အပင္ေတြက ျမင္ႏုိင္၊ ၾကားႏိုင္၊ အနံ႔ခံႏိုင္စြမ္းရွိတယ္လို႔ သိပၸံပညာရွင္ေတြေတြ႔ရွိခဲ့

အပင္ေတြက ျမင္ႏိုင္၊ ၾကားႏိုင္၊ အနံ႔ခံႏိုင္စြမ္း ရွိတယ္လို႔ သိပၸံပညာရွင္ေတြ ေတြ႕ရွိခဲ့

အပင္ေတြက ျမင္ႏိုင္၊ ၾကားႏိုင္၊ အနံ႔ခံႏိုင္စြမ္း ရွိတယ္လို႔ သိပၸံပညာရွင္ေတြ ေတြ႕ရွိခဲ့

မၾကာေသးမီႏွစ္ေတြက သိပၸံပညာရွင္ေတြဟာ အပင္ေတြက ျမင္ႏိုင္၊ ၾကားႏိုင္၊ အနံ႔ခံႏိုင္စြမ္းရွိတယ္ဆိုတာကို ေတြ႕ရွိခဲ့ပါတယ္။ ဒါေပမယ့္ မ်ားေသာအားျဖင့္ အခုခ်ိန္ထိ အပင္ေတြက ဘာမွတုန႔္ျပန္မႈ မရွိတဲ့ သေဘာကိုပဲ လူေတြက သိနားလည္ထားတာ ျဖစ္ပါတယ္။

အခုပထမဆုံး သိပၸံပညာရွင္ေတြ ေတြ႕ရွိခဲ့တာကေတာ့ အပင္ေတြဟာ ေရငတ္တဲ့အခါမ်ိဳး၊ ေရဓာတ္လိုအပ္တဲ့ အခါမ်ိဳးေတြမွာဆိုရင္ သူတို႔ဟာ အသံေလးေတြ ေပးတတ္ပါတယ္။

သူတို႔ေပးတဲ့ အသံမ်ိဳးေတြကေတာ့ သူတို႔အခ်င္းခ်င္းေျပာတဲ့ လူမၾကားႏိုင္ေလာက္တဲ့ အသံမ်ိဳးေတြ ေပးတတ္တာ ျဖစ္တာကို သိပၸံပညာရွင္ေတြက ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ခရမ္းခ်ဥ္သီးနဲ႔ ေဆး႐ြက္ႀကီး အပင္ေတြကေန ေရမရရွိတဲ့ အခါပဲျဖစ္ျဖစ္ သူတို႔ရဲ႕ပင္စည္ ျဖတ္ရတာပဲျဖစ္ျဖစ္ အဲ့လိုအခ်ိ န္ေတြမွာ အပင္ေတြကေန လူေတြ ၾကားႏိုင္စြမ္းမရွိတဲ့ အသံေတြထြက္ေပၚလာခဲ့တာကို အစၥေရးႏိုင္ငံ Tel Aviv တကၠသိုလ္မွ Itzhak Khait နဲ႔ သူ႔ရဲ႕တကၠသိုလ္မွ လုပ္ေဖာ္ကိုင္ဖက္ေတြက ေတြ႕ရွိခဲ့ပါတယ္။

အပင္ေတြရဲ႕ (၁၀) စင္တီမီတာ အကြာေတြ ဆီမွာ မိုက္က႐ိုဖုန္းေတြကို ထားၿပီး (၂၀) kilohertz ကေန (၁၀၀) kilohertz အကြာအေဝးမွာရွိတဲ့ အသံေတြကို မွတ္ယူႏိုင္ဖို႔ ျဖစ္ပါတယ္။ ဒါမွလည္း (၅) မီတာအကြာမွာရွိတဲ့ အင္းဆက္ေတြနဲ႔ အခ်ိဳ႕ ေသာ ႏို႔တိုက္သတၱဝါေတြ ၾကားႏိုင္၊ တုံ႔ျပန္ႏိုင္စြမ္း ရွိမွာျဖစ္တယ္လို႔ သိပၸံပညာရွင္ေတြက ဆိုပါတယ္။

အပင္ေတြဟာ အျခားအပင္ေတြရဲ႕ ေရဓာတ္လိုအပ္ေနတယ္ဆိုတဲ့ ေအာ္ညည္းသံကိုလည္း ၾကားႏိုင္စြမ္းရွိတယ္လို႔ သိပၸံပညာရွင္ေတြက ထင္ေၾကးေပးခဲ့ၾကပါတယ္။

ေလ့လာခ်က္ေတြအရ အပင္ေတြဟာ တိတ္ဆိတ္ၿပီး တုန႔္ျပန္မႈ မရွိဘူးဆိုတဲ့ ကြၽန္ေတာ္တို႔ရဲ႕ထင္ျမင္ယူဆခ်က္ေတြကို ျပန္ေျပာင္းရေတာ့မွာ ျဖစ္တယ္လို႔ သိပၸံပညာရွင္ေတြက ေျပာေပမယ့္ ဂ်ာနယ္ေတြမွာေတာ့ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ထုတ္ေဝျခင္း မရွိေသးပါဘူးလို႔ သိရပါတယ္။

ပွ်မ္းမွ်အားျဖင့္ မိုးေခါင္ေရရွားမႈဒဏ္ကို ခံေနရတဲ့ ခရမ္းခ်ဥ္သီးပင္ေတြဟာ တစ္နာရီကို အသံ (၃၅) ႀကိမ္ေလာက္ေပးတတ္ၿပီး ေဆး႐ြက္ႀကီးေတြကေတာ့ တစ္နာရီကို (၁၁)ႀကိမ္ေလာက္ အသံ ေပးတတ္ၾကပါတယ္။

ျဖတ္ေတာက္ခံရတဲ့ ခရမ္းခ်ဥ္သီးအပင္ေတြကေတာ့ တစ္နာရီကို အသံ (၂၅)ႀကိမ္ေလာက္ ေပးတတ္ၿပီး ေဆး႐ြက္ႀကီးပင္ေတြကေတာ့ တစ္နာရီကို အသံ (၁၅)ႀကိမ္ ေပးတတ္ပါတယ္။ စိတ္ဖိစီးမႈမရွိတဲ့ အပင္ေတြကေတာ့ ပွ်မ္းမွ်အားျဖင့္ တစ္နာရီလွ်င္ အသံအနည္းငယ္သာ ထြက္တတ္ပါတယ္။

သုေတသနပညာရွင္ေတြက အပင္ေတြရဲ႕အသံနဲ႔ ေလၾကားကို ခြဲျခားႏိုင္ဖို႔အတြက္ စက္ေတြကိုေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒါ့အျပင္ မိုးနဲ႔ ဖန္လုံအိမ္ရဲ႕အျခားဆူညံသံေတြ၊ အသံရဲ႕ျပင္းထန္မႈနဲ႔ ႀကိမ္ႏႈန္းေပၚ မူတည္ၿပီး စိတ္ဖိစီးမႈအား သို႔မဟုတ္ အပင္ျဖတ္ေတာက္ရာမွာ အသံထြက္ေပၚျခင္း ရွိမရွိကို စမ္းသပ္ဖို႔အတြ က္ ျဖစ္တယ္လို႔ သိရပါတယ္။

ဥပမာေျပာရမယ္ဆိုရင္ ေရဓာတ္လိုေနတဲ့ ေဆး႐ြက္ႀကီးပင္ထက္ ျဖတ္ေတာက္ခံရတဲ့ေဆး႐ြက္ႀကီးပင္ရဲ႕အသံက ပိုက်ယ္စြာ ထြက္တယ္ဆိုတာမ်ိဳးကို သိရွိဖို႔အတြက္ ျဖစ္ပါတယ္။

ဒီလုပ္ေဆာင္ စမ္းသပ္ခ်က္ေတြသာ ေအာင္ျမင္မယ္ဆိုရင္ မိုးေခါင္ေရရွားမႈ ျဖစ္ေပၚေတာ့မယ္လို႔ အပင္ေတြရဲ႕သတိေပးခ်က္ အသံကိုသာ သိမယ္ဆိုရင္ လယ္သမားေတြအတြက္ မ်ားစြာအသုံးဝင္ႏိုင္မွာ ျဖစ္တယ္လို႔ ၿဗိတိန္ႏိုင္ငံရွိ Royal Botanic ဥယ်ာဥ္က တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ Anne Visscher က ေျပာပါတယ္။

Credit

Unicode

အပင်တွေက မြင်နိုင်၊ ကြားနိုင်၊ အနံ့ခံနိုင်စွမ်း ရှိတယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့

မကြာသေးမီနှစ်တွေက သိပ္ပံပညာရှင်တွေဟာ အပင်တွေက မြင်နိုင်၊ ကြားနိုင်၊ အနံ့ခံနိုင်စွမ်းရှိတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် များသောအားဖြင့် အခုချိန်ထိ အပင်တွေက ဘာမှတုန့်ပြန်မှု မရှိတဲ့ သဘောကိုပဲ လူတွေက သိနားလည်ထားတာ ဖြစ်ပါတယ်။

အခုပထမဆုံး သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တာကတော့ အပင်တွေဟာ ရေငတ်တဲ့အခါမျိုး၊ ရေဓာတ်လိုအပ်တဲ့ အခါမျိုးတွေမှာဆိုရင် သူတို့ဟာ အသံလေးတွေ ပေးတတ်ပါတယ်။

သူတို့ပေးတဲ့ အသံမျိုးတွေကတော့ သူတို့အချင်းချင်းပြောတဲ့ လူမကြားနိုင်လောက်တဲ့ အသံမျိုးတွေ ပေးတတ်တာ ဖြစ်တာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ခရမ်းချဉ်သီးနဲ့ ဆေးရွက်ကြီး အပင်တွေကနေ ရေမရရှိတဲ့ အခါပဲဖြစ်ဖြစ် သူတို့ရဲ့ပင်စည် ဖြတ်ရတာပဲဖြစ်ဖြစ် အဲ့လိုအချိ န်တွေမှာ အပင်တွေကနေ လူတွေ ကြားနိုင်စွမ်းမရှိတဲ့ အသံတွေထွက်ပေါ်လာခဲ့တာကို အစ္စရေးနိုင်ငံ Tel Aviv တက္ကသိုလ်မှ Itzhak Khait နဲ့ သူ့ရဲ့တက္ကသိုလ်မှ လုပ်ဖော်ကိုင်ဖက်တွေက တွေ့ရှိခဲ့ပါတယ်။

အပင်တွေရဲ့ (၁၀) စင်တီမီတာ အကွာတွေ ဆီမှာ မိုက်ကရိုဖုန်းတွေကို ထားပြီး (၂၀) kilohertz ကနေ (၁၀၀) kilohertz အကွာအဝေးမှာရှိတဲ့ အသံတွေကို မှတ်ယူနိုင်ဖို့ ဖြစ်ပါတယ်။ ဒါမှလည်း (၅) မီတာအကွာမှာရှိတဲ့ အင်းဆက်တွေနဲ့ အချို့ သော နို့တိုက်သတ္တဝါတွေ ကြားနိုင်၊ တုံ့ပြန်နိုင်စွမ်း ရှိမှာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

အပင်တွေဟာ အခြားအပင်တွေရဲ့ ရေဓာတ်လိုအပ်နေတယ်ဆိုတဲ့ အော်ညည်းသံကိုလည်း ကြားနိုင်စွမ်းရှိတယ်လို့ သိပ္ပံပညာရှင်တွေက ထင်ကြေးပေးခဲ့ကြပါတယ်။

လေ့လာချက်တွေအရ အပင်တွေဟာ တိတ်ဆိတ်ပြီး တုန့်ပြန်မှု မရှိဘူးဆိုတဲ့ ကျွန်တော်တို့ရဲ့ထင်မြင်ယူဆချက်တွေကို ပြန်ပြောင်းရတော့မှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပေမယ့် ဂျာနယ်တွေမှာတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး ထုတ်ဝေခြင်း မရှိသေးပါဘူးလို့ သိရပါတယ်။

ပျှမ်းမျှအားဖြင့် မိုးခေါင်ရေရှားမှုဒဏ်ကို ခံနေရတဲ့ ခရမ်းချဉ်သီးပင်တွေဟာ တစ်နာရီကို အသံ (၃၅) ကြိမ်လောက်ပေးတတ်ပြီး ဆေးရွက်ကြီးတွေကတော့ တစ်နာရီကို (၁၁)ကြိမ်လောက် အသံ ပေးတတ်ကြပါတယ်။

ဖြတ်တောက်ခံရတဲ့ ခရမ်းချဉ်သီးအပင်တွေကတော့ တစ်နာရီကို အသံ (၂၅)ကြိမ်လောက် ပေးတတ်ပြီး ဆေးရွက်ကြီးပင်တွေကတော့ တစ်နာရီကို အသံ (၁၅)ကြိမ် ပေးတတ်ပါတယ်။ စိတ်ဖိစီးမှုမရှိတဲ့ အပင်တွေကတော့ ပျှမ်းမျှအားဖြင့် တစ်နာရီလျှင် အသံအနည်းငယ်သာ ထွက်တတ်ပါတယ်။

သုတေသနပညာရှင်တွေက အပင်တွေရဲ့အသံနဲ့ လေကြားကို ခွဲခြားနိုင်ဖို့အတွက် စက်တွေကိုလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် မိုးနဲ့ ဖန်လုံအိမ်ရဲ့အခြားဆူညံသံတွေ၊ အသံရဲ့ပြင်းထန်မှုနဲ့ ကြိမ်နှုန်းပေါ် မူတည်ပြီး စိတ်ဖိစီးမှုအား သို့မဟုတ် အပင်ဖြတ်တောက်ရာမှာ အသံထွက်ပေါ်ခြင်း ရှိမရှိကို စမ်းသပ်ဖို့အတွ က် ဖြစ်တယ်လို့ သိရပါတယ်။

ဥပမာပြောရမယ်ဆိုရင် ရေဓာတ်လိုနေတဲ့ ဆေးရွက်ကြီးပင်ထက် ဖြတ်တောက်ခံရတဲ့ဆေးရွက်ကြီးပင်ရဲ့အသံက ပိုကျယ်စွာ ထွက်တယ်ဆိုတာမျိုးကို သိရှိဖို့အတွက် ဖြစ်ပါတယ်။

ဒီလုပ်ဆောင် စမ်းသပ်ချက်တွေသာ အောင်မြင်မယ်ဆိုရင် မိုးခေါင်ရေရှားမှု ဖြစ်ပေါ်တော့မယ်လို့ အပင်တွေရဲ့သတိပေးချက် အသံကိုသာ သိမယ်ဆိုရင် လယ်သမားတွေအတွက် များစွာအသုံးဝင်နိုင်မှာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံရှိ Royal Botanic ဥယျာဉ်က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Anne Visscher က ပြောပါတယ်။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*