ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုတခုျဖစ္ဖို႕ တျခားသူမ်ားကိုလည္း ေတြးပူတတ္ဘို႔ လိုအပ္ပါတယ္

ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုတခုျဖစ္ဖို႕ တျခားသူမ်ားကိုလည္း ေတြးပူတတ္ဘို႔ လိုအပ္ပါတယ္
ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုတခုျဖစ္ဖို႕ တျခားသူမ်ားကိုလည္း ေတြးပူတတ္ဘို႔ လိုအပ္ပါတယ္

ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုတခုျဖစ္ဖို႕ တျခားသူမ်ားကိုလည္း ေတြးပူတတ္ဘို႔ လိုအပ္ပါတယ္

တခါက မိသားစု တစ္စုဟာ ေလွတစ္စင္းနဲ႔ ခရီး ထြက္လာတယ္။ အေဖျဖစ္သူက ေရွ႕မွာ အားရပါးရေလွာ္။ အေမက လိုရာေရာက္ဘို႔ ေနာက္ကေန ေလွကို ပဲ့ကိုင္လို႔ေပါ့။ ျမစ္ကမ္းေဘးကၾကည့္ရင္ အင္မတန္ အားက်စရာပဲ။

ေလွေပၚက အေျခအေနကို ေျပာျပမယ္ေနာ္။ အေဖက ေရွ႕ကို အားပါးတရနဲ႔ ခရီးျမန္ဖို႔ ေလွာ္ခတ္ေနလို႔ ေနာက္မလွည့္အားဘူး။ အေမကေတာ့ ေနာက္ဆုံးကေန ေလွထိမ္းေနရေတာ့ အားလုံးကို ျမင္ေနရတာေပါ့။

အထူးသျဖင့္ အလယ္မွာ ထိုင္စီးေနတဲ့ သားတေယာက္က သူ႔ေအာက္ကို ငုံ႔ၿပီး ဓားခြၽန္တစ္ေခ်ာင္းနဲ႔ ထိုးေဖာက္ေနတာ သတိထားမိတယ္။ အေမျဖစ္သူက အေဖႀကီး မသိေအာင္ တားေပမဲ့ မရဘူး။ေနာက္ဆုံး ေရွ႕ေရာက္ေအာင္ အားပါးတရ ေလွာ္ေနတဲ့ ဖခင္က သိသြားတယ္။

“မင္းဘာလုပ္တာလဲ….”လို႔ … လွည့္ၿပီး ေမးေတာ့ သားက ” ေလွကို ဓားခြၽန္နဲ႔ ေဖာက္ေနတာ ..” လို႔ ေျပာတယ္။ ” မင္းဘာလို ဒီလို လုပ္တာလဲ…”ေမးေတာ့ ”ဘာျဖစ္လဲ….. ဘယ္သူ႔ေအာက္မွာမွ အေပါက္ေဖာက္တာမဟုတ္ဘူး…… ကိုယ့္ေအာက္ ကိုယ္ေဖာက္တာ….” လို႔ေျပာၿပီး အားနဲ႔ ထိုးစိုက္လိုက္တယ္။

ေလွထဲကို ေရေတြ အရွိန္နဲ႔ ဝင္လာတယ္။ အားလုံးဟာ ေရကူးတတ္တဲ့ သူေတြ ဆိုေတာ့ အသက္ေတြေတာ့ မဆုံးရႈံးဘူးေပါ့။ ဒါေပမဲ့ ေလွေလးကေတာ့ ျမဳပ္ၿပီး ခရီးကေတာ့ ပ်က္သြားတယ္။
ဒီအျဖစ္အပ်က္လိုပါပဲ။

တခါတရံ မိသားစု တခုမွာ ဘာမွလဲ မလုပ္ႏိူင္။ အလယ္ကေန ထိုင္စီးၿပီး ဒုကၡေပးမဲ့ သူေတြ ပါတတ္ပါတယ္။ သူတို႔စိတ္ထဲမွာ ေလွရဲ႕ အလယ္က ထိုင္စီးေနသူလိုပါပဲ။ ကိုယ့္ေအာက္ ကိုယ္ေဖါက္တာ။ ကိုယ္ျဖစ္ရင္ ကိုယ္ခံမယ္လို႔ ေတြးတတ္ ပါတယ္။ တကယ္ေတာ့ ေလွေပၚမွာ တစ္မိသားစုလုံး ထိုင္ေနတာပါ။

တစ္ခရီးထဲ သြားေနတဲ့ တစ္မိသားစုလုံး ဒုကၡ ေရာက္ကုန္တာပါ။ ဒါေၾကာင့္ မိသားစုတခုမွာ ကိုယ္ဘာသာ ကိုယ္လုပ္တာ။ ကိုယ္ျဖစ္ရင္ ကိုယ္ခံမယ္ ဆိုတာ မရွိပါဘူး။တေယာက္ေယာက္က ေဖာက္လာရင္ က်န္သူ အကုန္လုံး ဒုကၡေရာက္ တတ္ပါတယ္။

ကိုယ့္ေၾကာင့္ ဒုကၡမျဖစ္ဖို႔…… တျခားသူမ်ား ကိုလည္း ေတြးပူတတ္ဘို႔ လိုအပ္ပါတယ္။

ဘဝခရီးမွာ အေဖာ္မြန္ေကာင္းေတြ ရၾကပါေစ။

Crd

Unicode

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတခုဖြစ်ဖို့ တခြားသူများကိုလည်း တွေးပူတတ်ဘို့ လိုအပ်ပါတယ်

တခါက မိသားစု တစ်စုဟာ လှေတစ်စင်းနဲ့ ခရီး ထွက်လာတယ်။ အဖေဖြစ်သူက ရှေ့မှာ အားရပါးရလှော်။ အမေက လိုရာရောက်ဘို့ နောက်ကနေ လှေကို ပဲ့ကိုင်လို့ပေါ့။ မြစ်ကမ်းဘေးကကြည့်ရင် အင်မတန် အားကျစရာပဲ။

လှေပေါ်က အခြေအနေကို ပြောပြမယ်နော်။ အဖေက ရှေ့ကို အားပါးတရနဲ့ ခရီးမြန်ဖို့ လှော်ခတ်နေလို့ နောက်မလှည့်အားဘူး။ အမေကတော့ နောက်ဆုံးကနေ လှေထိမ်းနေရတော့ အားလုံးကို မြင်နေရတာပေါ့။

အထူးသဖြင့် အလယ်မှာ ထိုင်စီးနေတဲ့ သားတယောက်က သူ့အောက်ကို ငုံ့ပြီး ဓားချွန်တစ်ချောင်းနဲ့ ထိုးဖောက်နေတာ သတိထားမိတယ်။ အမေဖြစ်သူက အဖေကြီး မသိအောင် တားပေမဲ့ မရဘူး။နောက်ဆုံး ရှေ့ရောက်အောင် အားပါးတရ လှော်နေတဲ့ ဖခင်က သိသွားတယ်။

“မင်းဘာလုပ်တာလဲ….”လို့ … လှည့်ပြီး မေးတော့ သားက ” လှေကို ဓားချွန်နဲ့ ဖောက်နေတာ ..” လို့ ပြောတယ်။ ” မင်းဘာလို ဒီလို လုပ်တာလဲ…”မေးတော့ ”ဘာဖြစ်လဲ….. ဘယ်သူ့အောက်မှာမှ အပေါက်ဖောက်တာမဟုတ်ဘူး…… ကိုယ့်အောက် ကိုယ်ဖောက်တာ….” လို့ပြောပြီး အားနဲ့ ထိုးစိုက်လိုက်တယ်။

လှေထဲကို ရေတွေ အရှိန်နဲ့ ဝင်လာတယ်။ အားလုံးဟာ ရေကူးတတ်တဲ့ သူတွေ ဆိုတော့ အသက်တွေတော့ မဆုံးရှုံးဘူးပေါ့။ ဒါပေမဲ့ လှေလေးကတော့ မြုပ်ပြီး ခရီးကတော့ ပျက်သွားတယ်။
ဒီအဖြစ်အပျက်လိုပါပဲ။

တခါတရံ မိသားစု တခုမှာ ဘာမှလဲ မလုပ်နိူင်။ အလယ်ကနေ ထိုင်စီးပြီး ဒုက္ခပေးမဲ့ သူတွေ ပါတတ်ပါတယ်။ သူတို့စိတ်ထဲမှာ လှေရဲ့ အလယ်က ထိုင်စီးနေသူလိုပါပဲ။ ကိုယ့်အောက် ကိုယ်ဖေါက်တာ။ ကိုယ်ဖြစ်ရင် ကိုယ်ခံမယ်လို့ တွေးတတ် ပါတယ်။ တကယ်တော့ လှေပေါ်မှာ တစ်မိသားစုလုံး ထိုင်နေတာပါ။

တစ်ခရီးထဲ သွားနေတဲ့ တစ်မိသားစုလုံး ဒုက္ခ ရောက်ကုန်တာပါ။ ဒါကြောင့် မိသားစုတခုမှာ ကိုယ်ဘာသာ ကိုယ်လုပ်တာ။ ကိုယ်ဖြစ်ရင် ကိုယ်ခံမယ် ဆိုတာ မရှိပါဘူး။တယောက်ယောက်က ဖောက်လာရင် ကျန်သူ အကုန်လုံး ဒုက္ခရောက် တတ်ပါတယ်။

ကိုယ့်ကြောင့် ဒုက္ခမဖြစ်ဖို့…… တခြားသူများ ကိုလည်း တွေးပူတတ်ဘို့ လိုအပ်ပါတယ်။

ဘဝခရီးမှာ အဖော်မွန်ကောင်းတွေ ရကြပါစေ။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*