ဘာေၾကာင့္ ေယာက္်ားအမ်ားစုဟာ မိန္းမေတြရဲ႕စကားကို နားမေထာင္ၾကတာလဲ?

ဘာေၾကာင့္ ေယာက္်ားအမ်ားစုဟာ မိန္းမေတြရဲ႕စကားကို နားမေထာင္ၾကတာလဲ?
ဘာေၾကာင့္ ေယာက္်ားအမ်ားစုဟာ မိန္းမေတြရဲ႕စကားကို နားမေထာင္ၾကတာလဲ?

ဘာေၾကာင့္ ေယာက္်ားအမ်ားစုဟာ မိန္းမေတြရဲ႕စကားကို နားမေထာင္ၾကတာလဲ?

ေယာက္်ားအမ်ားစုဟာ မိန္းမေတြရဲ႕စကားကို ဘာ့ေၾကာင့္ နားမေထာင္ၾကတာလဲဆိုရင္ ဒီအခ်က္ေတြေၾကာင့္ပါ။

၁။ မိန္းမေတြက စကားမ်ားလြန္းတယ္

သိပ္ကို အေျခခံက်တဲ့ အခ်က္က မိန္းမရဲ႕ စကားမ်ားလြန္းတဲ့ အေျခခံဗီဇ ပါပဲ။ “ေက်ာပူတာပဲ ခံႏိုင္မယ္။ နားပူတာေတာ့ မခံႏိုင္ဖူး” ဆိုတဲ့ ေယာက္်ားတို႔ရဲ႕ ဝသီ အတိုင္း သိပ္ကိုမ်ားလြန္းတဲ့ မိန္းမေတြရဲ႕ စကားလုံးေတြဟာ ေယာက္်ားေတြကို နားလွ်ံသြားေစတာ မဆန္းပါဘူး။

၂။ ေယာက္်ားေတြက သိၿပီးသားလို႔ ယူဆတယ္

မိန္းမဘက္က အခ်စ္ေရးအေၾကာင္း ေျပာမလား? အိမ္ေထာင္ေရးအေၾကာင္း ေျပာမလား? နားလည္မႈ? ခြင့္လႊတ္မႈနဲ႔ သစၥာတရား?

ေယာက္်ားအားလုံးနီးပါးက ဒါေတြကို သူတို႔နားလည္ၿပီးသားလို႔ ယူဆၾကပါတယ္။ သင္ေျပာလည္း အပိုလို႔ ယူဆေနတတ္ပါတယ္။

၃။ မိန္းမတို႔ရဲ႕ ျဗစ္ေတာက္ ျဗစ္ေတာက္

မိန္းမေတြဟာ အေၾကာင္းအရာေ ပါင္းစုံကို တစ္ထိုင္တည္းနဲ႔ ေျပာတတ္တဲ့ အက်င့္ ရွိပါတယ္။ တစ္ခါတစ္ရံ သူတို႔ေျပာခ်င္တဲ့ အေၾကာင္းအရာကို သူတို႔ပဲသိၿပီး တစ္ဖက္က ေယာက္်ားေလး နားလည္ေအာင္ မေျပာတတ္ပါဘူး။

အေၾကာင္းအရာေတြ၊ ခံစာမႈေတြကလည္း မ်ားလြန္းတဲ့ အတြက္ လိပ္ပတ္လည္ေအာင္ မေျပာႏိုင္ေတာ့ဘဲ ေယာက္်ားေတြအတြက္ ျဗစ္ေတာက္ျဗစ္ေတာက္ အသြင္အျဖစ္ ေျပာင္းသြားပါတယ္။

၄။ ေယာက္်ားေတြက ခ်ဳပ္ခ်ယ္တာ မႀကိဳက္ဘူး

လူေတြရဲ႕ ပင္ကိုယ္စ႐ိုက္ အရ ေတာ္ေတာ္မ်ားမ်ားဟာ ခ်ဳပ္ခ်ယ္ ေႏွာင္ဖြယ္မႈကို မႀကိဳက္ပါဘူး။ လြတ္လပ္မႈကို လူတိုင္း ျမတ္ႏိုး ၾကပါတယ္။

ဒီထဲမွာမွ ေယာက္်ားေတြဟာ ခ်ဳပ္ခ်ယ္တာ လုံးဝ (လုံးဝ) မႀကိဳက္ဘူး ဆိုတာကို မိန္းမေတြ သိသင့္ပါတယ္။ ၉၀ ရာခိုင္ႏႈန္းေသာ ေယာက္်ားေတြဟာ လြတ္လပ္မႈကို ကိုယ့္သေဘာနဲ႔ ကိုယ္ ရွာေလ့ရွိပါတယ္။

မိန္းမကို ပိုင္တဲ့ေယာက္်ားက ေပၚေပၚတင္တင္ပဲ ခ်ဳပ္ခ်ယ္တာမႀကိဳက္ဘူးလို႔ ေျပာလိမ့္မယ္။ မိန္းမကို မပိုင္တဲ့ေယာက္်ားက သူ႔နည္းသူ႔ဟန္နဲ႔ ခ်ဳပ္ခ်ယ္မႈေတြက လြတ္ေအာင္ ေနလိမ့္မယ္။

၅။ စကားလုံးေတြေအာက္က ဖိအားဒဏ္ေတြ

မိန္းမေတြရဲ႕ ခံစားမႈေတြဟာ သည္းခံရခက္တဲ့ အေနအထားကို ေရာက္လာရင္ ဆိုင္သည္ျဖစ္ေစ၊ မဆိုင္သည္ျဖစ္ေစ အေၾကာင္းအရာေပါင္းစုံကို ေျပာၿပီး အႏိုင္ယူဖို႔ ႀကိဳးစားတတ္ၾကပါတယ္။

ဒါေတြဟာ ေယာက္်ားေတြ အတြက္ကေတာ့ သိပ္ကိုဆိုး႐ြားတဲ့ ဖိအားပါပဲ။ ဒီလိုေျပာေနတာဟာ ေယာက္်ားတစ္ေယာက္ကို နားဝင္ဖို႔ေဝးစြ၊ အနားေနခ်င္ေအာင္ေတာင္ မလုပ္ႏိုင္ပါဘူး။

၆။ ေယာက္်ားေတြရဲ႕ အာ႐ုံစိုက္မႈဟာ ခဏပဲ

မိန္းမေတြ သိသင့္တဲ့ အေရးႀကီးတဲ့ အခ်က္က တစ္ခ်ိဳ႕ေယာက္်ားေတြက စကားနားေထာင္တဲ့ အခါမွာ ခဏပဲအာ႐ုံစူးစိုက္မႈ ရွိပါတယ္။

အထူးသျဖင့္ စိတ္ျမန္တဲ့ေယာက္်ားေတြဟာ မိန္းမေတြရဲ႕ မၿပီးႏိုင္မစီးႏိုင္တဲ့ စကားေတြကို အခ်ိန္အၾကာႀကီး စူးစိုက္ နားမေထာင္ႏိုင္ပါဘူး။

ဒါဟာ မိန္းမေတြကို မခ်စ္လို႔လည္း မဟုတ္ပါဘူး။ ဂ႐ုမစိုက္လို႔လည္း မဟုတ္ပါဘူး။ ဒီအခ်က္ကိုေတာ့ မိန္းမေတြဘက္က နားလည္ေပးသင့္ပါတယ္။

၇။ စိတ္ဝင္စားဖြယ္ေကာင္းေအာင္ ေျပာပါ

မိန္းမေတြရဲ႕ ပင္ကိုယ္အတတ္ပညာထဲမွာ ေယာက္်ားေလးေတြကို ကိုယ့္ဘက္ပါလာေအာင္ ဘယ္လို စည္း႐ုံးရမလဲဆိုတာ မသင္ဘဲလဲ တတ္ပါတယ္။

ေယာက္်ားေတြစိတ္က အေခ်ာ့ႀကိဳက္ပါတယ္။ ေကာင္းေကာင္းေျပာရင္ လက္ခံၿပီး၊ ရွင္းရွင္းေျပာရင္ စိတ္ရွည္ပါတယ္။

ေအာ္ဟစ္ေနတဲ့ မိန္းမကို ဘယ္ေယာက္်ားကမွ စိတ္ထဲ တကယ္မထားပါဘူး။ ဒါေပမယ့္ အေျပာခ်ိဳခ်ိဳနဲ႔ မိန္းမကေတာ့ ကိုယ္ျဖစ္ခ်င္တာမွန္သမွ် ေအးေအးေဆးေဆးနဲ႔ ေျပာျပလို႔ရပါတယ္။

ေနာက္ဆုံး နိဂုံးခ်ဳပ္အေနနဲ႔ကေတာ့ မိန္းကေလးေတြဟာ ကိုယ္ေျပာခ်င္တဲ့ အေၾကာင္းအရာကို ရွင္းရွင္းလင္းလင္းနဲ႔ တစ္ဖက္သား နားဝင္ေစမယ့္ အေနအထားနဲ႔ ေျပာသင့္ပါတယ္။

ကိုယ့္ခံစားခ်က္ကိုလိုက္ၿပီး ေျပာခ်င္တာေတြကို ေျပာခ်င္သလိုေျပာေနရင္ေတာ့ အဆင္ေျပမွာ မဟုတ္ပါဘူး။

ေယာက္်ားေလးေတြကေတာ့ ကိုယ့္ေကာင္မေလး ဘာကိုဆိုလိုခ်င္သလဲ ဆိုတာကိုသာ သိေအာင္ႀကိဳးစားရင္း စိတ္ရွည္ရွည္နဲ႔သာ ေျပာတာေတြကို သည္းခံနားေထာင္ေပးပါ။

Crd

Unicode

ဘာကြောင့် ယောက်ျားအများစုဟာ မိန်းမတွေရဲ့စကားကို နားမထောင်ကြတာလဲ?

ယောက်ျားအများစုဟာ မိန်းမတွေရဲ့စကားကို ဘာ့ကြောင့် နားမထောင်ကြတာလဲဆိုရင် ဒီအချက်တွေကြောင့်ပါ။

၁။ မိန်းမတွေက စကားများလွန်းတယ်

သိပ်ကို အခြေခံကျတဲ့ အချက်က မိန်းမရဲ့ စကားများလွန်းတဲ့ အခြေခံဗီဇ ပါပဲ။ “ကျောပူတာပဲ ခံနိုင်မယ်။ နားပူတာတော့ မခံနိုင်ဖူး” ဆိုတဲ့ ယောက်ျားတို့ရဲ့ ဝသီ အတိုင်း သိပ်ကိုများလွန်းတဲ့ မိန်းမတွေရဲ့ စကားလုံးတွေဟာ ယောက်ျားတွေကို နားလျှံသွားစေတာ မဆန်းပါဘူး။

၂။ ယောက်ျားတွေက သိပြီးသားလို့ ယူဆတယ်

မိန်းမဘက်က အချစ်ရေးအကြောင်း ပြောမလား? အိမ်ထောင်ရေးအကြောင်း ပြောမလား? နားလည်မှု? ခွင့်လွှတ်မှုနဲ့ သစ္စာတရား?

ယောက်ျားအားလုံးနီးပါးက ဒါတွေကို သူတို့နားလည်ပြီးသားလို့ ယူဆကြပါတယ်။ သင်ပြောလည်း အပိုလို့ ယူဆနေတတ်ပါတယ်။

၃။ မိန်းမတို့ရဲ့ ဗြစ်တောက် ဗြစ်တောက်

မိန်းမတွေဟာ အကြောင်းအရာေ ပါင်းစုံကို တစ်ထိုင်တည်းနဲ့ ပြောတတ်တဲ့ အကျင့် ရှိပါတယ်။ တစ်ခါတစ်ရံ သူတို့ပြောချင်တဲ့ အကြောင်းအရာကို သူတို့ပဲသိပြီး တစ်ဖက်က ယောက်ျားလေး နားလည်အောင် မပြောတတ်ပါဘူး။

အကြောင်းအရာတွေ၊ ခံစာမှုတွေကလည်း များလွန်းတဲ့ အတွက် လိပ်ပတ်လည်အောင် မပြောနိုင်တော့ဘဲ ယောက်ျားတွေအတွက် ဗြစ်တောက်ဗြစ်တောက် အသွင်အဖြစ် ပြောင်းသွားပါတယ်။

၄။ ယောက်ျားတွေက ချုပ်ချယ်တာ မကြိုက်ဘူး

လူတွေရဲ့ ပင်ကိုယ်စရိုက် အရ တော်တော်များများဟာ ချုပ်ချယ် နှောင်ဖွယ်မှုကို မကြိုက်ပါဘူး။ လွတ်လပ်မှုကို လူတိုင်း မြတ်နိုး ကြပါတယ်။

ဒီထဲမှာမှ ယောက်ျားတွေဟာ ချုပ်ချယ်တာ လုံးဝ (လုံးဝ) မကြိုက်ဘူး ဆိုတာကို မိန်းမတွေ သိသင့်ပါတယ်။ ၉၀ ရာခိုင်နှုန်းသော ယောက်ျားတွေဟာ လွတ်လပ်မှုကို ကိုယ့်သဘောနဲ့ ကိုယ် ရှာလေ့ရှိပါတယ်။

မိန်းမကို ပိုင်တဲ့ယောက်ျားက ပေါ်ပေါ်တင်တင်ပဲ ချုပ်ချယ်တာမကြိုက်ဘူးလို့ ပြောလိမ့်မယ်။ မိန်းမကို မပိုင်တဲ့ယောက်ျားက သူ့နည်းသူ့ဟန်နဲ့ ချုပ်ချယ်မှုတွေက လွတ်အောင် နေလိမ့်မယ်။

၅။ စကားလုံးတွေအောက်က ဖိအားဒဏ်တွေ

မိန်းမတွေရဲ့ ခံစားမှုတွေဟာ သည်းခံရခက်တဲ့ အနေအထားကို ရောက်လာရင် ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ အကြောင်းအရာပေါင်းစုံကို ပြောပြီး အနိုင်ယူဖို့ ကြိုးစားတတ်ကြပါတယ်။

ဒါတွေဟာ ယောက်ျားတွေ အတွက်ကတော့ သိပ်ကိုဆိုးရွားတဲ့ ဖိအားပါပဲ။ ဒီလိုပြောနေတာဟာ ယောက်ျားတစ်ယောက်ကို နားဝင်ဖို့ဝေးစွ၊ အနားနေချင်အောင်တောင် မလုပ်နိုင်ပါဘူး။

၆။ ယောက်ျားတွေရဲ့ အာရုံစိုက်မှုဟာ ခဏပဲ

မိန်းမတွေ သိသင့်တဲ့ အရေးကြီးတဲ့ အချက်က တစ်ချို့ယောက်ျားတွေက စကားနားထောင်တဲ့ အခါမှာ ခဏပဲအာရုံစူးစိုက်မှု ရှိပါတယ်။

အထူးသဖြင့် စိတ်မြန်တဲ့ယောက်ျားတွေဟာ မိန်းမတွေရဲ့ မပြီးနိုင်မစီးနိုင်တဲ့ စကားတွေကို အချိန်အကြာကြီး စူးစိုက် နားမထောင်နိုင်ပါဘူး။

ဒါဟာ မိန်းမတွေကို မချစ်လို့လည်း မဟုတ်ပါဘူး။ ဂရုမစိုက်လို့လည်း မဟုတ်ပါဘူး။ ဒီအချက်ကိုတော့ မိန်းမတွေဘက်က နားလည်ပေးသင့်ပါတယ်။

၇။ စိတ်ဝင်စားဖွယ်ကောင်းအောင် ပြောပါ

မိန်းမတွေရဲ့ ပင်ကိုယ်အတတ်ပညာထဲမှာ ယောက်ျားလေးတွေကို ကိုယ့်ဘက်ပါလာအောင် ဘယ်လို စည်းရုံးရမလဲဆိုတာ မသင်ဘဲလဲ တတ်ပါတယ်။

ယောက်ျားတွေစိတ်က အချော့ကြိုက်ပါတယ်။ ကောင်းကောင်းပြောရင် လက်ခံပြီး၊ ရှင်းရှင်းပြောရင် စိတ်ရှည်ပါတယ်။

အော်ဟစ်နေတဲ့ မိန်းမကို ဘယ်ယောက်ျားကမှ စိတ်ထဲ တကယ်မထားပါဘူး။ ဒါပေမယ့် အပြောချိုချိုနဲ့ မိန်းမကတော့ ကိုယ်ဖြစ်ချင်တာမှန်သမျှ အေးအေးဆေးဆေးနဲ့ ပြောပြလို့ရပါတယ်။

နောက်ဆုံး နိဂုံးချုပ်အနေနဲ့ကတော့ မိန်းကလေးတွေဟာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ရှင်းရှင်းလင်းလင်းနဲ့ တစ်ဖက်သား နားဝင်စေမယ့် အနေအထားနဲ့ ပြောသင့်ပါတယ်။

ကိုယ့်ခံစားချက်ကိုလိုက်ပြီး ပြောချင်တာတွေကို ပြောချင်သလိုပြောနေရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

ယောက်ျားလေးတွေကတော့ ကိုယ့်ကောင်မလေး ဘာကိုဆိုလိုချင်သလဲ ဆိုတာကိုသာ သိအောင်ကြိုးစားရင်း စိတ်ရှည်ရှည်နဲ့သာ ပြောတာတွေကို သည်းခံနားထောင်ပေးပါ။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*