ေစ်းေရာင္းေကာင္းျပီး ေအာင္ျမင္ေစမယ့္ လၽွို႔ဝွက္ခ်က္(၁၇) ခ်က္

ေစ်းေရာင္းေကာင္းျပီး ေအာင္ျမင္ေစမယ့္ လၽွို႔ဝွက္ခ်က္(၁၇) ခ်က္
ေစ်းေရာင္းေကာင္းျပီး ေအာင္ျမင္ေစမယ့္ လၽွို႔ဝွက္ခ်က္(၁၇) ခ်က္

ေစ်းေရာင္းေကာင္းျပီး ေအာင္ျမင္ေစမယ့္ လၽွို႔ဝွက္ခ်က္(၁၇) ခ်က္

တခ်ိဳ႕ ေစ်းေရာင္းရင္ ဘာလို႕ အာင္ျမင္တယ္ထင္လဲ.. ဗ်ဴဟာရွိပါတယ္…ဒါေတြကသူတို႔ေရြးခ်ယ္အသုံးျပဳတဲ့နည္းလမ္းေတြပါ

၁ ။ ဆိုင္ေနရာေကာင္းျခင္းဟာ ဆိုင္ႀကီးတာ ငယ္တာထက္ ပိုအေရးႀကီးပါတယ္ ။

၂ ။ ေရာင္းကုန္ရဲ့ အရည္အေသြးဟာ ဆိုင္ေနရာထက္ ပိုအေရးႀကီးေနတတ္ျပန္တယ္ ။

၃ ။ စကားခ်ိဳခ်ိဳသာသာ ေစ်းေရာင္းတတ္ျခင္းဟာ အေရးႀကီးပါတယ္။ ေဖာက္သည္ကို ပိုျမဲေစပါတယ္ ။

၄ ။ အရင္းအႏွီး နည္းတာကို စိုးရိမ္ျခင္းထက္၊ ယုံၾကည္မႈ နည္းတာကို ပိုစိုးရိမ္သင့္ပါတယ္ ။

၅ ။ ဆိုင္ကို လွလွပပ ခင္းက်င္းတတ္ျခင္းဟာ အေရးႀကီးေပမဲ့ နည္းနည္း ရႈပ္ပြေနတဲ့ ဆိုင္ငယ္ကေလးက

ပိုေရာင္းေကာင္းေနတတ္ပါတယ္။ေစ်းခ်ိဳတယ္ဆိုတာကို ဝယ္ယူသူမ်ားက ထင္ျမင္သြားေစလို႔ပါ ။

၆ ။ ဝယ္သူကို ေတာက္ေလၽွာက္လိုက္ကပ္ေနတာမ်ိဳး၊ မဝယ္မခ်င္းတိုက္တြန္းေနတာမ်ိဳး ေရွာင္ၾကဥ္ပါ ။

၇ ။ ပိုက္ဆံ တစ္က်ပ္သုံးနိုင္တဲ့ စားသုံးသူက ပိုက္ဆံ တစ္ရာသုံးနိုင္တဲ့ စားသုံးသူထက္ စီးပြားတက္ဖို႔ ပိုေထာက္ကူတတ္တယ္။ တန္ဖိုး ပိုရွိတယ္ ။

၈ ။ ေငြလည္ပတ္မႈ ျမန္ဆန္ပါေစ ။

၉ ။ စားသုံးသူရဲ့ ေရွ႕မွာ ဆိုင္ဝန္ထမ္းေတြကို ဆဲဆိုအျပစ္တင္ျခင္းဟာ စားသုံးသူကို ေမာင္းထုတ္တာပါ ။

၁၀ ။ နည္းနည္း၊ မ်ားမ်ား လက္ကားေဖာက္သည္ကို အမ်ိဳးလို သေဘာထားပါ ။ တတ္နိုင္သမၽွ သူတို႔ရဲ့ ေတာင္းဆိုခ်က္ကို ျဖည့္ဆည္းေပးပါ ။

၁၁ ။ ေရာင္းကုန္ ပစၥည္း ျပတ္သြားတယ္ဆိုတာ ေဖာက္သည္ကို လ်စ္လ်ဴရႈတာ ၊ ေစာ္ကားတာနဲ႔ အတူတူပဲ ။

၁၂ ။ ေစ်းႏူန္း တစ္ခုတည္း ျဖစ္ပါေစ ၊ တခုခုေၾကာင့္ ေစ်းေလၽွာ့ေရာင္းျခင္းဟာ ရႈပ္ေထြးမူကို ျဖစ္ေစတတ္ပါတယ္ ။ ကတိကို ထိခိုက္နိုင္ေစပါတယ္ ။

၁၃ ။ ဘယ္သူ႔ကိုမွ အတင္းေရာင္းခ်ျခင္း မျပဳလုပ္ပါႏွင့္ ၊ စားသုံးသူ ႀကိဳက္ႏွစ္သက္ေသာ ပစၥည္းကို ေရာင္းခ်ေနတာ မဟုတ္ပါ ။ စားသုံးသူ အက်ိဳးရွိေစတဲ့ ပစၥည္းကို ေရာင္းခ်ေနတာပါ ။

၁၄ ။ စကၠဴ တစ္ရြက္ပဲျဖစ္ျဖစ္ ၊ လက္ေဆာင္ကို လူတိုင္း ႏွစ္သက္တတ္ၾကပါတယ္ ။

၁၅ ။ ကေလးမ်ားဟာ ေက်းဇူးရွင္ပါ ။ စားသုံးသူမ်ားက ကေလးကို ေခၚေဆာင္လာတာပဲ ျဖစ္ျဖစ္၊ကေလးေစ်းလာဝယ္တာပဲ ျဖစ္ျဖစ္ အထူးဂ႐ုစိုက္ေပးပါ ။

( ကေလးကို လႊတ္တာေတာင္ ျဖစ္ကတတ္ဆန္းမလုပ္ဘူး) ဆိုတာ လူေတြသိပါေစ ။

၁၆ ။ အသစ္ထြင္ပါ။ ဝယ္သူကို ဆြဲေဆာင္နိုင္ေအာင္ အျမဲ ႀကိဳးစားပါ။

၁၇ ။ အေရာင္းအဝယ္ ႀကီးႀကီး ေသးေသး အစြမ္းကုန္ ႀကိဳးစားပါ။ ဆိုင္တစ္ခုလုံး ရွင္သန္ေနပါေစ။ဝယ္သူ မ်ားလာေအာင္ ဆြဲေဆာင္နိုင္ၾကပါလိမ့္မယ္။Credit မူရင္း

Unicode

ဈေးရောင်းကောင်းပြီး အောင်မြင်စေမယ့် လျှို့ဝှက်ချက်(၁၇) ချက်

တချို့ ဈေးရောင်းရင် ဘာလို့ အာင်မြင်တယ်ထင်လဲ.. ဗျူဟာရှိပါတယ်…ဒါတွေကသူတို့ရွေးချယ်အသုံးပြုတဲ့နည်းလမ်းတွေပါ

၁ ။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ် ။

၂ ။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ် ။

၃ ။ စကားချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ် ။

၄ ။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ် ။

၅ ။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက

ပိုရောင်းကောင်းနေတတ်ပါတယ်။ဈေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ ။

၆ ။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ ။

၇ ။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ် ။

၈ ။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ ။

၉ ။ စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆိုအပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ ။

၁၀ ။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ ။

၁၁ ။ ရောင်းကုန် ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ ၊ စော်ကားတာနဲ့ အတူတူပဲ ။

၁၂ ။ ဈေးနူန်း တစ်ခုတည်း ဖြစ်ပါစေ ၊ တခုခုကြောင့် ဈေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ် ။ ကတိကို ထိခိုက်နိုင်စေပါတယ် ။

၁၃ ။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့် ၊ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ ။

၁၄ ။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ် ၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြပါတယ် ။

၁၅ ။ ကလေးများဟာ ကျေးဇူးရှင်ပါ ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ကလေးဈေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ ။

( ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်းမလုပ်ဘူး) ဆိုတာ လူတွေသိပါစေ ။

၁၆ ။ အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။

၁၇ ။ အရောင်းအဝယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြပါလိမ့်မယ်။Credit မူရင်း

Be the first to comment

Leave a Reply

Your email address will not be published.


*