စီးပြါးေရးလုပ္တဲ့အခါ ပါးနပ္ဖို႕နဲ႕ ကြက္ေက်ာ္ျမင္တတ္ဖို႕ လိုတယ္ေနာ္…

စီးပြါးေရးလုပ္တဲ့အခါ ပါးနပ္ဖို႕နဲ႕ ကြက္ေက်ာ္ျမင္တတ္ဖို႕ လိုတယ္ေနာ္...
စီးပြါးေရးလုပ္တဲ့အခါ ပါးနပ္ဖို႕နဲ႕ ကြက္ေက်ာ္ျမင္တတ္ဖို႕ လိုတယ္ေနာ္...

စီးပြါးေရးလုပ္တဲ့အခါ ပါးနပ္ဖို႕နဲ႕ ကြက္ေက်ာ္ျမင္တတ္ဖို႕ လိုတယ္ေနာ္…

တစ္ခါကေပါ့ ၿမိဳ႕နဲ႔မနီးမေဝးမွာ ငါးကန္ေလးတစ္ခုဖြင့္ပါတယ္။ အခေၾကးေငြယူၿပီး ငါးမွ်ားအပန္းေျဖတဲ့ေနရာေပါ့…။ ဖြင့္ပြဲေန႔မွာ အထူးအစီအစဥ္အေနနဲ႔ ငါးမွ်ားလို႔ ငါးမရတဲ့သူေတြကို ဘဲတစ္ေကာင္လက္ေဆာင္ေပးမွာျဖစ္ပါတယ္။

အဲဒါနဲ႔ ဖြင့္ပြဲေန႔မွာပဲ ေပ်ာ္ေပ်ာ္ပါးပါးလာေရာက္ငါးမွ်ားၾကပါတယ္…ငါးမရလည္း ဘဲယူျပန္ေပါ့…၊ ဒီလိုနဲ႔ ငါးကန္ပိုင္ရွင္ရဲ႕ ဘဲေတြလည္းအကုန္ေျပာင္ပဲ။ မွ်ားတဲ့သူေတြက ငါးရဖို႔ထက္ ဘဲတစ္ေကာင္ရဖို႔ကိုပိုစိတ္၀င္စားၾကလို႔လား…။

ေနာက္မွသိလိုက္ရတယ္…. တစ္ကယ္ေတာ့ ငါးကန္ပိုင္ရွင္သူေဌးဟာ အရင္က ဘဲေမြးျမဴေရးလုပ္တာပါ… အဲဒီေနာက္ ငါးေမြးျမဴေရးကိုေျပာင္းလုပ္ခ်င္ေပမယ့္ ငါးမ်ိဳး၀ယ္ထည့္ဖို႔က အရင္းအႏႈီးမရွိ ဘဲေတြကလည္းေရာင္းမထြက္ေတာ့ ဒီနည္းကိုသုံးလိုက္တာ… တစ္ခ်က္ခုတ္ၿပီး သုံးခ်က္ျပတ္သြားပါတယ္….။

သူ႔ ဘဲေတြလည္းကုန္ ပိုက္ဆံလည္းရ ငါးမွ်ားတဲ့သူလည္းေက်နပ္ေပါ့… ဒီလိုနဲ႔ ငါးေမြးျမဴေရးကိုေအာင္ျမင္စြာစတင္ႏိုင္ခဲ့တယ္..။ေနာက္တစ္လေလာက္ၾကာေတာ့ ေနာက္ထပ္ပ႐ိုမိုးရွင္းထပ္လုပ္ပါတယ္… မည္သူမဆို အခမဲ့ငါးမွ်ားႏိုင္ပါသည္…ငါးမိရင္ေတာ့ တစ္ကီလိုကို ၅ ေဒၚလာေပးရမည္…။

တစ္သုတ္ၿပီးတစ္သုတ္လာလိုက္တဲ့ ငါးမွ်ားဝါသနာရွင္ေတြ ထူးဆန္းတာက မွ်ားတဲ့သူတိုင္း ငါးမိၾကတာပါပဲ…။ တစ္ကယ္ေတာ့ ငါးကန္သူေဌးက ငါးေတြကိုပိုလွ်ံေအာင္ အ မ်ားႀကီးထည့္ထားၿပီး Demand ထက္ supply ကိုပိုမ်ားေအာင္လုပ္ထားေတာ့ ငါးမိႏိုင္ေျခလည္းပိုမ်ားတာေပါ့…။

ေနာက္ၿပီး ငါးမွ်ားဝါ သနာရွင္တိုင္းက ငါးမိရင္ေပ်ာ္တဲ့သူႀကီးပဲေလ..အဲဒီေတာ့ ေစ်းမွာ တစ္ကီလိုကို ၃ ေဒၚလာပဲေပးရေပမယ့္ ကိုယ္တိုင္မိတဲ့ငါးကို ေစ်းပိုေပးၿပီးေက်နပ္စြာ၀ယ္ယူၾကပါတယ္။ ေနာက္ရက္အနည္းငယ္ခန္႔ၾကေတာ့….. ငါးေတြလည္း အေရအတြက္ေလ်ာ့လာၿပီ…. ငါးမွ်ားတဲ့သူေတြလည္း

နည္းလာၿပီးဆိုေတာ့ ေနာက္တစ္မ်ိဳးေျပာင္းလိုက္ပါသည္။ မွ်ားလို႔ရတဲ့ငါးကို အခမဲ့ယူႏိုင္တယ္… ငါးမွ်ားခ်ိန္ကို တစ္နာရီ ၁၀ ေဒၚ လာဆိုၿပီးသတ္မွတ္လိုက္တယ္။ လစဥ္ေၾကးအေနနဲ႔ မန္ဘာ၀ယ္မယ္ဆိုရင္ေတာ့ တစ္လကို ေဒၚလာ၅၀၀ ေပါ့…။

၀န္ေဆာင္မႈအေနနဲ႔ happy hour မွာ ဘီယာ ၂ ပုလင္း နဲ႔ အာလူးေၾကာ္တစ္ပြဲအခမဲ့ေပးမယ္…၊ ေနာက္အျခားေသာ ေပ်ာ္႐ႊင္ဖြယ္အစီအစဥ္ေလးေတြလည္းစီစဥ္ထားပါတယ္။ တံငါသည္၀တ္စုံ၀တ္ၿပီး ေရသူမပုံ၀တ္ဆင္ထားေသာ ေမာ္ဒယ္ဂဲလ္ေလးေတြနဲ႔ ဓါတ္ပုံရွိက္တာတို႔…. ဖမ္းမိတဲ့ငါးေတြကို ကိုယ္တိုယ္ကင္စားတာတို႔….ဘာတို႔ေပါ့…

အဲဒီ၀န္ေဆာင္မႈေတြအတြက္ကေတာ့ သီးျခားအခေၾကးေငြေပးရပါတယ္။ ဒီလိုနဲ႔ငါးကန္ေလးဟာ ျပန္လည္စည္ကားသိုက္ၿမိဳက္လာခဲ့သည္။ ႏွစ္၀က္အတြင္းမွာ ငါးကန္ပိုင္ရွင္ဟာ အျမတ္ေငြေတြအမ်ားႀကီးရၿပီး ေနာက္ထပ္အစီအစဥ္တစ္ခုကိုအေကာင္အထည္ေဖၚပါတယ္။ သူငါးကန္မွာလာၿပီး အပန္းေျဖတဲ့သူေတြအားလုံးက လုပ္ငန္းရွင္ေဘာစိေတြႀကီးပဲဆိုေတာ့ network တစ္ခုကိုရထားၿပီးၿပီေလ။

အဲဒီေတာ့ ေရွ႕လုပ္မယ့္လုပ္ငန္းအတြက္ ရွယ္ယာေခၚလိုက္ပါတယ္…။ အင္းႀကီးတစ္ခုလုံးကို ႏွစ္ရွည္ဌားမယ္….ၿပီးရင္ ဘန္ဂလိုေလးေတြေဆာက္မယ္ ဟိုတယ္ပုံစံေလးလုပ္ၿပီး ေႏြရာသီအပန္းေျဖစခန္းတစ္ခုဖန္တီးမယ္။ အပန္းေျဖဖို႔အတြက္ entertainment မ်ိဳးစုံကိုစီစဥ္မယ္… ဆိုၿပီး သူ႔ရဲ႕ပလန္ကိုခ်ျပၿပီးရွယ္ယာေခၚလိုက္ပါတယ္။

နဂိုလုပ္ငန္းရဲ႕ေအာင္ျမင္တဲ့အရွိန္အဝါနဲ႔ လုပ္ငန္းရွင္ေတြရဲ႕ယုံၾကည္မႈကိုရထားၿပီးသားဆိုေတာ့ ခဏတြင္းခ်င္းပဲ ရွယ္ယာအကုန္ေရာင္းထြက္သြားပါတယ္…။ေနာက္တစ္ႏွစ္ေလာက္ေနေတာ့ သူရဲ႕အပန္းေျဖေရေပၚဟိုတယ္စီမံကိန္းႀကီး ေအာင္ျမင္စြာအေကာင္အထည္ေဖၚခဲ့ပါသည္။

သတင္းမီဒီယာေတြက သူ႔ရဲ႕ေအာင္ျမင္မႈနည္းလမ္းကို အင္တာဗ်ဴးေတာ့ ငါးကန္ပိုင္ရွင္ေလးက ဒီလိုေျဖသြားပါတယ္…” စီးပြါးေရးလုပ္ၿပီဆိုရင္ လူေတြရဲ႕အေၾကာင္းကိုနားလည္ရမယ္… လူေတြရဲ႕လိုအပ္ခ်က္ကိုသိရမယ္… လူေတြကိုေပ်ာ္ေအာင္လုပ္ေပးႏိုင္ရင္ ပိုက္ဆံရွာရတာလြယ္သြားပါမယ္။

တစ္နည္းအားျဖင့္ human behaviour ကိုနားလည္ေအာင္လုပ္ပါ…management လည္းအဲဒါပဲ…”ဖတ္မိေသာပုံျပင္တစ္ပုဒ္ကို ဆီေလ်ာ္ေအာင္ဘာသာျပန္ထားခ်င္းသာျဖစ္သည္။Credit to – no pain no gain

Unicode

စီးပွါးရေးလုပ်တဲ့အခါ ပါးနပ်ဖို့နဲ့ ကွက်ကျော်မြင်တတ်ဖို့ လိုတယ်နော်…

တစ်ခါကပေါ့ မြို့နဲ့မနီးမဝေးမှာ ငါးကန်လေးတစ်ခုဖွင့်ပါတယ်။ အခကြေးငွေယူပြီး ငါးမျှားအပန်းဖြေတဲ့နေရာပေါ့…။ ဖွင့်ပွဲနေ့မှာ အထူးအစီအစဉ်အနေနဲ့ ငါးမျှားလို့ ငါးမရတဲ့သူတွေကို ဘဲတစ်ကောင်လက်ဆောင်ပေးမှာဖြစ်ပါတယ်။

အဲဒါနဲ့ ဖွင့်ပွဲနေ့မှာပဲ ပျော်ပျော်ပါးပါးလာရောက်ငါးမျှားကြပါတယ်…ငါးမရလည်း ဘဲယူပြန်ပေါ့…၊ ဒီလိုနဲ့ ငါးကန်ပိုင်ရှင်ရဲ့ ဘဲတွေလည်းအကုန်ပြောင်ပဲ။ မျှားတဲ့သူတွေက ငါးရဖို့ထက် ဘဲတစ်ကောင်ရဖို့ကိုပိုစိတ်ဝင်စားကြလို့လား…။

နောက်မှသိလိုက်ရတယ်…. တစ်ကယ်တော့ ငါးကန်ပိုင်ရှင်သူဌေးဟာ အရင်က ဘဲမွေးမြူရေးလုပ်တာပါ… အဲဒီနောက် ငါးမွေးမြူရေးကိုပြောင်းလုပ်ချင်ပေမယ့် ငါးမျိုးဝယ်ထည့်ဖို့က အရင်းအနှီုးမရှိ ဘဲတွေကလည်းရောင်းမထွက်တော့ ဒီနည်းကိုသုံးလိုက်တာ… တစ်ချက်ခုတ်ပြီး သုံးချက်ပြတ်သွားပါတယ်….။

သူ့ ဘဲတွေလည်းကုန် ပိုက်ဆံလည်းရ ငါးမျှားတဲ့သူလည်းကျေနပ်ပေါ့… ဒီလိုနဲ့ ငါးမွေးမြူရေးကိုအောင်မြင်စွာစတင်နိုင်ခဲ့တယ်..။နောက်တစ်လလောက်ကြာတော့ နောက်ထပ်ပရိုမိုးရှင်းထပ်လုပ်ပါတယ်… မည်သူမဆို အခမဲ့ငါးမျှားနိုင်ပါသည်…ငါးမိရင်တော့ တစ်ကီလိုကို ၅ ဒေါ်လာပေးရမည်…။

တစ်သုတ်ပြီးတစ်သုတ်လာလိုက်တဲ့ ငါးမျှားဝါသနာရှင်တွေ ထူးဆန်းတာက မျှားတဲ့သူတိုင်း ငါးမိကြတာပါပဲ…။ တစ်ကယ်တော့ ငါးကန်သူဌေးက ငါးတွေကိုပိုလျှံအောင် အ များကြီးထည့်ထားပြီး Demand ထက် supply ကိုပိုများအောင်လုပ်ထားတော့ ငါးမိနိုင်ခြေလည်းပိုများတာပေါ့…။

နောက်ပြီး ငါးမျှားဝါ သနာရှင်တိုင်းက ငါးမိရင်ပျော်တဲ့သူကြီးပဲလေ..အဲဒီတော့ ဈေးမှာ တစ်ကီလိုကို ၃ ဒေါ်လာပဲပေးရပေမယ့် ကိုယ်တိုင်မိတဲ့ငါးကို ဈေးပိုပေးပြီးကျေနပ်စွာဝယ်ယူကြပါတယ်။ နောက်ရက်အနည်းငယ်ခန့်ကြတော့….. ငါးတွေလည်း အရေအတွက်လျော့လာပြီ…. ငါးမျှားတဲ့သူတွေလည်း

နည်းလာပြီးဆိုတော့ နောက်တစ်မျိုးပြောင်းလိုက်ပါသည်။ မျှားလို့ရတဲ့ငါးကို အခမဲ့ယူနိုင်တယ်… ငါးမျှားချိန်ကို တစ်နာရီ ၁၀ ဒေါ် လာဆိုပြီးသတ်မှတ်လိုက်တယ်။ လစဉ်ကြေးအနေနဲ့ မန်ဘာဝယ်မယ်ဆိုရင်တော့ တစ်လကို ဒေါ်လာ၅၀၀ ပေါ့…။

ဝန်ဆောင်မှုအနေနဲ့ happy hour မှာ ဘီယာ ၂ ပုလင်း နဲ့ အာလူးကြော်တစ်ပွဲအခမဲ့ပေးမယ်…၊ နောက်အခြားသော ပျော်ရွှင်ဖွယ်အစီအစဉ်လေးတွေလည်းစီစဉ်ထားပါတယ်။ တံငါသည်ဝတ်စုံဝတ်ပြီး ရေသူမပုံဝတ်ဆင်ထားသော မော်ဒယ်ဂဲလ်လေးတွေနဲ့ ဓါတ်ပုံရှိက်တာတို့…. ဖမ်းမိတဲ့ငါးတွေကို ကိုယ်တိုယ်ကင်စားတာတို့….ဘာတို့ပေါ့…

အဲဒီဝန်ဆောင်မှုတွေအတွက်ကတော့ သီးခြားအခကြေးငွေပေးရပါတယ်။ ဒီလိုနဲ့ငါးကန်လေးဟာ ပြန်လည်စည်ကားသိုက်မြိုက်လာခဲ့သည်။ နှစ်ဝက်အတွင်းမှာ ငါးကန်ပိုင်ရှင်ဟာ အမြတ်ငွေတွေအများကြီးရပြီး နောက်ထပ်အစီအစဉ်တစ်ခုကိုအကောင်အထည်ဖေါ်ပါတယ်။ သူငါးကန်မှာလာပြီး အပန်းဖြေတဲ့သူတွေအားလုံးက လုပ်ငန်းရှင်ဘောစိတွေကြီးပဲဆိုတော့ network တစ်ခုကိုရထားပြီးပြီလေ။

အဲဒီတော့ ရှေ့လုပ်မယ့်လုပ်ငန်းအတွက် ရှယ်ယာခေါ်လိုက်ပါတယ်…။ အင်းကြီးတစ်ခုလုံးကို နှစ်ရှည်ဌားမယ်….ပြီးရင် ဘန်ဂလိုလေးတွေဆောက်မယ် ဟိုတယ်ပုံစံလေးလုပ်ပြီး နွေရာသီအပန်းဖြေစခန်းတစ်ခုဖန်တီးမယ်။ အပန်းဖြေဖို့အတွက် entertainment မျိုးစုံကိုစီစဉ်မယ်… ဆိုပြီး သူ့ရဲ့ပလန်ကိုချပြပြီးရှယ်ယာခေါ်လိုက်ပါတယ်။

နဂိုလုပ်ငန်းရဲ့အောင်မြင်တဲ့အရှိန်အဝါနဲ့ လုပ်ငန်းရှင်တွေရဲ့ယုံကြည်မှုကိုရထားပြီးသားဆိုတော့ ခဏတွင်းချင်းပဲ ရှယ်ယာအကုန်ရောင်းထွက်သွားပါတယ်…။နောက်တစ်နှစ်လောက်နေတော့ သူရဲ့အပန်းဖြေရေပေါ်ဟိုတယ်စီမံကိန်းကြီး အောင်မြင်စွာအကောင်အထည်ဖေါ်ခဲ့ပါသည်။

သတင်းမီဒီယာတွေက သူ့ရဲ့အောင်မြင်မှုနည်းလမ်းကို အင်တာဗျူးတော့ ငါးကန်ပိုင်ရှင်လေးက ဒီလိုဖြေသွားပါတယ်…” စီးပွါးရေးလုပ်ပြီဆိုရင် လူတွေရဲ့အကြောင်းကိုနားလည်ရမယ်… လူတွေရဲ့လိုအပ်ချက်ကိုသိရမယ်… လူတွေကိုပျော်အောင်လုပ်ပေးနိုင်ရင် ပိုက်ဆံရှာရတာလွယ်သွားပါမယ်။

တစ်နည်းအားဖြင့် human behaviour ကိုနားလည်အောင်လုပ်ပါ…management လည်းအဲဒါပဲ…”ဖတ်မိသောပုံပြင်တစ်ပုဒ်ကို ဆီလျော်အောင်ဘာသာပြန်ထားချင်းသာဖြစ်သည်။Credit to – no pain no gain

Be the first to comment

Leave a Reply

Your email address will not be published.


*