Unicode
အိမ်တွင်းဖြစ် ဆားရေစိမ် နဲ့ ချဉ်ဖတ် စိမ်နည်း
အိမ်တွင်းဖြစ် ဆားရေစိမ် နဲ့ ချဉ်ဖတ် စိမ်နည်း ကြိုက်သူများ အတွက် အရမ်း လွယ်တဲ့ နည်းလေးမို့ ဝေမျှ ပေးလိုက် ပါ တယ်နော်.. ဒညင်းသီး နဲ့ သဖန်းသီး ဆားရည်စိမ်က ရနွေး ကို ဆူအောင် တည်။
ပြီးရင် ဇလုံ ထဲကို စိမ်မဲ့ ပမဏ အထိုက်အလျောက် ဆား ကို လိုသလောက် ထည့်ပါ။ ပြီး ရင် ဆူပြီးသား ရေနွေးကို လောင်းထည့်။
ယောက်မလေးနဲ့မွှေပြီး အအေးခံ ထားလိုက်ပါ။ အအေးခံပြီး သွားပြီဆို စိမ်လိုက်လို့ ရပါပြီ။ တစ်ပတ်လောက်ဆို စားလို့ ရပါပြီ။ နေပူ ထုတ် လှန်းနိုင်ရင်တော့ သုံးရက် ဆို စားလို့ရပါပြီ။
ကတက်ချဉ် တို့ ကန်စွန်းရိုး တို့ ကတော့ ဆန်ဆေးရေ နဲ့ ဆားနဲ့ ဆို ရပါပြီ။
သရက်သီး ရေစိမ်က ရေသန့်နဲ့စိမ်ထားရုံပဲ။ တစ်ပတ် တစ်ခါတော့ ရေ လဲလဲ ပေးပါ။ ဒါဆို သရက်သီးရေစိမ်ကို အရိမေတ္တိယျဘုရား ပွင့်တဲ့အထိ စားလို့ ရပါတယ်။
ဒညင်းသီး တို့သဖန်းသီး တို့ က ဆားရည်နဲ့ စိမ်ရ တာပါ။
ကတက် တို့ ကန်စွန်းရိုး၊ ကြောင်လျှာ၊ မုန်လာဥဖြူ (ပိုးဒီ) အဲ့တာတွေက ဆန်ဆေးရည်နဲ့ ဆားနဲ့ပဲ စိမ်ရ တာပါ။ ထမင်းရည် ထည့် ချင်လည်း ထည့် လို့ ရပါတယ်။
သရက်သီးရေစိမ်ကတော့ ဘာမှ မထည့်ရဘူး။ အငံ ကြိုက်တယ် ဆို ဆားထည့်ပြီး စိမ်လည်း ရသလို ရိုးရိုး ရေသန့်နဲ့ စိမ်လည်း ရပါ တယ်။
သရက်သီးရေစိမ်ကတော့ ရေနိုင်နိုင် လဲပေး ရပါတယ်။ မလဲ နိုင်ရင် သရက်သီးတွေ မဲကုန် တယ်။crdမူရင်း
Be the first to comment
Leave a Reply
Your email address will not be published.
*