ခြင့္လႊတ္ျခင္း၏ အက်ိဳးရလဒ္

ခြင့္လႊတ္ျခင္း၏ အက်ိဳးရလဒ္
ခြင့္လႊတ္ျခင္း၏ အက်ိဳးရလဒ္

ခြင့္လႊတ္ျခင္း၏ အက်ိဳးရလဒ္

အတိတ္မွာ ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ အဲဒါကို နားလည္ဖို့လိုတယ္။ ခြင့္လႊတ္ဖို့ လိုတယ္။ အတိတ္ကျဖစ္ခဲ့တဲ့ လြဲခဲ့တာေတြ မွားခဲ့တာေတြကို ခြင့္လႊတ္နိုင္ျခင္းအားျဖင့္ ေနာင္ အနာဂတ္မွာ ေကာင္းတာေတြ လုပ္နိုင္ဖို့အတြက္ အုတ္ျမစ္ေကာင္းေကာင္းကို ရသြားတယ္ေနာ္။

အတိတ္က အေၾကာင္းေတြကို ထပ္ခါတလဲလဲ ေတြးေန ေျပာေနၿပီးေတာ့ အဲဒီ အတိတ္ထဲမွာပဲ ေခ်ာင္ပိတ္မိေနလို့ ရွိရင္ ေထာင္ေခ်ာက္ႀကီးထဲ ေရာက္ေနသလို ျဖစ္တယ္။

ခြင့္လႊတ္ျခင္းအားျဖင့္ အက်ိဳးေတြ အမ်ားႀကီး ရွိလာတယ္။ စိတ္ရွင္းတယ္။ လြတ္လပ္သြားတယ္။ အမွုကိစၥေတြ အမ်ားႀကီး ၿပီးသြားပါတယ္။

ခြင့္လႊတ္ျခင္း ဆိုတာ မွန္ကန္တဲ့ အျမင္၊ မွန္ကန္တဲ့ အသိမွာ အေျခခံမွ ျဖစ္နိုင္တယ္။ ၿပီးေတာ့ သူတစ္ပါးကိုခ်ည္း ခြင့္လႊတ္႐ုံနဲ႔ မရေသးဘူး၊ မျပည့္စုံေသးဘူး၊ မိမိကိုယ္ကိုပါ ခြင့္လႊတ္နိုင္မွ ျပည့္စုံတယ္။

ကိုယ္လုပ္ခဲ့သမၽွကို ျပန္ၾကည့္ၿပီးေတာ့ မွားတာကိုေတာ့ မွားပါတယ္လို့ ရိုးရိုးသားသား တိတိက်က် ဝန္ခံဖို့ လိုတယ္။ သင္ခန္းစာလည္း ယူဖို့ လိုတယ္။ ၿပီးရင္ ငါ့ကိုယ္ကိုလည္း ငါခြင့္လႊတ္လိုက္မယ္။

ေရွ႕ေလၽွာက္ ငါေကာင္းတာေတြ လုပ္ေတာ့မယ္၊ ေနာင္တရၿပီးေတာ့ တစ္ေန႔တစ္ေန႔ အခ်ိန္ မကုန္ေစခ်င္ေတာ့ဘူး။

ကိုယ့္ကိုယ္ကိုလည္း ခြင့္လႊတ္တတ္ဖို့ လိုတယ္။ ေနာင္တရတဲ့စိတ္ အားႀကီးလြန္းရင္ သူကပဲ ပိတ္ပင္ထားလို့ တရားအသိဥာဏ္ အဆင့္ျမင့္ျမင့္ကို မရနိုင္ဘူး။

ခြင့္လႊတ္နိုင္တဲ့အခါ ေလာကႀကီးကို ၾကည့္လိုက္ရင္ ေလာကႀကီးက ၾကည့္လို့ ေကာင္းေနတယ္။ သာယာေနတယ္။ အရာရာတိုင္းဟာ လွေနတယ္၊၊ အဓိပၸာယ္ ရွိေနတယ္။

ဒါေတြကို ၾကည့္နိုင္ဖို့၊ ျမင္နိုင္ဖို့၊ အာ႐ုံျပဳနိုင္ဖို့၊ သိနိုင္ ခံစားနိုင္ဖို့ သူ႔စိတ္ကို ေပးနိုင္တယ္။ ခြင့္မလႊတ္နိုင္တဲ့သူဟာ ဒါေတြအတြက္ သူ႔စိတ္မွာ ေနရာမေပးနိုင္ဘူး၊ အခ်ိန္မေပးနိုင္ဘူး။

သူ႔မ်က္စိက ဖြင့္ထားေပမယ့္ သူ မျမင္နိုင္ဘူး။ သူ႔နားထဲကို အသံေတြ ဝင္ေရာက္လာေပမယ့္ သူ အာ႐ုံ မျပဳနိုင္ဘူး၊ မၾကားနိုင္ဘူး။ သူ တန္ဖိုး မထားနိုင္ဘူး။

ခြင့္လႊတ္နိုင္တဲ့ စိတ္ဟာ ျမင့္ျမတ္တဲ့ စိတ္ျဖစ္တယ္။ ရင့္က်က္တဲ့ ခိုင္မာတဲ့ စိတ္ျဖစ္တယ္။ သေဘာထားႀကီးတဲ့စိတ္ (big mind) ျဖစ္တယ္။

(powerful mind) အင္အားႀကီးတဲ့ စိတ္ျဖစ္တယ္။ ဒါေၾကာင့္ ခြင့္လႊတ္နိုင္တဲ့သူဟာ စိတ္ဓာတ္ က်မေနေတာ့ဘူး။ ဆရာေတာ္ဦးေဇာတိက

Unicode

ခွင့်လွှတ်ခြင်း၏ အကျိုးရလဒ်

အတိတ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အဲဒါကို နားလည်ဖို့လိုတယ်။ ခွင့်လွှတ်ဖို့ လိုတယ်။ အတိတ်ကဖြစ်ခဲ့တဲ့ လွဲခဲ့တာတွေ မှားခဲ့တာတွေကို ခွင့်လွှတ်နိုင်ခြင်းအားဖြင့် နောင် အနာဂတ်မှာ ကောင်းတာတွေ လုပ်နိုင်ဖို့အတွက် အုတ်မြစ်ကောင်းကောင်းကို ရသွားတယ်နော်။

အတိတ်က အကြောင်းတွေကို ထပ်ခါတလဲလဲ တွေးနေ ပြောနေပြီးတော့ အဲဒီ အတိတ်ထဲမှာပဲ ချောင်ပိတ်မိနေလို့ ရှိရင် ထောင်ချောက်ကြီးထဲ ရောက်နေသလို ဖြစ်တယ်။

ခွင့်လွှတ်ခြင်းအားဖြင့် အကျိုးတွေ အများကြီး ရှိလာတယ်။ စိတ်ရှင်းတယ်။ လွတ်လပ်သွားတယ်။ အမှုကိစ္စတွေ အများကြီး ပြီးသွားပါတယ်။

ခွင့်လွှတ်ခြင်း ဆိုတာ မှန်ကန်တဲ့ အမြင်၊ မှန်ကန်တဲ့ အသိမှာ အခြေခံမှ ဖြစ်နိုင်တယ်။ ပြီးတော့ သူတစ်ပါးကိုချည်း ခွင့်လွှတ်ရုံနဲ့ မရသေးဘူး၊ မပြည့်စုံသေးဘူး၊ မိမိကိုယ်ကိုပါ ခွင့်လွှတ်နိုင်မှ ပြည့်စုံတယ်။

ကိုယ်လုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့ မှားတာကိုတော့ မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့ လိုတယ်။ သင်ခန်းစာလည်း ယူဖို့ လိုတယ်။ ပြီးရင် ငါ့ကိုယ်ကိုလည်း ငါခွင့်လွှတ်လိုက်မယ်။

ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်၊ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန် မကုန်စေချင်တော့ဘူး။

ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်တတ်ဖို့ လိုတယ်။ နောင်တရတဲ့စိတ် အားကြီးလွန်းရင် သူကပဲ ပိတ်ပင်ထားလို့ တရားအသိဉာဏ် အဆင့်မြင့်မြင့်ကို မရနိုင်ဘူး။

ခွင့်လွှတ်နိုင်တဲ့အခါ လောကကြီးကို ကြည့်လိုက်ရင် လောကကြီးက ကြည့်လို့ ကောင်းနေတယ်။ သာယာနေတယ်။ အရာရာတိုင်းဟာ လှနေတယ်၊၊ အဓိပ္ပာယ် ရှိနေတယ်။

ဒါတွေကို ကြည့်နိုင်ဖို့၊ မြင်နိုင်ဖို့၊ အာရုံပြုနိုင်ဖို့၊ သိနိုင် ခံစားနိုင်ဖို့ သူ့စိတ်ကို ပေးနိုင်တယ်။ ခွင့်မလွှတ်နိုင်တဲ့သူဟာ ဒါတွေအတွက် သူ့စိတ်မှာ နေရာမပေးနိုင်ဘူး၊ အချိန်မပေးနိုင်ဘူး။

သူ့မျက်စိက ဖွင့်ထားပေမယ့် သူ မမြင်နိုင်ဘူး။ သူ့နားထဲကို အသံတွေ ဝင်ရောက်လာပေမယ့် သူ အာရုံ မပြုနိုင်ဘူး၊ မကြားနိုင်ဘူး။ သူ တန်ဖိုး မထားနိုင်ဘူး။

ခွင့်လွှတ်နိုင်တဲ့ စိတ်ဟာ မြင့်မြတ်တဲ့ စိတ်ဖြစ်တယ်။ ရင့်ကျက်တဲ့ ခိုင်မာတဲ့ စိတ်ဖြစ်တယ်။ သဘောထားကြီးတဲ့စိတ် (big mind) ဖြစ်တယ်။

(powerful mind) အင်အားကြီးတဲ့ စိတ်ဖြစ်တယ်။ ဒါကြောင့် ခွင့်လွှတ်နိုင်တဲ့သူဟာ စိတ်ဓာတ် ကျမနေတော့ဘူး။ ဆရာတော်ဦးဇောတိက

Be the first to comment

Leave a Reply

Your email address will not be published.


*