



(၁) လိပ်လိုလူ















Credit – Best Of Best

Unicode

စကားလက်ဆုံ မပြောပဲ ရှောင်ရှားသင့်တဲ့ လူလေးမျိုးအကြောင်း

ဒီလိုလူ (၄)မျိုး နဲ့ တွေ့ရင် စကားလက်ဆုံ မပြောပဲ ရှောင်ရှားသင့်ပါတယ်နော်။

(၁) လိပ်လိုလူ

ကို့ယ်ဘက်ကို ယက်ပြောသူ။ သူတစ်ဦးတည်း ကောင်းစားရေး သူ့အကျိုးစီးပွားအတွက် အမှားကို အမှန်လုပ် အရာရာကို တကယ်တတ်သိမနားလည်ဘဲ ကိုယ်ဖြစ်ချင်တဲ့အရာကို ဆွဲခေါ်ပြောဆိုတတ်တဲ့သူမျိုးဖြစ်ပါတယ်

အဲ့လိုလူမျိုးနဲ့ စကားပြောတဲ့အခါ သူက စကားပြောညက်ညောလိမ့်မယ်… ဒါပေမဲ့ သူလိုချင်တဲ့ဦးတည်ချက်ဆီ မရောက်ရောက်အောင် လိမ်ညာပြောဆိုတတ်သူဖြစ်ပါတယ်.. အဲ့လိုလူမျိုးနဲ့ တွေ့တဲ့အခါ ပြုံးပြုံးလေးနဲ့ နှုတ်ဆက်ခဲ့ပါ…

(၂) သူသာအမှန်လို့ မှတ်ယူသူ

သင်ဘာပဲပြောပြော သူထင်ထားတဲ့အရာ သူလက်ခံထားတဲ့အရာနဲ့ ဆန့်ကျင်နေခဲ့ရင်တော့ အဲ့ဒီအရာဟာ ဘယ်လောက်ပဲ မှန်ကန်နေပါစေ

သူကတော့ မှားပါတယ်လို့ ပြောမဲ့လူစားမျိုးပါ… ဘာလို့ဆို အရာရာကို ဦးနှောက်တခြမ်းစာနဲ့သာ တွေးတောပြီး မျှမျှတတမတွေးတတ်တဲ့ လူစားဖြစ်နေလို့ပါပဲ…

ထိုကဲ့သို့ လူအမျိုးအစားဟာ ခဏခဏ တွေ့ရလေ့ရှိပါတယ်…လူ့ကန့်လန့်တွေဘဲ ဖြစ်ပါတယ်… ထိုလူတွေနဲ့ သင်စကားပြောတဲ့အခါ အရမ်းစိတ်ညစ်ဖို့ကောင်းနေပါလိမ့်မယ်

(၃) သူ့လောက်တတ်သိသူ မရှိဟု ထင်မှတ်သူ

လောကမှာ လူတိုင်းဟာ ကိုယ်ရှာမှီးထားတဲ့ အသိပညာ ဗဟုသုတတွေနဲ့အညီ ကျွမ်းကျင်မှု တိုးတက်မှုတွေ ရှိကြပါတယ်… အဲ့ဒီအထဲမှာမှ ကိုယ့်ကိုကိုယ် ဆရာကြီးလို့ ထင်မှတ်ထားသူတွေရှိပါတယ်

အရာရာကို ဆိုးတို့ဆတ်တတ်(အနည်းငယ်)သာ သိပြီး အားလုံးကို သူသိသယောင်ပြောဆိုတတ်သူမျိုးပါ… သူက သင်ပြောသမျှကို မသိရင်တောင် သူသိသလိုမျိုး ဖောရှောလုပ်ပြီး ပြောနေပါလိမ့်မယ်… သူနဲ့စကားပြောတာကြာလာတဲ့အခါ သင်စိတ်ညစ်လာရပါလိမ့်မယ်..

(၄) အရာရာမကောင်းမြင်တတ်သူ

ဘာပဲဖြစ်နေနေ ဘယ်လောက်ပဲမှန်နေပါစေ..သူကတော့ အရာရာကိုမှားတယ်လို့ ယူဆနေသူပါ.. ကိစ္စတစ်ခုဖြစ်တဲ့အခါ မှားယွင်းမှုတွေ လိုအပ်ချက်တွေကိုသာ ပြောတတ်တဲ့လူစားမျိုးပါ…

ထိုလူတွေနဲ့ သင်စကားပြောမိတဲ့အခါ သင့်ကို သူက အယူအဆအမှားတွေ သွတ်သွင်းပေးပါလိမ့်မယ် နောက်ဆုံးမှာ သင်ကိုယ်တိုင်လည်း အမှန်အမှား ခွဲခြားသိမြင်နိုင်စွမ်းမရှိတော့ဘဲ

အမှားတွေ လိုအပ်ချက်တွေကိုသာ ဝေဖန်ထောက်ပြတတ်တဲ့ လူမျိုးဖြစ်သွားပြီး ပတ်ဝန်းကျင်ရဲ့ ရှုံချမှုကို မလွဲမသွေ ခံစားရပါလိမ့်မယ်… အဲ့ဒီတော့ ထိုကဲ့သို့လူမျိုးကို ရှောင်ပါ

ထိုလူလေးမျိုးကို သင့်အနေနဲ့ စကားပြောမိမယ်ဆိုရင် ပါးနပ်စွာ ရှောင်ပြီး စကားလက်ဆုံ မပြောဖို့ကြိုးစားပါ.. ဘာကြောင့်လဲဆိုတော့ သူတို့ဆီကနေ အယူအဆအမှားတွေ ရန်လိုမှုတွေကိုသာ သင့်အနေနဲ့ ရနိုင်လို့ပါပဲ… အားလုံးပဲ အကျိုးရှိကြပါစေ…

Credit – Best Of Best

Be the first to comment

Leave a Reply

Your email address will not be published.


*