ဘူးသီးေၾကာ္ ေၾကာ္နည္း နဲ႔ အခ်ဥ္ရည္ စပ္နည္း

ဘူးသီးေၾကာ္ ေၾကာ္နည္း နဲ႔ အခ်ဥ္ရည္ စပ္နည္း
ဘူးသီးေၾကာ္ ေၾကာ္နည္း နဲ႔ အခ်ဥ္ရည္ စပ္နည္း

ဘူးသီးေၾကာ္ ေၾကာ္နည္း နဲ႔ အခ်ဥ္ရည္ စပ္နည္း

ဘူးသီးေတြေပါေနတုန္း ဘူးသီးေၾကာ္ ႐ြ႐ြေလး ေၾကာ္စားၾကရေအာင္… အခ်ဥ္ရည္ေကာင္းေကာင္းေလး စပ္နည္းပါ ေရးေပးထားပါတယ္ေနာ္။

ဘူးသီးေၾကာ္

ပထမဆုံး ဘူးသီးေလးေတြကို ကိုယ္ႀကိဳက္တဲ့ အရွည္ လွီးၿပီး ေရေျခာက္ေအာင္ ထားေပးပါ။ မနက္ေၾကာ္ရင္ ညကတည္းက လွီးၿပီး ေရစစ္ထားလို႔လည္း ရပါတယ္။ မနက္မွ စလုပ္မယ္ဆို နာရီဝက္ေလာက္ ေနပူလွန္းထားရင္ ပိုေကာင္းပါတယ္

မုန္႔ႏွစ္အတြက္ ေ႐ႊလိပ္ျပာ အေၾကာ္မႈန္႔ / ေကာက္ညႇင္းမႈန္႔ / ပဲမႈန္႔ သုံးပါမယ္။ အေၾကာ္မႈန္႔ ၃ ဆ နဲ႔ ေကာက္ညႇင္းမႈန္႔/ပဲမႈန္႔ကို ၁ဆ စီေရာပါ။ ၿပီးရင္ ဆား အရသာနဲ႔ အေရာင္လွေအာင္ အေရာင္တင္မႈန္႔ထည့္ပါ။

baking soda ရွိရင္ ဇြန္းဖ်ားေလာက္ေလး ထည့္ေပးပါ အဲ့ဒါဆို ပိုႂကြပ္ပါတယ္/ ၾကက္ဥအကာ ထည့္ေပးလည္း ရပါတယ္။ အမႈန္႔ေတြအကုန္ေရာၿပီးသြားရင္ ေရခဲေရေလးကို ျဖည္းျဖည္းခ်င္း ေလာင္းထည့္ေပးပါ။ မုန္႔ရည္ မပ်စ္မက်ဲေလး အေနက ေၾကာ္ဖို႔ အေကာင္းဆုံးပါေနာ္

မုန္႔ရည္လည္း စပ္ၿပီးၿပီဆိုရင္ ေျခာက္ေနတဲ့ ဘူးသီးေလးေတြကို ဂ်ဳံမႈန္႔ သို႔ ဆန္မႈန္႔နဲ႔ အရင္လူးေပးပါ ။ အဲ့ဒါဆို ပိုေၾကာ္လို႔ ေကာင္းပါတယ္။ ျပီးမွ မုန္႔ရည္ထဲ ႏွစ္ၿပီး မီးအလယ္ေလာက္နဲ႔ ေ႐ႊအိုေရာင္သမ္းတဲ့အထိ ေၾကာ္ေပးပါ။

အခ်ဥ္ရည္

မန္က်ည္းသီးေတြကို ေရပူနဲ႔ အရင္ စိမ္ထားပါမယ္။ ၿပီးရင္ ဇကာနဲ႔ အႏွစ္တိုက္ခ်ၿပီး အရည္ပဲယူပါ။ မန္က်ည္းရည္ထဲကို ၾကက္သြန္ျဖဴ/ ဂ်င္းနဲ႔ င႐ုတ္သီးစိမ္း ေရာေထာင္းၿပီး ထည့္ပါ။

ၿပီးရင္ ဆားနဲ႔ အရသာမႈန္ ႔ထည့္ၿပီး ထန္းလ်က္ရည္ အခ်ိဳႀကိဳက္သေလာက္ ထည့္ပါ။ င႐ုတ္သီးအက်က္မႈန္႔ ကိုလည္း အစပ္ႀကိဳက္သေလာက္ ထည့္ပါ။

ပဲအက်က္မႈန္႔ ၂ ဇြန္းေလာက္ ထည့္ေပးပါ။ ပဲမႈန္႔ေလးက အခ်ဥ္ရည္ရဲ႕ အသက္ပါပဲ ထည့္လိုက္ရင္ ပ်စ္ပ်စ္ေလး ျဖစ္သြားၿပီး ပိုစားလို႔ေကာင္းပါတယ္ေနာ္။

ေနာက္ဆုံးအေနနဲ႔ နံနံပင္နဲ႔ ေဂၚဖီထုပ္ ပါးပါးလွီးၿပီး ပစ္ထည့္လိုက္ပါ။ အခုဆို ဘူးသီးေၾကာ္ ပူပူေလးကို အခ်ဥ္ရည္ ေကာင္းေကာင္းေလးနဲ႔ တြဲစားလို ႔ရပါၿပီရွင္။Credit

Unicode

ဘူးသီးကြော် ကြော်နည်း နဲ့ အချဉ်ရည် စပ်နည်း

ဘူးသီးတွေပေါနေတုန်း ဘူးသီးကြော် ရွရွလေး ကြော်စားကြရအောင်… အချဉ်ရည်ကောင်းကောင်းလေး စပ်နည်းပါ ရေးပေးထားပါတယ်နော်။

ဘူးသီးကြော်

ပထမဆုံး ဘူးသီးလေးတွေကို ကိုယ်ကြိုက်တဲ့ အရှည် လှီးပြီး ရေခြောက်အောင် ထားပေးပါ။ မနက်ကြော်ရင် ညကတည်းက လှီးပြီး ရေစစ်ထားလို့လည်း ရပါတယ်။ မနက်မှ စလုပ်မယ်ဆို နာရီဝက်လောက် နေပူလှန်းထားရင် ပိုကောင်းပါတယ်

မုန့်နှစ်အတွက် ရွှေလိပ်ပြာ အကြော်မှုန့် / ကောက်ညှင်းမှုန့် / ပဲမှုန့် သုံးပါမယ်။ အကြော်မှုန့် ၃ ဆ နဲ့ ကောက်ညှင်းမှုန့်/ပဲမှုန့်ကို ၁ဆ စီရောပါ။ ပြီးရင် ဆား အရသာနဲ့ အရောင်လှအောင် အရောင်တင်မှုန့်ထည့်ပါ။

baking soda ရှိရင် ဇွန်းဖျားလောက်လေး ထည့်ပေးပါ အဲ့ဒါဆို ပိုကြွပ်ပါတယ်/ ကြက်ဥအကာ ထည့်ပေးလည်း ရပါတယ်။ အမှုန့်တွေအကုန်ရောပြီးသွားရင် ရေခဲရေလေးကို ဖြည်းဖြည်းချင်း လောင်းထည့်ပေးပါ။ မုန့်ရည် မပျစ်မကျဲလေး အနေက ကြော်ဖို့ အကောင်းဆုံးပါနော်

မုန့်ရည်လည်း စပ်ပြီးပြီဆိုရင် ခြောက်နေတဲ့ ဘူးသီးလေးတွေကို ဂျုံမှုန့် သို့ ဆန်မှုန့်နဲ့ အရင်လူးပေးပါ ။ အဲ့ဒါဆို ပိုကြော်လို့ ကောင်းပါတယ်။ ပြီးမှ မုန့်ရည်ထဲ နှစ်ပြီး မီးအလယ်လောက်နဲ့ ရွှေအိုရောင်သမ်းတဲ့အထိ ကြော်ပေးပါ။

အချဉ်ရည်

မန်ကျည်းသီးတွေကို ရေပူနဲ့ အရင် စိမ်ထားပါမယ်။ ပြီးရင် ဇကာနဲ့ အနှစ်တိုက်ချပြီး အရည်ပဲယူပါ။ မန်ကျည်းရည်ထဲကို ကြက်သွန်ဖြူ/ ဂျင်းနဲ့ ငရုတ်သီးစိမ်း ရောထောင်းပြီး ထည့်ပါ။

ပြီးရင် ဆားနဲ့ အရသာမှုန့်ထည့်ပြီး ထန်းလျက်ရည် အချိုကြိုက်သလောက် ထည့်ပါ။ ငရုတ်သီးအကျက်မှုန့် ကိုလည်း အစပ်ကြိုက်သလောက် ထည့်ပါ။

ပဲအကျက်မှုန့် ၂ ဇွန်းလောက် ထည့်ပေးပါ။ ပဲမှုန့်လေးက အချဉ်ရည်ရဲ့ အသက်ပါပဲ ထည့်လိုက်ရင် ပျစ်ပျစ်လေး ဖြစ်သွားပြီး ပိုစားလို့ကောင်းပါတယ်နော်။

နောက်ဆုံးအနေနဲ့ နံနံပင်နဲ့ ဂေါ်ဖီထုပ် ပါးပါးလှီးပြီး ပစ်ထည့်လိုက်ပါ။ အခုဆို ဘူးသီးကြော် ပူပူလေးကို အချဉ်ရည် ကောင်းကောင်းလေးနဲ့ တွဲစားလို့ရပါပြီရှင်။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*