အဆိပ္ရွိတဲ့ ေႁမြနဲ႔ အဆိပ္မရွိတဲ့ ေႁမြ အလြယ္တကူ ခြဲျခားနည္း

အဆိပ္ရွိတဲ့ ေႁမြနဲ႔ အဆိပ္မရွိတဲ့ ေႁမြ အလြယ္တကူ ခြဲျခားနည္း
အဆိပ္ရွိတဲ့ ေႁမြနဲ႔ အဆိပ္မရွိတဲ့ ေႁမြ အလြယ္တကူ ခြဲျခားနည္း

အဆိပ္ရွိတဲ့ ေႁမြနဲ႔ အဆိပ္မရွိတဲ့ ေႁမြ အလြယ္တကူ ခြဲျခားနည္း

အဆိပ္ရွိတဲ့ ေႁမြနဲ႔ အဆိပ္မရွိတဲ့ ေႁမြေတြကို မ်က္ျမင္နဲ႔ အၾကမ္းအားျဖင့္ အလြယ္တကူ ခြဲျခား ႏိုင္ပါတယ္။ အဆိပ္ရွိတဲ့ ေႁမြရဲ႕ ဦးေခါင္းဟာ ႀတိဂံပုံစံ( Triangular shaped head) ျဖစ္ၿပီး အဆိပ္ မရွိရင္ အဝိုင္းပုံ (Rounded head) ျဖစ္ပါတယ္။

ေနာက္ၿပီး အဆိပ္ရွိတဲ့ ေႁမြရဲ႕ မ်က္လုံး သူငယ္အိမ္ ဟာ ေဒါင္လိုက္ ေထာင္ထားတဲ့လြန္းပုံစံ / ဘဲဥပုံစံ (Elliptical pupil) ျဖစ္ၿပီး အဆိပ္ မရွိရင္ အဝိုင္းပုံ သူငယ္အိမ္ (Round pupil) ျဖစ္ပါတယ္။

အဆိပ္ရွိတဲ့ ေႁမြရဲ႕ နားေခါင္းေပါက္ အေနာက္ဘက္ နားေလးမွာ အပူအာ႐ုံခံတြင္း (Heat-sensing pit) ရွိၿပီး အဆိပ္မရွိတဲ့ ေႁမြမွာ အဲ့ဒီ အေပါက္ မပါပါဘူး။

အ ဆိပ္ရွိတဲ့ ေႁမြမွာ အဆိပ္ က်ိတ္၊ အဆိပ္ႁပြန္နဲ႔ ဆက္ထားတဲ့ အစြယ္ (Fangs) ပါၿပီး အဆိပ္မရွိတဲ့ ေႁမြမွာ အစြယ္ မပါ ပါဘူး။

အဆိပ္ရွိတဲ့ ေႁမြဟာ ေႁမြစြယ္ ကို အတြင္းမွာ ေခါက္သြင္း ထားတာ ျဖစ္ၿပီး ေပါက္မယ္ ဆိုမွ အျပင္ ကို ထုတ္တာ ျဖစ္ပါတယ္။

အ ဆိပ္ရွိတဲ့ ေႁမြရဲ႕ အၿမီးပိုင္း ဝမ္းဘက္ ကို လွန္ၾကည့္ရင္ စအိုေၾကးခြံ (Anal plate) ရဲ႕ေအာက္မွာရွိတဲ့ အေၾကးခြံ (Subcaudal plate) ေတြဟာ တစ္တန္းထဲ ရွိေနၿပီး အဆိပ္မရွိတဲ့ ေႁမြမွာေတာ့ ႏွစ္တန္း ခြဲသြားတာကို ေတြ႕ႏိုင္ ပါတယ္။

ေနာက္ၿပီး အဆိပ္ရွိတဲ့ ခေလာက္ေႁမြေတြရဲ႕ အၿမီးမွာ ခေလာက္ပုံစံ အေၾကးခြံမာေလးေတြ အထပ္ထပ္ ရွိတာကို ေတြ႕ႏိုင္ၿပီး အဆိပ္မရွိတဲ့ ေႁမြမွာ အဲ့လို ခေလာက္ေလးေတြ မပါရွိ ပါဘူး။

ဒီေလာက္ဆိုရင္ အဆိပ္ရွိတဲ့ ေႁမြနဲ႔ အဆိပ္မရွိတဲ့ ေႁမြကို ခြဲျခား ႏိုင္ ေလာက္ပါၿပီ။ ေႁမြကိုက္ဒဏ္ရာ ကို ၾကည့္မယ္ ဆိုရင္လည္း အဆိပ္ရွိတဲ့ ေႁမြ အေပါက္ခံရတာ ဆိုရင္

အစြယ္ရာ (Fangs Mark) ေတြ႕ႏိုင္ၿပီး အဆိပ္မရွိတဲ့ ေႁမြ အကိုက္ခံရ ရင္ေတာ့ သြားရာေသးေသးေလးေတြ ကိုပဲ ေတြ႕ရမွာ ျဖစ္ပါတယ္။Credit : Dr Nay Linn Aung

Unicode

အဆိပ်ရှိတဲ့ မြွေနဲ့ အဆိပ်မရှိတဲ့ မြွေ အလွယ်တကူ ခွဲခြားနည်း

အဆိပ်ရှိတဲ့ မြွေနဲ့ အဆိပ်မရှိတဲ့ မြွေတွေကို မျက်မြင်နဲ့ အကြမ်းအားဖြင့် အလွယ်တကူ ခွဲခြား နိုင်ပါတယ်။ အဆိပ်ရှိတဲ့ မြွေရဲ့ ဦးခေါင်းဟာ တြိဂံပုံစံ( Triangular shaped head) ဖြစ်ပြီး အဆိပ် မရှိရင် အဝိုင်းပုံ (Rounded head) ဖြစ်ပါတယ်။

နောက်ပြီး အဆိပ်ရှိတဲ့ မြွေရဲ့ မျက်လုံး သူငယ်အိမ် ဟာ ဒေါင်လိုက် ထောင်ထားတဲ့လွန်းပုံစံ / ဘဲဥပုံစံ (Elliptical pupil) ဖြစ်ပြီး အဆိပ် မရှိရင် အဝိုင်းပုံ သူငယ်အိမ် (Round pupil) ဖြစ်ပါတယ်။

အဆိပ်ရှိတဲ့ မြွေရဲ့ နားခေါင်းပေါက် အနောက်ဘက် နားလေးမှာ အပူအာရုံခံတွင်း (Heat-sensing pit) ရှိပြီး အဆိပ်မရှိတဲ့ မြွေမှာ အဲ့ဒီ အပေါက် မပါပါဘူး။

အ ဆိပ်ရှိတဲ့ မြွေမှာ အဆိပ် ကျိတ်၊ အဆိပ်ပြွန်နဲ့ ဆက်ထားတဲ့ အစွယ် (Fangs) ပါပြီး အဆိပ်မရှိတဲ့ မြွေမှာ အစွယ် မပါ ပါဘူး။

အဆိပ်ရှိတဲ့ မြွေဟာ မြွေစွယ် ကို အတွင်းမှာ ခေါက်သွင်း ထားတာ ဖြစ်ပြီး ပေါက်မယ် ဆိုမှ အပြင် ကို ထုတ်တာ ဖြစ်ပါတယ်။

အ ဆိပ်ရှိတဲ့ မြွေရဲ့ အမြီးပိုင်း ဝမ်းဘက် ကို လှန်ကြည့်ရင် စအိုကြေးခွံ (Anal plate) ရဲ့အောက်မှာရှိတဲ့ အကြေးခွံ (Subcaudal plate) တွေဟာ တစ်တန်းထဲ ရှိနေပြီး အဆိပ်မရှိတဲ့ မြွေမှာတော့ နှစ်တန်း ခွဲသွားတာကို တွေ့နိုင် ပါတယ်။

နောက်ပြီး အဆိပ်ရှိတဲ့ ခလောက်မြွေတွေရဲ့ အမြီးမှာ ခလောက်ပုံစံ အကြေးခွံမာလေးတွေ အထပ်ထပ် ရှိတာကို တွေ့နိုင်ပြီး အဆိပ်မရှိတဲ့ မြွေမှာ အဲ့လို ခလောက်လေးတွေ မပါရှိ ပါဘူး။

ဒီလောက်ဆိုရင် အဆိပ်ရှိတဲ့ မြွေနဲ့ အဆိပ်မရှိတဲ့ မြွေကို ခွဲခြား နိုင် လောက်ပါပြီ။ မြွေကိုက်ဒဏ်ရာ ကို ကြည့်မယ် ဆိုရင်လည်း အဆိပ်ရှိတဲ့ မြွေ အပေါက်ခံရတာ ဆိုရင်

အစွယ်ရာ (Fangs Mark) တွေ့နိုင်ပြီး အဆိပ်မရှိတဲ့ မြွေ အကိုက်ခံရ ရင်တော့ သွားရာသေးသေးလေးတွေ ကိုပဲ တွေ့ရမှာ ဖြစ်ပါတယ်။Credit : Dr Nay Linn Aung

Be the first to comment

Leave a Reply

Your email address will not be published.


*