ေလျဖတ္တဲ့လူနာမ်ားအတြက္ သတင္းေကာင္းေလးပါ…. ေလျဖတ္လွ်င္ ေၾကးသြင္းပါ…တဲ့

ေလျဖတ္တဲ့လူနာမ်ားအတြက္ သတင္းေကာင္းေလးပါ.... ေလျဖတ္လွ်င္ ေၾကးသြင္းပါ...တဲ့
ေလျဖတ္တဲ့လူနာမ်ားအတြက္ သတင္းေကာင္းေလးပါ.... ေလျဖတ္လွ်င္ ေၾကးသြင္းပါ...တဲ့

ေလျဖတ္တဲ့လူနာမ်ားအတြက္ သတင္းေကာင္းေလးပါ…. ေလျဖတ္လွ်င္ ေၾကးသြင္းပါ…တဲ့

ေလျဖတ္ေရာဂါကား ေခတ္စား၍ အျဖစ္မ်ားေနပါသည္။ အသက္(၄၀)ေက်ာ္ က်ား/မ မ်ား အျဖစ္မ်ားေနပါသည္။ စာေရးသူ၏ ဇနီးက အသက္(၆၆)ႏွစ္ ရွိပါၿပီ။ ဝၿဖိဳး၍ က်န္းမာေရး ေကာင္းပါသည္။

သို႔ေသာ္ ယခုႏွစ္ပိုင္းတြင္ ေနပူသြားျဖင္း၊ လူအုပ္ထဲသြားျခင္းမ်ား ျပဳပါက ေခါင္းမူး၊ ေခါင္းကိုက္ ျဖစ္လာပါသည္။ တစ္ခါတစ္ရံ အိမ္နီးခ်င္းဆရာမထံသြား၍ ေသြးခ်ိန္ၾကည့္ပါသည္။ (၁၇၀-၈၀)ခန႔္ ရွိေနတတ္ပါသည္။ “ဘာမွ မျဖစ္ပါ”ဟု ဂ႐ုမစိုက္ခဲ့ပါ။

၁၂-၁-၂၀၁၂ ေန႔ ည(၉း၀၀)နာရီတြင္ စာေရးသူမွာ ရင္က်ပ္ေနသျဖင့္ ေဆး႐ုံသြား၊ ေအာက္စီဂ်င္ရႉရန္ အေၾကာင္းေပၚလာပါသည္။ (၈)မိုင္ေဝးေသာေတာင္တြင္းႀကီး ၿမိဳ႕ေဆး႐ုံသို႔ ကားကေလးျဖင့္ အျမန္သြားရျခင္းပါ။

အလြန္ေအးခ်မ္းေသာ ညျဖစ္ပါသည္။ ဇနီးသည္တြင္ အေပၚအေႏြးထည္ အက်ီ္မပါပါ။ ကားေမာင္းအသြားလမ္းတစ္ဝက္မွာ ရင္က်ပ္သူက ရင္က်ပ္ေကာင္းတုန္း ဇနီးသည္က အေအးပတ္ခါ ေသြးတိုး၍ အန္ပါေတာ့သည္။

ေဆး႐ုံအေရာက္တြင္ ကိုယ္တစ္ျခမ္း (ဘယ္ဘက္)လုံး လႈပ္မရ၊ ေလျဖတ္ပါေတာ့သည္။ စာေရသူအား ေဆး႐ုံလိုက္ပို႔သူမ်ားက ေဆး႐ုံတြင္ ဆရာဝန္၊ ဆရာမမ်ားအားအပ္၍ ေအာက္ဆီဂ်င္ေပးခ်ိန္မွာ ဇနီးသည္အားလည္း ေဆး႐ုံအေရးေပၚခန္းတြင္ ျပသ၍ ေဆး႐ုံတင္ခဲ့ရပါသည္။

ဆရာဝန္ ဆရာမမ်ားက စားေဆး၊ ထိုးေဆးမ်ားျဖင့္ အျမန္ကုသၾကပါသည္။ ေဆး႐ုံတြင္ တစ္ရက္တစ္ညႏွင့္ ေျခလက္မ်ား လႈပ္ရွားႏိုင္ကာ ေနေကာင္းသြားပါသည္။ ေလျဖတ္ျခင္းကို အခ်ိန္မီ ခ်က္ခ်င္းကုသရျခင္း အက်ိဳးေက်းဇူးဟု သိရပါသည္။

သို႔ေသာ္ ဘယ္ဘက္လက္ထုံက်ဥ္ေနပါသည္။ (၇)ရက္ရွိေသာအခါ ရန္ကုန္ၿမိဳ႕ (…) ေဆးခန္းသို႔ အထူးကု ဆရာဝန္သမားေတာ္ႏွင့္ ျပသပါသည္။ ေရာဂါရွာ၍ ေဆးအမ်ိဳးမ်ိဳး (၈)လစာေပး၍ ေနရပ္ျပန္ခဲ့ပါသည္။ လက္ကေတာ့ ထုံက်ဥ္ေနဆဲပါ။ အိမ္ျပန္ေဆးစား၊ အနားယူခ်ိန္မွာပင္ မိတ္ေဆြ ဆရာဦးဝင္း (အၿငိမ္းစား)က လူမာေမးေရာက္လာပါသည္။

ဦးဝင္းက စာေရးသူႏွင့္ ဟိုးမူလတန္း ဆရာျဖစ္သင္တန္း တက္စဥ္ကတည္းက အတူသင္တန္းတက္ခဲ့သူပါ။ ယခု အၿငိမ္းစားယူၿပီးသည့္ လူပ်ိဳႀကီးပါ။ အေထြေထြဗဟုသုတႏွင့္ ျပည့္စုံသူပါ။အိမ္ေထာင္မျပဳတာကလြဲလို႔ အားလုံး ႏွံ႔စပ္သိျမင္သူပါ။

ထို႔ေၾကာင့္ေလျဖတ္ေရာဂါအေၾကာင္းေျပာျပပါသည္။ သူေျပာျပတာကေတာ့ လူတိုင့္း ကိုယ္ခႏၶာတြင္ ေ႐ႊဓာတ္၊ ေငြဓာတ္လိုပါက ေ႐ႊသြင္းကုသရေၾကာင္း ယခု ေလျဖတ္ေရာဂါမွာ ေၾကးဓာတ္လိုအပ္၍ ျဖတ္ရေၾကာင္း။ ထို႔ေၾကာင့္ ေလျဖတ္ပါက ေၾကးဓာတ္သြင္းပုံမွာ ေျခဖဝါး၊ လက္ဖဝါးတို႔တြင္ ေၾကးဇြန္းႏွင့္ အႀကိမ္ႀကိမ္ ပြတ္တိုက္ေပးရေၾကာင္း။

ထိုေၾကးသြင္းနည္းကို လြန္ခဲ့ေသာ အႏွစ္(၃၀)ခန႔္က စာအုပ္တစ္အုပ္တြင္ ဖတ္ဖူးခဲ့၍ မွတ္းသားခဲ့ေၾကာင္း။ သူကိုယ္တိုင္ အသက္(၆၀)ႏွစ္ရွိ ဦးႀကီးတစ္ေယာက္ ေလျဖတ္သည္ကို ေၾကးသြင္းကုသေပးဖူးေၾကာင္း။

ေလျဖတ္သူမွာ ေျခ လက္ လုံး၀ မလႈပ္ႏိုင္ေတာ့ေၾကာင္း၊ မ်က္လုံးသူငယ္အိမ္ပင္ မလည္ေတာ့ေၾကာင္း၊ ယင္းသို႔ျဖစ္ေနစဥ္ ေျခဖဝါးႏွစ္ဖက္လုံးကို ေၾကးဇြန္းျဖင့္ ပြတ္တိုက္ေပးေၾကာင္း၊ လူအလဲအလွယ္ႏွင့္ ဆက္တိုက္ တိုက္ေပးခဲ့ရာ (၄၅)မိနစ္ခန႔္ တိုက္ၿပီးေသာအခါဦးေခါင္းလႈပ္လာေၾကာင္း။

ဆက္လက္ပြတ္တိုက္ေပးခဲ့ရာ မၾကာမီ လူမွန္းသိလာကာ ကုလားထိုင္တြင္ ထိုင္ေပးရေၾကာင္း။ ဆက္လက္၍ အဆက္မျပတ္ ပြတ္တိုက္ေပးခဲ့ရာ မ်ားမၾကာမီ လူမမာက ထမင္းစားလိုေၾကာင္း ေျပာလာသျဖင့္ ထမင္းေကြၽးရပါေၾကာင္း။

ထို႔ေနာက္ ထလမ္းေလွ်ာက္ႏိုင္ကာ လူေကာင္းပကတိကဲ့သို႔ ျဖစ္သြားပါေၾကာင္း။ ထိုဦးႀကီးမွာ ယခုအသက္(၈၀)ႏွင့္ က်န္းမာဝၿဖိဳးလွ်က္ရွိပါေၾကာင္း။ ေနာက္ထပ္လည္း ေလျဖတ္သူ သုံး၊ ေလး ဦးခန႔္ ေၾကးသြင္းကုသေပးခဲ့ရေၾကာင္း၊ ေၾကးဇြန္းႏွင့္ပြတ္တိုက္ရာတြင္ ပထဝီေၾကာႏွင့္ နီးေသာ ေျခဖဝါးကိုသာ မ်ားမ်ားပြတ္ေပးရမည္ျဖစ္ေၾကာင္း ေျပာျပပါသည္။

ဇနီးသည္အားလည္း လက္ထုံက်ဥ္ေနသည္ကို ေၾကးသြင္း ကုသေပးသင့္ေၾကာင္း အႀကံျပဳသျဖင့္ ကုသၾကည့္ရာ လက္အက်ဥ္ေပ်ာက္သြားသျဖင့္ ယခုေၾကးသြင္းနည္းကို ျဖန႔္ေဝလိုက္ပါသည္။

လက္ေတြ႕ကုသကာ ေဆးနည္းေပးေသာ ေတာင္တြင္းႀကီးၿမိဳ႕အနီး ေညာင္ပင္လွ႐ြာမွ ဆရာႀကီးဦးဝင္းအား ေက်းဇူးတင္ပါေၾကာင္း ေဖာ္ျပအပ္ပါသည္။

မူရင္းေရးသားသူကိုေလးစားစြာCredit ေပးပါသည္။

Unicode

လေဖြတ်တဲ့လူနာများအတွက် သတင်းကောင်းလေးပါ…. လေဖြတ်လျှင် ကြေးသွင်းပါ…တဲ့

လေဖြတ်ရောဂါကား ခေတ်စား၍ အဖြစ်များနေပါသည်။ အသက်(၄၀)ကျော် ကျား/မ များ အဖြစ်များနေပါသည်။ စာရေးသူ၏ ဇနီးက အသက်(၆၆)နှစ် ရှိပါပြီ။ ဝဖြိုး၍ ကျန်းမာရေး ကောင်းပါသည်။

သို့သော် ယခုနှစ်ပိုင်းတွင် နေပူသွားဖြင်း၊ လူအုပ်ထဲသွားခြင်းများ ပြုပါက ခေါင်းမူး၊ ခေါင်းကိုက် ဖြစ်လာပါသည်။ တစ်ခါတစ်ရံ အိမ်နီးချင်းဆရာမထံသွား၍ သွေးချိန်ကြည့်ပါသည်။ (၁၇၀-၈၀)ခန့် ရှိနေတတ်ပါသည်။ “ဘာမှ မဖြစ်ပါ”ဟု ဂရုမစိုက်ခဲ့ပါ။

၁၂-၁-၂၀၁၂ နေ့ ည(၉း၀၀)နာရီတွင် စာရေးသူမှာ ရင်ကျပ်နေသဖြင့် ဆေးရုံသွား၊ အောက်စီဂျင်ရှူရန် အကြောင်းပေါ်လာပါသည်။ (၈)မိုင်ဝေးသောတောင်တွင်းကြီး မြို့ဆေးရုံသို့ ကားကလေးဖြင့် အမြန်သွားရခြင်းပါ။

အလွန်အေးချမ်းသော ညဖြစ်ပါသည်။ ဇနီးသည်တွင် အပေါ်အနွေးထည် အကျီ်မပါပါ။ ကားမောင်းအသွားလမ်းတစ်ဝက်မှာ ရင်ကျပ်သူက ရင်ကျပ်ကောင်းတုန်း ဇနီးသည်က အအေးပတ်ခါ သွေးတိုး၍ အန်ပါတော့သည်။

ဆေးရုံအရောက်တွင် ကိုယ်တစ်ခြမ်း (ဘယ်ဘက်)လုံး လှုပ်မရ၊ လေဖြတ်ပါတော့သည်။ စာရေသူအား ဆေးရုံလိုက်ပို့သူများက ဆေးရုံတွင် ဆရာဝန်၊ ဆရာမများအားအပ်၍ အောက်ဆီဂျင်ပေးချိန်မှာ ဇနီးသည်အားလည်း ဆေးရုံအရေးပေါ်ခန်းတွင် ပြသ၍ ဆေးရုံတင်ခဲ့ရပါသည်။

ဆရာဝန် ဆရာမများက စားဆေး၊ ထိုးဆေးများဖြင့် အမြန်ကုသကြပါသည်။ ဆေးရုံတွင် တစ်ရက်တစ်ညနှင့် ခြေလက်များ လှုပ်ရှားနိုင်ကာ နေကောင်းသွားပါသည်။ လေဖြတ်ခြင်းကို အချိန်မီ ချက်ချင်းကုသရခြင်း အကျိုးကျေးဇူးဟု သိရပါသည်။

သို့သော် ဘယ်ဘက်လက်ထုံကျဉ်နေပါသည်။ (၇)ရက်ရှိသောအခါ ရန်ကုန်မြို့ (…) ဆေးခန်းသို့ အထူးကု ဆရာဝန်သမားတော်နှင့် ပြသပါသည်။ ရောဂါရှာ၍ ဆေးအမျိုးမျိုး (၈)လစာပေး၍ နေရပ်ပြန်ခဲ့ပါသည်။ လက်ကတော့ ထုံကျဉ်နေဆဲပါ။ အိမ်ပြန်ဆေးစား၊ အနားယူချိန်မှာပင် မိတ်ဆွေ ဆရာဦးဝင်း (အငြိမ်းစား)က လူမာမေးရောက်လာပါသည်။

ဦးဝင်းက စာရေးသူနှင့် ဟိုးမူလတန်း ဆရာဖြစ်သင်တန်း တက်စဉ်ကတည်းက အတူသင်တန်းတက်ခဲ့သူပါ။ ယခု အငြိမ်းစားယူပြီးသည့် လူပျိုကြီးပါ။ အထွေထွေဗဟုသုတနှင့် ပြည့်စုံသူပါ။အိမ်ထောင်မပြုတာကလွဲလို့ အားလုံး နှံ့စပ်သိမြင်သူပါ။

ထို့ကြောင့်လေဖြတ်ရောဂါအကြောင်းပြောပြပါသည်။ သူပြောပြတာကတော့ လူတိုင့်း ကိုယ်ခန္ဓာတွင် ရွှေဓာတ်၊ ငွေဓာတ်လိုပါက ရွှေသွင်းကုသရကြောင်း ယခု လေဖြတ်ရောဂါမှာ ကြေးဓာတ်လိုအပ်၍ ဖြတ်ရကြောင်း။ ထို့ကြောင့် လေဖြတ်ပါက ကြေးဓာတ်သွင်းပုံမှာ ခြေဖဝါး၊ လက်ဖဝါးတို့တွင် ကြေးဇွန်းနှင့် အကြိမ်ကြိမ် ပွတ်တိုက်ပေးရကြောင်း။

ထိုကြေးသွင်းနည်းကို လွန်ခဲ့သော အနှစ်(၃၀)ခန့်က စာအုပ်တစ်အုပ်တွင် ဖတ်ဖူးခဲ့၍ မှတ်းသားခဲ့ကြောင်း။ သူကိုယ်တိုင် အသက်(၆၀)နှစ်ရှိ ဦးကြီးတစ်ယောက် လေဖြတ်သည်ကို ကြေးသွင်းကုသပေးဖူးကြောင်း။

လေဖြတ်သူမှာ ခြေ လက် လုံး၀ မလှုပ်နိုင်တော့ကြောင်း၊ မျက်လုံးသူငယ်အိမ်ပင် မလည်တော့ကြောင်း၊ ယင်းသို့ဖြစ်နေစဉ် ခြေဖဝါးနှစ်ဖက်လုံးကို ကြေးဇွန်းဖြင့် ပွတ်တိုက်ပေးကြောင်း၊ လူအလဲအလှယ်နှင့် ဆက်တိုက် တိုက်ပေးခဲ့ရာ (၄၅)မိနစ်ခန့် တိုက်ပြီးသောအခါဦးခေါင်းလှုပ်လာကြောင်း။

ဆက်လက်ပွတ်တိုက်ပေးခဲ့ရာ မကြာမီ လူမှန်းသိလာကာ ကုလားထိုင်တွင် ထိုင်ပေးရကြောင်း။ ဆက်လက်၍ အဆက်မပြတ် ပွတ်တိုက်ပေးခဲ့ရာ များမကြာမီ လူမမာက ထမင်းစားလိုကြောင်း ပြောလာသဖြင့် ထမင်းကျွေးရပါကြောင်း။

ထို့နောက် ထလမ်းလျှောက်နိုင်ကာ လူကောင်းပကတိကဲ့သို့ ဖြစ်သွားပါကြောင်း။ ထိုဦးကြီးမှာ ယခုအသက်(၈၀)နှင့် ကျန်းမာဝဖြိုးလျှက်ရှိပါကြောင်း။ နောက်ထပ်လည်း လေဖြတ်သူ သုံး၊ လေး ဦးခန့် ကြေးသွင်းကုသပေးခဲ့ရကြောင်း၊ ကြေးဇွန်းနှင့်ပွတ်တိုက်ရာတွင် ပထဝီကြောနှင့် နီးသော ခြေဖဝါးကိုသာ များများပွတ်ပေးရမည်ဖြစ်ကြောင်း ပြောပြပါသည်။

ဇနီးသည်အားလည်း လက်ထုံကျဉ်နေသည်ကို ကြေးသွင်း ကုသပေးသင့်ကြောင်း အကြံပြုသဖြင့် ကုသကြည့်ရာ လက်အကျဉ်ပျောက်သွားသဖြင့် ယခုကြေးသွင်းနည်းကို ဖြန့်ဝေလိုက်ပါသည်။

လက်တွေ့ကုသကာ ဆေးနည်းပေးသော တောင်တွင်းကြီးမြို့အနီး ညောင်ပင်လှရွာမှ ဆရာကြီးဦးဝင်းအား ကျေးဇူးတင်ပါကြောင်း ဖော်ပြအပ်ပါသည်။

မူရင်းရေးသားသူကိုလေးစားစွာCredit ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*