နိဂုံးချုပ်
Unicode
မိတ်ဆွေအတုနဲ့ မိတ်ဆွေအစစ်ဆိုတာ…
အဖေဖြစ်သူဟာ နွားကိုသတ်ပြီး ကင်ရန် မီးပုံဖိုပြီး သူ့သမီးကို ပြောလိုက်တယ်
“သမီးရေ… အိမ်နီးနားချင်း သူငယ်ချင်းတွေသွားခေါ်လိုက်… စားပွဲကျင်းပရအောင်…”
သမီးဖြစ်သူက လမ်းမပေါ်ကိုထွက်သွားပြီး အော်ပြောလိုက်တယ် လ”ကျွန်မတို့အိမ် မီးလောင်နေလို့ ကူငြှိမ်းပေးကြပါဦးရှင်…”
ခဏအတွင်းမှာဘဲ လူအနည်းငယ်ရောက်လာကူညီကြပေမယ့် ကျန်တဲ့အများစုကတော့ မကြားချင်ယောင်ဆောင်နေခဲ့ကြပါတယ်
ရောက်လာတဲ့လူအနည်းစုနဲ့သာ ညဉ့်နက်တဲ့ထိ စားသောက်ပျော်ပါးခဲ့ကြတာပေါ့။ အဖေဖြစ်သူက အံ့ဩပြီး သူ့သမီးကိုပြောတယ်
“လာတာ ဘယ်သူတွေလဲ… အဖေနဲ့လည်း မသိပါလား… အဖေတို့မိတ်ဆွေတွေရော ဘာလို့မလာတာလဲ…”
“ခုလာတဲ့သူတွေက သမီးတို့အိမ် မီးလောင်နေတယ်ဆိုလို့ ကူညီဖို့ လာကြတာ… ပါတီလုပ်ဖို့လာတာမဟုတ်ဘူး… အဲ့ဒီလူတွေကမှ သမီးတို့ ဧည့်ခံကျွေးမွေးတာနဲ့ ထိုက်တန်တာပါ အဖေ…”
နိဂုံးချုပ်
မိမိ ဒုက္ခရောက်ချိန် မကူညီခဲ့သူဟာ မိမိအောင်မြင်ချိန် အောင်ပွဲခံတဲ့အခါမှာလည်း မလာသင့်သူပါ။
နိုင်ငံခြားဆောင်းပါးတစ်ခုအား သင့်တော်သလို ဘာသာပြန်ထားပါသည်။ စိတ်ခွန်အားရရှိကြပါစေ။#Credit
Be the first to comment
Leave a Reply
Your email address will not be published.
*