” ပညာတတ္နဲ႔ ပညာရွင္ ” တို႕၏ ကြာျခားခ်က္ (မွတ္သားထိုက္ပါတယ္)

" ပညာတတ္နဲ႔ ပညာရွင္ " တို႕၏ ကြာျခားခ်က္ (မွတ္သားထိုက္ပါတယ္)
" ပညာတတ္နဲ႔ ပညာရွင္ " တို႕၏ ကြာျခားခ်က္ (မွတ္သားထိုက္ပါတယ္)

” ပညာတတ္နဲ႔ ပညာရွင္ ” တို႕၏ ကြာျခားခ်က္ (မွတ္သားထိုက္ပါတယ္)

မေန႔က ဆရာအသစ္ရဲ႕မွတ္သားဖြယ္ရာ စကားေလးကို မွ်ေဝခ်င္ပါတယ္။ အဲဒီဆရာအသစ္က စပိန္ႏြယ္ဖြား အဂ္လန္မွာႀကီးျပင္းတဲ့သူတစ္ေယာက္ပါပဲ။ ဒါေပမဲ့ Sanskrit နဲ႔ Pâli မွာအထူးကြၽမ္းက်င္ပါတယ္။ ပညာရွင္အရမ္းဆန္ပါတယ္။

ပညာရွင္နဲ႔ပညာတက္က မတူပါဘူး။ အခ်ိဳ႕ဆရာေတြပညာတတ္ၾကတယ္။ ပညာရွင္မဆန္ဘူး။ ပညာတတ္ဆိုတာက…… သူတို႔သင္ထား ေလ့လာထားတဲ့ အရာေတြအရ အသိပညာ ဗဟုသုတေတာ့ ရွိၾကတယ္။ ဒါေပမဲ့ သူယုံၾကည္လက္ခံထားတဲ့ အေၾကာင္းအရာ တစ္ခုခုကို အလြန္အကြၽံလက္ခံ ယုံၾကည္ထားတတ္တဲ့ သူမ်ိဳးပါ။

အဲဒီပညာတတ္ေတြ ေျပာဆို ေဆြးေႏြးတဲ့ အခါမွာ သူလက္ခံထားတဲ့ အရာသည္သာ အမွန္ ဆိုၿပီး အေၾကာင္းအမ်ိဳးမ်ိဳး ျပၿပီး ဇြတ္ျငင္းတတ္တဲ့ သူမ်ိဳးပါ။ ပညာတတ္ပါ ၊ ပညာရွင္ မဆန္ဘူး။

ပညာရွင္ ဆိုတာက….. အေၾကာင္းအရာ အားလုံးကို ရႈ႕ေထာက္အမ်ိဳးမ်ိဳးနဲ႔ လက္ခံ ယုံၾကည္ထားတယ္။ အေၾကာင္းအရာ တစ္ခုခုကို ရွင္းျပၿပီ ဆိုရင္ ဘယ္ေတာ့မွ သူယုံၾကည္လက္ခံတဲ့ အရာတစ္ခုကိုပဲ မူတည္ထားၿပီး မရွင္းျပဘူး။ အေၾကာင္းအရာ တစ္ခုကို ရႈ႕ေထာက္မ်ိဳးစုံနဲ႔ ရွင္းျပတယ္။

ဒါက မွန္တယ္ ဒီအရာက မွားတယ္လို႔ ဘယ္ေတာ့မွ ေကာက္ခ်က္ခ် ဆုံးျဖတ္ေပးေလ့ မရွိဘူး။ အားလုံး ရွင္းၾကၿပီးၿပီဆိုမွ ရႈ႕ေထာက္ေပါင္းစုံကေ ေျပာဆိုေဆြးေႏြးလာတဲ့ အရာအားလုံးကို လက္ခံယုံၾကည္ေပးႏိုင္စြမ္း ရွိသူမ်ိဳးက ပညာရွင္ပါ။

ေျပာခ်င္းတာက မွတ္သားဖြယ္ရာ စကားေလးပါ။ ဆရာက ရွင္းျပၿပီးတိုင္း နားမလည္းတာ ေမးဖို႔ အခ်ိန္ေပးတယ္။ ေက်ာင္းသားအားလုံးကို ေမးခြန္းေမးခိုင္းတယ္။ ဒါေပမဲ့ ဘယ္သူမွ မေမးၾကဘူး။ (ဆရာအသစ္ အစဆုံး အတန္းမို႔ ထင္ပါတယ္)။

ဒါနဲ႔ ဆရာကေမးတယ္… အားလုံး ရွင္းရွင္းလင္းလင္း နားလည္လို႔လား? အားလုံး နားလည္ပါတယ္လို႕ ေျပာလိုက္ေတာ့… သူသင္တာေတြ အားလုံးကို နားလည္ေနတယ္ ဆိုရင္ သူ႔ရဲ႕အမွား၊ သူ႔ရဲ႕အားနည္းခ်က္ ပါတဲ့။

သင္ခန္းစာ ဆိုတာ သင္လိုက္လို႔ တစ္ခ်ိဳ႕တေလ နားမလည္မွ ေက်ာင္းသာေတြ နည္းနည္း အားစိုက္မယ္၊ ေမးခြန္းေတြ ထြက္လာမွ သင္ခန္းစာေကာင္းပဲ တဲ့။ အကုန္လုံး နားလည္ေနတယ္ ဆိုရင္
ဒါက အဆင္မေျပဘူး။ ေက်ာငိးသားေတြ အားမစိုက္ထုက္ရတဲ့ အတြက္ သင္ခန္းစာေကာင္းလို႔ မေခၚဆိုႏိုင္ဘူးတဲ့။

ကိုယ့္အတြက္ေတာ့ အေတာ္အသုံးဝင္မည့္ မွတ္သားစရာေကာင္းတဲ့ စကား တစ္ခုပါပဲ။ ဒါေၾကာင့္ မိမိနဲ႔ ရင္ဘက္ခ်င္းနီးသူေတြ အတြက္ မ်ွေဝလိုက္ပါတယ္….. အားလုံး စိတ္ေရာကိုယ္ပါ လန္းဆန္းၾကပါေစ…. အရွင္ဝိစကၡဏ အျပည္ျပည္ဆိုင္ရာ ဗုဒၶေကာ္လိပ္ ထိုင္းႏိုင္ငံ။

Unicode

” ပညာတတ်နဲ့ ပညာရှင် ” တို့၏ ကွာခြားချက် (မှတ်သားထိုက်ပါတယ်)

မနေ့က ဆရာအသစ်ရဲ့မှတ်သားဖွယ်ရာ စကားလေးကို မျှဝေချင်ပါတယ်။ အဲဒီဆရာအသစ်က စပိန်နွယ်ဖွား အဂ်လန်မှာကြီးပြင်းတဲ့သူတစ်ယောက်ပါပဲ။ ဒါပေမဲ့ Sanskrit နဲ့ Pâli မှာအထူးကျွမ်းကျင်ပါတယ်။ ပညာရှင်အရမ်းဆန်ပါတယ်။

ပညာရှင်နဲ့ပညာတက်က မတူပါဘူး။ အချို့ဆရာတွေပညာတတ်ကြတယ်။ ပညာရှင်မဆန်ဘူး။ ပညာတတ်ဆိုတာက…… သူတို့သင်ထား လေ့လာထားတဲ့ အရာတွေအရ အသိပညာ ဗဟုသုတတော့ ရှိကြတယ်။ ဒါပေမဲ့ သူယုံကြည်လက်ခံထားတဲ့ အကြောင်းအရာ တစ်ခုခုကို အလွန်အကျွံလက်ခံ ယုံကြည်ထားတတ်တဲ့ သူမျိုးပါ။

အဲဒီပညာတတ်တွေ ပြောဆို ဆွေးနွေးတဲ့ အခါမှာ သူလက်ခံထားတဲ့ အရာသည်သာ အမှန် ဆိုပြီး အကြောင်းအမျိုးမျိုး ပြပြီး ဇွတ်ငြင်းတတ်တဲ့ သူမျိုးပါ။ ပညာတတ်ပါ ၊ ပညာရှင် မဆန်ဘူး။

ပညာရှင် ဆိုတာက….. အကြောင်းအရာ အားလုံးကို ရှု့ထောက်အမျိုးမျိုးနဲ့ လက်ခံ ယုံကြည်ထားတယ်။ အကြောင်းအရာ တစ်ခုခုကို ရှင်းပြပြီ ဆိုရင် ဘယ်တော့မှ သူယုံကြည်လက်ခံတဲ့ အရာတစ်ခုကိုပဲ မူတည်ထားပြီး မရှင်းပြဘူး။ အကြောင်းအရာ တစ်ခုကို ရှု့ထောက်မျိုးစုံနဲ့ ရှင်းပြတယ်။

ဒါက မှန်တယ် ဒီအရာက မှားတယ်လို့ ဘယ်တော့မှ ကောက်ချက်ချ ဆုံးဖြတ်ပေးလေ့ မရှိဘူး။ အားလုံး ရှင်းကြပြီးပြီဆိုမှ ရှု့ထောက်ပေါင်းစုံကေ ပြောဆိုဆွေးနွေးလာတဲ့ အရာအားလုံးကို လက်ခံယုံကြည်ပေးနိုင်စွမ်း ရှိသူမျိုးက ပညာရှင်ပါ။

ပြောချင်းတာက မှတ်သားဖွယ်ရာ စကားလေးပါ။ ဆရာက ရှင်းပြပြီးတိုင်း နားမလည်းတာ မေးဖို့ အချိန်ပေးတယ်။ ကျောင်းသားအားလုံးကို မေးခွန်းမေးခိုင်းတယ်။ ဒါပေမဲ့ ဘယ်သူမှ မမေးကြဘူး။ (ဆရာအသစ် အစဆုံး အတန်းမို့ ထင်ပါတယ်)။

ဒါနဲ့ ဆရာကမေးတယ်… အားလုံး ရှင်းရှင်းလင်းလင်း နားလည်လို့လား? အားလုံး နားလည်ပါတယ်လို့ ပြောလိုက်တော့… သူသင်တာတွေ အားလုံးကို နားလည်နေတယ် ဆိုရင် သူ့ရဲ့အမှား၊ သူ့ရဲ့အားနည်းချက် ပါတဲ့။

သင်ခန်းစာ ဆိုတာ သင်လိုက်လို့ တစ်ချို့တလေ နားမလည်မှ ကျောင်းသာတွေ နည်းနည်း အားစိုက်မယ်၊ မေးခွန်းတွေ ထွက်လာမှ သင်ခန်းစာကောင်းပဲ တဲ့။ အကုန်လုံး နားလည်နေတယ် ဆိုရင်
ဒါက အဆင်မပြေဘူး။ ကျောငိးသားတွေ အားမစိုက်ထုက်ရတဲ့ အတွက် သင်ခန်းစာကောင်းလို့ မခေါ်ဆိုနိုင်ဘူးတဲ့။

ကိုယ့်အတွက်တော့ အတော်အသုံးဝင်မည့် မှတ်သားစရာကောင်းတဲ့ စကား တစ်ခုပါပဲ။ ဒါကြောင့် မိမိနဲ့ ရင်ဘက်ချင်းနီးသူတွေ အတွက် မျှဝေလိုက်ပါတယ်….. အားလုံး စိတ်ရောကိုယ်ပါ လန်းဆန်းကြပါစေ…. အရှင်ဝိစက္ခဏ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓကော်လိပ် ထိုင်းနိုင်ငံ။

Be the first to comment

Leave a Reply

Your email address will not be published.


*