ရန္ကုန္ – မႏၲေလး အျမန္လမ္းမႀကီးေပၚမွာ သတိထားေမာင္းႏွင္သင့္တဲ့ေနရာမ်ား

ရန္ကုန္ – မႏၲေလး အျမန္လမ္းမႀကီးေပၚမွာ သတိထားေမာင္းႏွင္သင့္တဲ့ေနရာမ်ား
ရန္ကုန္ – မႏၲေလး အျမန္လမ္းမႀကီးေပၚမွာ သတိထားေမာင္းႏွင္သင့္တဲ့ေနရာမ်ား

ရန္ကုန္ – မႏၲေလး အျမန္လမ္းမႀကီးေပၚမွာ သတိထားေမာင္းႏွင္သင့္တဲ့ေနရာမ်ား

ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးဟာ ရန္ကုန္ နဲ႔ မႏၲေလးၿမိဳ႕ တို႔ကို ဆက္သြယ္ေပးထားေသာ ကန႔္လန႔္ျဖတ္လမ္းမရွိ အျမန္လမ္းမႀကီး ျဖစ္ပါတယ္။

ဒီအျမန္လမ္းမႀကီးကို ဒီဇင္ဘာ ၂၀၁၁ ႏွစ္ကုန္ အခ်ိန္ပိုင္းေလာက္က စတင္ ဖြင့္လွစ္အသုံးခဲ့တာပါ။ ျပည္ေထာင္စုလမ္းကေနသြားမယ္ဆိုရင္ ၁၆နာရီ၊ ရထားလမ္းကေနဆို ၁၃ နာရီၾကာေသာခရီးကို အျမန္လမ္းမႀကီးကေနဆိုရင္ ၇ နာရီတည္းနဲ႔ ပိုမိုလ်င္ျမန္စြာ သြားလာႏိုင္မွာ ျဖစ္ပါတယ္။

၃၆၆ မိုင္ ၃ ဖာလုံ အရွည္ရွိေသာ အျမန္လမ္းမႀကီးေပၚတြင္ အိမ္စီးကားေလးမ်ားကို ကီလို (၁၀၀)၊ Light Truck နဲ႔ Hijet ယာဥ္မ်ားကို ကီလို (၆၀)၊ Express Bus မ်ားကို ကီလို (၉၀) ဝန္းက်င္သာ ေမာင္းႏွင္ခြင့္ျပဳထားပါတယ္။

အျမန္လမ္းမႀကီးကိုအသုံးျပဳေတာ့မယ္ဆိုရင္ သတ္မွတ္ထားတဲ့ အရွိန္ႏႈန္းေတြအတိုင္း ေမာင္းႏွင္ဖို႔လိုအပ္သလို တခ်ိဳ႕ေနရာေလးေတြမွာလည္း ပိုမိုဂ႐ုစိုက္ေမာင္းႏွင္ဖို႔လိုအပ္ပါတယ္။

ဒါေၾကာင့္ ယခုတစ္ခါမွာေတာ့ အျမန္လမ္းမႀကီးကို အသုံးျပဳၾကမယ့္ ယာဥ္ေမာင္းမ်ားအတြက္ ပိုမိုသတိထားေမာင္းႏွင္သင့္တဲ့ မိုင္တိုင္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

အေကြ႕ – အျမန္လမ္းမွာ အေရးအႀကီးဆုံးပါ ကိုယ့္အရွိန္ကို မထိန္းႏိုင္ပဲ အိပ္မငိုက္ပဲနဲ႔ ေမွာက္တာ အေကြ႕ေတြမွာပါ။ ၄၆ မိုင္၊ ၁၀၅ မိုင္ ၊ ၁၇၃ မိုင္ (သာဂရအေကြ႕)၊ ၁၉၇ မိုင္၊ ၂၂၂ မိုင္၊ ၂၂၇ ေကြ႕ဆင္း၊ ၂၄၂ မိုင္ ( အေကြ႕အၾကမ္းဆုံး သတိျပဳရမဲ့အေကြ႕)၊ ၃၅၆ မိုင္၊ ၃၅၉ မိုင္ အေကြ႕အရမ္းၾကမ္းပါတယ္။

ဂငယ္ေကြ႕ – အျမန္ေမာင္းေနတဲ့ လမ္းမွာ ေရွ႕ကားဂငယ္ေကြ႕ရင္ အရမ္းသတိထားရပါတယ္။ ၁၅ မိုင္ (ဘုရားႀကီးအနီး ဘုရားဖူးကားေတြ ရန္ကုန္ျပန္ဖို႔ ဂငယ္ျပန္ေကြ႕ၾကပါတယ္)၊ ၁၁၃ (ၾကက္ကာလသားခ်က္ဆိုင္)၊ ၁၄၇ (ေတာင္ငူအနီး)။

ကြၽဲျဖတ္ ႏြားျဖတ္- ၁၁၀ မိုင္နဲ႔ ၁၄၇ မိုင္ ၾကားမွာ ကြၽဲအုပ္ ႏြားအုပ္ေတြ ျဖတ္သန္းသြားလာတတ္ပါတယ္။ သတိထားပါ တိုက္မိရင္ ပိုင္ရွင္စုံစမ္းမရပါ။

ဆိုင္ကယ္အျဖတ္အမ်ားဆုံး – ဟိုဘက္ဒီဘက္ ေက်း႐ြာရွိတဲ့ေနရာေတြမွာ အဓိက ျဖတ္သန္းပါတယ္။ ၁၃ မိုင္ – မိုင္တိုင္ ၂ဝ ၾကား၊ ၁၄၇မိုင္- မိုင္တိုင္ ၁၅၃ၾကား (ေတာင္ငူ-ေကတုမနီ)၊ ၂၅၆မိုင္ – မိုင္တိုင္ ၂၆၂ ၾကား (ေပ်ာ္ဘြယ္လမ္းခြဲ)။

မိုး႐ြာရင္ – ေရဝပ္တဲ့ေနရာေတြ သတိထားပါ။ အခ်က္ျပမီး ေရွ႕မီးႀကီး ဖြင့္ထားပါ။ ကီလိုမီတာ (၆၀) ထက္ ပိုေမာင္းလို႔ မေကာင္းပါ။

အတိုက္အမ်ားဆုံးနဲ႔ ယာဥ္ေမာင္းအိပ္အငိုက္တတ္ဆုံး – ၁၃ မိုင္ ၁၅ မိုင္ၾကား၊ မိုင္ ၂၀ ပတ္လည္၊ မိုင္ ၈၄-၁၀၀ မိုင္တိုင္ ၾကား၊ မိုင္တိုင္ ၂၈၅-၃၃၀ ၾကား။

Highway ေမာင္းေတာ့မယ္ဆိုင္ ယာဥ္ႀကံ့ခိုင္ေရး၊ ခရီးေဝးသြားမယ္ဆို တာယာ မႏွေမ်ာပါနဲ႔။ အင္ဂ်င္ဝိုင္ ေရတိုင္ဂီေရ ကားႀကံခိုင္ေရး ေသခ်ာျပင္ဆင္သင့္ပါတယ္။

တံတားဦး ေလဆိပ္အဝိုင္း မႏၲေလးတိုးဂိတ္အေက်ာ္ကို ညပိုင္းဆို သတိထားပါ။ ေရွ႕အလယ္တည့္တည့္မွာ မီးမရွိတဲ့အဝိုင္းႀကီး ေစာင့္ႀကိဳေနပါတယ္။

ကားႀကံခိုင္ေရး စစ္ေဆးခ်ိန္ မရရင္ ညပိုင္းသြားျခင္း ေရွာင္ၾကည္ပါ။ ဒီစာကိုေရးသားႏိုင္တာဟာ တစ္ဦးတည္း အေတြ႕အႀကဳံမဟုတ္ပါ။

ယာဥ္ေမာင္းသက္ ၁၅ ႏွစ္ေက်ာ္ ရွိတဲ့ ယာဥ္ေမာင္း မိတ္ေဆြႀကီးေတြ ရဲ႕ အေတြ႕အႀကဳံေတြေၾကာင့္ပါ။ အျမန္လမ္း အသုံးျပဳတဲ့ မိတ္ေဆြေတြ ေဘးကင္းႏိုင္ၾကပါေစ။ #credit မူရင္းေရးသားသူအားေလးစားေက်းဇူးတင္ပါသည္။

Unicode

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်မှာ သတိထားမောင်းနှင်သင့်တဲ့နေရာများ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဟာ ရန်ကုန် နဲ့ မန္တလေးမြို့ တို့ကို ဆက်သွယ်ပေးထားသော ကန့်လန့်ဖြတ်လမ်းမရှိ အမြန်လမ်းမကြီး ဖြစ်ပါတယ်။

ဒီအမြန်လမ်းမကြီးကို ဒီဇင်ဘာ ၂၀၁၁ နှစ်ကုန် အချိန်ပိုင်းလောက်က စတင် ဖွင့်လှစ်အသုံးခဲ့တာပါ။ ပြည်ထောင်စုလမ်းကနေသွားမယ်ဆိုရင် ၁၆နာရီ၊ ရထားလမ်းကနေဆို ၁၃ နာရီကြာသောခရီးကို အမြန်လမ်းမကြီးကနေဆိုရင် ၇ နာရီတည်းနဲ့ ပိုမိုလျင်မြန်စွာ သွားလာနိုင်မှာ ဖြစ်ပါတယ်။

၃၆၆ မိုင် ၃ ဖာလုံ အရှည်ရှိသော အမြန်လမ်းမကြီးပေါ်တွင် အိမ်စီးကားလေးများကို ကီလို (၁၀၀)၊ Light Truck နဲ့ Hijet ယာဉ်များကို ကီလို (၆၀)၊ Express Bus များကို ကီလို (၉၀) ဝန်းကျင်သာ မောင်းနှင်ခွင့်ပြုထားပါတယ်။

အမြန်လမ်းမကြီးကိုအသုံးပြုတော့မယ်ဆိုရင် သတ်မှတ်ထားတဲ့ အရှိန်နှုန်းတွေအတိုင်း မောင်းနှင်ဖို့လိုအပ်သလို တချို့နေရာလေးတွေမှာလည်း ပိုမိုဂရုစိုက်မောင်းနှင်ဖို့လိုအပ်ပါတယ်။

ဒါကြောင့် ယခုတစ်ခါမှာတော့ အမြန်လမ်းမကြီးကို အသုံးပြုကြမယ့် ယာဉ်မောင်းများအတွက် ပိုမိုသတိထားမောင်းနှင်သင့်တဲ့ မိုင်တိုင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အကွေ့ – အမြန်လမ်းမှာ အရေးအကြီးဆုံးပါ ကိုယ့်အရှိန်ကို မထိန်းနိုင်ပဲ အိပ်မငိုက်ပဲနဲ့ မှောက်တာ အကွေ့တွေမှာပါ။ ၄၆ မိုင်၊ ၁၀၅ မိုင် ၊ ၁၇၃ မိုင် (သာဂရအကွေ့)၊ ၁၉၇ မိုင်၊ ၂၂၂ မိုင်၊ ၂၂၇ ကွေ့ဆင်း၊ ၂၄၂ မိုင် ( အကွေ့အကြမ်းဆုံး သတိပြုရမဲ့အကွေ့)၊ ၃၅၆ မိုင်၊ ၃၅၉ မိုင် အကွေ့အရမ်းကြမ်းပါတယ်။

ဂငယ်ကွေ့ – အမြန်မောင်းနေတဲ့ လမ်းမှာ ရှေ့ကားဂငယ်ကွေ့ရင် အရမ်းသတိထားရပါတယ်။ ၁၅ မိုင် (ဘုရားကြီးအနီး ဘုရားဖူးကားတွေ ရန်ကုန်ပြန်ဖို့ ဂငယ်ပြန်ကွေ့ကြပါတယ်)၊ ၁၁၃ (ကြက်ကာလသားချက်ဆိုင်)၊ ၁၄၇ (တောင်ငူအနီး)။

ကျွဲဖြတ် နွားဖြတ်- ၁၁၀ မိုင်နဲ့ ၁၄၇ မိုင် ကြားမှာ ကျွဲအုပ် နွားအုပ်တွေ ဖြတ်သန်းသွားလာတတ်ပါတယ်။ သတိထားပါ တိုက်မိရင် ပိုင်ရှင်စုံစမ်းမရပါ။

ဆိုင်ကယ်အဖြတ်အများဆုံး – ဟိုဘက်ဒီဘက် ကျေးရွာရှိတဲ့နေရာတွေမှာ အဓိက ဖြတ်သန်းပါတယ်။ ၁၃ မိုင် – မိုင်တိုင် ၂ဝ ကြား၊ ၁၄၇မိုင်- မိုင်တိုင် ၁၅၃ကြား (တောင်ငူ-ကေတုမနီ)၊ ၂၅၆မိုင် – မိုင်တိုင် ၂၆၂ ကြား (ပျော်ဘွယ်လမ်းခွဲ)။

မိုးရွာရင် – ရေဝပ်တဲ့နေရာတွေ သတိထားပါ။ အချက်ပြမီး ရှေ့မီးကြီး ဖွင့်ထားပါ။ ကီလိုမီတာ (၆၀) ထက် ပိုမောင်းလို့ မကောင်းပါ။

အတိုက်အများဆုံးနဲ့ ယာဉ်မောင်းအိပ်အငိုက်တတ်ဆုံး – ၁၃ မိုင် ၁၅ မိုင်ကြား၊ မိုင် ၂၀ ပတ်လည်၊ မိုင် ၈၄-၁၀၀ မိုင်တိုင် ကြား၊ မိုင်တိုင် ၂၈၅-၃၃၀ ကြား။

Highway မောင်းတော့မယ်ဆိုင် ယာဉ်ကြံ့ခိုင်ရေး၊ ခရီးဝေးသွားမယ်ဆို တာယာ မနှမျောပါနဲ့။ အင်ဂျင်ဝိုင် ရေတိုင်ဂီရေ ကားကြံခိုင်ရေး သေချာပြင်ဆင်သင့်ပါတယ်။

တံတားဦး လေဆိပ်အဝိုင်း မန္တလေးတိုးဂိတ်အကျော်ကို ညပိုင်းဆို သတိထားပါ။ ရှေ့အလယ်တည့်တည့်မှာ မီးမရှိတဲ့အဝိုင်းကြီး စောင့်ကြိုနေပါတယ်။

ကားကြံခိုင်ရေး စစ်ဆေးချိန် မရရင် ညပိုင်းသွားခြင်း ရှောင်ကြည်ပါ။ ဒီစာကိုရေးသားနိုင်တာဟာ တစ်ဦးတည်း အတွေ့အကြုံမဟုတ်ပါ။

ယာဉ်မောင်းသက် ၁၅ နှစ်ကျော် ရှိတဲ့ ယာဉ်မောင်း မိတ်ဆွေကြီးတွေ ရဲ့ အတွေ့အကြုံတွေကြောင့်ပါ။ အမြန်လမ်း အသုံးပြုတဲ့ မိတ်ဆွေတွေ ဘေးကင်းနိုင်ကြပါစေ။ #credit မူရင်းရေးသားသူအားလေးစားကျေးဇူးတင်ပါသည်

Be the first to comment

Leave a Reply

Your email address will not be published.


*