သိပၸံပညာရွင္(3)ဦး နဲ႔ မီးဖို (အရမ္းေကာင္းတဲ့ ဥပမာေလးပါ)

သိပၸံပညာရွင္(3)ဦး နဲ႔ မီးဖို
သိပၸံပညာရွင္(3)ဦး နဲ႔ မီးဖို

သိပၸံပညာရွင္(3)ဦး နဲ႔ မီးဖို

တစ္ခါတုန္းက သိပၸံပညာရွင္ႀကီး သုံးေယာက္ဟာ အိမ္တစ္အိမ္ထဲမွာ အတူတူ စုေပါင္း ေနထိုင္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။ဒါေပမယ့္ ခက္တာက သူတို႔ေနတဲ့ အိမ္မွာ ခ်က္ျပဳတ္ စားေသာက္ဖို႔ မီးဖိုတစ္လုံးမွ မရွိဘူး။

ဒါ့ေၾကာင့္ သိပၸံ ပညာရွင္ႀကီးေတြဟာ ထမင္းစားခ်ိန္က်ရင္ ဟိုအိမ္ဒီအိမ္သြားၿပီး ထမင္းနည္းနည္း ဟင္းနည္းနည္း လိုက္ေတာင္းစား ရတယ္ဆိုပဲ။

၁ ရက္လည္းမဟုတ္၊ ၂ ရက္လည္းမဟုတ္၊ေန႔တိုင္းေန႔တိုင္း မနက္စာေတာင္းလိုက္၊ညစာေတာင္း လိုက္နဲ႔ ဆိုေတာ့ ေပးရတဲ့အိမ္ေတြကလည္း တျဖည္းျဖည္းနဲ႔ ၿငိဳျငင္လာၾကတယ္။“ခင္ဗ်ားတို႔ကလည္းဗ်ာ။

တသက္လုံး ဒီလိုခ်ည္းပဲ ေတာင္းစားေနေတာ့မွာလား။ ကိုယ့္ ဘာသာ ကိုယ္လည္း ခ်က္စားၾကဦးမွေပါ့။” လို႔ လူေတြကေျပာၾကတဲ့အခါသိပၸံပညာရွင္ေတြက -“ခ်က္ေတာ့ စားခ်င္ပါတယ္ဗ်ာ။

ဒါေပမယ့္ မီးဖိုမရွိလို႔ပါ။”“မီးဖိုမရွိရင္ ဝယ္ေပါ့ဗ်ာ။ ဒါမွမဟုတ္ ခင္ဗ်ားတို႔လည္း သိပၸံပညာရွင္ေတြပဲ ကိုယ့္ ဘာသာကိုယ္ မီးဖို ေလး တစ္လုံးေလာက္ ျဖစ္ေအာင္ မလုပ္တတ္ၾကဘူးလား။” လို႔လူေတြက အႀကံေပးၾကသတဲ့။

ဒီလိုအေျပာခံရေတာ့ သိပၸံပညာရွင္ သုံးေယာက္ဟာ ေလးေလးနက္နက္ စဥ္းစားၾကၿပီ။“ငါတို႔ အိမ္မွာ မီးဖိုတစ္လုံးေတာ့ ရွိဖို႔လိုၿပီ။” လို႔ ဆုံးျဖတ္လိုက္တယ္။ဒါျဖင့္ ဘယ္လိုလုပ္မလဲ။

စိတ္တိုင္းက် ျဖစ္ေအာင္ သူတို႔ကိုယ္တိုင္ ပုံစံဆြဲၿပီး တည္ေဆာက္ ၾကမယ္ ေပါ့။ဒီလိုနဲ႔အားလုံး သေဘာတူလိုက္ၾကတယ္။ မီးဖိုႀကီး မၿပီးခင္မွာ ပညာရွင္တစ္ေယာက္က အႀကံ တစ္ခုရလာတယ္။

“က်ဳပ္တို႔ လုပ္တဲ့ မီးဖိုက သိပ္ၿပီးႀကီးေနေတာ့ တစ္ေနရာက တစ္ေနရာကို ေ႐ႊ႕လို႔ လြယ္ေအာင္ ဘီးေတြ တပ္လိုက္ရင္ မေကာင္းဘူးလား” တဲ့။အဲဒီ အႀကံေၾကာင့္ မီးဖိုေအာက္ေျခမွာ ဘီးေတြ တပ္ျဖစ္သြားတယ္။

အဲဒီမွာတင္ ေနာက္တစ္ေယာက္ ကလဲ “ဘီးေတြခ်ည္းပဲ ရွိေနရင္ မီးဖိုကို ေ႐ႊ႕ခ်င္တဲ့အခါ တြန္းေနရမွာေပါ့။ ပင္ပန္းပါတယ္။ ေမာင္းၿပီး ယူသြားလို႔ ရေအာင္ ေမာ္ေတာ္ကားလို စက္တပ္လိုက္ရင္ မေကာင္းဘူးလား။

”ဒါနဲ႔ပဲ မီးဖိုမွာ အင္ဂ်င္စက္ေတြ တပ္ဆင္လိုက္ၾကတယ္။တတိယ သိပၸံပညာရွင္ကလည္း အားက်မခံ -“စက္လည္းတပ္ၿပီးၿပီ။ ဘီးေတြလည္း ရွိၿပီ။ေမာင္းလို႔လည္း ရေနၿပီဆိုေတာ့တစ္ခါတည္း လူေတြပါ လိုက္စီးလို႔ ရေအာင္ လုပ္ၾကစို႔။” လို႔ အႀကံေပးတယ္။

ဒါနဲ႔ပဲ မီးဖိုဟာ လူစီးလို႔ရတဲ့ ယာဥ္ႀကီးပါ ျဖစ္သြားတယ္။ သိပၸံပညာရွင္ႀကီးေတြ မီးဖိုတစ္ခု ေဆာက္ေနတယ္ၾကားလို႔ လာၾကည့္တဲ့ လူတစ္ေယာက္က အဲဒီမီးဖိုလည္း ျမင္ေရာ ရင္သပ္ရႈေမာျဖစ္သြားၿပီး“အို.. အံ့မခန္းလက္ရာပဲ။” လို႔ ခ်ီးက်ဴးတယ္။

အဲဒီလူကစၿပီး သတင္းျဖန႔္လိုက္လို႔ ၾကားရတဲ့သူမွန္သမွ်မီးဖိုႀကီးကို က်ိတ္က်ိတ္တိုး လုယက္တိုးေဝွ႔ၾကည့္ၾကပါေရာတဲ့။

ၾကည့္တဲ့သူတိုင္းကလည္း မီးဖိုႀကီးကို အမ်ိဳးမ်ိဳး ခ်ီးမြမ္းၾကတယ္။ ခ်ီးမြမ္းသံေတြၾကားေလေလ သိပၸံ ပညာရွင္ႀကီး ေတြကလည္း ပိုၿပီး ေက်နပ္အားရလာေလေလ သူတို႔လက္စြမ္းကို ျပခ်င္ လာေလေလ ေပါ့။

ဒါနဲ႔ သိပၸံပညာရွင္တစ္ေယာက္က မီးဖိုႀကီးမွာ ေနာက္တြဲတပ္ၿပီး ေရခ်ိဳးခန္း၊ ဧည့္ခန္းေတြ။ အိမ္သာေတြကိုပါ အလိုအေလ်ာက္စနစ္နဲ႔ ဖြဲ႕စည္းေျပာင္းလဲလို႔ ရေအာင္တပ္ဆင္လိုက္တယ္။

ေနာက္တစ္ေယာက္ကေတာ့ ေလဖိအားသုံးစနစ္နဲ႔မီးဖိုႀကီးကို စီးၿပီး ေကာင္းကင္ေပၚ ပ်ံလို႔ရေအာင္ လုပ္တယ္။ဒါ့အျပင္ မီးဖိုႀကီးဟာ မိုးေလဝသ အေျခအေနကိုလည္း တိုင္းတာေပးႏိုင္တယ္။

တတိယ သိပၸံပညာရွင္ကေတာ့ မီးဖိုႀကီးအတြင္းမွာ ကြန္ပ်ဴတာတစ္လုံး ဆင္လိုက္တယ္။ သိခ်င္တဲ့ ျပႆနာမွန္သမွ်ကို အဲဒီကြန္ပ်ဴတာက အေျဖေပးႏိုင္တယ္ဆိုပဲ။

မီးဖိုႀကီးကို လာၾကည့္ၾကတဲ့ လူေတြက ေမြးေန႔သကၠရာဇ္ကိုစာ႐ြက္တစ္႐ြက္မွာ ေရးၿပီး မီးဖိုထဲ ထည့္လိုက္ရင္ ကြန္ပ်ဴတာက ေဗဒင္ေဟာေပးတယ္တဲ့။လူေတြက မီးဖိုႀကီးရဲ႕ ကြန္ပ်ဴတာ ေဗဒင္ဟာသိပ္မွန္တာပဲလို႔ ခ်ီးမြမ္းၾကတယ္။

ေနာက္ဆုံးေတာ့ မီးဖိုႀကီးကို အစစအရာရာ တပ္ဆင္လို႔ ၿပီးသြားၾကတယ္။ ကမာၻေပၚမွာ အထူးျခား အဆန္းသစ္ဆုံး အျပည့္စုံဆုံး မီးဖိုႀကီးပါ။ခြၽတ္ယြင္းခ်က္ကေလး တစ္ခုပဲ ရွိတယ္။

အဲဒီ မီးဖိုမွာ မီးေမႊးလို႔ မရဘူး တဲ့။သိပၸံပညာရွင္ႀကီး သုံးေယာက္ဟာ အရင္ကလိုပဲ ထမင္းေတြဟင္းေတြ လိုက္ေတာင္းစား ေနရတာ ပါပဲတဲ့။ ဒီအေၾကာင္းအရာ ထဲက သိပၸံပညာရွင္ႀကီးေတြလို ကြၽန္ေတာ္တို႔ဘဝေတြဟာ နားရတယ္လို႔မရွိဘူး။

တကုပ္ကုပ္နဲ႔ လုပ္ေနရတယ္။တည္ေဆာက္ရင္း ဆက္ၿပီး တည္ေဆာက္ရင္း..။ေဘးနားက ေျမႇာက္ေျပာတဲ့အခါ..။ေျခာက္ေျပာတဲ့အခါ..။အပိုစာသားေတြ ထပ္ကာ ထပ္ကာ ထည့္ရင္း..။ကြၽန္ေတာ္တို႔ တည္ေဆာက္ေနတဲ့ မီးဖိုႀကီးဟာ မီးေမႊးလို႔ရေနၿပီလား..။ဒါမွမဟုတ္ခဲ့ရင္..ဘဝမွာ ကြၽန္ေတာ္တို႔ဟာဘာေတြကို တည္ေဆာက္ေနခဲ့ၾကပါလိမ့္..?

Credit-မင္းခိုက္စိုးစံ

Unicode

သိပ္ပံပညာရှင်(3)ဦး နဲ့ မီးဖို

တစ်ခါတုန်းက သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အိမ်တစ်အိမ်ထဲမှာ အတူတူ စုပေါင်း နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ဒါပေမယ့် ခက်တာက သူတို့နေတဲ့ အိမ်မှာ ချက်ပြုတ် စားသောက်ဖို့ မီးဖိုတစ်လုံးမှ မရှိဘူး။

ဒါ့ကြောင့် သိပ္ပံ ပညာရှင်ကြီးတွေဟာ ထမင်းစားချိန်ကျရင် ဟိုအိမ်ဒီအိမ်သွားပြီး ထမင်းနည်းနည်း ဟင်းနည်းနည်း လိုက်တောင်းစား ရတယ်ဆိုပဲ။

၁ ရက်လည်းမဟုတ်၊ ၂ ရက်လည်းမဟုတ်၊နေ့တိုင်းနေ့တိုင်း မနက်စာတောင်းလိုက်၊ညစာတောင်း လိုက်နဲ့ ဆိုတော့ ပေးရတဲ့အိမ်တွေကလည်း တဖြည်းဖြည်းနဲ့ ငြိုငြင်လာကြတယ်။“ခင်ဗျားတို့ကလည်းဗျာ။

တသက်လုံး ဒီလိုချည်းပဲ တောင်းစားနေတော့မှာလား။ ကိုယ့် ဘာသာ ကိုယ်လည်း ချက်စားကြဦးမှပေါ့။” လို့ လူတွေကပြောကြတဲ့အခါသိပ္ပံပညာရှင်တွေက -“ချက်တော့ စားချင်ပါတယ်ဗျာ။

ဒါပေမယ့် မီးဖိုမရှိလို့ပါ။”“မီးဖိုမရှိရင် ဝယ်ပေါ့ဗျာ။ ဒါမှမဟုတ် ခင်ဗျားတို့လည်း သိပ္ပံပညာရှင်တွေပဲ ကိုယ့် ဘာသာကိုယ် မီးဖို လေး တစ်လုံးလောက် ဖြစ်အောင် မလုပ်တတ်ကြဘူးလား။” လို့လူတွေက အကြံပေးကြသတဲ့။

ဒီလိုအပြောခံရတော့ သိပ္ပံပညာရှင် သုံးယောက်ဟာ လေးလေးနက်နက် စဉ်းစားကြပြီ။“ငါတို့ အိမ်မှာ မီးဖိုတစ်လုံးတော့ ရှိဖို့လိုပြီ။” လို့ ဆုံးဖြတ်လိုက်တယ်။ဒါဖြင့် ဘယ်လိုလုပ်မလဲ။

စိတ်တိုင်းကျ ဖြစ်အောင် သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး တည်ဆောက် ကြမယ် ပေါ့။ဒီလိုနဲ့အားလုံး သဘောတူလိုက်ကြတယ်။ မီးဖိုကြီး မပြီးခင်မှာ ပညာရှင်တစ်ယောက်က အကြံ တစ်ခုရလာတယ်။

“ကျုပ်တို့ လုပ်တဲ့ မီးဖိုက သိပ်ပြီးကြီးနေတော့ တစ်နေရာက တစ်နေရာကို ရွှေ့လို့ လွယ်အောင် ဘီးတွေ တပ်လိုက်ရင် မကောင်းဘူးလား” တဲ့။အဲဒီ အကြံကြောင့် မီးဖိုအောက်ခြေမှာ ဘီးတွေ တပ်ဖြစ်သွားတယ်။

အဲဒီမှာတင် နောက်တစ်ယောက် ကလဲ “ဘီးတွေချည်းပဲ ရှိနေရင် မီးဖိုကို ရွှေ့ချင်တဲ့အခါ တွန်းနေရမှာပေါ့။ ပင်ပန်းပါတယ်။ မောင်းပြီး ယူသွားလို့ ရအောင် မော်တော်ကားလို စက်တပ်လိုက်ရင် မကောင်းဘူးလား။

”ဒါနဲ့ပဲ မီးဖိုမှာ အင်ဂျင်စက်တွေ တပ်ဆင်လိုက်ကြတယ်။တတိယ သိပ္ပံပညာရှင်ကလည်း အားကျမခံ -“စက်လည်းတပ်ပြီးပြီ။ ဘီးတွေလည်း ရှိပြီ။မောင်းလို့လည်း ရနေပြီဆိုတော့တစ်ခါတည်း လူတွေပါ လိုက်စီးလို့ ရအောင် လုပ်ကြစို့။” လို့ အကြံပေးတယ်။

ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ရတဲ့ ယာဉ်ကြီးပါ ဖြစ်သွားတယ်။ သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတစ်ခု ဆောက်နေတယ်ကြားလို့ လာကြည့်တဲ့ လူတစ်ယောက်က အဲဒီမီးဖိုလည်း မြင်ရော ရင်သပ်ရှုမောဖြစ်သွားပြီး“အို.. အံ့မခန်းလက်ရာပဲ။” လို့ ချီးကျူးတယ်။

အဲဒီလူကစပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့သူမှန်သမျှမီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့ကြည့်ကြပါရောတဲ့။

ကြည့်တဲ့သူတိုင်းကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီးမွမ်းကြတယ်။ ချီးမွမ်းသံတွေကြားလေလေ သိပ္ပံ ပညာရှင်ကြီး တွေကလည်း ပိုပြီး ကျေနပ်အားရလာလေလေ သူတို့လက်စွမ်းကို ပြချင် လာလေလေ ပေါ့။

ဒါနဲ့ သိပ္ပံပညာရှင်တစ်ယောက်က မီးဖိုကြီးမှာ နောက်တွဲတပ်ပြီး ရေချိုးခန်း၊ ဧည့်ခန်းတွေ။ အိမ်သာတွေကိုပါ အလိုအလျောက်စနစ်နဲ့ ဖွဲ့စည်းပြောင်းလဲလို့ ရအောင်တပ်ဆင်လိုက်တယ်။

နောက်တစ်ယောက်ကတော့ လေဖိအားသုံးစနစ်နဲ့မီးဖိုကြီးကို စီးပြီး ကောင်းကင်ပေါ် ပျံလို့ရအောင် လုပ်တယ်။ဒါ့အပြင် မီးဖိုကြီးဟာ မိုးလေဝသ အခြေအနေကိုလည်း တိုင်းတာပေးနိုင်တယ်။

တတိယ သိပ္ပံပညာရှင်ကတော့ မီးဖိုကြီးအတွင်းမှာ ကွန်ပျူတာတစ်လုံး ဆင်လိုက်တယ်။ သိချင်တဲ့ ပြဿနာမှန်သမျှကို အဲဒီကွန်ပျူတာက အဖြေပေးနိုင်တယ်ဆိုပဲ။

မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေက မွေးနေ့သက္ကရာဇ်ကိုစာရွက်တစ်ရွက်မှာ ရေးပြီး မီးဖိုထဲ ထည့်လိုက်ရင် ကွန်ပျူတာက ဗေဒင်ဟောပေးတယ်တဲ့။လူတွေက မီးဖိုကြီးရဲ့ ကွန်ပျူတာ ဗေဒင်ဟာသိပ်မှန်တာပဲလို့ ချီးမွမ်းကြတယ်။

နောက်ဆုံးတော့ မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ်။ ကမ္ဘာပေါ်မှာ အထူးခြား အဆန်းသစ်ဆုံး အပြည့်စုံဆုံး မီးဖိုကြီးပါ။ချွတ်ယွင်းချက်ကလေး တစ်ခုပဲ ရှိတယ်။

အဲဒီ မီးဖိုမှာ မီးမွှေးလို့ မရဘူး တဲ့။သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အရင်ကလိုပဲ ထမင်းတွေဟင်းတွေ လိုက်တောင်းစား နေရတာ ပါပဲတဲ့။ ဒီအကြောင်းအရာ ထဲက သိပ္ပံပညာရှင်ကြီးတွေလို ကျွန်တော်တို့ဘဝတွေဟာ နားရတယ်လို့မရှိဘူး။

တကုပ်ကုပ်နဲ့ လုပ်နေရတယ်။တည်ဆောက်ရင်း ဆက်ပြီး တည်ဆောက်ရင်း..။ဘေးနားက မြှောက်ပြောတဲ့အခါ..။ခြောက်ပြောတဲ့အခါ..။အပိုစာသားတွေ ထပ်ကာ ထပ်ကာ ထည့်ရင်း..။ကျွန်တော်တို့ တည်ဆောက်နေတဲ့ မီးဖိုကြီးဟာ မီးမွှေးလို့ရနေပြီလား..။ဒါမှမဟုတ်ခဲ့ရင်..ဘဝမှာ ကျွန်တော်တို့ဟာဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်..?

Credit-မင်းခိုက်စိုးစံ

Be the first to comment

Leave a Reply

Your email address will not be published.


*