တန္ေဆာင္မုန္းလျပည့္ညမွာ သုတ္စားျဖစ္ၾကတဲ့ မယ္ဇလီဖူး သုပ္နည္း (၂)နည္း

တန္ေဆာင္မုန္းလျပည့္ညမွာ သုတ္စားျဖစ္ၾကတဲ့ မယ္ဇလီဖူး သုပ္နည္း (၂)နည္း
တန္ေဆာင္မုန္းလျပည့္ညမွာ သုတ္စားျဖစ္ၾကတဲ့ မယ္ဇလီဖူး သုပ္နည္း (၂)နည္း

တန္ေဆာင္မုန္းလျပည့္ညမွာ သုတ္စားျဖစ္ၾကတဲ့ မယ္ဇလီဖူး သုပ္နည္း (၂)နည္း

တန္ေဆာင္မုန္းလျပည့္ေန႔ေရာက္ေတာ့မယ္ဆိုေတာ့ မယ္ဇလီဖူးသုပ္ေလးႀကိဳေလ့လာထားၾကမယ္။ ညီအစ္ကိုေမာင္ႏွမေတြကို တန္ေဆာင္မုန္း လျပည့္ညနကၡတ္ေတြစုံတဲ့အခ်ိန္မွာ

မယ္ဇလီဖူးသုပ္ေလးကို စားရင္ ေဆးေပါင္းခတယ္လို႔ လူႀကီးေတြ ေျပာစကားနဲ႔အညီ အခ်ိန္မီေလး သုပ္စားလို႔ရေအာင္ မွ်ေဝေပးလိုက္ပါတယ္။

မယ္ဇလီဖူးသုပ္ဖို႔အတြက္ လိုအပ္တဲ့ပစၥည္းေတြကေတာ့ မယ္ဇလီဖူး၊ ပုစြန္ေျခာက္၊ ေျမပဲ၊ ႏွမ္း၊ ၾကက္သြန္နီ၊ ဆီ၊ နႏြင္းမႈန္႔၊ ဆား၊ ဟင္းခတ္မႈန္႔အနည္းငယ္တို႔လိုအပ္ပါမယ္။

ေစ်းထဲမွ၀ယ္လာတဲ့ မယ္ဇလီဖူးကို သန္႔စင္ေအာင္ ေရနဲ႔ ေဆးေၾကာေပးပါ။ ၿပီးရင္ေတာ့ မီးဖိုေပၚမွာ အိုးတစ္လုံးတင္၊ ေရတစ္၀က္သာသာေလာက္ထည့္ပါမယ္။ ၿပီးေနာက္ မယ္ဇလီဖူးေတြထည့္ၿပီး ျပဳတ္ပါ။

ပထမတစ္ရည္ ပြက္ပြက္ဆူလာရင္ အဲ့ဒီေရေတြကို သြန္ပစ္ၿပီးေတာ့မွ ေနာက္တစ္ေရ ထပ္ထည့္ၿပီး ထပ္တည္ေပးပါ။

သုံးႀကိမ္ေျမာက္ေရလဲၿပီးတဲ့အခါက်ရင္ေတာ့ မယ္ဇလီအဖူးေတြကို ႏူးေအာင္ ျပဳတ္ေပးပါ။ (ခါးတာႀကိဳက္ရင္ေတာ့ ၂ ႀကိမ္ေျမာက္ေရလဲၿပီးတဲ့အခါ ႏူးေအာင္ျပဳတ္လို႔ရပါၿပီ)

မယ္ဇလီဖူးျပဳတ္ထားတဲ့အခ်ိန္မွာ ၾကက္သြန္နီကို အခြံႏႊာ၊ အလုံးလိုက္ေရေဆး၊ ထက္ျခမ္းျခမ္း ပါးပါးလွီးေပးထားပါ။ ၿပီးလွ်င္ ေျမပဲနဲ႔ ႏွမ္းကို ေလွာ္ေပးထားပါ။

မယ္ဇလီဖူးျပဳတ္ ၿပီဆိုရင္ေတာ့ ေရေတြငွဲ႔ပစ္ၿပီး မယ္ဇလီဖူးေတြကို ဇကာနဲ႔ ေရစစ္ေပးထားပါ။
ၿပီးရင္ေတာ့ မီးဖိုေပၚ ဒယ္အိုးတင္၊ ဆီထည့္၊ ဆီပူလာရင္ နႏြင္းမႈန္႔ေလးထည့္၊ ၾကက္သြန္နီေတြထည့္ၿပီး မီးအသင့္အတင့္နဲ႔ ေၾကာ္ပါ။

တျဖည္းျဖည္း ေမႊေနရင္းနဲ႔ ၾကက္သြန္ေလးေတြ ေ႐ႊဝါေရာင္ ေျပာင္းလာၿပီဆိုရင္ မီးဖိုေပၚကေန ဒယ္အိုးခ်ၿပီး ၾကက္သြန္နီဖတ္ေလးေတြကို အျမန္ဆယ္ယူပါ။ ဆီကိုေတာ့ ဒယ္အိုးထဲမွာပဲ အေအးခံထားပါ။ ၿပီးလွ်င္ ပုစြန္ေျခာက္ကို မညက္တညက္ေထာင္းပါ။

၎ေနာက္ ေျမပဲနဲ႔ ႏွမ္းကိုလည္း မညက္တညက္ေလးေတြ ျဖစ္ေအာင္ေထာင္းေပးပါ။ မယ္ဇလီဖူးေလးေတြကိုလည္း င႐ုတ္ဆုံထဲ ထည့္ၿပီး ေၾကသြားေအာင္ နည္းနည္းေထာင္းလိုက္ပါ။ (ညက္စရာမလိုပါဘူး)

အားလုံးအသင့္ျဖစ္ၿပီဆိုရင္ေတာ့ ဇလုံတစ္လုံးထဲကို မယ္ဇလီဖူး၊ ပုစြန္ေျခာက္မႈန္႔၊ ေျမပဲ၊ ႏွမ္း၊ ဆား၊ ဟင္းခတ္မႈန္႔နဲ႔ ၾကက္သြန္နီဆီခ်က္တို႔ကိုထည့္ၿပီး အားလုံးသမေအာင္

ေရာနယ္ေပးပါ။ ၿပီးေနာက္ အေပါ့အငံျမည္းၿပီး လိုအပ္တာကို ထပ္ျဖည့္ပါ။ အစပ္ႀကိဳက္တတ္ရင္ေတာ့ င႐ုတ္သီးစိမ္းေလးေတြပါ ပါးပါးလွီးထည့္ၿပီး ေရာသုပ္ႏိုင္ပါတယ္။

အဲ့ဒါဆိုရင္ေတာ့ ေဆးေပါင္းခတဲ့ညမွာ စားသုံးႏိုင္တဲ့ ခါးဆိမ့္သက္ အရသာေလးနဲ႔ မယ္ဇလီဖူးသုပ္ေလး ရပါၿပီ။ မယ္ဇလီဖူုးသုပ္ေလးကို ေရေႏြးၾကမ္းေလးပဲျဖစ္ျဖစ္၊

မယ္ဇလီဟင္းခါးနဲ႔ပဲျဖစ္ျဖစ္ တြဲဖက္သုံးေဆာင္ပါတယ္။ တန္ေဆာင္မုန္းလျပည့္ေန႔ည ၁၂ နာရီတိတိမွာ ျပည့္ဝန္းဝိုင္းစက္စြာ လင္းလက္ေနတဲ့ လမင္းႀကီးကို ၾကည့္ၿပီး မယ္ဇလီဖူးသုပ္ကို စားရင္း လိုခ်င္တဲ့ဆုေလးကိုလည္း ေတာင္းႏိုင္ပါတယ္ေနာ္။ အားလုံး ႐ႊင္လန္းခ်မ္းေျမ့ပါေစလို႔။

ဒါကေတာ့ ဒုတိယနည္းပါ

မယ္ဇလီဖူးကို အခါးအရသာ သက္သာေစရန္ ေရသုံးခါလဲၿပီး ျပဳပ္ေပးပါ။ လိုအပ္ေသာအစာမ်ား အားလုံးထဲ့ၿပီး သုပ္ထားေသာ မယ္ဇလီဖူးသုပ္။

ဒီေန႔က တန္ေဆာင္မုန္ းလျပည့္ေန႔ပါ တန္ေဆာင္မုန္း လျပည့္ေန႔ ညအခါ သမယတြင္ မယ္ဇလီဖူးသုပ္ကို စားသုံးျခင္းျဖင့္ ၉၆ပါးေသာ ေရာဂါကို ေပ်ာက္ကင္းသက္သာေစၿပီး အသက္ကို

ရွည္ေစပါတယ္လို႔ သာရေကာမုနိ ေဆးက်မ္းက ဆိုထားပါတယ္။ တန္ေဆာင္မုန္း လျပည့္ည အခါသမယမွာ ေဆးပင္တို႔ကိုေစာင့္ေရွာက္ၾကတဲ့ နတ္အေပါင္းတို႔က

မယ္ဇလီပင္ေစာင့္နတ္မင္းကို တစ္ခ်ိန္တည္းမွာ တစ္ညီတၫြတ္တစ္ၫြတ္ထဲ လာေရာက္ခစားၾကတဲ့အတြက္ ေဆးေပါင္းခတယ္လို႔လည္းဆိုပါတယ္။

တန္ေဆာင္မုန္း လျပည့္ညက ၾကယ္တာရာနတၡအစုံ ထြက္ေပၚခ်ိန္လရိပ္က ေရရဲ႕အလယ္က်ေနခ်ိန္ ျဖစ္တဲ့အတြက္ အဲဒီအခ်ိန္ခူးဆြတ္မိတဲ့ ေဆးပင္ေဆး႐ြက္တို႔ဟာ ေဆးအာနိသင္

အျပည့္အ၀ ျပတယ္လို႔လဲ ဆိုၾကပါတယ္။ ညသန္းေခါင္ မြန္းတည့္ခ်ိန္ေရာက္ေသာ အခ်ိန္မွာ ရရာသစ္ျမစ္တို႔ကို ႏူတ္ယူသိမ္းဆည္းကာ ေဆးဝါးအျဖစ္သုံးစြဲတတ္ၾကပါေသးတယ္။

ထိုကဲ့သို႔ဘဲ လက္လွမ္းမွီရာ အသီးအ႐ြက္တို႔ကို ခူးယူကာ သုပ္စားျခင္းျဖင့္လဲ ေဆးေပါင္းခတယ္လို႔ဆိုၾကပါတယ္။

ဒါေၾကာင့္မို႔လို႔ ဒီေန႔ည လမြန္းတည့္ခ်ိန္မွာ ေဆးေပါင္းခေအာင္ စားရမဲ့ မယ္ဇလီဖူး သုပ္နည္းေလးကိုမာမာျပင္ဆင္ထားတဲ့အတိုင္း မွ်ေဝေပးစလိုက္ပါတယ္ရွင္။

ပါ၀င္ပစၥည္းမ်ား

မယ္ဇလီဖူး လက္တစ္ဆုတ္စာ ႏွစ္စည္း၊ ၾကက္သြန္နီ -အေနေတာ္ တစ္လုံး၊ ခရမ္းခ်ဥ္သီး – အေနေတာ္ တစ္လုံး ပဲအက်က္မႈန္႔ – ထမင္းစားဇြန္း တစ္ဇြန္း၊ ပုဇြန္ေျခာက္မႈန္႔ – ထမင္းစားဇြန္း တစ္ဇြန္း

င႐ုတ္သီး အက်က္မႈန္႔ – လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ငါးငံျပာရည္ – ထမင္းစားဇြန္း တစ္ဇြန္း၊ အရသာမႈန္႔ – လက္ဖက္ရည္ဇြန္း တစ္၀က္သာသာ၊ ၾကက္သြန္နီ ဆီခ်က္ – ထမင္းစားဇြန္း ႏွစ္ဇြန္း၊ သံပုရာရည္ – ထမင္းစားဇြန္း တစ္ဇြန္း

ျပင္ဆင္ပုံ

ေဇာက္နက္ေသာ အိုးထဲမွာ မယ္ဇလီဖူးကို ေရျမဳပ္ေအာင္ထည့္ၿပီး ျပဳပ္ေပးပါ။ ပထမ တစ္ရည္ႏွင့္ ျပဳပ္ၿပီးပါက ေရကိုသြန္ေပးၿပီး ေနာက္တရည္ ထပ္ထည့္ၿပီး ျပဳပ္ေပးပါ။

ေရပြက္ပြက္ဆူၿပီး မယ္ဇလီဖူးမ်ား ႏူးေအာင္ျပဳပ္ေပးကာ အိုးထဲမွာ က်န္ေနေသာ ေရကိုသြန္ေပးကာ
ၿပီးတာနဲ႔ ေရစစ္ေပးကာ င႐ုတ္ဆုံထဲမွာထည့္ၿပီး မညက္တစ္ညက္ ေထာင္းထားပါ။

ၾကက္သြန္နီကိုအခြံခြာၿပီး အလုံးလိုက္ ေရေဆးကာ ခပ္ပါးပါးေလးေတြ လွီးထားပါ။ ခရမ္းခ်ဥ္သီးကို အလုံးလိုက္ ေရေဆးကာ ခပ္ပါးပါး လွီးထားပါ။ ပါ၀င္ပစၥည္းမ်ားကို အဆင္သင့္ ျပင္ထားပါ။

အားလုံးအဆင္သင့္ ျဖစ္တာနဲ႔ ဇလုံတစ္လုံးထဲမွာ ပါ၀င္ပစၥည္းမ်ားကို ထည့္ေပးပါ။ ၿပီးတာနဲ႔ အရသာ ဝင္ေအာင္ ခပ္ဖြဖြ နယ္ေပးကာ အရသာ ျမည္းေပးပါ။ အရသာ သမသြားတာနဲ႔ အရသာ ျပင္ေပးၿပီး ေဆးေပါင္းခမဲ့ မယ္ဇလီဖူးသုပ္ေလးကို စားသုံးရန္ ျပင္ေပးႏိူင္ပါၿပီ။
#Credit မူရင္းေရးသားသူ

Unicode

တန်ဆောင်မုန်းလပြည့်ညမှာ သုတ်စားဖြစ်ကြတဲ့ မယ်ဇလီဖူး သုပ်နည်း (၂)နည်း

တန်ဆောင်မုန်းလပြည့်နေ့ရောက်တော့မယ်ဆိုတော့ မယ်ဇလီဖူးသုပ်လေးကြိုလေ့လာထားကြမယ်။ ညီအစ်ကိုမောင်နှမတွေကို တန်ဆောင်မုန်း လပြည့်ညနက္ခတ်တွေစုံတဲ့အချိန်မှာ

မယ်ဇလီဖူးသုပ်လေးကို စားရင် ဆေးပေါင်းခတယ်လို့ လူကြီးတွေ ပြောစကားနဲ့အညီ အချိန်မီလေး သုပ်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။

မယ်ဇလီဖူးသုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ မယ်ဇလီဖူး၊ ပုစွန်ခြောက်၊ မြေပဲ၊ နှမ်း၊ ကြက်သွန်နီ၊ ဆီ၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်တို့လိုအပ်ပါမယ်။

ဈေးထဲမှဝယ်လာတဲ့ မယ်ဇလီဖူးကို သန့်စင်အောင် ရေနဲ့ ဆေးကြောပေးပါ။ ပြီးရင်တော့ မီးဖိုပေါ်မှာ အိုးတစ်လုံးတင်၊ ရေတစ်ဝက်သာသာလောက်ထည့်ပါမယ်။ ပြီးနောက် မယ်ဇလီဖူးတွေထည့်ပြီး ပြုတ်ပါ။

ပထမတစ်ရည် ပွက်ပွက်ဆူလာရင် အဲ့ဒီရေတွေကို သွန်ပစ်ပြီးတော့မှ နောက်တစ်ရေ ထပ်ထည့်ပြီး ထပ်တည်ပေးပါ။

သုံးကြိမ်မြောက်ရေလဲပြီးတဲ့အခါကျရင်တော့ မယ်ဇလီအဖူးတွေကို နူးအောင် ပြုတ်ပေးပါ။ (ခါးတာကြိုက်ရင်တော့ ၂ ကြိမ်မြောက်ရေလဲပြီးတဲ့အခါ နူးအောင်ပြုတ်လို့ရပါပြီ)

မယ်ဇလီဖူးပြုတ်ထားတဲ့အချိန်မှာ ကြက်သွန်နီကို အခွံနွှာ၊ အလုံးလိုက်ရေဆေး၊ ထက်ခြမ်းခြမ်း ပါးပါးလှီးပေးထားပါ။ ပြီးလျှင် မြေပဲနဲ့ နှမ်းကို လှော်ပေးထားပါ။

မယ်ဇလီဖူးပြုတ် ပြီဆိုရင်တော့ ရေတွေငှဲ့ပစ်ပြီး မယ်ဇလီဖူးတွေကို ဇကာနဲ့ ရေစစ်ပေးထားပါ။
ပြီးရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးထည့်၊ ကြက်သွန်နီတွေထည့်ပြီး မီးအသင့်အတင့်နဲ့ ကြော်ပါ။

တဖြည်းဖြည်း မွှေနေရင်းနဲ့ ကြက်သွန်လေးတွေ ရွှေဝါရောင် ပြောင်းလာပြီဆိုရင် မီးဖိုပေါ်ကနေ ဒယ်အိုးချပြီး ကြက်သွန်နီဖတ်လေးတွေကို အမြန်ဆယ်ယူပါ။ ဆီကိုတော့ ဒယ်အိုးထဲမှာပဲ အအေးခံထားပါ။ ပြီးလျှင် ပုစွန်ခြောက်ကို မညက်တညက်ထောင်းပါ။

၎င်းနောက် မြေပဲနဲ့ နှမ်းကိုလည်း မညက်တညက်လေးတွေ ဖြစ်အောင်ထောင်းပေးပါ။ မယ်ဇလီဖူးလေးတွေကိုလည်း ငရုတ်ဆုံထဲ ထည့်ပြီး ကြေသွားအောင် နည်းနည်းထောင်းလိုက်ပါ။ (ညက်စရာမလိုပါဘူး)

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို မယ်ဇလီဖူး၊ ပုစွန်ခြောက်မှုန့်၊ မြေပဲ၊ နှမ်း၊ ဆား၊ ဟင်းခတ်မှုန့်နဲ့ ကြက်သွန်နီဆီချက်တို့ကိုထည့်ပြီး အားလုံးသမအောင်

ရောနယ်ပေးပါ။ ပြီးနောက် အပေါ့အငံမြည်းပြီး လိုအပ်တာကို ထပ်ဖြည့်ပါ။ အစပ်ကြိုက်တတ်ရင်တော့ ငရုတ်သီးစိမ်းလေးတွေပါ ပါးပါးလှီးထည့်ပြီး ရောသုပ်နိုင်ပါတယ်။

အဲ့ဒါဆိုရင်တော့ ဆေးပေါင်းခတဲ့ညမှာ စားသုံးနိုင်တဲ့ ခါးဆိမ့်သက် အရသာလေးနဲ့ မယ်ဇလီဖူးသုပ်လေး ရပါပြီ။ မယ်ဇလီဖူုးသုပ်လေးကို ရေနွေးကြမ်းလေးပဲဖြစ်ဖြစ်၊

မယ်ဇလီဟင်းခါးနဲ့ပဲဖြစ်ဖြစ် တွဲဖက်သုံးဆောင်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ည ၁၂ နာရီတိတိမှာ ပြည့်ဝန်းဝိုင်းစက်စွာ လင်းလက်နေတဲ့ လမင်းကြီးကို ကြည့်ပြီး မယ်ဇလီဖူးသုပ်ကို စားရင်း လိုချင်တဲ့ဆုလေးကိုလည်း တောင်းနိုင်ပါတယ်နော်။ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေလို့။

ဒါကတော့ ဒုတိယနည်းပါ

မယ်ဇလီဖူးကို အခါးအရသာ သက်သာစေရန် ရေသုံးခါလဲပြီး ပြုပ်ပေးပါ။ လိုအပ်သောအစာများ အားလုံးထဲ့ပြီး သုပ်ထားသော မယ်ဇလီဖူးသုပ်။

ဒီနေ့က တန်ဆောင်မုန် းလပြည့်နေ့ပါ တန်ဆောင်မုန်း လပြည့်နေ့ ညအခါ သမယတွင် မယ်ဇလီဖူးသုပ်ကို စားသုံးခြင်းဖြင့် ၉၆ပါးသော ရောဂါကို ပျောက်ကင်းသက်သာစေပြီး အသက်ကို

ရှည်စေပါတယ်လို့ သာရကောမုနိ ဆေးကျမ်းက ဆိုထားပါတယ်။ တန်ဆောင်မုန်း လပြည့်ည အခါသမယမှာ ဆေးပင်တို့ကိုစောင့်ရှောက်ကြတဲ့ နတ်အပေါင်းတို့က

မယ်ဇလီပင်စောင့်နတ်မင်းကို တစ်ချိန်တည်းမှာ တစ်ညီတညွတ်တစ်ညွတ်ထဲ လာရောက်ခစားကြတဲ့အတွက် ဆေးပေါင်းခတယ်လို့လည်းဆိုပါတယ်။

တန်ဆောင်မုန်း လပြည့်ညက ကြယ်တာရာနတ္ခအစုံ ထွက်ပေါ်ချိန်လရိပ်က ရေရဲ့အလယ်ကျနေချိန် ဖြစ်တဲ့အတွက် အဲဒီအချိန်ခူးဆွတ်မိတဲ့ ဆေးပင်ဆေးရွက်တို့ဟာ ဆေးအာနိသင်

အပြည့်အ၀ ပြတယ်လို့လဲ ဆိုကြပါတယ်။ ညသန်းခေါင် မွန်းတည့်ချိန်ရောက်သော အချိန်မှာ ရရာသစ်မြစ်တို့ကို နူတ်ယူသိမ်းဆည်းကာ ဆေးဝါးအဖြစ်သုံးစွဲတတ်ကြပါသေးတယ်။

ထိုကဲ့သို့ဘဲ လက်လှမ်းမှီရာ အသီးအရွက်တို့ကို ခူးယူကာ သုပ်စားခြင်းဖြင့်လဲ ဆေးပေါင်းခတယ်လို့ဆိုကြပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့ည လမွန်းတည့်ချိန်မှာ ဆေးပေါင်းခအောင် စားရမဲ့ မယ်ဇလီဖူး သုပ်နည်းလေးကိုမာမာပြင်ဆင်ထားတဲ့အတိုင်း မျှဝေပေးစလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

မယ်ဇလီဖူး လက်တစ်ဆုတ်စာ နှစ်စည်း၊ ကြက်သွန်နီ -အနေတော် တစ်လုံး၊ ခရမ်းချဉ်သီး – အနေတော် တစ်လုံး ပဲအကျက်မှုန့် – ထမင်းစားဇွန်း တစ်ဇွန်း၊ ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း တစ်ဇွန်း

ငရုတ်သီး အကျက်မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ငါးငံပြာရည် – ထမင်းစားဇွန်း တစ်ဇွန်း၊ အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ၊ ကြက်သွန်နီ ဆီချက် – ထမင်းစားဇွန်း နှစ်ဇွန်း၊ သံပုရာရည် – ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

ဇောက်နက်သော အိုးထဲမှာ မယ်ဇလီဖူးကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ။ ပထမ တစ်ရည်နှင့် ပြုပ်ပြီးပါက ရေကိုသွန်ပေးပြီး နောက်တရည် ထပ်ထည့်ပြီး ပြုပ်ပေးပါ။

ရေပွက်ပွက်ဆူပြီး မယ်ဇလီဖူးများ နူးအောင်ပြုပ်ပေးကာ အိုးထဲမှာ ကျန်နေသော ရေကိုသွန်ပေးကာ
ပြီးတာနဲ့ ရေစစ်ပေးကာ ငရုတ်ဆုံထဲမှာထည့်ပြီး မညက်တစ်ညက် ထောင်းထားပါ။

ကြက်သွန်နီကိုအခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ။ ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ။

အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများကို ထည့်ပေးပါ။ ပြီးတာနဲ့ အရသာ ဝင်အောင် ခပ်ဖွဖွ နယ်ပေးကာ အရသာ မြည်းပေးပါ။ အရသာ သမသွားတာနဲ့ အရသာ ပြင်ပေးပြီး ဆေးပေါင်းခမဲ့ မယ်ဇလီဖူးသုပ်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
#Credit မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*