“ကိုယ္ပိုင္အလုပ္ လုပ္ႏိုင္ေအာင္ အရင္ႀကိဳးစားပါ”

"ကိုယ္ပိုင္အလုပ္ လုပ္ႏိုင္ေအာင္ အရင္ႀကိဳးစားပါ"
"ကိုယ္ပိုင္အလုပ္ လုပ္ႏိုင္ေအာင္ အရင္ႀကိဳးစားပါ"

“ကိုယ္ပိုင္အလုပ္ လုပ္ႏိုင္ေအာင္ အရင္ႀကိဳးစားပါ”

ကြၽန္ေတာ္တို႔ေတြ ဘာလို႔မခ်မ္းသာၾကတာလည္း ဆိုတာကိုဒီတစ္ခါ အတူတူေလ့လာၾကည့္ရေအာင္ပါ။ လူတိုင္းက ဘဝမွာ ခ်မ္းသာခ်င္ၾကတဲ့ သူေတြခ်ည္းပါပဲ။ မိတ္ေဆြတို႔အေနနဲ႔ မယုံဘူးဆိုရင္ လူေတြကို လိုက္ေမးၾကည့္လိုက္ပါ။

“၉၉ ” ရာခိုင္ႏႈန္းဟာ ခ်မ္းသာခ်င္ၾကတဲ့ သူေတြႀကီးပါပဲ။ ဒီလိုခ်မ္းသာခ်င္တဲ့ စိတ္ဆႏၵေလးရွိေန႐ုံနဲ႔ တကယ္ခ်မ္းသာသြားမယ္ ဆိုရင္ မိတ္ေဆြတို႔အေနနဲ႔ ဆင္းရဲသားဆိုတာကို ျပတိုက္ထဲမွာ သြားၾကည့္ရမဲ့အေနအထားေတြ ျဖစ္သြားပါလိမ့္မယ္။

ဒီေလာက္ဆိုရင္ မိတ္ေဆြတို႔ သေဘာေပါက္မွာပါ။ ကြၽန္ေတာ့တို႔မွာခ်မ္းသာခ်င္တဲ့ ဆႏၵေလးတစ္ခုရွိေန႐ုံနဲ႔ မၿပီးေသးဘူး ဆိုတာကို။ ကြၽန္ေတာ္တို႔က ခ်မ္းသာခ်င္ၾကတယ္။ ဒါေပမယ့္ မခ်မ္းသာၾကဘူး။

ဘာေၾကာင့္လဲ

ကြၽန္ေတာ္တို႔က ေငြေၾကးနဲ႔ ပတ္သက္လာရင္ကိုယ့္ ပမာဏကို ကိုယ္ဘယ္လိုသုံးရမယ္ဆိုနားမလည္ၾကလို႔ပါ။ ေငြကိုတာကို ေကာင္းေကာင္း သေဘာမေပါက္ၾကဘူးေပါ့။ တစ္နည္းေျပာရင္ ေငြေၾကး စီမံခန္ခြဲမႈ႕ ညံ့ဖ်င္းတာပါ။

ဒီထက္ပိုဆိုးဝါးတာက လူအမ်ားစုဟာလက္ေတြ႕မက်တဲ့ စိတ္ကူးထဲက ဘဝမွာ ေပ်ာ္ေနၾကတာပါ။ ေနာက္တစ္ခုက အဆင့္ကိုေက်ာ္ၿပီး ေတြးလိုက္တာပါ။ ဒါကဘာလည္းဆိုေတာ့ လက္ရွိကိုယ္လုပ္ေနတဲ့ အလုပ္ကိုေမ့ၿပီးအျခားနယ္ပယ္တစ္ခုမွာ အေတြးလြန္ေနခ်င္းပါ။

ဥပမာ – ကိုယ္က လခစားအလုပ္သမား တစ္ေယာက္ပဲဆိုပါေတာ့ ဒါဆိုရင္ အရင္ဦးဆုံး စဥ္းစားရမွာက ခ်မ္းသာဖို႔ မဟုတ္ပါဘူး။ ဒီလိုအလုပ္သမား ဘဝက လြတ္ေျမာက္ဖို႔ စဥ္းစားရမွာပါ။

သူတစ္ပါးရဲ႕ လစာနဲ႔ ခ်မ္းသာဖို႔ စဥ္းစားတာကေတာ့ ေစာလြန္းပါတယ္။ ဒါေၾကာင့္ ကိုယ္ပိုင္ အလုပ္တစ္ခု စတင္ဖို႔ကို ပထမအဆင့္ အေနနဲ႔ စဥ္းစားပါ ႀကိဳးစားပါ။ ၿပီးမွ ခ်မ္းသာဖို႔ အတြက္ ထပ္စဥ္းစားၿပီး နည္းလမ္း အသစ္ကိုရွာပါ။

ဒီေနရာမွာ တစ္ခုေျပာခ်င္တာက အလုပ္တစ္ခုကို စတင္တဲ့ေနရာမွာ ႀကီးက်ယ္ၿပီး ခန္းနားထည္ဝါေနဖို႔မလိုပါဘူး။ ကိုယ္နဲ႔ ကိုက္ညီၿပီး နည္းစနစ္က်ဖိုကသာ အဓိကပါ။

ဒီလို စတင္တဲ့ အခ်ိန္မွာ ကိုယ္ကိုယ္တိုင္ကလည္း ကိုယ္စြမ္း ဉာဏ္စြမ္းရွိၿပီး ႀကိဳးစားအားထုတ္မႈ႕ရွိမွျဖစ္မွာပါ။ ဒီလိုမွမဟုတ္ပဲ ငါေတာ့လုပ္တာပဲေလ ျဖစ္တာမျဖစ္တာက ကံၾကမၼာပါဆိုၿပီး ကံကိုပဲ ယိုးမယ္ဖြဲ႕ေနလို႔မရပါဘူး။

ကံေကာင္းလို႔ဆိုၿပီး ထိုင္ေနရင္း ေရွ႕မွာ ေ႐ႊအိုးႀကီး ေပၚလာတယ္ ဆိုတာကေတာ့ ေရွးေရွးတုန္းက သာဓကေတြနဲ႔ စိတ္ကူးယဥ္ဆန္ဆန္ ဒဏ္႑ာရီပုံျပင္ေတြထဲမွာပဲရွိခဲ့တာပါ။ လက္ရွိ မ်က္ေမွာက္ေခတ္မွာေတာ့ ဒီလိုျဖစ္လာဖို႔ဆိုတာ အိမ္မက္ထဲမွာေတာင္ တကယ္ခဲယဥ္းပါတယ္။

ဒါေၾကာင့္ စိတ္ကူးယဥ္မေနပဲ လက္ရွိအခ်ိန္ေတြကိုရင္ဆိုင္ႏိုင္ေအာင္ ႀကိဳးစားပါ။ မိတ္ေဆြတို႔ အေနနဲ႔ အခ်ိန္ရဲ႕ တိုက္စားမႈ႕ကို ခံႏိုင္ရည္မရွိဘဲ စိတ္ပ်က္ ဇြဲေလွ်ာ့လိုက္ျခင္းဟာလည္းကံေကာင္းျခင္းေတြကို ျငင္းပယ္လိုက္တာမ်ိဳး ျဖစ္သြားႏိုင္ပါတယ္။

ဒါေၾကာင့္ စိတ္ရွည္သည္းခံဖို႔လည္း လိုပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အဓိက အားနည္းခ်က္က ဘာလဲဆိုေတာ့ လူတိုင္းက နက္ျပည္ေရာက္ခ်င္ၾကတယ္။ ခက္ေနတာ တစ္ခုကဘယ္သူကမွ မေသခ်င္ၾကတာပါ။

ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕မခ်မ္းသာရျခင္း အေၾကာင္းက ဒါပါပဲ။ ပါးစပ္က ခ်မ္းသာခ်င္တယ္ ခ်မ္းသာခ်င္တယ္ဆိုတာပဲ ေျပာေနၾကတယ္။ ကိုယ္ကိုယ္တိုင္လည္း ႀကိဳးစား အားထုတ္မႈ႕မရွိဘူး။ ဒီၾကားထဲ သူတို႔က မနက္မိုးလင္းလို႔ အိမ္သာတတ္ရင္ေ႐ႊထြက္ခ်င္ၾကတယ္။ ဒီလို အေတြးေတြေၾကာင့္ ကြၽန္ေတာ္တို႔ကမခ်မ္းသာၾကရတာပါ။

ဒါေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔ သူတစ္ပါးကိုေမးခြန္းထုတ္ေနမယ့္ အစား ကိုယ့္ကိုယ္ကို ေမးခြန္းထုတ္ၿပီး ေျပာင္းလဲသင့္တဲ့ အမူအက်င့္ေတြကို ျပဳျပင္ ေျပာင္းလဲလိုက္ရင္ ကံေကာင္းျခင္းဟာကြၽန္ေတာ္တို႔ရဲ႕ ေရွ႕တည့္တည့္မွာ ရပ္ေစာင့္ေနမွာပါ။

(credit)

Unicode

“ကိုယ်ပိုင်အလုပ် လုပ်နိုင်အောင် အရင်ကြိုးစားပါ”

ကျွန်တော်တို့တွေ ဘာလို့မချမ်းသာကြတာလည်း ဆိုတာကိုဒီတစ်ခါ အတူတူလေ့လာကြည့်ရအောင်ပါ။ လူတိုင်းက ဘဝမှာ ချမ်းသာချင်ကြတဲ့ သူတွေချည်းပါပဲ။ မိတ်ဆွေတို့အနေနဲ့ မယုံဘူးဆိုရင် လူတွေကို လိုက်မေးကြည့်လိုက်ပါ။

“၉၉ ” ရာခိုင်နှုန်းဟာ ချမ်းသာချင်ကြတဲ့ သူတွေကြီးပါပဲ။ ဒီလိုချမ်းသာချင်တဲ့ စိတ်ဆန္ဒလေးရှိနေရုံနဲ့ တကယ်ချမ်းသာသွားမယ် ဆိုရင် မိတ်ဆွေတို့အနေနဲ့ ဆင်းရဲသားဆိုတာကို ပြတိုက်ထဲမှာ သွားကြည့်ရမဲ့အနေအထားတွေ ဖြစ်သွားပါလိမ့်မယ်။

ဒီလောက်ဆိုရင် မိတ်ဆွေတို့ သဘောပေါက်မှာပါ။ ကျွန်တော့တို့မှာချမ်းသာချင်တဲ့ ဆန္ဒလေးတစ်ခုရှိနေရုံနဲ့ မပြီးသေးဘူး ဆိုတာကို။ ကျွန်တော်တို့က ချမ်းသာချင်ကြတယ်။ ဒါပေမယ့် မချမ်းသာကြဘူး။

ဘာကြောင့်လဲ

ကျွန်တော်တို့က ငွေကြေးနဲ့ ပတ်သက်လာရင်ကိုယ့် ပမာဏကို ကိုယ်ဘယ်လိုသုံးရမယ်ဆိုနားမလည်ကြလို့ပါ။ ငွေကိုတာကို ကောင်းကောင်း သဘောမပေါက်ကြဘူးပေါ့။ တစ်နည်းပြောရင် ငွေကြေး စီမံခန်ခွဲမှု့ ညံ့ဖျင်းတာပါ။

ဒီထက်ပိုဆိုးဝါးတာက လူအများစုဟာလက်တွေ့မကျတဲ့ စိတ်ကူးထဲက ဘဝမှာ ပျော်နေကြတာပါ။ နောက်တစ်ခုက အဆင့်ကိုကျော်ပြီး တွေးလိုက်တာပါ။ ဒါကဘာလည်းဆိုတော့ လက်ရှိကိုယ်လုပ်နေတဲ့ အလုပ်ကိုမေ့ပြီးအခြားနယ်ပယ်တစ်ခုမှာ အတွေးလွန်နေချင်းပါ။

ဥပမာ – ကိုယ်က လခစားအလုပ်သမား တစ်ယောက်ပဲဆိုပါတော့ ဒါဆိုရင် အရင်ဦးဆုံး စဉ်းစားရမှာက ချမ်းသာဖို့ မဟုတ်ပါဘူး။ ဒီလိုအလုပ်သမား ဘဝက လွတ်မြောက်ဖို့ စဉ်းစားရမှာပါ။

သူတစ်ပါးရဲ့ လစာနဲ့ ချမ်းသာဖို့ စဉ်းစားတာကတော့ စောလွန်းပါတယ်။ ဒါကြောင့် ကိုယ်ပိုင် အလုပ်တစ်ခု စတင်ဖို့ကို ပထမအဆင့် အနေနဲ့ စဉ်းစားပါ ကြိုးစားပါ။ ပြီးမှ ချမ်းသာဖို့ အတွက် ထပ်စဉ်းစားပြီး နည်းလမ်း အသစ်ကိုရှာပါ။

ဒီနေရာမှာ တစ်ခုပြောချင်တာက အလုပ်တစ်ခုကို စတင်တဲ့နေရာမှာ ကြီးကျယ်ပြီး ခန်းနားထည်ဝါနေဖို့မလိုပါဘူး။ ကိုယ်နဲ့ ကိုက်ညီပြီး နည်းစနစ်ကျဖိုကသာ အဓိကပါ။

ဒီလို စတင်တဲ့ အချိန်မှာ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိပြီး ကြိုးစားအားထုတ်မှု့ရှိမှဖြစ်မှာပါ။ ဒီလိုမှမဟုတ်ပဲ ငါတော့လုပ်တာပဲလေ ဖြစ်တာမဖြစ်တာက ကံကြမ္မာပါဆိုပြီး ကံကိုပဲ ယိုးမယ်ဖွဲ့နေလို့မရပါဘူး။

ကံကောင်းလို့ဆိုပြီး ထိုင်နေရင်း ရှေ့မှာ ရွှေအိုးကြီး ပေါ်လာတယ် ဆိုတာကတော့ ရှေးရှေးတုန်းက သာဓကတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ဒဏ်ဏ္ဍာရီပုံပြင်တွေထဲမှာပဲရှိခဲ့တာပါ။ လက်ရှိ မျက်မှောက်ခေတ်မှာတော့ ဒီလိုဖြစ်လာဖို့ဆိုတာ အိမ်မက်ထဲမှာတောင် တကယ်ခဲယဉ်းပါတယ်။

ဒါကြောင့် စိတ်ကူးယဉ်မနေပဲ လက်ရှိအချိန်တွေကိုရင်ဆိုင်နိုင်အောင် ကြိုးစားပါ။ မိတ်ဆွေတို့ အနေနဲ့ အချိန်ရဲ့ တိုက်စားမှု့ကို ခံနိုင်ရည်မရှိဘဲ စိတ်ပျက် ဇွဲလျှော့လိုက်ခြင်းဟာလည်းကံကောင်းခြင်းတွေကို ငြင်းပယ်လိုက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် စိတ်ရှည်သည်းခံဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက အားနည်းချက်က ဘာလဲဆိုတော့ လူတိုင်းက နက်ပြည်ရောက်ချင်ကြတယ်။ ခက်နေတာ တစ်ခုကဘယ်သူကမှ မသေချင်ကြတာပါ။

ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့မချမ်းသာရခြင်း အကြောင်းက ဒါပါပဲ။ ပါးစပ်က ချမ်းသာချင်တယ် ချမ်းသာချင်တယ်ဆိုတာပဲ ပြောနေကြတယ်။ ကိုယ်ကိုယ်တိုင်လည်း ကြိုးစား အားထုတ်မှု့မရှိဘူး။ ဒီကြားထဲ သူတို့က မနက်မိုးလင်းလို့ အိမ်သာတတ်ရင်ရွှေထွက်ချင်ကြတယ်။ ဒီလို အတွေးတွေကြောင့် ကျွန်တော်တို့ကမချမ်းသာကြရတာပါ။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူတစ်ပါးကိုမေးခွန်းထုတ်နေမယ့် အစား ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပြီး ပြောင်းလဲသင့်တဲ့ အမူအကျင့်တွေကို ပြုပြင် ပြောင်းလဲလိုက်ရင် ကံကောင်းခြင်းဟာကျွန်တော်တို့ရဲ့ ရှေ့တည့်တည့်မှာ ရပ်စောင့်နေမှာပါ။

(credit)

Be the first to comment

Leave a Reply

Your email address will not be published.


*