ၏၊ အဝတ်ပုဆိုးကို ကျေးဇူးပြု၏။

၆။ ပီတမုတ္တာ အမြုတေ… မြသားမြရည် အဆင်းကဲ့သို့ စိမ်းသောအရောင်ရှိ၏၊ ဥယျာဉ် သစ်သီးသစ်ပွင့် တို့ကိုကျေးဇူးပြု၏။

၇။ ကာဠမုတ္တာ အမြုတေ… မင်သွေးကဲ့သို့ မည်းနက်သောအရောင်ရှိ၏၊ ရှိန်းဆာယာကွယ်ကာစေတတ်ခြင်းဖြင့် ကျေးဇူးပြု၏။

၈။ ပဘဿရမုတ္တာ အမြုတေ… အနီ အဝါ အပြာ အစိမ်း အဖြူ အမောင်း ခြောက်သွယ်သော အရောင်ရှိ၏။ အထူးထူးသော နာနာရုပ်တို့ကို ဖန်ဆင်းနိုင်ခြင်း ကွယ်ပျောက်စေခြင်း၊

နှစ်သက်ဖွယ် အသံသာယာခြင်း၊ ရန်သူကို အောင်ခြင်း၊ ဘီလူး သစ် ကျား မြွေအဆိပ်သင့်သော အောက်များကို ပယ်ရှားခြင်း ကျေးဇူးပြု၏။

၉။ ဝယောဇနမုတ္တာ အမြုတေ… နဝရတ်ကိုးပါးအဆင်းကဲ့သို့ ပြိုးပြိုးပြက် တစ်ခဲနက် ဝင်းဝင်းပြောင်ပြောင် ဆီမီးရောင် ထွန်းပခြင်းရှိ၏။ ကောင်းကင်ပျံခြင်း၊ မြေလျှိုးခြင်း၊ လူတို့နှစ်သက်ခြင်း၊ ရန်သူအပေါင်း ကြောက်ရွံ့ခြင်း၊

အထူးထူးသော နာနာရုပ်တို့ကို ဖန်ဆင်းနိုင်ခြင်း၊ သေနတ် သစ်ချွန် ဓား လှံ လက်နက် မစူးရှနိုင်ခြင်း၊ ခွန်အားကြီးခြင်း၊ ရွှေငွေရတနာတို့နှင့် တကွ အသုံးအဆောင်မျိုးဟူသမျှ အကျိုးပြုစေတတ်၏။အရှင်စန္ဒဇောတိ – သာသနာနွယ်ဖောင်ဒေးရှင်း

Be the first to comment

Leave a Reply

Your email address will not be published.


*