အိမ္ရွင္မေတြ သတိထားသင္တဲ့ ေၾကာက္စရာေကာင္းတဲ့ ေငြ ဆုမဲ/ ဆုေၾကး

အိမ္ရွင္မေတြ သတိထားသင္တဲ့ ေၾကာက္စရာေကာင္းတဲ့ ေငြ ဆုမဲ/ ဆုေၾကး

စုမဲ/စုေၾကးေလာကရဲ႕႐ိုက္ခတ္မႈေတြ ေတာ္ေတာ္မ်ားေနၿပီေနာ္။ အခုလည္း မုံ႐ြာကအေမတစ္ေယာက္က သမီးျဖစ္သူရဲ႕စုမဲဇယားရႈပ္ေတြကို တာဝန္ယူၿပီးရွင္းေပးတာသိန္းရာနဲ႔ေထာင္နဲ႔ခ်ီပါတယ္။

အဲဒီလိုျဖစ္လာတဲ့အခါ မိဘေတြကိုအရမ္းအားနာဖို႔ေကာင္းတယ္။တေလာကေကာင္မေလးတစ္ေယာက္လည္းပဲ စုမဲကိစၥနဲ႔ပတ္သတ္ၿပီးသူ႔အေၾကာင္းေတြလာေျပာျပတယ္။ ၿပီးေတာ့ သူမ်ားေတြသူ႔ဆီကေန သင္ခန္းစာယူႏိုင္ဖို႔ ျပန္ေျပာျပေပးပါလို႔ေျပာတယ္။ အခုသူနဲ႔ေျပာထားတဲ့စကားေတြကို စာလုံးေပါင္းေလးေတြပဲျပင္ၿပီးတင္ထားတာပါ။ သူေရးတဲ့စာလုံးေပါင္းေလးေတြကေ တာ္ေတာ္မ်ားမ်ားမွားေနေတာ့ ဖတ္ရခက္မွာစိုးလို႔ Screenshots ေတြမတင္ပဲ ပိုစ့္တင္ေပးလိုက္တာပါ။

****
ေကာင္မေလး – “ခ်စ္ရတဲ့အစ္မ၊ အစ္မရဲ႕စာေတြကို ညီမေတာက္ေလွ်ာက္ဖတ္ျဖစ္ခဲ့ပါတယ္။ ခြန္အားျဖစ္ေစၿပီး ေန႔စဥ္ဘဝအတြက္ေရာ သမီးေလးအတြက္ပါ တကယ္ကိုအေထာက္အကူျဖစ္ခဲ့ရပါတယ္။ ဒီစာေရးတာက မိတ္ဆက္စာမဟုတ္လို႔ အစ္မ အားတဲ့အခ်ိန္ေလးမွာ ဖတ္မိဖို႔ေမွ်ာ္လင့္မိပါတယ္။

ခုလတ္တေလာအိမ္ရွင္မေတြအမ်ားႀကီးႀကဳံေတြ႕ေနရတဲ့ကိစၥပါ။ ၿပီးေတာ့ ေငြသန္းနဲ႔ခ်ီၿပီး ဘဝပ်က္ေနၾကလို႔ အစ္မတို႔လို social influencer ေတြကို အသိေပးခ်င္လို႔ပါ။ ညီမျဖစ္တာ ေျပာျပပါရေစ။ ညီမ ေငြပိုေလးရလို႔ရျငား မဲစုပါတယ္။

ဇာတ္လမ္းက အဲဒီမွာစတာေပါ့။ မဲစုတာၾကာလာ၊ ဒိုင္အစ္မကလည္းတိက်ေတာ့ ေပ်ာ္တာေပါ့ မရယ္။ ညီမက အဲဒီတုန္းက ကိုယ့္အတြက္ကိုယ္ဝယ္ပါတယ္။ အတိုးရတယ္ေလေနာ္။

အိမ္ထဲကေနၿပီး ရေနတယ္ဆိုေတာ့။ အဲဒီကေနၾကာလာေတာ့ ညီမတို႔ပညာေတြတတ္ရဲ႕သားနဲ႔ ေလာဘကဖုံးသြားတယ္ မေရ။ ဒိုင္ကိုယုံလည္းယုံၾကတယ္။

အဲ့ဒီေတာ့ ညီမအတြက္ဝယ္ရင္းကေန သူ႔ဆီကယူၿပီး သူငယ္ခ်င္းေတြကိုပါ ေရာင္းေပးျဖစ္ေရာ။ အဲ့ဒီတုန္းကေတာ့ သူငယ္ခ်င္းေတြေပ်ာ္စရာေပါ့ မရယ္။

အတူူတူသားသမီးေတြ ဆင္ၾက၊ စားၾကေသာက္ၾကဝယ္ၾကေပါ့။ တေျဖးေျဖးနဲ႔ ၆လေလာက္ၾကာေတာ့ ညီမတို႔အရင္းေငြေရာ အတိုးေငြေရာ အဲ့ဒီထဲေတြေရာက္ကုန္ေရာ။ ညီမဆိုလဲရွိတာအကုန္ထည့္၊ သူငယ္ခ်င္းေတြကလည္း ညီမကိုယုံၿပီးထည့္ၾကတာေပါ့။

အခု ၉ လပိုင္း ၅ ရက္ေန႔က်ေတာ့ အဲ့ဒီဒိုင္အစ္မက လိမ္ခံရတယ္ဆိုၿပီး သူ႔ကိုလိမ္တဲ့သူကိုလိုက္ရွာတယ္ဆိုၿပီး ထြက္သြားတယ္ မ။

အဲ့ဒီအခ်ိန္မွာ ညီမကက်န္ေနခဲ့ေတာ့ က်န္တဲ့သူေတြက ညီမတာဝန္ယူဆိုၿပီး အရင္ကအက်ိဳးအျမတ္ရခဲ့တာေတြကိုလည္း မေထာက္ေတာ့ပဲ တိုးရင္းေပါင္းဆိုတဲ့ေငြကိုေတာင္းၾကပါတယ္။ ညီမ မလိမ္ပါဘူး။ ကိုယ္တိုင္အလိမ္ခံရတာပါ။

ဒါေပမဲ့ ညီမသူငယ္ခ်င္းေတြက ညီမကိုပဲသိတာ၊ ဟိုဒိုင္ကိုမသိဘူးဆိုေတာ့ ညီမတျပားမွမရေသးပဲ ေနတဲ့အိမ္နဲ႔ကားကိုေရာင္းပီး စိုက္ေလ်ာ္ေပးခဲ့ပါတယ္။ ဒါေပမဲ့ အျပည့္ေတာ့ မေလ်ာ္ႏိုင္ခဲ့ပါဘူး။ ၃၀% ပဲေလ်ာ္ႏိုင္ခဲ့ပါတယ္။ ညႇိေပးတယ္။ ညႇိသလိုယူေပးၾကပါတယ္။

ဒါေပမဲ့ မေက်နပ္ဘူးတဲ့ မ။ ညီမအေပၚကဒိုင္ကလည္း သူတို႔အေၾကာင္းပိုစ့္တင္ရင္ 66D တဲ့။ ညီမေအာက္ကသူေတြကလဲ ဥပေဒရွိတယ္ 420 တဲ့။ ညီမတို႔အလယ္ကသူေတြက ဘာလုပ္ရမွန္းမသိေအာင္ ျဖစ္ရပါတယ္။

ခုခ်ိန္မွာလည္း လူ ၆၀ ေလ်ာ္ဖို႔ရွိတာ လူ ၅၀ ေက်ာ္ေလ်ာ္ၿပီးခ်ိန္မွာ ရွိတာအကုန္ကုန္သြားခဲ့ပါတယ္။ က်န္ ၈ ေယာက္အတြက္ေပးရမယ့္ ၃၀% ေလးပဲ က်န္ပါတယ္။

ဒါၿပီးရင္ ညီမကလုံးဝလက္ဗလာပါ။ အဲ့ဒီခ်ိန္မွာ ဘာျဖစ္လဲဆိုေတာ့ က်န္ ၈ ေယာက္က တရားစြဲဖို႔ စာပို႔ပါတယ္။ ညီမမွာလိုက္စရာေရွ႕ေနခေတာင္မရွိေတာ့ပါဘူး။ ညီမေတာင္းပန္ၿပီးေပးပါတယ္။

သူငယ္ခ်င္းအရင္းေတြပါပဲ။ ေနာက္ဆုံးက်ေတာ့ အရင္းလိုခ်င္တယ္တဲ့။ တကယ္ဆို ညီမတို႔အလုပ္က တစ္လကို ၃၀ တိုး ျမတ္ခဲ့တာပါ။ ညီမကညစ္ပတ္လို႔ ညီမဒိုင္လိုယူထားၿပီး မေပးခဲ့ရင္

ညီမအမွား။ ခုဟာက ညီမလည္း နစ္နာသူတစ္ေယာက္ပါ။ သို႔ေသာ္ ကိုယ့္တာဝန္ပဲဆိုၿပီး ဒိုုင္ကတစ္ျပားမွ မေပးေပမဲ့ ညီမက မဲေလာကနဲ႔မသက္ဆိုင္ေသာ၊ မိဘကေပးထားေသာအိမ္နဲ႔ကားကို

ေရာင္းၿပီးဆပ္ရတာပါ။ညီမေလ တကယ္ေနာင္တရခဲ့ပါတယ္။ လူေတြအေၾကာင္းလည္း သိလိုက္ရပါတယ္။ သမီးေလးေမြးထားလို႔သာပါ။ ဆက္ရွင္သန္ဖို႔ေၾကာက္ေနမိတယ္။ ခဏခဏလည္း ေသဖို႔ႀကိဳးစားခဲ့တယ္။ မိဘေတြက ျပန္ကယ္တင္ခဲ့တယ္။ အခုခ်ိန္ထိလဲ အရႈံးေပးခ်င္မိတယ္။

ညီမအလုပ္လုပ္စဥ္ကလည္း တိက်မွန္ကန္သူျဖစ္ခဲ့ပါတယ္။ ဒိုင္ဆီကို ေငြေပးတာလည္း မွန္ကန္တိက်ခဲ့တယ္။ ေအာက္ကသူငယ္ခ်င္းေတြကိုဆိုလည္း ရက္မျပည့္ခင္ တစ္ရက္ႀကိဳေလ်ာ္ေပးတယ္။ ဒီမဲေလာကက တျခားသူေတြဆို ေျပးၾကတယ္။ ညီမ မေျပးဘူး။ ညီမ ဒိုင္ခံေလ်ာ္တယ္။

ဒါေပမဲ့ ေလ်ာ္လဲၿပီးေရာ ယူလဲသြားေရာ၊ အေကာင့္တုေတြနဲ႔ တင္ၾကျပန္ေရာ မရယ္။ ကိုယ္က ပိုက္ထားတာရွိရင္လည္းတမ်ိဳး။ ညီမ လက္ခံတယ္။ ဒါေပမဲ့ ကိုယ္တိုင္ဆုံးရႈံးၿပီး မဲေလာကနဲ႔မဆိုင္တဲ့ အျပင္ေငြနဲ႔ စိုက္ေလ်ာ္ေနတာ လက္ခ်ိဳးေရေတာင္ရပါတယ္ မရယ္။

ညီမ ဒီစာေရးတာ အစ္မအတြက္ စိတ္ရႈပ္ေစခဲ့မိရင္ ေတာင္းပန္ပါတယ္။ အခု ညီမေျပာခ်င္တာ တခ်ိဳ႕ေတြ လိမ္လို႔ေကာင္းတုန္း ဆက္လုပ္ေနၾကတုန္းပါပဲ။ ညီမေလ ဘဝနဲ႔ရင္းၿပီးရတဲ့သင္ခန္းစာပါ။ ညီ္မ မေျပာျပတတ္လို႔ အစ္မတို႔လို Influencer ေတြကေန ျဖန႔္ေပးပါလို႔ေတာင္းဆိုပါတယ္။

ညီမတို႔လို အလယ္ကေန ဘဝပ်က္ေနတဲ့သူေတြ ဒုနဲ႔ေဒးပဲ။ မခံႏိုင္ၾကလို႔ ေျပးၾကတာပါ။ ဘယ္သူကေျပးခ်င္မလဲေနာ္။ အခုညီမ မေျပးပဲရွင္းတယ္။ ရွင္းေတာ့လည္းအေျပာခံရတယ္။ အခုဆို တရားစြဲမယ္လုပ္ၾကတယ္။ ညီမဘဝ အေသခံဖို႔ပဲ ေန႔တိုင္းေတြးေနမိေတာ့တယ္။ ညီမ မိဘနဲ႔ ကေလးကိုၾကည့္ေနရင္း ညီမ မခံစားႏိုင္လို႔ရယ္၊

တျခားနစ္နာသူေတြ ဆက္မနစ္နာေစခ်င္ေတာ့လို႔ရယ္ အစ္မတို႔ကူညီၿပီးျဖန႔္ေဝပညာေပးပါလို႔ရွိခိုးကန္ေတာ့ေတာင္းပန္ပါရေစ။”

Jessica – “မေသနဲ႔ေနာ္။ သမီးေလးအတြက္ အသက္ဆက္ရွင္ရမယ္။ သူမ်ားက လူလိမ္လို႔ေခၚခ်င္လည္း ေခၚပါေစ အသက္ဆက္ရွင္ရမယ္။ ကေလးနဲ႔ေပ်ာ္ေအာင္ေနဖို႔၊ လုပ္ငန္းအသစ္ေတြနဲ႔ျပန္စဖို႔သာ စဥ္းစားပါ။ အစ္မ ေရးေပးပါ့မယ္ေနာ္။”

ေကာင္မေလး – “ေက်းဇူးပါ မရယ္။ အခုလည္း ညီမလို အလိမ္ခံထိၿပီး ၾကားထဲကေန စိုက္မေလ်ာ္ႏိုင္လို႔ လူလိမ္နာမည္ခံေနရတဲ့သူေတြ အမ်ားႀကီးရွိေနတယ္ မ။ ဘာမွလုပ္လို႔မရဘူးေလေနာ္။ ေနာက္ကလဲဆြဲထား၊ ေရွ႕လည္းဆက္တိုးမရ၊ အလယ္မွာ လည္စင္းခံေနရတယ္။”

Jessica – “အင္းေပါ့ နားလည္ပါတယ္။” ေကာင္မေလး – “ေက်းဇူးပါ မရယ္။”

(ေနာက္တပတ္အၾကာမွာ အဆက္အသြယ္ထပ္ရပါတယ္) ေကာင္မေလး – “မေရ .. ညီမရွင္းေပးရမယ့္ လူ ၆၀ ေက်ာ္မွာ ၁ ေယာက္ပဲက်န္ေတာ့တယ္။ အစ္မ အားေပးတဲ့အတြက္ တကယ္ေက်းဇူးပါေနာ္။ အစက ညီမ တကယ္ေသဖို႔ပဲ

စဥ္းစားေနတာ။ အခု မိဘေတြနဲ႔တိုင္ပင္ၿပီး သိန္း ၁၈၀၀ ေက်ာ္ဖိုးရွင္းၿပီးသြားၿပီ။ ၁ ေယာက္ပဲက်န္ေတာ့တာမို႔လို႔ စိတ္လည္းေပါ့သြားတယ္။ ညီမတို႔ မိသားစုအိမ္ေလးေရာင္းလိုက္ရေတာ့

ညီမတို႔သားအမိက မိဘအိမ္ျပန္ေနတယ္။ အမ်ိဳးသားကတစ္ၿမိဳ႕ ညီမတို႔ကတစ္ၿမိဳ႕ျဖစ္ေနတာေလးပဲစိတ္မေကာင္းဘူး မရယ္။ ကေလးအတြက္ရွင္သန္ရမယ္လို႔ေျပာခဲ့တဲ့အတြက္ မကိုတကယ္ေက်းဇူးတင္ပါတယ္။

Jessica – “ေရွ႕ေလွ်ာက္အဆင္ေျပပါေစ ညီမေလးရယ္” Credit: Jessica Mozart (ေအးေအးမ်ိဳးဆက္)

Unicode

အိမ်ရှင်မတွေ သတိထားသင်တဲ့ ကြောက်စရာကောင်းတဲ့ ငွေ ဆုမဲ/ ဆုကြေး

စုမဲ/စုကြေးလောကရဲ့ရိုက်ခတ်မှုတွေ တော်တော်များနေပြီနော်။ အခုလည်း မုံရွာကအမေတစ်ယောက်က သမီးဖြစ်သူရဲ့စုမဲဇယားရှုပ်တွေကို တာဝန်ယူပြီးရှင်းပေးတာသိန်းရာနဲ့ထောင်နဲ့ချီပါတယ်။

အဲဒီလိုဖြစ်လာတဲ့အခါ မိဘတွေကိုအရမ်းအားနာဖို့ကောင်းတယ်။တလောကကောင်မလေးတစ်ယောက်လည်းပဲ စုမဲကိစ္စနဲ့ပတ်သတ်ပြီး သူ့အကြောင်းတွေလာပြောပြတယ်။ ပြီးတော့ သူများတွေသူ့ဆီကနေ သင်ခန်းစာယူနိုင်ဖို့ ပြန်ပြောပြပေးပါလို့ပြောတယ်။အခုသူနဲ့ပြောထားတဲ့စကားတွေကို စာလုံးပေါင်းလေးတွေပဲ

ပြင်ပြီးတင်ထားတာပါ။ သူရေးတဲ့စာလုံးပေါင်းလေးတွေကတော်တော်များများမှားနေတော့ ဖတ်ရခက်မှာစိုးလို့ Screenshots တွေမတင်ပဲ ပိုစ့်တင်ပေးလိုက်တာပါ။

****
ကောင်မလေး – “ချစ်ရတဲ့အစ်မ၊ အစ်မရဲ့စာတွေကို ညီမတောက်လျှောက်ဖတ်ဖြစ်ခဲ့ပါတယ်။ ခွန်အားဖြစ်စေပြီး နေ့စဉ်ဘဝအတွက်ရော သမီးလေးအတွက်ပါ တကယ်ကိုအထောက်အကူဖြစ်ခဲ့ရပါတယ်။ဒီစာရေးတာက မိတ်ဆက်စာမဟုတ်လို့ အစ်မ အားတဲ့အချိန်လေးမှာ ဖတ်မိဖို့မျှော်လင့်မိပါတယ်။
ခုလတ်တလောအိမ်ရှင်မတွေအများကြီးကြုံတွေ့နေရတဲ့ကိစ္စပါ။ ပြီးတော့ ငွေသန်းနဲ့ချီပြီး ဘဝပျက်နေကြလို့ အစ်မတို့လို social influencer တွေကို အသိပေးချင်လို့ပါ။ ညီမဖြစ်တာ ပြောပြပါရစေ။ ညီမ ငွေပိုလေးရလို့ရငြား မဲစုပါတယ်။

ဇာတ်လမ်းက အဲဒီမှာစတာပေါ့။ မဲစုတာကြာလာ၊ ဒိုင်အစ်မကလည်းတိကျတော့ ပျော်တာပေါ့ မရယ်။ ညီမက အဲဒီတုန်းက ကိုယ့်အတွက်ကိုယ်ဝယ်ပါတယ်။ အတိုးရတယ်လေနော်။

အိမ်ထဲကနေပြီး ရနေတယ်ဆိုတော့။ အဲဒီကနေကြာလာတော့ ညီမတို့ပညာတွေတတ်ရဲ့သားနဲ့ လောဘကဖုံးသွားတယ် မရေ။ ဒိုင်ကိုယုံလည်းယုံကြတယ်။

အဲ့ဒီတော့ ညီမအတွက်ဝယ်ရင်းကနေ သူ့ဆီကယူပြီး သူငယ်ချင်းတွေကိုပါ ရောင်းပေးဖြစ်ရော။ အဲ့ဒီတုန်းကတော့ သူငယ်ချင်းတွေပျော်စရာပေါ့ မရယ်။

အတူူတူသားသမီးတွေ ဆင်ကြ၊ စားကြသောက်ကြဝယ်ကြပေါ့။ တဖြေးဖြေးနဲ့ ၆လလောက်ကြာတော့ ညီမတို့အရင်းငွေရော အတိုးငွေရော အဲ့ဒီထဲတွေရောက်ကုန်ရော။ ညီမဆိုလဲရှိတာအကုန်ထည့်၊ သူငယ်ချင်းတွေကလည်း ညီမကိုယုံပြီးထည့်ကြတာပေါ့။

အခု ၉ လပိုင်း ၅ ရက်နေ့ကျတော့ အဲ့ဒီဒိုင်အစ်မက လိမ်ခံရတယ်ဆိုပြီး သူ့ကိုလိမ်တဲ့သူကိုလိုက်ရှာတယ်ဆိုပြီး ထွက်သွားတယ် မ။

အဲ့ဒီအချိန်မှာ ညီမကကျန်နေခဲ့တော့ ကျန်တဲ့သူတွေက ညီမတာဝန်ယူဆိုပြီး အရင်ကအကျိုးအမြတ်ရခဲ့တာတွေကိုလည်း မထောက်တော့ပဲ တိုးရင်းပေါင်းဆိုတဲ့ငွေကိုတောင်းကြပါတယ်။ ညီမ မလိမ်ပါဘူး။ ကိုယ်တိုင်အလိမ်ခံရတာပါ။

ဒါပေမဲ့ ညီမသူငယ်ချင်းတွေက ညီမကိုပဲသိတာ၊ ဟိုဒိုင်ကိုမသိဘူးဆိုတော့ ညီမတပြားမှမရသေးပဲ နေတဲ့အိမ်နဲ့ကားကိုရောင်းပီး စိုက်လျော်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အပြည့်တော့ မလျော်နိုင်ခဲ့ပါဘူး။ ၃၀% ပဲလျော်နိုင်ခဲ့ပါတယ်။ ညှိပေးတယ်။ ညှိသလိုယူပေးကြပါတယ်။

ဒါပေမဲ့ မကျေနပ်ဘူးတဲ့ မ။ ညီမအပေါ်ကဒိုင်ကလည်း သူတို့အကြောင်းပိုစ့်တင်ရင် 66D တဲ့။ ညီမအောက်ကသူတွေကလဲ ဥပဒေရှိတယ် 420 တဲ့။ ညီမတို့အလယ်ကသူတွေက ဘာလုပ်ရမှန်းမသိအောင် ဖြစ်ရပါတယ်။

ခုချိန်မှာလည်း လူ ၆၀ လျော်ဖို့ရှိတာ လူ ၅၀ ကျော်လျော်ပြီးချိန်မှာ ရှိတာအကုန်ကုန်သွားခဲ့ပါတယ်။ ကျန် ၈ ယောက်အတွက်ပေးရမယ့် ၃၀% လေးပဲ ကျန်ပါတယ်။

ဒါပြီးရင် ညီမကလုံးဝလက်ဗလာပါ။ အဲ့ဒီချိန်မှာ ဘာဖြစ်လဲဆိုတော့ ကျန် ၈ ယောက်က တရားစွဲဖို့ စာပို့ပါတယ်။ ညီမမှာလိုက်စရာရှေ့နေခတောင်မရှိတော့ပါဘူး။ ညီမတောင်းပန်ပြီးပေးပါတယ်။

သူငယ်ချင်းအရင်းတွေပါပဲ။ နောက်ဆုံးကျတော့ အရင်းလိုချင်တယ်တဲ့။ တကယ်ဆို ညီမတို့အလုပ်က တစ်လကို ၃၀ တိုး မြတ်ခဲ့တာပါ။ ညီမကညစ်ပတ်လို့ ညီမဒိုင်လိုယူထားပြီး မပေးခဲ့ရင်

ညီမအမှား။ ခုဟာက ညီမလည်း နစ်နာသူတစ်ယောက်ပါ။ သို့သော် ကိုယ့်တာဝန်ပဲဆိုပြီး ဒိုင်ကတစ်ပြားမှ မပေးပေမဲ့ ညီမက မဲလောကနဲ့မသက်ဆိုင်သော၊ မိဘကပေးထားသောအိမ်နဲ့ကားကို

ရောင်းပြီးဆပ်ရတာပါ။ညီမလေ တကယ်နောင်တရခဲ့ပါတယ်။ လူတွေအကြောင်းလည်း သိလိုက်ရပါတယ်။ သမီးလေးမွေးထားလို့သာပါ။ ဆက်ရှင်သန်ဖို့ကြောက်နေမိတယ်။ ခဏခဏလည်း သေဖို့ကြိုးစားခဲ့တယ်။ မိဘတွေက ပြန်ကယ်တင်ခဲ့တယ်။ အခုချိန်ထိလဲ အရှုံးပေးချင်မိတယ်။

ညီမအလုပ်လုပ်စဉ်ကလည်း တိကျမှန်ကန်သူဖြစ်ခဲ့ပါတယ်။ ဒိုင်ဆီကို ငွေပေးတာလည်း မှန်ကန်တိကျခဲ့တယ်။ အောက်ကသူငယ်ချင်းတွေကိုဆိုလည်း ရက်မပြည့်ခင် တစ်ရက်ကြိုလျော်ပေးတယ်။ ဒီမဲလောကက တခြားသူတွေဆို ပြေးကြတယ်။ ညီမ မပြေးဘူး။ ညီမ ဒိုင်ခံလျော်တယ်။

ဒါပေမဲ့ လျော်လဲပြီးရော ယူလဲသွားရော၊ အကောင့်တုတွေနဲ့ တင်ကြပြန်ရော မရယ်။ ကိုယ်က ပိုက်ထားတာရှိရင်လည်းတမျိုး။ ညီမ လက်ခံတယ်။ ဒါပေမဲ့ ကိုယ်တိုင်ဆုံးရှုံးပြီး မဲလောကနဲ့မဆိုင်တဲ့ အပြင်ငွေနဲ့ စိုက်လျော်နေတာ လက်ချိုးရေတောင်ရပါတယ် မရယ်။

ညီမ ဒီစာရေးတာ အစ်မအတွက် စိတ်ရှုပ်စေခဲ့မိရင် တောင်းပန်ပါတယ်။ အခု ညီမပြောချင်တာ တချို့တွေ လိမ်လို့ကောင်းတုန်း ဆက်လုပ်နေကြတုန်းပါပဲ။ ညီမလေ ဘဝနဲ့ရင်းပြီးရတဲ့သင်ခန်းစာပါ။ ညီ်မ မပြောပြတတ်လို့ အစ်မတို့လို Influencer တွေကနေ ဖြန့်ပေးပါလို့တောင်းဆိုပါတယ်။

ညီမတို့လို အလယ်ကနေ ဘဝပျက်နေတဲ့သူတွေ ဒုနဲ့ဒေးပဲ။ မခံနိုင်ကြလို့ ပြေးကြတာပါ။ ဘယ်သူကပြေးချင်မလဲနော်။ အခုညီမ မပြေးပဲရှင်းတယ်။ ရှင်းတော့လည်းအပြောခံရတယ်။ အခုဆို တရားစွဲမယ်လုပ်ကြတယ်။ ညီမဘဝ အသေခံဖို့ပဲ နေ့တိုင်းတွေးနေမိတော့တယ်။ ညီမ မိဘနဲ့ ကလေးကိုကြည့်နေရင်း ညီမ မခံစားနိုင်လို့ရယ်၊

တခြားနစ်နာသူတွေဆက်မနစ်နာစေချင်တော့လို့ရယ် အစ်မတို့ကူညီပြီးဖြန့်ဝေပညာပေးပါလို့ရှိခိုးကန်တော့တောင်းပန်ပါရစေ။”

Jessica – “မသေနဲ့နော်။ သမီးလေးအတွက် အသက်ဆက်ရှင်ရမယ်။ သူများက လူလိမ်လို့ခေါ်ချင်လည်း ခေါ်ပါစေ အသက်ဆက်ရှင်ရမယ်။ ကလေးနဲ့ပျော်အောင်နေဖို့၊ လုပ်ငန်းအသစ်တွေနဲ့ပြန်စဖို့သာ စဉ်းစားပါ။ အစ်မ ရေးပေးပါ့မယ်နော်။”

ကောင်မလေး – “ကျေးဇူးပါ မရယ်။ အခုလည်း ညီမလို အလိမ်ခံထိပြီး ကြားထဲကနေ စိုက်မလျော်နိုင်လို့ လူလိမ်နာမည်ခံနေရတဲ့သူတွေ အများကြီးရှိနေတယ် မ။ ဘာမှလုပ်လို့မရဘူးလေနော်။ နောက်ကလဲဆွဲထား၊ ရှေ့လည်းဆက်တိုးမရ၊ အလယ်မှာ လည်စင်းခံနေရတယ်။”

Jessica – “အင်းပေါ့ နားလည်ပါတယ်။” ကောင်မလေး – “ကျေးဇူးပါ မရယ်။”

(နောက်တပတ်အကြာမှာ အဆက်အသွယ်ထပ်ရပါတယ်) ကောင်မလေး – “မရေ .. ညီမရှင်းပေးရမယ့် လူ ၆၀ ကျော်မှာ ၁ ယောက်ပဲကျန်တော့တယ်။ အစ်မ အားပေးတဲ့အတွက် တကယ်ကျေးဇူးပါနော်။ အစက ညီမ တကယ်သေဖို့ပဲ

စဉ်းစားနေတာ။ အခု မိဘတွေနဲ့တိုင်ပင်ပြီး သိန်း ၁၈၀၀ ကျော်ဖိုးရှင်းပြီးသွားပြီ။ ၁ ယောက်ပဲကျန်တော့တာမို့လို့ စိတ်လည်းပေါ့သွားတယ်။ ညီမတို့ မိသားစုအိမ်လေးရောင်းလိုက်ရတော့

ညီမတို့သားအမိက မိဘအိမ်ပြန်နေတယ်။ အမျိုးသားကတစ်မြို့ ညီမတို့ကတစ်မြို့ဖြစ်နေတာလေးပဲစိတ်မကောင်းဘူး မရယ်။ ကလေးအတွက်ရှင်သန်ရမယ်လို့ပြောခဲ့တဲ့အတွက် မကိုတကယ်ကျေးဇူးတင်ပါတယ်။

Jessica – “ရှေ့လျှောက်အဆင်ပြေပါစေ ညီမလေးရယ်” Credit: Jessica Mozart (အေးအေးမျိုးဆက်)

Be the first to comment

Leave a Reply

Your email address will not be published.


*