ေအာ္တိုဂီယာမွာ ပါဝင္တဲ့ P, R, N, D, S, L တို႔အေၾကာင္း

ေအာ္တိုဂီယာမွာ ပါဝင္တဲ့ P, R, N, D, S, L တို႔အေၾကာင္း
ေအာ္တိုဂီယာမွာ ပါဝင္တဲ့ P, R, N, D, S, L တို႔အေၾကာင္း

ေအာ္တိုဂီယာမွာ ပါဝင္တဲ့ P, R, N, D, S, L တို႔အေၾကာင္း

ေအာ္တိုဂီယာ ေမာင္းတတ္ခါစ ယာဥ္ေမာင္းအခ်ိဳ႕သည္ အေျခခံအေနနဲ႔ P ကို ကားရပ္ထားခ်ိန္၊ R က ေနာက္ဆုတ္ရန္အတြက္ N ဆို ဖရီး မီးပြိဳင့္ေစာင့္ခ်ိန္မ်ိဳးသုံး၊ D ထိုးရင္ေမာင္းလို႔ရၿပီ လို႔ပဲအလြယ္မွတ္ထားေလ့ရွိၾကပါတယ္။

တကယ္လည္း ဒီအတိုင္းေမာင္းႏွင္ရတာ အဆင္ေျပေနေတာ့အမ်ားစုက က်န္ဂီယာေတြကို သတိမထားမိတတ္ၾကပါဘူး။

ဒါေၾကာင့္ ဘယ္လိုအခ်ိန္မွာ ဘယ္ဂီယာနဲ႔ အသုံးျပဳရမလဲဆိုတာကို သတိမထားမိသူမ်ားအတြက္ Gear Shift Lever (ဂီယာတံ) မွာပါဝင္တဲ့စာလုံးေတြရဲ႕အဓိပၸါယ္နဲ႔ အသုံးျပဳပုံ အက်ဥ္းခ်ဳပ္ေလးေတြကို‌ ေဖာ္ျပေပးလိုက္ပါတယ္။

P = Parking position

P ကို ကားရပ္ဖို႔အတြက္သုံးတယ္လို႔ပဲ အလြယ္မွတ္ထားတတ္ၾကပါတယ္။ အမွန္ကေတာ့ ေအာ္တိုဂီယာမွာပါတဲ့ P ဂီယာဆိုတာဟာ လုံးဝရပ္တန႔္ထားေတာ့မယ့္အခ်ိန္မ်ိဳးမွာသုံးတဲ့ ဂီယာမဟုတ္ပါဘူး။ ကားစိတ္ခ်လက္ခ်ရပ္ဖို႔ဆိုရင္ေတာ့ Parking Brake (ဟန္းဘရိတ္) ဆြဲထားဖို႔ လိုအပ္ပါတယ္။ P ေရာက္မွ ဇက္ေသာ့ ခတ္လို႔ရၿပီး ကားေသာ့ကိုျဖဳတ္လို႔ရပါမယ္။ P နဲ႔ N ေနရာ မွာပဲ ကားစက္ႏႈိးလို႔ရႏိုင္ပါမယ္။

R = Reverse position

R ကေတာ့ ဘက္ဂီယာ (သို႔) ေနာက္ဆုတ္ခ်ိန္တြင္ အသုံးျပဳရမယ့္ ဂီယာအေနအထားပါ ။

N = Neutral position

N ကိုအသုံးျပဳလိုက္မယ္ဆိုရင္ေတာ့ သင့္ကားရဲ႕ ဂီယာသည္ ဖရီး အေနအထားတြင္ ရွိေနမွာျဖစ္ပါတယ္။ တခ်ိဳ႕ေတြက N နဲ႔ ဖရီး႐ိုက္ေမာင္းေလ့ရွိၾကပါတယ္။ လုံးဝမလုပ္သင့္ပါဘူး။ မီးပြိဳင့္ေတြမွာလည္း N ထားၿပီးေစာင့္ရင္ ဆီစားပိုသက္သာတယ္ဆိုၿပီး လုပ္ေလ့ရွိၾကပါတယ္။

D အစား N ထားၿပီး ရပ္ထားရင္ ေျပာပေလာက္စရာ ဆီစားသက္သာစရာမရွိတာမို႔ မီးပြိဳင့္မိေနခ်ိန္ သိပ္မၾကာဘူးဆိုရင္ D ထား ဘရိတ္နင္း၍ေသာ္လည္းေကာင္း၊ ၾကာမယ္ထင္ရင္ P ထားၿပီးသာ ေစာင့္ပါ။

ေနာက္တစ္ခုက မိမိရဲ႕ေအာ္တိုဂီယာကားေလးပ်က္သြားလို႔ ကားကိုဆြဲရေတာ့မယ္ဆိုလွ်င္ N ထားၿပီးဆြဲ႐ုံနဲ႔မလုံေလာက္ပါဘူး။ ကိုယ့္ရဲ႕ကားက ေရွ႕ယက္လား၊ ေနာက္ယက္လား ခြဲျခားၿပီး ေရွ႕ယက္ဆို ေရွ႕ဘီးေျမႇာက္၊ ေနာက္ယက္ဆို ေနာက္ဘီးေျမႇာက္ၿပီးမွ ဆြဲရမွာ ျဖစ္ပါတယ္။

D = Drive position

ဒါကေတာ့ အမ်ားသိတဲ့အတိုင္း ရွင္းပါတယ္။ Drive ဆိုတာ စတင္ ေမာင္းႏွင္ေတာ့မယ့္အခ်ိန္မွာ သုံးပါတယ္။ ဂီယာနံပါတ္ အခ်က္ေရေပၚမူတည္ၿပီး ရွိသေလာက္ ေနာက္ဆုံးဂီယာအထိ အရွိန္နဲ႔လိုက္ၿပီး အလိုက္သင့္ ေျပာင္းေပးသြားပါလိမ့္မယ္။

2 = 2 speed

အမ်ားဆုံး အရွိန္ေျပာင္း ၂ ခုပဲ ခ်ိန္းေပးပါမယ္။ 2 မွာ ဂီယာစထိုးၿပီး ထြက္လည္း ရပါတယ္။ ဘာထိုးထိုးစထြက္မွာကေတာ့ 1 နဲ႔ပဲစထြက္ပါမယ္။ အရွိန္ရလာရင္ ေနာက္တစ္ခ်က္ ထပ္ခ်ိန္းေပးပါမယ္။

ေတာင္တက္တဲ့လမ္းမ်ိဳးမွာ သုံးသင့္ပါတယ္။ ေျမျပန႔္မွာ ေမ့ၿပီးထိုးမိထားရင္ေတာ့ ကားကလည္း ေတာ္ေတာ္ေျပးတယ္ ထင္ရေပမယ့္ မလိုအပ္ပဲ ဆီစားျခင္းကိုခံရပါမယ္။ (ၾကာလာရင္အင္ဂ်င္ကိုလည္း ထိခိုက္ေစပါတယ္)

S = Snow = 2 speed

2 နဲ႔ အတူတူပါပဲ။ ႏွင္းက်ခ်ိန္ေတြ၊ မိုးအရမ္း႐ြာၿပီး လမ္းေခ်ာတတ္တဲ့အခ်ိန္ ေတာင္ဆင္း/ေတာင္တက္ေတြမွာ ျဖည္းျဖည္းမွန္မွန္ေလးသြားေနေအာင္ ဂီယာ နံပါတ္ (၂) ထက္ ပိုမခ်ိန္းေပးေတာ့ပါ။

L = Low speed

အနိမ့္ဆုံးဂီယာပါ။ နံပါတ္ (၁) ဆိုတဲ့ ဂီယာတစ္ခ်က္နဲ႔ပဲ ေမာင္းႏွင္ေနမွာျဖစ္ပါတယ္။ မတ္ေစာက္တဲ့ ေတာင္တက္တဲ့အခါ/ဆင္းတဲ့အခါ သုံးသင့္ပါတယ္။ ေနာက္ၿပီး ဗြက္နစ္လို႔႐ုန္းတဲ့အခါမ်ိဳးေတြမွာ အသုံးျပဳလို႔ရပါတယ္။

ေအာ္တိုဂီယာကားကို ေမာင္းေတာ့မယ္ဆိုရင္ ဘယ္ေျခကို လုံးဝ (လုံးဝ) အသုံးမျပဳပါနဲ႔။ ညာေျခကိုသာသုံးၿပီး လီဗာနဲ႔ ဘရိတ္ကိုနင္းပါ။ ကားရဲ႕ကြန္ပ်ဴတာစနစ္သည္ လီဗာကိုလႊတ္လိုက္ၿပီး ဘရိတ္နင္းမွသာ ဘရိတ္နင္းတဲ့ပမာဏအေပၚမူတည္တြက္ခ်က္ကာ ဂီယာေဒါင္းသင့္ မေဒါင္းသင့္ ဆုံးျဖစ္တာ ျဖစ္ပါတယ္။

ဘယ္ေျခက ဘရိတ္၊ ညာေျခက လီဗာ လို႔အသုံးျပဳၿပီး ေမာင္းႏွင္ေနမယ္ဆိုရင္ ဘရိတ္နဲ႔လီဗာကိုတစ္ၿပိဳင္တည္း နင္းမိထားတာမ်ိဳးေတြႀကဳံေတြ႕ရႏိုင္ၿပီး ကားရဲ႕ကြန္ပ်ဴတာစနစ္က ေမာင္းေနတာလား ရပ္မွာလား ဆုံးျဖတ္ရခက္ေစပါတယ္။

ေနာက္ဆုံးတစ္ခုကေတာ့ ေအာ္တိုဂီယာကားေတြအရွိန္နဲ႔ေမာင္းႏွင္ေနစဥ္မွာ ႐ုတ္တရက္အတားအဆီးတစ္ခုခုေပၚလာပါက ဂီယာခ်ိန္းတာမ်ိဳးေတြမျပဳလုပ္ပါနဲ႔။ ဘရိတ္ကိုပဲ နင္းလိုက္ပါ။ ကားရဲ႕ကြန္ပ်ဴတာစနစ္က သင့္ထက္လ်င္ျမန္စြာ ဂီယာေဒါင္းေပးပါလိမ့္မယ္။

ကားသတင္းစုံအား ေလးစားစြာ ခရက္ဒစ္ေပးပါသည္။

Unicode

အော်တိုဂီယာမှာ ပါဝင်တဲ့ P, R, N, D, S, L တို့အကြောင်း

အော်တိုဂီယာ မောင်းတတ်ခါစ ယာဉ်မောင်းအချို့သည် အခြေခံအနေနဲ့ P ကို ကားရပ်ထားချိန်၊ R က နောက်ဆုတ်ရန်အတွက် N ဆို ဖရီး မီးပွိုင့်စောင့်ချိန်မျိုးသုံး၊ D ထိုးရင်မောင်းလို့ရပြီ လို့ပဲအလွယ်မှတ်ထားလေ့ရှိကြပါတယ်။

တကယ်လည်း ဒီအတိုင်းမောင်းနှင်ရတာ အဆင်ပြေနေတော့အများစုက ကျန်ဂီယာတွေကို သတိမထားမိတတ်ကြပါဘူး။

ဒါကြောင့် ဘယ်လိုအချိန်မှာ ဘယ်ဂီယာနဲ့ အသုံးပြုရမလဲဆိုတာကို သတိမထားမိသူများအတွက် Gear Shift Lever (ဂီယာတံ) မှာပါဝင်တဲ့စာလုံးတွေရဲ့အဓိပ္ပါယ်နဲ့ အသုံးပြုပုံ အကျဉ်းချုပ်လေးတွေကို‌ ဖော်ပြပေးလိုက်ပါတယ်။

P = Parking position

P ကို ကားရပ်ဖို့အတွက်သုံးတယ်လို့ပဲ အလွယ်မှတ်ထားတတ်ကြပါတယ်။ အမှန်ကတော့ အော်တိုဂီယာမှာပါတဲ့ P ဂီယာဆိုတာဟာ လုံးဝရပ်တန့်ထားတော့မယ့်အချိန်မျိုးမှာသုံးတဲ့ ဂီယာမဟုတ်ပါဘူး။ ကားစိတ်ချလက်ချရပ်ဖို့ဆိုရင်တော့ Parking Brake (ဟန်းဘရိတ်) ဆွဲထားဖို့ လိုအပ်ပါတယ်။ P ရောက်မှ ဇက်သော့ ခတ်လို့ရပြီး ကားသော့ကိုဖြုတ်လို့ရပါမယ်။ P နဲ့ N နေရာ မှာပဲ ကားစက်နှိုးလို့ရနိုင်ပါမယ်။

R = Reverse position

R ကတော့ ဘက်ဂီယာ (သို့) နောက်ဆုတ်ချိန်တွင် အသုံးပြုရမယ့် ဂီယာအနေအထားပါ ။

N = Neutral position

N ကိုအသုံးပြုလိုက်မယ်ဆိုရင်တော့ သင့်ကားရဲ့ ဂီယာသည် ဖရီး အနေအထားတွင် ရှိနေမှာဖြစ်ပါတယ်။ တချို့တွေက N နဲ့ ဖရီးရိုက်မောင်းလေ့ရှိကြပါတယ်။ လုံးဝမလုပ်သင့်ပါဘူး။ မီးပွိုင့်တွေမှာလည်း N ထားပြီးစောင့်ရင် ဆီစားပိုသက်သာတယ်ဆိုပြီး လုပ်လေ့ရှိကြပါတယ်။

D အစား N ထားပြီး ရပ်ထားရင် ပြောပလောက်စရာ ဆီစားသက်သာစရာမရှိတာမို့ မီးပွိုင့်မိနေချိန် သိပ်မကြာဘူးဆိုရင် D ထား ဘရိတ်နင်း၍သော်လည်းကောင်း၊ ကြာမယ်ထင်ရင် P ထားပြီးသာ စောင့်ပါ။

နောက်တစ်ခုက မိမိရဲ့အော်တိုဂီယာကားလေးပျက်သွားလို့ ကားကိုဆွဲရတော့မယ်ဆိုလျှင် N ထားပြီးဆွဲရုံနဲ့မလုံလောက်ပါဘူး။ ကိုယ့်ရဲ့ကားက ရှေ့ယက်လား၊ နောက်ယက်လား ခွဲခြားပြီး ရှေ့ယက်ဆို ရှေ့ဘီးမြှောက်၊ နောက်ယက်ဆို နောက်ဘီးမြှောက်ပြီးမှ ဆွဲရမှာ ဖြစ်ပါတယ်။

D = Drive position

ဒါကတော့ အများသိတဲ့အတိုင်း ရှင်းပါတယ်။ Drive ဆိုတာ စတင် မောင်းနှင်တော့မယ့်အချိန်မှာ သုံးပါတယ်။ ဂီယာနံပါတ် အချက်ရေပေါ်မူတည်ပြီး ရှိသလောက် နောက်ဆုံးဂီယာအထိ အရှိန်နဲ့လိုက်ပြီး အလိုက်သင့် ပြောင်းပေးသွားပါလိမ့်မယ်။

2 = 2 speed

အများဆုံး အရှိန်ပြောင်း ၂ ခုပဲ ချိန်းပေးပါမယ်။ 2 မှာ ဂီယာစထိုးပြီး ထွက်လည်း ရပါတယ်။ ဘာထိုးထိုးစထွက်မှာကတော့ 1 နဲ့ပဲစထွက်ပါမယ်။ အရှိန်ရလာရင် နောက်တစ်ချက် ထပ်ချိန်းပေးပါမယ်။

တောင်တက်တဲ့လမ်းမျိုးမှာ သုံးသင့်ပါတယ်။ မြေပြန့်မှာ မေ့ပြီးထိုးမိထားရင်တော့ ကားကလည်း တော်တော်ပြေးတယ် ထင်ရပေမယ့် မလိုအပ်ပဲ ဆီစားခြင်းကိုခံရပါမယ်။ (ကြာလာရင်အင်ဂျင်ကိုလည်း ထိခိုက်စေပါတယ်)

S = Snow = 2 speed

2 နဲ့ အတူတူပါပဲ။ နှင်းကျချိန်တွေ၊ မိုးအရမ်းရွာပြီး လမ်းချောတတ်တဲ့အချိန် တောင်ဆင်း/တောင်တက်တွေမှာ ဖြည်းဖြည်းမှန်မှန်လေးသွားနေအောင် ဂီယာ နံပါတ် (၂) ထက် ပိုမချိန်းပေးတော့ပါ။

L = Low speed

အနိမ့်ဆုံးဂီယာပါ။ နံပါတ် (၁) ဆိုတဲ့ ဂီယာတစ်ချက်နဲ့ပဲ မောင်းနှင်နေမှာဖြစ်ပါတယ်။ မတ်စောက်တဲ့ တောင်တက်တဲ့အခါ/ဆင်းတဲ့အခါ သုံးသင့်ပါတယ်။ နောက်ပြီး ဗွက်နစ်လို့ရုန်းတဲ့အခါမျိုးတွေမှာ အသုံးပြုလို့ရပါတယ်။

အော်တိုဂီယာကားကို မောင်းတော့မယ်ဆိုရင် ဘယ်ခြေကို လုံးဝ (လုံးဝ) အသုံးမပြုပါနဲ့။ ညာခြေကိုသာသုံးပြီး လီဗာနဲ့ ဘရိတ်ကိုနင်းပါ။ ကားရဲ့ကွန်ပျူတာစနစ်သည် လီဗာကိုလွှတ်လိုက်ပြီး ဘရိတ်နင်းမှသာ ဘရိတ်နင်းတဲ့ပမာဏအပေါ်မူတည်တွက်ချက်ကာ ဂီယာဒေါင်းသင့် မဒေါင်းသင့် ဆုံးဖြစ်တာ ဖြစ်ပါတယ်။

ဘယ်ခြေက ဘရိတ်၊ ညာခြေက လီဗာ လို့အသုံးပြုပြီး မောင်းနှင်နေမယ်ဆိုရင် ဘရိတ်နဲ့လီဗာကိုတစ်ပြိုင်တည်း နင်းမိထားတာမျိုးတွေကြုံတွေ့ရနိုင်ပြီး ကားရဲ့ကွန်ပျူတာစနစ်က မောင်းနေတာလား ရပ်မှာလား ဆုံးဖြတ်ရခက်စေပါတယ်။

နောက်ဆုံးတစ်ခုကတော့ အော်တိုဂီယာကားတွေအရှိန်နဲ့မောင်းနှင်နေစဉ်မှာ ရုတ်တရက်အတားအဆီးတစ်ခုခုပေါ်လာပါက ဂီယာချိန်းတာမျိုးတွေမပြုလုပ်ပါနဲ့။ ဘရိတ်ကိုပဲ နင်းလိုက်ပါ။ ကားရဲ့ကွန်ပျူတာစနစ်က သင့်ထက်လျင်မြန်စွာ ဂီယာဒေါင်းပေးပါလိမ့်မယ်။

ကားသတင်းစုံအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*