လမ္းေလွ်ာက္ပါ… လမ္းေလ်ာက္တဲ့လူေတြ အသက္ရွည္တယ္ဆိုတာ

လမ္းေလွ်ာက္ပါ... လမ္းေလ်ာက္တဲ့လူေတြ အသက္ရွည္တယ္ဆိုတာ
လမ္းေလွ်ာက္ပါ... လမ္းေလ်ာက္တဲ့လူေတြ အသက္ရွည္တယ္ဆိုတာ

လမ္းေလွ်ာက္ပါ… လမ္းေလ်ာက္တဲ့လူေတြ အသက္ရွည္တယ္ဆိုတာ

အသက္၅၀ ေက်ာ္လွ်င္ လမ္းေလွ်ာက္ေပးၾကပါ… သဘာဝႀကီးက လူေတြကိုေမြးကတည္းက ေပးထားတဲ့ ႏွလုံးဟာ တစ္ခုတည္းမဟုတ္ပါဘူး။ အေဖာ္ ပါလာပါတယ္။ အဲဒါဟာ ေျခသလုံးေတြက ႂကြက္သားေတြပဲျဖစ္ပါတယ္။

ႏွလုံးခုန္ျခင္းဟာ သူဟာသူ ခုန္ေနတာ ျဖစ္ေပမဲ့ ေျခသလုံးက ႏွလုံးေတြကေတာ့ လူကလုပ္ေပးမွအလုပ္လုပ္တာပါ။ လူတစ္ေယာက္ဟာ တစ္ေန႔ကို ႏွလုံးခုန္တဲ့ အႀကိမ္ေပါင္း တစ္သိန္းေလာက္ ရွိပါတယ္။

အဲဒါဟာ ေသြးေတြကို ေသြးလႊတ္ေၾကာကေနတစ္ဆင့္ တစ္ကိုယ္လုံးသို႔ ပို႔လြတ္ဖို႔ႏွလုံး က pump လုပ္ေနျခင္း ျဖစ္ပါတယ္။ အဲဒီေသြးေတြဟာ ေသြးျပန္ေၾကာကေန တစ္ဆင့္ ႏွလုံးကို ျပန္ေရာက္လာပါတယ္။ေသြးလည္ပတ္တယ္ဆိုတာဟာဒါပါပဲ။

ႏွလုံးက ေသြးေတြကိုညႇစ္ထုတ္ၿပီး တစ္ကိုယ္လုံးကို ေကာင္းစြာေရာက္ဖို႔ ဆိုတာ သူ႔ရဲ႕ေသြးအိမ္ထဲမွာ ေသြးေတြ ျပည့္ေနဖို႔ လိုပါတယ္။

ႏွလုံးအိမ္ထဲမွာ ေသြးေတြေလ်ာ့နည္းေနရင္ ေသြးလႊတ္ေၾကာကေန ေသြးပို႔လႊတ္မႈ နည္းပါးသြားပါ‌ေလေရာ။ အဲဒီအခါက်ေတာ့ ေသြးလွည့္ပတ္မႈမေကာင္းေတာ့ဘူး။

ေသြးလည္ပတ္မႈ မေကာင္းေတာ့ ေသြးထဲက ေကာ္လက္စထေရာေတြ၊ ကယ္စီယမ္ေတြနဲ႔ အဆိပ္ေတြကအနည္ထိုင္ၿပီး ေသြးေၾကာပိတ္ဆို႔မႈကို ျဖစ္ေစပါတယ္။

ႏွလုံးအိမ္မွာ ေသြးအားေကာင္းဖို႔အတြက္ အထိေရာက္ဆုံး လုပ္ေပးႏိုင္တာကေတာ့ ေျခသလုံး၂ခုက ႂကြက္သားေတြပဲျဖစ္ပါတယ္။

ေျခသလုံး၂ခုက ႂကြက္သားေတြ ညႇစ္ေပးမွ ေသြးျပန္ေၾကာထဲက ေသြးေတြကႏွလုံးကို ေကာင္းစြာ ေရာက္ပါတယ္။

ႏွလုံးအိမ္မွာ ေသြးေတြ ျပည့္သြားေတာ့မွ ႏွလုံးကညႇစ္လိုက္ရင္ ေသြးေတြဟာ အားေကာင္းေကာင္းနဲ႔ေသြးလႊတ္ေၾကာထဲကို တစ္ရွိန္ထိုး ဝင္ေရာက္သြားပါတယ္။

ေရပိုက္တစ္ခုထဲမွာ ေရအားနည္းရင္ ေရက ေကာင္းေကာင္းမစီးဘဲ ေရထဲမွာပါလာတဲ့ အနည္ေတြထိုင္ပါတယ္။ ၾကာေတာ့ ေရပိုက္ပိတ္ဆို႔မႈ ျဖစ္လာေရာ။

ေရအားေကာင္းေကာင္းနဲ႔ ထိုးလႊတ္လိုက္ေတာ့ ေရပိုက္ထဲက အနည္ေတြ ပိတ္ေနတာေတြလည္း ရွင္းသြားပါတယ္။ ေသြးေၾကာကလည္း အဲဒီ သေဘာအတိုင္းပါပဲ။

ႏွလုံးမွာ ေသြးအားေကာင္းဖို႔အတြက္ေျခသလုံး ႂကြက္သားေတြညႇစ္မွ ရတာပါ။ ေျခသလုံး ႂကြက္သားေတြ ညႇစ္ဖို႔ဆိုတာ လမ္းေလွ်ာက္ေပးမွ ရတာပါ။ အေျပးေလ့က်င့္မွရတာပါ။ ေျခသလုံးႂကြက္သားေတြ အႀကိမ္ႀကိမ္ညႇစ္မွ ႏွလုံးေသြးအားေကာင္းၿပီး ေသြးေၾကာေတြ ရွင္းမွာျဖစ္ပါတယ္။

ယခုအခါမွာ လူေတြဟာလမ္းေတာင္ မေလွ်ာက္ၾကဘဲ ဇိမ္ခံပစၥည္းအမ်ိဳးမ်ိဳး နဲ႔သာ အခ်ိန္ကုန္ေနၾကပါတယ္။

ဒါေၾကာင့္ ႏွလုံးေသြးေၾကာပိတ္ၿပီး ႏွလုံးေရာဂါအမ်ိဳးမ်ိဳးနဲ႔ ေသေနၾကတာ အမ်ားႀကီးပါပဲ။ ေျခသလုံး၂ခုကို လႈပ္ရွားၿပီး ႂကြက္သားေတြကို ညႇစ္ေပးႏိုင္မွ ႏွလုံးအားေကာင္းၿပီး က်န္းမာၾကပါလိမ့္မယ္။

လမ္းေလွ်ာက္တဲ့လူေတြဟာ အသက္ရွည္တယ္ ဆိုတာ ဒါေၾကာင့္ပါ။credit မူရင္းးေရးသားသူ။ေမတၱာျဖင့္ျပန္လည္မ်ွေ၀ပါသည္။

Unicode

လမ်းလျှောက်ပါ… လမ်းလျောက်တဲ့လူတွေ အသက်ရှည်တယ်ဆိုတာ

အသက်၅၀ ကျော်လျှင် လမ်းလျှောက်ပေးကြပါ… သဘာဝကြီးက လူတွေကိုမွေးကတည်းက ပေးထားတဲ့ နှလုံးဟာ တစ်ခုတည်းမဟုတ်ပါဘူး။ အဖော် ပါလာပါတယ်။ အဲဒါဟာ ခြေသလုံးတွေက ကြွက်သားတွေပဲဖြစ်ပါတယ်။

နှလုံးခုန်ခြင်းဟာ သူဟာသူ ခုန်နေတာ ဖြစ်ပေမဲ့ ခြေသလုံးက နှလုံးတွေကတော့ လူကလုပ်ပေးမှအလုပ်လုပ်တာပါ။ လူတစ်ယောက်ဟာ တစ်နေ့ကို နှလုံးခုန်တဲ့ အကြိမ်ပေါင်း တစ်သိန်းလောက် ရှိပါတယ်။

အဲဒါဟာ သွေးတွေကို သွေးလွှတ်ကြောကနေတစ်ဆင့် တစ်ကိုယ်လုံးသို့ ပို့လွတ်ဖို့နှလုံး က pump လုပ်နေခြင်း ဖြစ်ပါတယ်။ အဲဒီသွေးတွေဟာ သွေးပြန်ကြောကနေ တစ်ဆင့် နှလုံးကို ပြန်ရောက်လာပါတယ်။သွေးလည်ပတ်တယ်ဆိုတာဟာဒါပါပဲ။

နှလုံးက သွေးတွေကိုညှစ်ထုတ်ပြီး တစ်ကိုယ်လုံးကို ကောင်းစွာရောက်ဖို့ ဆိုတာ သူ့ရဲ့သွေးအိမ်ထဲမှာ သွေးတွေ ပြည့်နေဖို့ လိုပါတယ်။

နှလုံးအိမ်ထဲမှာ သွေးတွေလျော့နည်းနေရင် သွေးလွှတ်ကြောကနေ သွေးပို့လွှတ်မှု နည်းပါးသွားပါ‌လေရော။ အဲဒီအခါကျတော့ သွေးလှည့်ပတ်မှုမကောင်းတော့ဘူး။

သွေးလည်ပတ်မှု မကောင်းတော့ သွေးထဲက ကော်လက်စထရောတွေ၊ ကယ်စီယမ်တွေနဲ့ အဆိပ်တွေကအနည်ထိုင်ပြီး သွေးကြောပိတ်ဆို့မှုကို ဖြစ်စေပါတယ်။

နှလုံးအိမ်မှာ သွေးအားကောင်းဖို့အတွက် အထိရောက်ဆုံး လုပ်ပေးနိုင်တာကတော့ ခြေသလုံး၂ခုက ကြွက်သားတွေပဲဖြစ်ပါတယ်။

ခြေသလုံး၂ခုက ကြွက်သားတွေ ညှစ်ပေးမှ သွေးပြန်ကြောထဲက သွေးတွေကနှလုံးကို ကောင်းစွာ ရောက်ပါတယ်။

နှလုံးအိမ်မှာ သွေးတွေ ပြည့်သွားတော့မှ နှလုံးကညှစ်လိုက်ရင် သွေးတွေဟာ အားကောင်းကောင်းနဲ့သွေးလွှတ်ကြောထဲကို တစ်ရှိန်ထိုး ဝင်ရောက်သွားပါတယ်။

ရေပိုက်တစ်ခုထဲမှာ ရေအားနည်းရင် ရေက ကောင်းကောင်းမစီးဘဲ ရေထဲမှာပါလာတဲ့ အနည်တွေထိုင်ပါတယ်။ ကြာတော့ ရေပိုက်ပိတ်ဆို့မှု ဖြစ်လာရော။

ရေအားကောင်းကောင်းနဲ့ ထိုးလွှတ်လိုက်တော့ ရေပိုက်ထဲက အနည်တွေ ပိတ်နေတာတွေလည်း ရှင်းသွားပါတယ်။ သွေးကြောကလည်း အဲဒီ သဘောအတိုင်းပါပဲ။

နှလုံးမှာ သွေးအားကောင်းဖို့အတွက်ခြေသလုံး ကြွက်သားတွေညှစ်မှ ရတာပါ။ ခြေသလုံး ကြွက်သားတွေ ညှစ်ဖို့ဆိုတာ လမ်းလျှောက်ပေးမှ ရတာပါ။ အပြေးလေ့ကျင့်မှရတာပါ။ ခြေသလုံးကြွက်သားတွေ အကြိမ်ကြိမ်ညှစ်မှ နှလုံးသွေးအားကောင်းပြီး သွေးကြောတွေ ရှင်းမှာဖြစ်ပါတယ်။

ယခုအခါမှာ လူတွေဟာလမ်းတောင် မလျှောက်ကြဘဲ ဇိမ်ခံပစ္စည်းအမျိုးမျိုး နဲ့သာ အချိန်ကုန်နေကြပါတယ်။

ဒါကြောင့် နှလုံးသွေးကြောပိတ်ပြီး နှလုံးရောဂါအမျိုးမျိုးနဲ့ သေနေကြတာ အများကြီးပါပဲ။ ခြေသလုံး၂ခုကို လှုပ်ရှားပြီး ကြွက်သားတွေကို ညှစ်ပေးနိုင်မှ နှလုံးအားကောင်းပြီး ကျန်းမာကြပါလိမ့်မယ်။

လမ်းလျှောက်တဲ့လူတွေဟာ အသက်ရှည်တယ် ဆိုတာ ဒါကြောင့်ပါ။credit မူရင်းးရေးသားသူ။မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*