“ပ်ားဖြတ္ သားတိုး မယားခိုး၊ ႏြားသိုးတုတ္႐ိုက္ ေတာမီးတိုက္၊ မုဆိုး တံငါ ပါယ္ေလး႐ြာ” ဆိုတဲ့ အဓိပၸါယ္ေလးကို သိၾကလား?

“ပ်ားဖြတ္ သားတိုး မယားခိုး၊ ႏြားသိုးတုတ္႐ိုက္ ေတာမီးတိုက္၊ မုဆိုး တံငါ ပါယ္ေလး႐ြာ” ဆိုတဲ့ အဓိပၸါယ္ေလးကို သိၾကလား?
“ပ်ားဖြတ္ သားတိုး မယားခိုး၊ ႏြားသိုးတုတ္႐ိုက္ ေတာမီးတိုက္၊ မုဆိုး တံငါ ပါယ္ေလး႐ြာ” ဆိုတဲ့ အဓိပၸါယ္ေလးကို သိၾကလား?

“ပ်ားဖြတ္ သားတိုး မယားခိုး၊ ႏြားသိုးတုတ္႐ိုက္ ေတာမီးတိုက္၊ မုဆိုး တံငါ ပါယ္ေလး႐ြာ” ဆိုတဲ့ အဓိပၸါယ္ေလးကို သိၾကလား?

“ပ်ားဖြတ္ သားတိုး မယားခိုး၊ ႏြားသိုးတုတ္႐ိုက္ ေတာမီးတိုက္၊ မုဆိုး တံငါ ပါယ္ေလး႐ြာ” ရဲ႕ အဓိပၸါယ္ကို လူ ေတာ္ေတာ္မ်ားမ်ားလည္း သိထား ၾကမွာပါ။

မသိေသးတဲ့ သူေတြအတြက္ ဗဟုသုတ အျဖစ္ မွတ္သားထားႏိုင္ဖို႔ ေဖာ္ျပေပး လိုက္ပါတယ္ ။အခုေျပာတဲ့ ပ်ားဖြတ္ သားတိုး စတာေတြဟာ

ပၪၥာနႏၲရိယ အကုသိုလ္ကံၿပီးရင္ ႀကီးေလးတဲ့ အကုသိုလ္အလုပ္ေတြလို႔ ေျပာလို႔ ရပါတယ္။

ပ်ားဖြတ္ ဆိုတာဟာ ပ်ားကေလးေတြ အသက္နဲ႔ ရင္းၿပီး စုထားရတဲ့ ဝတ္ရည္၊ ပ်ားရည္ေတြ ရယူျခင္းပဲ ျဖစ္ပါတယ္။

သားတိုး ကေတာ့ ကိုယ္ေမြးထားတဲ့ ႏြား၊ ဝက္၊ ဆိတ္ စသည္တို႔ကို တစိမ့္စိမ့္ၾကည့္ၿပီး ဒီေကာင္ေလာက္ဆိုရင္ အခ်ိန္ဘယ္ေလာက္ရွိေနၿပီ၊ ဘယ္ေတာ့ေလာက္ဆို ေရာင္းလို႔ ရၿပီ၊ ေပၚလို႔ရၿပီ နဲ႔ တရိပ္ရိပ္ အကုသိုလ္ တက္ေနတာမ်ိဳးပါ။

လင္ခိုး၊ မယားခိုးတာကေတာ့ ေျပာပစရာ လိုမယ္မထင္။ ကာမပိုင္ ရွိေနရဲ႕သားနဲ႔ ပစ္မွားတာေလ။ ေပ်ာ္ရတာ ခဏ၊ ခံရမယ့္ ဝဋ္ေႂကြးကေတာ့ မကုန္ႏိုင္ပဲေနာ္။

ႏြားသိုး တုတ္႐ိုက္ ဆိုတာကလည္း ကိုယ့္ေဝွ႔ေစ့ကို လက္ညိဳး လက္မေလးနဲ႔ ညႇစ္တာ မ်က္ရည္စိမ္းထြက္ရင္ သူမ်ားဥ အကုန္ေၾကေအာင္ ႐ိုက္ေခ်တာ မေတြးဝံ့စရာ အကုသိုလ္ပါ။

ေတာမီးတိုက္ကေတာ့ အသက္ေပါင္းမ်ားစြာ ေသရတာမို႔… ေတာမီးတစ္ခ်က္ မုဆိုးတစ္သက္လို႔ေတာင္ ဆိုၾက ပါတယ္။

မုဆိုးတံငါ ဆိုတာကေတာ့ သိတဲ့အတိုင္းပဲ အခြင့္သင့္တိုင္း သတၱဝာေတြကိုသတ္ၿပီး အသက္ေမြးရတာဆိုေတာ့ သာမန္လူထက္အကုသိုလ္မ်ားပါတယ္။

ဒါေတြေၾကာင့္ ေသရင္ ေသခ်ာေပါက္နီးပါး အပါယ္ေရာက္ရႏိုင္တယ္။ ေနာက္ဆုံးထြက္သက္ အခ်ိန္ အဓိကေပါ့။

ကိုယ္က တစ္သက္လုံး တံငါလုပ္ေနေပမယ့္ အခ်ိန္တိုင္း အကုသိုလ္လုပ္ေနတာမွ မဟုတ္တာ။

ကုသိုလ္ လုပ္ခ်ိန္လည္း ရွိတာေပါ့။ အသက္ထြက္တဲ့ အခ်ိန္ ကုသိုလ္သတိရၿပီး ေသရင္ ေလာေလာဆယ္ေတာ့ နတ္ျပည္ေရာက္မယ္။

ေနာက္ဘဝေတြ ေနာက္ဘဝေတြ မွာေတာ့ အကုသိုလ္အက်ိဳး မျဖစ္မေန ခံစားရမွာေပါ့။

သူမ်ားသတ္ၿပီးသား စားတယ္ဆိုေပမယ့္ အကုသိုလ္တစ္ခုမွာ (၁)ကိုယ္တိုင္လုပ္တဲ့သူ (၂)တိုက္တြန္းတဲ့သူ (၃)ခ်ီးမြမ္းစိတ္တူသူ ဒီလူေတြဟာ အကုသိုလ္အက်ိဳး အတူတူပဲလို႔

အဘိဓမၼာမွာ ဘုရားေဟာေလေတာ့ ကိုယ္တိုင္မသတ္ေပမယ့္ ကိုယ္ခိုင္းလို႔သတ္ရင္ ကိုယ္ကသူသတ္တာကို ဝမ္းသာေနရင္ အတူတူပဲေပါ့ဗ်ာ။

ျပင္ဆင္ရမွာက ပုထုဇဥ္လူသားေတြဟာ အကုသိုလ္နဲ႔ မကင္းေတာ့ ကေလးနဲ႔လူႀကီး မီးခဲကိုင္သလိုေပါ့။ ကေလးက မီးပူမွန္းမသိေတာ့ ဆုပ္ကိုင္တယ္။

ပိုပူတာေပါ့။ လူႀကီးက မီးပူမွန္းသိေတာ့ ဖြဖြေလးကိုင္လို႔ အပူသက္သာတာေပါ့။ မပူေအာင္လည္း ကိုင္ႏိုင္တာေပါ့။

ထို႔အတူပဲ အကုသိုလ္မွန္းသိတဲ့သူဟာ စိတ္အား ထက္ထက္ သန္သန္နဲ႔ အကုသိုလ္ကို မလုပ္ဘူး။ မလုပ္ေတာ့ အကုသိုလ္အက်ိဳးေပးကို ျပင္းျပင္းထန္ထန္ႀကီး မခံရဘူးေပါ့။

ၿပီးေတာ့လည္း စိတ္ထားေလးတတ္ရင္ အကုသိုလ္က ေတာင္ လြတ္ေအာင္လုပ္လို႔ရတဲ့နည္းေတြလည္း ရွိေပတာကိုး။ တတ္ႏိုင္သမွ် အကုသိုလ္အလုပ္ ေတြနဲ႔ အသက္ ေမြးဝမ္းေက်ာင္း ျပဳရျခင္းမွ လြတ္ကင္းႏိုင္ၾကပါေစ။

ေလးစားစြာျဖင့္ မူရင္းေရးသားသူအားcreditေပးပါသည္။

Unicode

“ပျားဖွတ် သားတိုး မယားခိုး၊ နွားသိုးတုတ်ရိုက် တောမီးတိုက်၊ မုဆိုး တံငါ ပါယ်လေးရွာ” ဆိုတဲ့ အဓိပ္ပါယ်လေးကို သိကြလား?

“ပျားဖွတ် သားတိုး မယားခိုး၊ နွားသိုး တုတ်ရိုက် တောမီးတိုက်၊ မုဆိုး တံငါ ပါယ်လေးရွာ” ရဲ့ အဓိပ္ပါယ်ကို လူ တော်တော်များများလည်း သိထား ကြမှာပါ။

မသိသေးတဲ့ သူတွေအတွက် ဗဟုသုတ အဖြစ် မှတ်သားထားနိုင်ဖို့ ဖော်ပြပေး လိုက်ပါတယ် ။အခုပြောတဲ့ ပျားဖွတ် သားတိုး စတာတွေဟာ

ပဉ္စာနန္တရိယ အကုသိုလ်ကံပြီးရင် ကြီးလေးတဲ့ အကုသိုလ်အလုပ်တွေလို့ ပြောလို့ ရပါတယ်။

ပျားဖွတ် ဆိုတာဟာ ပျားကလေးတွေ အသက်နဲ့ ရင်းပြီး စုထားရတဲ့ ဝတ်ရည်၊ ပျားရည်တွေ ရယူခြင်းပဲ ဖြစ်ပါတယ်။

သားတိုး ကတော့ ကိုယ်မွေးထားတဲ့ နွား၊ ဝက်၊ ဆိတ် စသည်တို့ကို တစိမ့်စိမ့်ကြည့်ပြီး ဒီကောင်လောက်ဆိုရင် အချိန်ဘယ်လောက်ရှိနေပြီ၊ ဘယ်တော့လောက်ဆို ရောင်းလို့ ရပြီ၊ ပေါ်လို့ရပြီ နဲ့ တရိပ်ရိပ် အကုသိုလ် တက်နေတာမျိုးပါ။

လင်ခိုး၊ မယားခိုးတာကတော့ ပြောပစရာ လိုမယ်မထင်။ ကာမပိုင် ရှိနေရဲ့သားနဲ့ ပစ်မှားတာလေ။ ပျော်ရတာ ခဏ၊ ခံရမယ့် ဝဋ်ကြွေးကတော့ မကုန်နိုင်ပဲနော်။

နွားသိုး တုတ်ရိုက် ဆိုတာကလည်း ကိုယ့်ဝှေ့စေ့ကို လက်ညိုး လက်မလေးနဲ့ ညှစ်တာ မျက်ရည်စိမ်းထွက်ရင် သူများဥ အကုန်ကြေအောင် ရိုက်ချေတာ မတွေးဝံ့စရာ အကုသိုလ်ပါ။

တောမီးတိုက်ကတော့ အသက်ပေါင်းများစွာ သေရတာမို့… တောမီးတစ်ချက် မုဆိုးတစ်သက်လို့တောင် ဆိုကြ ပါတယ်။

မုဆိုးတံငါ ဆိုတာကတော့ သိတဲ့အတိုင်းပဲ အခွင့်သင့်တိုင်း သတ္တဝာတွေကိုသတ်ပြီး အသက်မွေးရတာဆိုတော့ သာမန်လူထက်အကုသိုလ်များပါတယ်။

ဒါတွေကြောင့် သေရင် သေချာပေါက်နီးပါး အပါယ်ရောက်ရနိုင်တယ်။ နောက်ဆုံးထွက်သက် အချိန် အဓိကပေါ့။

ကိုယ်က တစ်သက်လုံး တံငါလုပ်နေပေမယ့် အချိန်တိုင်း အကုသိုလ်လုပ်နေတာမှ မဟုတ်တာ။

ကုသိုလ် လုပ်ချိန်လည်း ရှိတာပေါ့။ အသက်ထွက်တဲ့ အချိန် ကုသိုလ်သတိရပြီး သေရင် လောလောဆယ်တော့ နတ်ပြည်ရောက်မယ်။

နောက်ဘဝတွေ နောက်ဘဝတွေ မှာတော့ အကုသိုလ်အကျိုး မဖြစ်မနေ ခံစားရမှာပေါ့။

သူများသတ်ပြီးသား စားတယ်ဆိုပေမယ့် အကုသိုလ်တစ်ခုမှာ (၁)ကိုယ်တိုင်လုပ်တဲ့သူ (၂)တိုက်တွန်းတဲ့သူ (၃)ချီးမွမ်းစိတ်တူသူ ဒီလူတွေဟာ အကုသိုလ်အကျိုး အတူတူပဲလို့

အဘိဓမ္မာမှာ ဘုရားဟောလေတော့ ကိုယ်တိုင်မသတ်ပေမယ့် ကိုယ်ခိုင်းလို့သတ်ရင် ကိုယ်ကသူသတ်တာကို ဝမ်းသာနေရင် အတူတူပဲပေါ့ဗျာ။

ပြင်ဆင်ရမှာက ပုထုဇဉ်လူသားတွေဟာ အကုသိုလ်နဲ့ မကင်းတော့ ကလေးနဲ့လူကြီး မီးခဲကိုင်သလိုပေါ့။ ကလေးက မီးပူမှန်းမသိတော့ ဆုပ်ကိုင်တယ်။

ပိုပူတာပေါ့။ လူကြီးက မီးပူမှန်းသိတော့ ဖွဖွလေးကိုင်လို့ အပူသက်သာတာပေါ့။ မပူအောင်လည်း ကိုင်နိုင်တာပေါ့။

ထို့အတူပဲ အကုသိုလ်မှန်းသိတဲ့သူဟာ စိတ်အား ထက်ထက် သန်သန်နဲ့ အကုသိုလ်ကို မလုပ်ဘူး။ မလုပ်တော့ အကုသိုလ်အကျိုးပေးကို ပြင်းပြင်းထန်ထန်ကြီး မခံရဘူးပေါ့။

ပြီးတော့လည်း စိတ်ထားလေးတတ်ရင် အကုသိုလ်က တောင် လွတ်အောင်လုပ်လို့ရတဲ့နည်းတွေလည်း ရှိပေတာကိုး။ တတ်နိုင်သမျှ အကုသိုလ်အလုပ် တွေနဲ့ အသက် မွေးဝမ်းကျောင်း ပြုရခြင်းမှ လွတ်ကင်းနိုင်ကြပါစေ။

လေးစားစွာဖြင့် မူရင်းရေးသားသူအားcreditပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*