ဘုရားပန္းအိုး ၂အိုးပဲထားရမယ္ ၃အိုးထားရမယ္ ေသခ်ာမသိေသးသူမ်ားအတြက္

ဘုရားပန္းအိုး ၂အိုးပဲထားရမယ္ ၃အိုးထားရမယ္ ေသခ်ာမသိေသးသူမ်ားအတြက္
ဘုရားပန္းအိုး ၂အိုးပဲထားရမယ္ ၃အိုးထားရမယ္ ေသခ်ာမသိေသးသူမ်ားအတြက္

ဘုရားပန္းအိုး ၂အိုးပဲထားရမယ္ ၃အိုးထားရမယ္ ေသခ်ာမသိေသးသူမ်ားအတြက္

ပန္း ဘာေၾကာင့္ ကပ္ရသလဲ? ပန္းအိုး ဘယ္ႏွအိုး ထားသင့္သလဲ?

၁။ ေဂါတမ ျမတ္စြာဘုရားရွင္ေ ဇတဝန္ေက်ာင္း ဂႏၶကုဋီတိုက္ေတာ္မွာ သီတင္းသုံးေတာ္ မူစဥ္ ရပ္ေဝးရပ္နီးမွ ရဟန္းရွင္လူအမ်ား ဘုရားဖူး တရားနာ လာၾကကုန္၏။

ခရီးကပန္း လမ္းကၾကမ္းေသာေၾကာင့္ေ ခြၽးသီးေခြၽးေပါက္ အသြယ္သြယ္ ဖုန္အလိမ္းလိမ္းႏွင့္ေပါ့။
တခ်ိဳ႕မွာေခြၽးနံ႔ တေထာင္းေထာင္းႏွင့္ ဘုရားရွင္ သီတင္းသုံးရာ ဂႏၶကုဋီတိုက္ေတာ္ တခုလုံး အနံ႔သက္ေတြက မေကာင္း။

ဒါကို သတိျပဳမိတဲ့ ညီေတာ္ အရွင္အာနႏၵာစေသာ ရဟန္းရွင္လူေတြက ဘုရားနဲ႔ တရားနာ ပရိသတ္အၾကားမွာ ပန္းနံ႔သာေတြကို ထားခဲ့ ၾကတယ္။

ဘုရားပန္းေတြေၾကာင့္ ပရိသတ္ေတြဆီက ေခြၽးနံ႔ေတြ ဘုရားဆီ မေရာက္ေတာ့ဘူးေပါ့။ တရားနာပရိသတ္ေတြလည္း ပန္းနံ႔ေလးေတြရ ပန္းေတြကိုျမင္ၿပီး အေမာေတြေျပ စိတ္ေတြၾကည္လင္ လာတယ္။

တရားနာရတာလည္း အရင္ကထက္ ၾကည္ၾကည္ႏူးႏူး ရွိလာတယ္ ထိုအခ်ိန္မွ စ၍ ဘုရားပန္း လႉတဲ့ဓေလ့က စတင္လာတယ္။

ပန္းပန္တာ မဟုတ္တဲ့ အတြက္ မာလာဂႏၶ ဝိေလပန ဆိုတဲ့ သီလနဲ႔လည္း ၿငိစြန္းမႈ မရွိေတာ့ဘူး အျပစ္ကင္းတယ္။

၂။ ပန္းအိုး ဘယ္ႏွအိုး ထားရမလဲ ဆိုတဲ့ အေမးမွာ နံပါတ္ ၁ အေျဖက သက္ေသျဖစ္တယ္။ ဘယ္ႏွအိုးထားထား အျပစ္ မရွိဘူး။ မိမိတို႔ရဲ႕ ဘုရား‌ေက်ာင္း‌ေဆာင္နဲ႔ လိုက္ဖက္သလို ထားႏိုင္တယ္။

၁ အိုး ၃ အိုး စသည္ျဖင့္ မ ဂဏန္း ထားမွ ၂ အိုး ၄ အိုး စသည္ျဖင့္ စုံ ဂဏန္း ထားမွဟု ဘုရားေဟာမရွိခဲ့ဘူး။

စုံမခြဲၿပီး လႉဒါန္းတာက ဗုဒၶဘာသာရဲ႕ အယူအဆ မဟုတ္။ မိမိရဲ႕ဘုရား‌ေက်ာင္း‌ေဆာင္အေနအထားက ဘယ္ႏွအိုးထားမွ တင့္တယ္မယ္ ဆိုတာကို ခ်င့္ခ်ိန္တတ္ဖို႔ အေရးႀကီးသည္။

တခ်ိဳ႕က ယၾတာေတြ အဓိ႒ာန္ေတြေၾကာင့္ အေရအတြက္ အမ်ိဳးမ်ိဳး လႉၾကတယ္။ ဘယ္လိုပဲ လႉလႉ ကုသိုလ္က ကုသိုလ္ပဲ။ ဘုရားပန္းေတြ လန္းေတာ့ ဘုရား‌ေက်ာင္းေဆာင္လည္း မဂၤလာက်က္သေရ တိုးတာေပါ့။

#Crd.(အမည္မသိ ဆရာေတာ္)

Unicode

ဘုရားပန်းအိုး ၂အိုးပဲထားရမယ် ၃အိုးထားရမယ် သေချာမသိသေးသူများအတွက်

ပန်း ဘာကြောင့် ကပ်ရသလဲ? ပန်းအိုး ဘယ်နှအိုး ထားသင့်သလဲ?

၁။ ဂေါတမ မြတ်စွာဘုရားရှင်ေ ဇတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်မှာ သီတင်းသုံးတော် မူစဉ် ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူအများ ဘုရားဖူး တရားနာ လာကြကုန်၏။

ခရီးကပန်း လမ်းကကြမ်းသောကြောင့်ေ ချွးသီးချွေးပေါက် အသွယ်သွယ် ဖုန်အလိမ်းလိမ်းနှင့်ပေါ့။
တချို့မှာချွေးနံ့ တထောင်းထောင်းနှင့် ဘုရားရှင် သီတင်းသုံးရာ ဂန္ဓကုဋီတိုက်တော် တခုလုံး အနံ့သက်တွေက မကောင်း။

ဒါကို သတိပြုမိတဲ့ ညီတော် အရှင်အာနန္ဒာစသော ရဟန်းရှင်လူတွေက ဘုရားနဲ့ တရားနာ ပရိသတ်အကြားမှာ ပန်းနံ့သာတွေကို ထားခဲ့ ကြတယ်။

ဘုရားပန်းတွေကြောင့် ပရိသတ်တွေဆီက ချွေးနံ့တွေ ဘုရားဆီ မရောက်တော့ဘူးပေါ့။ တရားနာပရိသတ်တွေလည်း ပန်းနံ့လေးတွေရ ပန်းတွေကိုမြင်ပြီး အမောတွေပြေ စိတ်တွေကြည်လင် လာတယ်။

တရားနာရတာလည်း အရင်ကထက် ကြည်ကြည်နူးနူး ရှိလာတယ် ထိုအချိန်မှ စ၍ ဘုရားပန်း လှူတဲ့ဓလေ့က စတင်လာတယ်။

ပန်းပန်တာ မဟုတ်တဲ့ အတွက် မာလာဂန္ဓ ဝိလေပန ဆိုတဲ့ သီလနဲ့လည်း ငြိစွန်းမှု မရှိတော့ဘူး အပြစ်ကင်းတယ်။

၂။ ပန်းအိုး ဘယ်နှအိုး ထားရမလဲ ဆိုတဲ့ အမေးမှာ နံပါတ် ၁ အဖြေက သက်သေဖြစ်တယ်။ ဘယ်နှအိုးထားထား အပြစ် မရှိဘူး။ မိမိတို့ရဲ့ ဘုရား‌ကျောင်း‌ဆောင်နဲ့ လိုက်ဖက်သလို ထားနိုင်တယ်။

၁ အိုး ၃ အိုး စသည်ဖြင့် မ ဂဏန်း ထားမှ ၂ အိုး ၄ အိုး စသည်ဖြင့် စုံ ဂဏန်း ထားမှဟု ဘုရားဟောမရှိခဲ့ဘူး။

စုံမခွဲပြီး လှူဒါန်းတာက ဗုဒ္ဓဘာသာရဲ့ အယူအဆ မဟုတ်။ မိမိရဲ့ဘုရား‌ကျောင်း‌ဆောင်အနေအထားက ဘယ်နှအိုးထားမှ တင့်တယ်မယ် ဆိုတာကို ချင့်ချိန်တတ်ဖို့ အရေးကြီးသည်။

တချို့က ယတြာတွေ အဓိဋ္ဌာန်တွေကြောင့် အရေအတွက် အမျိုးမျိုး လှူကြတယ်။ ဘယ်လိုပဲ လှူလှူ ကုသိုလ်က ကုသိုလ်ပဲ။ ဘုရားပန်းတွေ လန်းတော့ ဘုရား‌ကျောင်းဆောင်လည်း မင်္ဂလာကျက်သရေ တိုးတာပေါ့။

#Crd.(အမည်မသိ ဆရာတော်)

Be the first to comment

Leave a Reply

Your email address will not be published.


*