Unicode
ေအောင်မြင်ပြီး ရာင်းကောင်းတဲ့ ဈေးဆိုင်ဖြစ်ဖို့ အတွက်ဆိုရင် ဒီအချက်လေးတွေတော့ သိဖို့လိုမယ်…
ကျွန်တော်တို့လူမျိုးတွေ သတိထားပြီး ပြင်ဆင်ရမယ့် ဈေးရောင်းနည်း ၇ ချက်
တော်တော်များများလည်း သတိထားမိမယ်ထင်ပါတယ်… အခြားလူ တွေဆိုင်ဖွင့်တဲ့အခါ ဆိုင်ခွဲတွေ တစ်ဆိုင်ပြီးတစ်ဆိုင် ထပ်ထပ်ဖွင့်ကြတယ်…. မြန်မာတွေဆိုင်ဖွင့်တဲ့အခါ အရင်းပြုတ်ပြုတ်သွားကြတယ်…ဘာတွေ ကွာခြားနေလို့လည်းဆို လေ့လာကြည့်ကြရအောင်ပါ…
၁။ အလုပ်ချိန်တိကျတယ်။ ဆိုင်ပိတ်ချိန် တစ်ခါတစ်ရံမှသာ နောက်ကျတတ်ပြီး နယ်အော်ဒါများတဲ့အခါ ဒီနေ့ဝင်တဲ့အော်ဒါ ဒီနေ့အပြီး ထုတ်တယ်။ နောက်နေ့ကူးရင် နောက်နေ့အော်ဒါတွေအတွက် အဆင်ပြေပြေလုပ်ပေးနိုင်ဖို့အတွက်ဖြစ်ပါတယ်။
၂။ သူဌေးအလုပ်က ဆိုင်ရဲ့ ပစ္စည်းအဝင် အထွက် ပစ္စည်းအားလုံး ခေါင်းထဲမှာ ရှိတယ်။ ဆိုင်သမားရဲ့အသက်က ပစ္စည်းရှိရမယ်။ စစ်သားရဲ့အသက်က ကျည်ဆံရှိရမယ်လို့ ဆိုရိုးရှိတဲ့အတိုင်း ကိုယ်ဆိုင်မှာ ပစ္စည်းမပြတ်စေဖို့ နဲ့ ပစ္စည်းစုံစုံလင်လင်ရှိဖို့ အာရုံစိုက်တယ်။
၃။ သူဌေးက အစ အလုပ်သမား အဆုံး အကုန် အလုပ်လုပ်တယ်။ ဆိုင်မှာသွားပြီး လက်ဖက်ရည်ဆိုင်ထိုင်အချိန်ဖြုန်းလေ့မရှိဘူး။ သောက်ချိန်ရောက်ရင်လုပ်ငန်းခွင်မှာ ဆယ်မိနစ်ခန့် နားပြီး သောက်ပြီး အလုပ်ဆက်လုပ်တယ်။
၄။ Customer relationship လို့ခေါ်တဲ့ ဆက်ဆံရေးကောင်းတယ်။ ဆိုင်မှာ လာအားပေးသူ အားလုံးကိုနည်းနည်း များများ ပျူငှာသော ဆက်ဆံရေးနဲ့ ကြိုဆိုတယ်။
၅။ တိကျမှန်ကန်တဲ့ စာရင်းအင်း ရှိတယ်။ ဆိုင်ပိတ်ရက် တနင်္ဂနွေနေ့တိုင်း တစ်ပတ်စာ အရောင်းအဝယ်စာရင်းကို ပြန်စစ်တယ်။
၆။ အကြွေးကို ပေးသင့်သူကို ပေးတယ်။ မပေးသင့်သူကို လုံးဝမပေးတဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်တယ်။ အားနာလို့ အားပါသွားတာမျိုး မရှိဘူး။ မြန်မာတွေက အားနာတတ်တယ်။
၇။ ဆိုင်မှာ သူဌေးတစ်ယောက်ပဲ ရှိတယ်။ သူဌေးသားတွေလည်း အလုပ်သမားတွေနဲ့ တန်းတူ အလုပ်လုပ်ရတယ်။ အောက်သက်ကျေအောင် အလုပ်သမားဘဝကို စာနာတတ်အောင် လုပ်ခိုင်းထားတော့ သူဌေးသားတွေလည်း အလုပ်သမားနဲ့ တန်းတူ ညီအကိုလိုဖြစ်ပြီး လုပ်ငန်းခွင်မှာပျော်တော့ အလုပ်ထွက်သူ မရှိဘူး။
ရောင်းကောင်းတဲ့ ဈေးဆိုင်ဖြစ်ဖို့အတွက်ဆိုရင်ဒီအချက်လေးတွေ သိဖို့လိုပါမယ်… တခြားကွာခြားချက်တွေလည်း ရှိနေနိုင်ပါတယ်… အားလုံးပဲ ကြီးပွားချမ်းသာ တိုးတက်ကြပါစေ…. အားလုံးကို ကျေးဇူးတင်ပါတယ်။Credit -Original writer
Be the first to comment
Leave a Reply
Your email address will not be published.
*