ျမန္မာႏိုင္ငံ၏ အလယ္ဗဟိုခ်က္မ တည္ရွိရာ ေနရာ

ျမန္မာႏိုင္ငံ၏ အလယ္ဗဟိုခ်က္မ တည္ရွိရာ ေနရာ
ျမန္မာႏိုင္ငံ၏ အလယ္ဗဟိုခ်က္မ တည္ရွိရာ ေနရာ

ျမန္မာႏိုင္ငံ၏ အလယ္ဗဟိုခ်က္မ တည္ရွိရာ ေနရာ

ျမန္မာႏိုင္ငံ အလယ္ဗဟိုခ်က္မ တည္ရွိရာ ေနရာသည္ ျမန္မာႏိုင္ငံ အလယ္ပိုင္း၊ မႏၲေလးတိုင္း၊ ေက်ာက္ဆည္ခ႐ိုင္၊ ျမစ္သားၿမိဳ႕နယ္၊ ကူမဲၿမိဳ႕ ျမသုခ႐ြာ အနီးရွိ ျပကၡေ႐ြ ေတာင္ေပၚတြင္ တည္ရွိသည္။

ကမာၻ႔ တည္ေနရာျပ စနစ္ (GPS) တိုင္းတာခ်က္ အရ ေျမာက္လတၱီတြဒ္ ၂၁ ဒီဂရီ ၁၂.၆၉၅ မိနစ္၊ အေရွ႕ ေလာင္ဂ်ီတြဒ္ ၉၆ ဒီဂရီ ၁၄.၇၅၉ မိနစ္တြင္ တည္ရွိ သည္။

ျမန္မာႏိုင္ငံ အလယ္ဗဟို ခ်က္မ အမွတ္အသား ေက်ာက္တိုင္ တစ္ခုကို ျမန္မာႏိုင္ငံ ေျမတိုင္းအဖြဲ႕မွ စိုက္ထူ ထားသည္။

ျပကၡေ႐ြ႕ေတာင္ေပၚရွိ ျပကၡေ႐ြ ေစတီေတာ္ အနီးတြင္ ေတြ႕ႏိုင္ ပါသည္။ ျပကၡေ႐ြ႕ ေတာင္သည္ ၃၇၅ဝ ေပ ျမင့္သည္။ ေတာင္ထိပ္ ေပၚတြင္ အေနာ္ရထာမင္း တည္ထား ကိုးကြယ္ ခဲ့ေသာ သမိုင္းဝင္ ေရွးေဟာင္း ေစတီ တည္ရွိသည္။

ပုဂံ အေနာ္ရထာမင္းသည္ ဗုဒၶျမတ္စြာ စြယ္ေတာ္ပြား မ်ားကို ပုဂံ တန႔္ၾကည္ေတာင္၊ တူ႐ြင္းေတာင္၊ ေလာကနႏၵာႏွင့္ ေ႐ႊစည္းခုံ ေစတီေတာ္ တို႔တြင္

ဌာပနာထား တည္ခဲ့ၿပီး ေနာက္ဆုံး ပၪၥမေျမာက္ စြယ္ေတာ္ပြားကို ျမစ္သားၿမိဳ႕ အေရွ႕ေတာင္ဘက္ ျပကၡေ႐ြ႕ ေတာင္ေပၚရွိ ျပကၡေ႐ြ႕ ေစတီေတာ္မွာ ဌာပနာ ထားခဲ့ ေလသည္။

အေနာ္ရထာမင္း လက္ထက္တြင္ ေက်ာက္ဆည္ ခ႐ိုင္ရွိ ျပကၡေ႐ြေတာင္၊ ကယြတ္ေတာင္ တို႔မွက်ေသာ ေရကို အထပ္ထပ္ စစ္ကာ ေရေသာက္ကန္ ျပဳလုပ္ ခဲ့ေၾကာင္း

သမိုင္း အေထာက္အထား မ်ား အရ ေတြ႕ရွိ ရေပသည္။ ထိုေစတီ ကိုလည္း ျပကၡေ႐ြ႕ မဟာစြယ္ေတာ္ေစတီ ဟု ယေန႔တိုင္ ေခၚေလ သည္။

Credit : Myat Ko Thwin

Unicode

မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်မ တည်ရှိရာ နေရာ

မြန်မာနိုင်ငံ အလယ်ဗဟိုချက်မ တည်ရှိရာ နေရာသည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ မြသုခရွာ အနီးရှိ ပြက္ခရွေ တောင်ပေါ်တွင် တည်ရှိသည်။

ကမ္ဘာ့ တည်နေရာပြ စနစ် (GPS) တိုင်းတာချက် အရ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂.၆၉၅ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၄.၇၅၉ မိနစ်တွင် တည်ရှိ သည်။

မြန်မာနိုင်ငံ အလယ်ဗဟို ချက်မ အမှတ်အသား ကျောက်တိုင် တစ်ခုကို မြန်မာနိုင်ငံ မြေတိုင်းအဖွဲ့မှ စိုက်ထူ ထားသည်။

ပြက္ခရွေ့တောင်ပေါ်ရှိ ပြက္ခရွေ စေတီတော် အနီးတွင် တွေ့နိုင် ပါသည်။ ပြက္ခရွေ့ တောင်သည် ၃၇၅ဝ ပေ မြင့်သည်။ တောင်ထိပ် ပေါ်တွင် အနော်ရထာမင်း တည်ထား ကိုးကွယ် ခဲ့သော သမိုင်းဝင် ရှေးဟောင်း စေတီ တည်ရှိသည်။

ပုဂံ အနော်ရထာမင်းသည် ဗုဒ္ဓမြတ်စွာ စွယ်တော်ပွား များကို ပုဂံ တန့်ကြည်တောင်၊ တူရွင်းတောင်၊ လောကနန္ဒာနှင့် ရွှေစည်းခုံ စေတီတော် တို့တွင်

ဌာပနာထား တည်ခဲ့ပြီး နောက်ဆုံး ပဉ္စမမြောက် စွယ်တော်ပွားကို မြစ်သားမြို့ အရှေ့တောင်ဘက် ပြက္ခရွေ့ တောင်ပေါ်ရှိ ပြက္ခရွေ့ စေတီတော်မှာ ဌာပနာ ထားခဲ့ လေသည်။

အနော်ရထာမင်း လက်ထက်တွင် ကျောက်ဆည် ခရိုင်ရှိ ပြက္ခရွေတောင်၊ ကယွတ်တောင် တို့မှကျသော ရေကို အထပ်ထပ် စစ်ကာ ရေသောက်ကန် ပြုလုပ် ခဲ့ကြောင်း

သမိုင်း အထောက်အထား များ အရ တွေ့ရှိ ရပေသည်။ ထိုစေတီ ကိုလည်း ပြက္ခရွေ့ မဟာစွယ်တော်စေတီ ဟု ယနေ့တိုင် ခေါ်လေ သည်။

Credit : Myat Ko Thwin

Be the first to comment

Leave a Reply

Your email address will not be published.


*