










Unicode

နွေးထွေးသော အိမ်ထောင်ရှင် ဘဝများသို့

ကိုယ့်ယောက်ျား ပိုက်ဆံ ဘယ်လောက်နဲ့ အိမ်ပြန်လာတယ် ဆိုတာကိုပဲ စိတ် မဝင်စားပါနဲ့။ ကိုယ့်ယောက်ျား ဘေးအသီ ရန်မခပဲ ကောင်းမွန်စွာ အိမ်ပြန်ရောက်လာနိုင်တာ ကိုလည်း ကျေးဇူးတင် ဝမ်းသာ တတ်ပါစေ။

အိမ်က မိန်းမဟာ အရင်တုန်းကလို နုနယ် ပျိုမျစ်ခြင်းတွေ မရှိတော့တာကို အပြစ်မြင် စိတ်မကုန်ပါနဲ့။ သူမခေတ် သူမအခါ တုန်းက ယောက်ျား အများရဲ့ စိတ်ဝင်စားမှုကို သင် တစ်ယောက်နဲ့ လဲလှယ်ခဲ့တဲ့ ကျေးဇူးကို မမေ့လိုက်ပါနဲ့။

သူများယောက်ျားနဲ့ ကိုယ့် ယောက်ျား ကို နှိုင်းယှဉ်ပြီး အပြစ် မမြင်မိ ပါစေနဲ့။ မိမိဘုန်းကံ ရှိသလောက်သာ စံစားရတတ်တယ် ဆိုတာ လက်ခံ တတ်ပါစေ။

မိမိအမျိုးသမီးကို အိမ်တွင်းပုန်းစေ အိမ်အလုပ်တွေ လုပ်ခိုင်းထားပြီး သူများတွေလို ငွေမရှာတတ်တာခေတ်မမီ မဝင်ဆန့်တော့တာကို အပြစ်မမြင်မိ ပါစေနဲ့။ သူမ ရှိနေလို့သာ ဒီအိမ် ဒီမိသားစု အတိုင် အတာတခုထိ အဆင်ပြေနေတာ ကိုလည်း အသိအမှတ် ပြုပေးတတ်ပါစေ။

သင်လည်း သင့်အလုပ်မှာ ဖိအားတွေ စိတ်ဖိစီးမှုတွေ အဆင်မပြေမှုတွေ ရှိနေသလို သင့်အိမ်ထောင်ဖက်မှာလည်း သင်မသိတဲ့ အခက်အခဲတွေ သင် မတွေးမိတဲ့ စိတ်ဖိစီးမှုလေးတွေ ရှိနေမယ်ဆိုတာ အပြန်အလှန် ကိုယ်ချင်းစာ နားလည် တတ်ကြ မယ်ဆိုရင်..

သင့်လည်း ပြီးပြီးစုံနေသူ မဟုတ်သလို မိမိ အိမ်ထောင်ဘက်ရဲ့ အပြစ် အနာအဆာတွေ ကိုလည်း အပြန်အလှန် ဖြည့်တွေးပေးတတ်ကြမယ် ဆိုရင်

အချင်းချင်း အပြစ် ဖို့နေကြမယ့် အစား ပြဿနာ ကို အဖြေရှာ အချင်းချင်း ဖေးမ ကူညီတတ်ကြမယ်ဆိုရင်..

ကိုယ့် အတိုင်းအတာနဲ့ ကိုယ် အဆင်ပြေ နေပျော်တဲ့ မိသားစု တစ်စု ဖြစ်နေ မှာပါ ..။ မူရင်း ရေးသားသူကို လေးစားစွာဖြင့် 𝐂𝐫𝐞𝐝𝐢𝐭 ပေးပါ သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*