ေနအိမ္ဝင္းအတြင္းမွာ ေတာင္ပို႔ေပါက္လွ်င္ ေရွးလူႀကီးသူမတို႔၏အဆိုအမိန္႕ ႏွင့္ မွတ္သားဖြယ္ရာမ်ား

ေနအိမ္ဝင္းအတြင္းမွာ ေတာင္ပို႔ေပါက္လွ်င္ ေရွးလူႀကီးသူမတို႔၏အဆိုအမိန္႕ ႏွင့္ မွတ္သားဖြယ္ရာမ်ား
ေနအိမ္ဝင္းအတြင္းမွာ ေတာင္ပို႔ေပါက္လွ်င္ ေရွးလူႀကီးသူမတို႔၏အဆိုအမိန္႕ ႏွင့္ မွတ္သားဖြယ္ရာမ်ား

ေနအိမ္ဝင္းအတြင္းမွာ ေတာင္ပို႔ေပါက္လွ်င္ ေရွးလူႀကီးသူမတို႔၏အဆိုအမိန္႕ ႏွင့္ မွတ္သားဖြယ္ရာမ်ား

ေရွးလူႀကီးသူမတို႔၏အဆိုအရ ေနအိမ္ဝင္းအတြင္း ေတာင္ပို႔ေပါက္သည္ရွိေသာ္…..ေနအိမ္ဝင္းအတြင္း ေတာင္ပို႔ေပါက္သည့္အခါ တခ်ိဳ႕လူမ်ားကအိမ္ကို ဖ်က္ဆီးမည္ဟု သေဘာထားကာ ေတာင္ပို႔ကိုတူးဆြဖယ္ထုတ္ပစ္လိုက္ၾကသည္။

တခ်ိဳ႕လူမ်ားကေတာ့ ေကာင္းက်ိဳးေပးမည့္အရာဟု သေဘာထားၿပီး ရာဇမတ္ေလးဖက္ေလးတန္ကာ၍ တံခြန္၊ ကုကၠား၊ မုေလးပြားမ်ားစိုက္၊ အေမႊးနံ႔သာမ်ား ပက္ဖ်န္းၾကသည္။ ဖေယာင္းတိုင္၊ အေမႊးတိုင္မ်ားကို အဆက္မျပတ္ထြန္းညႇိ ပူေဇာ္ထားၾကသည္။

ေတာင္ပို႔က တစ္စထက္တစ္စ ျမင့္တက္လာရာ အိမ္ကဆင့္တန္းျဖဳတ္၊ ခင္းထားေသာပ်ဥ္ခ်ပ္မ်ားကို ခြာပစ္ရသည္အထိ ယုံၾကည္ကိုးစားစြာျဖင့္ ႐ိုေသစြာထားၾကသည္ကိုလည္းေတြ႕ဖူးသည္။ ညီငယ္ေလးပမာ ခင္မင္ရေသာ သက္ကိုက သူ၏အိမ္ေအာက္တြင္ေတာင္ပို႔ေပါက္လာသည့္အခါ

အဆိုပါေတာင္ပို႔ကို သည္အတိုင္းပဲထားရမည္လား၊ ေတာင္ပို႔ကို ၿဖိဳခ်ပစ္ရမည္လားဟု ေမးခဲ့ဖူးပါသည္။ မ်ားစြာေသာလူတို႔သည္ အိမ္ထဲ သို႔မဟုတ္ ၿခံဝင္းထဲ၌ ေတာင္ပို႔ေပါက္လာလွ်င္ ေကာင္းသည္ဟု သာထင္မွတ္ၾကေလသည္။

ေရွးလူႀကီးသူမတို႔ကမူေကာင္းက်ိဳး၏ ေရွ႕ေျပးျဖစ္ေသာ ေတာင္ပို႔ေပါက္မႈႏွင့္ မေကာင္းက်ိဳး၏ ေရွ႕ေျပးျဖစ္ေသာေတာင္ပို႔ေပါက္မႈ ဟူ၍ ႏွစ္မ်ိဳးရွိေၾကာင္းဆိုခဲ့ၾကေပသည္။

ေရွးလူႀကီးသူမတို႔သည္အၾကားအျမင္၊ ဗဟုသုတရင့္က်က္ၾကသူမ်ားပီပီ ေနာင္လာေနာက္သားတို ႔ေတာင္ပို႔ေပါက္ျခင္းႏွင့္ပတ္သက္၍ ေကာင္းျခင္း၊ ဆိုးျခင္းကို သိျမင္မွတ္သားလိုက္နာေဆာင္႐ြက္ႏိုင္ေစရန္ ကဗ်ာလကၤာမ်ားစပ္ဆို ထားခဲ့ေပသည္။

၎လကၤာမွာ ၁။အေရွ႕ေတာင္ခြင္၊ ေတာင္ပို႔ထင္၊ မီးလွ်င္ေလာင္တတ္စြ။ ၂။အေနာက္ေပါက္ျငား၊ ေအာက္လူမ်ားနာဖ်ားေဘးဒဏ္ရ။ ၃။ အေနာက္ေတာင္တြင္၊ ေတာင္ပို႔ျမင္၊ သူလွ်င္ ခိုးတတ္လွ။

၄။ ၾကင္းငါးရပ္မွာ ပါက္ေရာက္လာ၊ မွန္စြာခ်မ္းၾကည္ျမ။ ၅မေကာင္းရပ္ေန၊ေပါက္လာေပ၊ေ႐ႊရည္ေလာင္းေလၾက။ ၆။ ဤသို႔ယၾတာ၊ျပဳေသာခါ၊ေရာဂါရန္ကြယ္ဟူ၍ျဖစ္သည္။

အ႒လဂ္ခြင္အရ အရပ္ရွစ္ပါးရွိရာ ၁။ အေရွ႕ေျမာက္အရပ္၊ ၂။ အေရွ႕အရပ္၊ ၃။ အေရွ႕ေတာင္အရပ္၊ ၄။ ေတာင္အရပ္၊ ၅။ အေနာက္ေတာင္အရပ္၊ ၆။ အေနာက္အရပ္၊ ၇။အေနာက္ေျမာက္အရပ္၊ ၈။ ေျမာက္အရပ္ဟူ၍ျဖစ္ေလသည္။

အိမ္အတြင္း၊ ျခံဝင္းအတြင္း ေတာင္ပို႔ေပါက္ေသာအရပ္သည္ မည္သည့္ အရပ္၌ျဖစ္သည္ကို တိက်စြာသတ္မွတ္ရပါမည္။ ေရွးလူႀကီးသူမတို႔မိန႔္ဆိုခဲ့ေသာ ကဗ်ာလကၤာအရ ေတာင္ပို႔ေပါက္ေသာအရပ္သည္ အေရွ႕ေတာင္ေထာင့္အရပ္ျဖစ္ပါက အိမ္ကိုမီးေလာင္တတ္သည္။

အေနာက္အရပ္တြင္ ျဖစ္ပါက လူငယ္လူ႐ြယ္မ်ား နာဖ်ားတတ္သည္။ ေဘးရန္သင့္တတ္သည္။ အေနာက္ေတာင္အရပ္တြင္ျဖစ္ပါက ေနအိမ္တြင္ သူခိုးခိုးခံရတတ္သည္။

က်န္သည့္အရပ္ငါးမ်ိဳးတြင္ေတာင္ပို႔ေပါက္ပါက စည္းစိမ္ဥစၥာႀကီးပြားတိုးတက္ခ်မ္းသာမည္ဟု ဆိုလိုေပသည္။ မေကာင္းေသာအရပ္တြင္ ေတာင္ပို႔ေပါက္လွ်င္ မည္သို႔ျပဳလုပ္ရမည္ကို ေရွးေဗဒကဝိတို႔က ယၾတာထားခဲ့ၾကသည္။

၎ယၾတာမွာ

မိမိအိမ္ ေသာက္ေရအိုးထဲမွ ေရကိုခပ္၍ မေကာင္းေသာေဘးအႏၲရာယ္မ်ား ပေပ်ာက္ပါေစဟု ဆုေတာင္းကာ ေပါက္လာသည့္ေတာင္ပို႔ေပၚသို ႔ေနာက္ျပန္ေလာင္းရေပမည္။

ေနအိမ္(သို႔မဟုတ္) ျခံဝင္းထဲ၌ ေတာင္ပို႔ေပါက္ပါက အမႈမဲ့အမွတ္မဲ့ မေနဘဲေကာင္းက်ိဳးလား၊ မေကာင္းက်ိဳးလားဆိုသည္ကို အထက္ပါ လကၤာအရ ဆန္းစစ္ကာ မေကာင္းက်ိဳးျဖစ္ပါကယၾတာေခ်႐ုံသာရွိပါေတာ့သတည္း။credit

Unicode

နေအိမ်ဝင်းအတွင်းမှာ တောင်ပို့ပေါက်လျှင် ရှေးလူကြီးသူမတို့၏အဆိုအမိန့် နှင့် မှတ်သားဖွယ်ရာများ

ရှေးလူကြီးသူမတို့၏အဆိုအရ နေအိမ်ဝင်းအတွင်း တောင်ပို့ပေါက်သည်ရှိသော်…..နေအိမ်ဝင်းအတွင်း တောင်ပို့ပေါက်သည့်အခါ တချို့လူများကအိမ်ကို ဖျက်ဆီးမည်ဟု သဘောထားကာ တောင်ပို့ကိုတူးဆွဖယ်ထုတ်ပစ်လိုက်ကြသည်။

တချို့လူများကတော့ ကောင်းကျိုးပေးမည့်အရာဟု သဘောထားပြီး ရာဇမတ်လေးဖက်လေးတန်ကာ၍ တံခွန်၊ ကုက္ကား၊ မုလေးပွားများစိုက်၊ အမွှေးနံ့သာများ ပက်ဖျန်းကြသည်။ ဖယောင်းတိုင်၊ အမွှေးတိုင်များကို အဆက်မပြတ်ထွန်းညှိ ပူဇော်ထားကြသည်။

တောင်ပို့က တစ်စထက်တစ်စ မြင့်တက်လာရာ အိမ်ကဆင့်တန်းဖြုတ်၊ ခင်းထားသောပျဉ်ချပ်များကို ခွာပစ်ရသည်အထိ ယုံကြည်ကိုးစားစွာဖြင့် ရိုသေစွာထားကြသည်ကိုလည်းတွေ့ဖူးသည်။ ညီငယ်လေးပမာ ခင်မင်ရသော သက်ကိုက သူ၏အိမ်အောက်တွင်တောင်ပို့ပေါက်လာသည့်အခါ

အဆိုပါတောင်ပို့ကို သည်အတိုင်းပဲထားရမည်လား၊ တောင်ပို့ကို ဖြိုချပစ်ရမည်လားဟု မေးခဲ့ဖူးပါသည်။ များစွာသောလူတို့သည် အိမ်ထဲ သို့မဟုတ် ခြံဝင်းထဲ၌ တောင်ပို့ပေါက်လာလျှင် ကောင်းသည်ဟု သာထင်မှတ်ကြလေသည်။

ရှေးလူကြီးသူမတို့ကမူကောင်းကျိုး၏ ရှေ့ပြေးဖြစ်သော တောင်ပို့ပေါက်မှုနှင့် မကောင်းကျိုး၏ ရှေ့ပြေးဖြစ်သောတောင်ပို့ပေါက်မှု ဟူ၍ နှစ်မျိုးရှိကြောင်းဆိုခဲ့ကြပေသည်။

ရှေးလူကြီးသူမတို့သည်အကြားအမြင်၊ ဗဟုသုတရင့်ကျက်ကြသူများပီပီ နောင်လာနောက်သားတို့တောင်ပို့ပေါက်ခြင်းနှင့်ပတ်သက်၍ ကောင်းခြင်း၊ ဆိုးခြင်းကို သိမြင်မှတ်သားလိုက်နာဆောင်ရွက်နိုင်စေရန် ကဗျာလင်္ကာများစပ်ဆို ထားခဲ့ပေသည်။

၎င်းလင်္ကာမှာ ၁။အရှေ့တောင်ခွင်၊ တောင်ပို့ထင်၊ မီးလျှင်လောင်တတ်စွ။ ၂။အနောက်ပေါက်ငြား၊ အောက်လူများနာဖျားဘေးဒဏ်ရ။ ၃။ အနောက်တောင်တွင်၊ တောင်ပို့မြင်၊ သူလျှင် ခိုးတတ်လှ။

၄။ ကြင်းငါးရပ်မှာ ပါက်ရောက်လာ၊ မှန်စွာချမ်းကြည်မြ။ ၅မကောင်းရပ်နေ၊ပေါက်လာပေ၊ရွှေရည်လောင်းလေကြ။ ၆။ ဤသို့ယတြာ၊ပြုသောခါ၊ရောဂါရန်ကွယ်ဟူ၍ဖြစ်သည်။

အဋ္ဌလဂ်ခွင်အရ အရပ်ရှစ်ပါးရှိရာ ၁။ အရှေ့မြောက်အရပ်၊ ၂။ အရှေ့အရပ်၊ ၃။ အရှေ့တောင်အရပ်၊ ၄။ တောင်အရပ်၊ ၅။ အနောက်တောင်အရပ်၊ ၆။ အနောက်အရပ်၊ ၇။အနောက်မြောက်အရပ်၊ ၈။ မြောက်အရပ်ဟူ၍ဖြစ်လေသည်။

အိမ်အတွင်း၊ ခြံဝင်းအတွင်း တောင်ပို့ပေါက်သောအရပ်သည် မည်သည့် အရပ်၌ဖြစ်သည်ကို တိကျစွာသတ်မှတ်ရပါမည်။ ရှေးလူကြီးသူမတို့မိန့်ဆိုခဲ့သော ကဗျာလင်္ကာအရ တောင်ပို့ပေါက်သောအရပ်သည် အရှေ့တောင်ထောင့်အရပ်ဖြစ်ပါက အိမ်ကိုမီးလောင်တတ်သည်။

အနောက်အရပ်တွင် ဖြစ်ပါက လူငယ်လူရွယ်များ နာဖျားတတ်သည်။ ဘေးရန်သင့်တတ်သည်။ အနောက်တောင်အရပ်တွင်ဖြစ်ပါက နေအိမ်တွင် သူခိုးခိုးခံရတတ်သည်။

ကျန်သည့်အရပ်ငါးမျိုးတွင်တောင်ပို့ပေါက်ပါက စည်းစိမ်ဥစ္စာကြီးပွားတိုးတက်ချမ်းသာမည်ဟု ဆိုလိုပေသည်။ မကောင်းသောအရပ်တွင် တောင်ပို့ပေါက်လျှင် မည်သို့ပြုလုပ်ရမည်ကို ရှေးဗေဒကဝိတို့က ယတြာထားခဲ့ကြသည်။

၎င်းယတြာမှာ

မိမိအိမ် သောက်ရေအိုးထဲမှ ရေကိုခပ်၍ မကောင်းသောဘေးအန္တရာယ်များ ပပျောက်ပါစေဟု ဆုတောင်းကာ ပေါက်လာသည့်တောင်ပို့ပေါ်သို့နောက်ပြန်လောင်းရပေမည်။

နေအိမ်(သို့မဟုတ်) ခြံဝင်းထဲ၌ တောင်ပို့ပေါက်ပါက အမှုမဲ့အမှတ်မဲ့ မနေဘဲကောင်းကျိုးလား၊ မကောင်းကျိုးလားဆိုသည်ကို အထက်ပါ လင်္ကာအရ ဆန်းစစ်ကာ မကောင်းကျိုးဖြစ်ပါကယတြာချေရုံသာရှိပါတော့သတည်း။credit

 

Be the first to comment

Leave a Reply

Your email address will not be published.


*