ရာသီေသြး အေရာင္အမ်ိဳးအစား ကေန သိႏိုင္တဲ့ သင့္ရဲ႕က်န္းမာေရးအေျခအေနမ်ား

ရာသီေသြး အေရာင္အမ်ိဳးအစား ကေန သိႏိုင္တဲ့ သင့္ရဲ႕က်န္းမာေရးအေျခအေနမ်ား
ရာသီေသြး အေရာင္အမ်ိဳးအစား ကေန သိႏိုင္တဲ့ သင့္ရဲ႕က်န္းမာေရးအေျခအေနမ်ား

ရာသီေသြး အေရာင္အမ်ိဳးအစား ကေန သိႏိုင္တဲ့ သင့္ရဲ႕က်န္းမာေရးအေျခအေနမ်ား

အမ်ိဳးသမီးေတြရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးၾကတဲ့အခါ အမ်ားစုက ဓမၼတာလာတဲ့ ကိစၥကို ပြင့္ပြင့္လင္းလင္းမေျပာတတ္ ၾကပါဘူး။ ဒါေပမဲ့ အမ်ိဳးသမီး ေတြအေနနဲ႔ ရာသီေသြး အေျခအေန တစ္ခုခုထူးျခားတာနဲ႔ ကိုယ့္ရဲ႕ က်န္းမာေရးမွာလည္း သက္ေရာက္မႈ ရွိေနတယ္ဆိုတာကို သတိျပဳဆင္ျခင္ဖို႔ လိုပါတယ္။

ဒါေၾကာင့္ ရာသီေသြးဆင္းတာ ဟာရွက္စရာ မဟုတ္သလို ရာသီေသြး အမ်ိဳးအစားအလိုက္ သိႏိုင္တဲ့ က်န္းမာေရး အေျခအေနေတြ အေၾကာင္း ဗဟုသုတ အေနနဲ႔ ေဖာ္ျပ ေပးလိုက္ပါတယ္။

ပန္းေရာင္သမ္းေနရင္

ရာသီေသြးဟာ ပုံမွန္ဆင္းေနက် အေရာင္ထက္ ေသြးအေရာင္ေဖ်ာ့ၿပီး ပန္းေရာင္ဘက္ သမ္းေနတယ္ ဆိုရင္ခႏၶာကိုယ္ထဲမွာ အမေဟာ္မုန္းနည္းလြန္းေန တယ္ဆိုတဲ့ လ ကၡ ဏာပါပဲ။ အဲဒီလို ရာသီေသြးပန္းေရာင္သမ္းတာဟာ

မၾကာခဏျဖစ္တယ္၊ ေသြးအေရာင္ဟာ သိသိသာသာေဖ်ာ့ လာတယ္ ဆိုရင္ အ႐ိုးပြေရာဂါျဖစ္ ႏိုင္ေျခ ရွိ လာ ႏိုင္တယ္ဆိုတာကို သတိျပဳရ မွာျဖစ္ ပါတယ္။ ရာသီေသြးက်ဲလြန္းရင္ေသြးအေရာင္ေဖ်ာ့လြန္းၿပီး

ရာသီေသြးဟာခပ္က်ဲက်ဲ ျဖစ္ေနမယ္ဆိုရင္ အာဟာရ မမွ်တဘူး ဆိုတဲ့လကၡဏာျဖစ္ၿပီးသား အိမ္ကင္ဆာျဖစ္ပြားႏိုင္ေျခရွိလို႔ စိုးရိမ္ရတဲ့ အေျခအေနျဖစ္ ပါတယ္။

ဒါေပမဲ့ အရမ္းႀကီး လည္းစိတ္မပူပါနဲ႔၊သားအိမ္ႁပြန္ကင္ဆာ၊ သားအိမ္ကင္ဆာဟာ တျခားသားဖြားမီးယပ္ ကင္ဆာေရာဂါေတြထက္စာရင္ ျဖစ္ပြားႏိုင္ေျခ ၂ ရာခိုင္ႏႈန္းေလာက္ပဲရွိပါတယ္။ ဒါေၾကာင့္ ဒီလိုအေျခ အေနမ်ိဳးမွာ သားဖြားမီးယပ္ဆရာဝန္နဲ႕ ေသခ်ာျပသၿပီး ကာကြယ္ထားႏိုင္ပါတယ္။

အညိဳရင့္ေရာင္ ေျပာင္းေနရင္

ရာသီေသြးအေရာင္က အညိဳရင့္ေရာင္ျဖစ္ေန တာဟာ လစဥ္ဓမၼတာလာတဲ့အခါ ေသြးကုန္ေအာင္ မဆင္းဘဲသားအိမ္ထဲမွာ အခ်ိန္ၾကာျမင့္စြာ က်န္ေနျခင္းေၾကာင့္ ျဖစ္ပါတယ္။ ဒီအေျခအေနဟာ က်န္းမာေရးအတြက္ဘာမွသိသိသာသာထိခိုက္မႈ

မရွိေပမယ့္အ ရက္ေသာက္လြန္းတဲ့အမ်ိဳးသားေတြ ၊ေဆးလိပ္အလြန္ အကြၽံေသာက္ လြန္းတဲ့အမ်ိဳးသားေတြေခြၽးထြက္ရင္ အရက္နံ႔၊ေဆးလိပ္နံ႔နံသလိုမ်ိဳး ရာသီေသြးက်န္ တဲ့အမ်ိဳးသမီးေတြလည္းအနံ႔အသက္မေကာင္းတဲ့ကိုယ္နံ႔၊ ေခြၽးနံ႔ ေတြထြက္ တတ္လို႔ သတိထားသင့္ပါတယ္။

အနီရင့္ေရာင္ အညစ္အေၾကးေတြပါလာရင္ဒီအေျခအေနကေတာ့ ခႏၶာကိုယ္ထဲမွာ မေဟာ္မုန္းျမင့္ေနတဲ့ လကၡဏာပဲျဖစ္ပါတယ္။တခါတေလ သားအိမ္ထဲမွာ ရာသီေသြးက်န္တဲ့ အခ်ိန္မွာလည္း

ဒီလိုေတြ႕ရ တတ္ ပါ တယ္။ ဒါအျပင္ ေဟာ္မုန္းမညီမွ်ရင္လည္း အဲဒီလိုအညစ္အေၾကးေတြပါ လာတတ္ ပါတယ္။ ဒါေပမဲ့ စိုးရိမ္ရတဲ့ အေျခအေနေတာ့ မဟုတ္ပါဘူး။

ဘယ္ရီသီးရဲ႕ အနီေရာင္လိုျဖစ္ေနရင္

ဒီအေရာင္ကေတာ့ သင့္အေနနဲ႔ က်န္းမာေရးေကာင္းတဲ့ လကၡဏာပါပဲ။ ဒါေပမဲ့ တစ္ေယာက္နဲ႔ တစ္ေယာက္က်န္းမာေရးေကာင္းတဲ့ အေျခအေနက မတူႏိုင္တဲ့အ တြက္သားဖြား မီးယပ္ဆရာဝန္နဲ႔ပုံမွန္ စစ္ေဆးမႈျပဳလုပ္သင့္ပါတယ္။

မီးခိုးေရာင္နဲ႔ အနီေရာင္ေရာေနရင္

ဒီအေရာင္ဟာ အေျခအေန ႏွစ္မ်ိဳးေၾကာင့္ျဖစ္ ႏိုင္ပါတယ္။ ပထမတစ္ခ်က္က သင္ဟာကိုယ္ဝန္ေဆာင္ မိခင္မဟုတ္ဘဲဒီလိုအေရာင္မ်ိဳးရာသီေသြးဆင္းရင္ STD/ STIဆိုတဲ့ လိင္နဲ႔ ပတ္သက္တဲ့ေရာ ဂါပိုးကူးစက္ႏိုင္ေျခရွိေနတဲ့ လကၡဏာျဖစ္ပါတယ္ ။

ေနာက္တစ္ခ်က္ကေတာ့ ကိုယ္ဝန္နဲ႔ ပတ္သက္ၿပီး က်န္းမာေရးအေျခ အေနတစ္ခုခုလြဲေခ်ာ္ေနျခင္း ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ သက္ဆိုင္ရာ ဆရာဝန္နဲ႔ အျမန္ဆုံးျပသသင့္ပါတယ္။

လိေမၼာ္ေရာင္သမ္းေနရင္…

ရာသီေသြးလိေမၼာ္ေရာင္သမ္း တာရွားေတာ့ ရွားတယ္၊ ဒါေပမဲ့ ရာသီေသြး လိေမၼာ္ေရာင္ သမ္းၿပီဆို ရင္ေတာ့ စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနပါတယ္။ STD/STIေရာဂါ ပိုး ကူးစက္ခံေနရတဲ့ လကၡဏာ ပဲျဖစ္ပါတယ္။ ဒါေၾကာင့္မေပါ့ဆသင့္ဘဲ သက္ဆိုင္ ရာေဆး႐ုံ၊ ေဆးခန္းမွာ အျမန္ဆုံး သြားေရာက္ ကုသ သင့္ပါတယ္။

မူရင္းေရးသားသူကို ခရက္ဒစ္ေပးပါသည္။

Unicode

ရာသီသွေး အရောင်အမျိုးအစား ကနေ သိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေများ

အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါ အများစုက ဓမ္မတာလာတဲ့ ကိစ္စကို ပွင့်ပွင့်လင်းလင်းမပြောတတ် ကြပါဘူး။ ဒါပေမဲ့ အမျိုးသမီး တွေအနေနဲ့ ရာသီသွေး အခြေအနေ တစ်ခုခုထူးခြားတာနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးမှာလည်း သက်ရောက်မှု ရှိနေတယ်ဆိုတာကို သတိပြုဆင်ခြင်ဖို့ လိုပါတယ်။

ဒါကြောင့် ရာသီသွေးဆင်းတာ ဟာရှက်စရာ မဟုတ်သလို ရာသီသွေး အမျိုးအစားအလိုက် သိနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေ အကြောင်း ဗဟုသုတ အနေနဲ့ ဖော်ပြ ပေးလိုက်ပါတယ်။

ပန်းရောင်သမ်းနေရင်

ရာသီသွေးဟာ ပုံမှန်ဆင်းနေကျ အရောင်ထက် သွေးအရောင်ဖျော့ပြီး ပန်းရောင်ဘက် သမ်းနေတယ် ဆိုရင်ခန္ဓာကိုယ်ထဲမှာ အမဟော်မုန်းနည်းလွန်းနေ တယ်ဆိုတဲ့ လ က္ခ ဏာပါပဲ။ အဲဒီလို ရာသီသွေးပန်းရောင်သမ်းတာဟာ

မကြာခဏဖြစ်တယ်၊ သွေးအရောင်ဟာ သိသိသာသာဖျော့ လာတယ် ဆိုရင် အရိုးပွရောဂါဖြစ် နိုင်ခြေ ရှိ လာ နိုင်တယ်ဆိုတာကို သတိပြုရ မှာဖြစ် ပါတယ်။ ရာသီသွေးကျဲလွန်းရင်သွေးအရောင်ဖျော့လွန်းပြီး

ရာသီသွေးဟာခပ်ကျဲကျဲ ဖြစ်နေမယ်ဆိုရင် အာဟာရ မမျှတဘူး ဆိုတဲ့လက္ခဏာဖြစ်ပြီးသား အိမ်ကင်ဆာဖြစ်ပွားနိုင်ခြေရှိလို့ စိုးရိမ်ရတဲ့ အခြေအနေဖြစ် ပါတယ်။

ဒါပေမဲ့ အရမ်းကြီး လည်းစိတ်မပူပါနဲ့၊သားအိမ်ပြွန်ကင်ဆာ၊ သားအိမ်ကင်ဆာဟာ တခြားသားဖွားမီးယပ် ကင်ဆာရောဂါတွေထက်စာရင် ဖြစ်ပွားနိုင်ခြေ ၂ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ဒါကြောင့် ဒီလိုအခြေ အနေမျိုးမှာ သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာပြသပြီး ကာကွယ်ထားနိုင်ပါတယ်။

အညိုရင့်ရောင် ပြောင်းနေရင်

ရာသီသွေးအရောင်က အညိုရင့်ရောင်ဖြစ်နေ တာဟာ လစဉ်ဓမ္မတာလာတဲ့အခါ သွေးကုန်အောင် မဆင်းဘဲသားအိမ်ထဲမှာ အချိန်ကြာမြင့်စွာ ကျန်နေခြင်းကြောင့် ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ကျန်းမာရေးအတွက်ဘာမှသိသိသာသာထိခိုက်မှု

မရှိပေမယ့်အ ရက်သောက်လွန်းတဲ့အမျိုးသားတွေ ၊ဆေးလိပ်အလွန် အကျွံသောက် လွန်းတဲ့အမျိုးသားတွေချွေးထွက်ရင် အရက်နံ့၊ဆေးလိပ်နံ့နံသလိုမျိုး ရာသီသွေးကျန် တဲ့အမျိုးသမီးတွေလည်းအနံ့အသက်မကောင်းတဲ့ကိုယ်နံ့၊ ချွေးနံ့ တွေထွက် တတ်လို့ သတိထားသင့်ပါတယ်။

အနီရင့်ရောင် အညစ်အကြေးတွေပါလာရင်ဒီအခြေအနေကတော့ ခန္ဓာကိုယ်ထဲမှာ မဟော်မုန်းမြင့်နေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။တခါတလေ သားအိမ်ထဲမှာ ရာသီသွေးကျန်တဲ့ အချိန်မှာလည်း

ဒီလိုတွေ့ရ တတ် ပါ တယ်။ ဒါအပြင် ဟော်မုန်းမညီမျှရင်လည်း အဲဒီလိုအညစ်အကြေးတွေပါ လာတတ် ပါတယ်။ ဒါပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။

ဘယ်ရီသီးရဲ့ အနီရောင်လိုဖြစ်နေရင်

ဒီအရောင်ကတော့ သင့်အနေနဲ့ ကျန်းမာရေးကောင်းတဲ့ လက္ခဏာပါပဲ။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်ကျန်းမာရေးကောင်းတဲ့ အခြေအနေက မတူနိုင်တဲ့အ တွက်သားဖွား မီးယပ်ဆရာဝန်နဲ့ပုံမှန် စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။

မီးခိုးရောင်နဲ့ အနီရောင်ရောနေရင်

ဒီအရောင်ဟာ အခြေအနေ နှစ်မျိုးကြောင့်ဖြစ် နိုင်ပါတယ်။ ပထမတစ်ချက်က သင်ဟာကိုယ်ဝန်ဆောင် မိခင်မဟုတ်ဘဲဒီလိုအရောင်မျိုးရာသီသွေးဆင်းရင် STD/ STIဆိုတဲ့ လိင်နဲ့ ပတ်သက်တဲ့ရော ဂါပိုးကူးစက်နိုင်ခြေရှိနေတဲ့ လက္ခဏာဖြစ်ပါတယ် ။

နောက်တစ်ချက်ကတော့ ကိုယ်ဝန်နဲ့ ပတ်သက်ပြီး ကျန်းမာရေးအခြေ အနေတစ်ခုခုလွဲချော်နေခြင်း ပဲဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

လိမ္မော်ရောင်သမ်းနေရင်…

ရာသီသွေးလိမ္မော်ရောင်သမ်း တာရှားတော့ ရှားတယ်၊ ဒါပေမဲ့ ရာသီသွေး လိမ္မော်ရောင် သမ်းပြီဆို ရင်တော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ STD/STIရောဂါ ပိုး ကူးစက်ခံနေရတဲ့ လက္ခဏာ ပဲဖြစ်ပါတယ်။ ဒါကြောင့်မပေါ့ဆသင့်ဘဲ သက်ဆိုင် ရာဆေးရုံ၊ ဆေးခန်းမှာ အမြန်ဆုံး သွားရောက် ကုသ သင့်ပါတယ်။

မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*