Unicode
တချို့ပြသနာတွေမှာ အဖြေမရှိဘူး..ရှိလဲ အဖြေဟာ အသက်ဝင်လာမှာမဟုတ်ဘူး..အရမ်းကောင်းလွန်းလို့ မျှဝေပေးတာပါ
တချို့ပြသနာတွေမှာ အဖြေမရှိဘူး..ရှိလဲ အဖြေဟာ အသက်ဝင်လာမှာမဟုတ်ဘူး..။
ဘာဖြစ်လို့လဲဆိုတော့ အဖြေကို ကိုင်ထားတဲ့သူထက် ပြသနာကို ကိုင်ထားတဲ့သူတွေက အမြဲလိုလို အင်အားကြီးတတ်ကြလို့ပဲ။
ဥပမာတစ်ခုပြောပြမယ်.. ကားကို ရေထည့်ပြီး မောင်းလို့ရတဲ့နည်းကို လူတစ်ယောက်ဟာ တကယ် တီထွင်ခဲ့ဖူးတယ်။ နောက်နေ့မှာပဲ သူဟာ အသတ်ခံလိုက်ရတယ်။ သူ့ရဲ့ formula ဟာလဲ သူနဲ့အတူ ပါသွားခဲ့ရတယ်။
တကယ်လို့သာ ကားထဲ ရေထည့်မောင်းလို့ ရသွားပြီဆိုရင် လူသားတွေအတွက်ရော ကမ္ဘာကြီးအတွက်ပါ အကျိုးရှိတဲ့ အဖြေဖြစ်လာမှာ မှန်ပေမယ့် လောင်စာဆီကုမ္ပဏီတွေအတွက်တော့ ဒီအဖြေကိုယ်၌က ပြသနာပါ။
သူတို့အတွက်က အဖြေမလိုဘူးလေ။ ပြသနာဆက်ရှိနေဖို့ပဲလိုတာ။ နောက်တစ်ခုထပ်စဉ်းစားကြည့်.. ကင်ဆာရောဂါ အမြစ်ပြတ်ပျောက်တဲ့ဆေးဝါးကို တစ်စုံတစ်ယောက်က ရှာဖွေတွေ့ရှိပြီဆိုပါတော့..
လူသန်းပေါင်းများစွာရဲ့အသက်ကို ကယ်တင်နိုင်မယ့် ဒီအဖြေဟာ chemotherapy ဆေးဝါးကုမ္ပဏီတွေ၊ ဓာတ်ကင်တဲ့စက်ထုတ်လုပ်သူတွေ၊ ကင်ဆာနဲ့ပတ်သတ်ပြီးအကျိုးအမြတ်ရ လည်ပတ်နေတဲ့ လုပ်ငန်းစုတွေအားလုံးအတွက်တော့ ပြသနာဖြစ်လာမှာပါ။
အခုတောင် ကမ္ဘာပေါ်က မီးခံသေတ္တာတစ်လုံးထဲမှာ ကင်ဆာလုံးဝပျောက်တဲ့ဆေး formula တစ်ခုကို သော့ပိတ်ပြီး ဖွက်ထားကောင်း ဖွက်ထားနိုင်တယ်.. ပြောလို့မရဘူး.. ။ စဉ်းစားကြည့်ဖူးလား? ကင်ဆာရောဂါဟာ တချို့လူတွေအတွက် ရွှေတွင်းကြီးဖြစ်နေမယ်ဆိုတာလေ..။
ဒီလိုတွေးမယ်ဆိုရင် ကမ္ဘာပေါ်မှာ စစ်ပွဲတွေ ဘယ်တော့မှရပ်သွားမှာမဟုတ်ဘူး.. လက်နက်တွေဟာ သိပ် margin ထူတဲ့အကျိုးအမြတ်တွေပဲ..
မူးယစ်ဆေး ဘယ်တော့မှ ပပျောက်မှာမဟုတ်ဘူး..နိုင်ငံရေးမှာ ပြည်သူ့မျက်နှာကြည့်ပါတော့ လို့ အော်နေတာတွေဟာ တကယ်တမ်း ဘာအဓိပ္ပါယ်မှမရှိဘူးဆိုတာ သတိထားမိလာမယ်.. ပြည်သူ့မျက်နှာမကြည့်ပဲ မျက်ခွက်ပြောင်ခြင်းဟာ အင်မတန်ကြွယ်ဝစေနိုင်တာကြီးကိုး..။
သစ်ပင်တွေ ဈေးကောင်းရနေသရွေ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနည်း အဖြေကောင်းဟာ ထွက်မလာနိုင်ဘူး..။ ကုမ္ပဏီတွေ အဖွဲ့အစည်းတွေမှာလဲ ထိုနည်း၎င်းပဲဗျ..။ ဖြေရှင်းလို့ရတဲ့အရာတွေကို တမင်မဖြေရှင်းပဲမွေးထားတာတွေမှ တပုံကြီး.. ။
တကယ်လို့များ ခင်ဗျားအနေနဲ့ အာဟာရသိဒ္ဓိပြီးတဲ့ ဆေးနည်းတစ်မျိုး ရှာဖွေတွေ့ရှိခဲ့တယ်ဆိုရင်တောင် ကမ္ဘာပေါ်က ငတ်မွတ်ခေါင်းပါးမှုတွေကို အဆုံးသတ်ပေးနိုင်မယ်လို့မသေချာဘူး.. ။
ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေးခေါင်းစဉ်အောက်မှာ ပိုက်ဆံရနေတဲ့လူတွေ တပုံတပင်ရှိနေလို့ပါ..။
ခင်ဗျားမှာ ရာဇဝတ်မှုတွေ ပပျောက်အောင်နှိမ်နင်းပေးနိုင်တဲ့ super power ရှိနေရင်တောင် အဲ့ပါဝါကို ထုတ်မသုံးဖို့ ရဲစခန်းက ခေါ်ယူတားမြစ်တာခံရပါလိမ့်မယ်.. ။
တချို့ပြသနာတွေက ကွန်ပြူတာဗိုင်းရပ်စ်လိုပဲ.. လူတွေ လိုလိုလားလားဖန်တီးထားတာ..။ တခုတ်တရ မွေးမြူထားတာ..။ လူတွေအပေါ် သဘောပေါက်လာလေလေ.. လူတွေအပေါ် ဘာမျှော်လင့်ချက်မှ မထားတော့လေလေပါပဲ
မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*