ေဒါသကိုထိန္းခ်ဳပ္ႏိုင္မယ့္နည္းလမ္းမ်ား

ေဒါသကိုထိန္းခ်ဳပ္ႏိုင္မယ့္နည္းလမ္းမ်ား
ေဒါသကိုထိန္းခ်ဳပ္ႏိုင္မယ့္နည္းလမ္းမ်ား

ေဒါသကိုထိန္းခ်ဳပ္ႏိုင္မယ့္နည္းလမ္းမ်ား

တစ္ခါတစ္ေလ ဘယ္ေလာက္ပဲေကာင္းေအာင္ေနေန စိတ္ရႈပ္စရာစိတ္တိုစရာေတြနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ရတတ္ပါတယ္။ အဲ့လိုအခ်ိန္မွာ ေဒါသကိုမထိန္းႏိုင္တဲ့အခါ တစ္ပူေပၚႏွစ္ပူဆင့္ဆိုသလို ျပႆနာေတြက ပိုၿပီးႀကီးထြားသြားတတ္ပါတယ္။

ေန႔တိုင္းႀကဳံေတြ႕လာႏိုင္တဲ့ ေဒါသကိုနည္းမွန္လမ္းမွန္နဲ႔ ဘယ္လိုထိန္းခ်ဳပ္ရမလဲဆိုတာကို ဒီေဆာင္းပါးေလးမွာေျပာျပသြားမွာပါ။ ဒီလိုေဒါသထြက္စရာေတြ ႀကဳံလာရၿပီဆိုတဲ့အခါ ေအာက္ပါအခ်က္(၁၀)ခ်က္အတိုင္း ျပဳလုပ္ၾကည့္ပါ။ အမွားနည္းကာကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ႏိုင္ပါလိမ့္မယ္။

(၁) မေျပာခင္ စဥ္းစားပါ။ စိတ္တိုေဒါသထြက္ေနတုန္းမွာ ေျပာလိုက္တဲ့စကားလုံးေတြေၾကာင့္ ေသြးေအးသြားတဲ့အခါ မ်က္ႏွာပ်က္စရာေတြ တဖက္လူကိုအားနာရတာမ်ိဴးေတြ ႀကဳံေတြ႕ရတတ္ပါတယ္။

(၂) စိတ္ၿငိမ္သြားတဲ့အခါမွ မင္းေဒါသထြက္ေနေၾကာင္းေဖာ္ျပပါ။ ဒီေနရာမွာတစ္ခုသတိထားရမွာက ေသြးပူၿပီးရွဴးရွဴးရွဲရွဲေတြ ျဖစ္ေနတဲ့အခ်ိန္ မေဖာ္ျပမိေစရန္ အေရးႀကီးပါတယ္ေနာ္။ ေသြးနဲနဲေအးၿပီးစိတ္ၿငိမ္သြားတဲ့အခါမွသာ ကိုယ္ဘယ္ေလာက္စိတ္ဆိုးေၾကာင္း၊ ဘယ္လိုအျပဳအမူ ဘယ္လိုလုပ္ရပ္ေတြဆိုမႀကိဳက္ေၾကာင္းကို ေကာင္းေကာင္းမြန္မြန္ေျပာျပ ေဖာ္ထုတ္သင့္ပါတယ္ေနာ္။

(၃) အားကစားတစ္ခုခုလုပ္ေပးပါ။ စိတ္တိုေနတဲ့အခါမ်ိဳးမွာ လမ္းေလွ်ာက္ထြက္တာျဖစ္ျဖစ္၊ ေျပးတာမ်ိဳးျဖစ္ျဖစ္ ျပဳလုပ္ျခင္းျဖင့္လဲ ေဒါသကိုေလ်ာ့ခ်ႏိုင္ပါတယ္။

(၄) အခ်ိန္အနည္းငယ္ယူလိုက္ပါ။ အခုေခတ္စားေနတဲ့ စကားနဲ႔ေျပာရမယ္ဆိုရင္ take a break ခနလုပ္လိုက္ပါေပါ့ေနာ္။ ကိုယ့္ကိုစိတ္တိုေဒါသထြက္ေစတဲ့ လူတစ္ဦးတစ္ေယာက္ (သို႔မဟုတ္) အေၾကာင္းအရာတစ္ခုကို မစဥ္းစားမဆက္ဆံပဲ ခနအခ်ိန္ယူလိုက္တာမ်ိဴးေပါ့။

(၅) ျဖစ္ႏိုင္မယ့္အေျဖကိုရွာပါ။ ျပႆနာရဲ႕ အရင္းအျမစ္ကိုရွာေဖြကာ ႏွစ္ဦးႏွစ္ဖက္အတြက္အဆင္ေျပမယ့္ ေျဖရွင္းခ်က္နည္းလမ္းမ်ိဳးကိုခ်င့္ခ်ိန္စဥ္းစားပါ။ (၆) ကြၽန္ေတာ္ကြၽန္မဆိုတဲ့ အသုံးအႏႈန္းကိုပဲသုံးပါ။

ေသြးပူေနတဲ့အခ်ိန္မို႔လို႔ စိတ္မထိန္းႏိုင္တဲ့အခါ ႐ိုင္း႐ိုင္းစိုင္းစိုင္းေတြထြက္မိႏိုင္တာမို႔ စကားေျပာတဲ့အခါ အေရွ႕ကကြၽန္ေတာ္ကြၽန္မဆိုတဲ့ အသုံးအႏႈန္းကိုသုံးျခင္းအားျဖင့္ ေနာက္ထြက္လာမယ့္စကားလုံးေတြအတြက္ ေအာ္တိုဘရိတ္အုပ္မိၿပီးသားျဖစ္ပါလိမ့္မယ္။

(၇) မေက်နပ္ခ်က္ႀကီးကို မဆြဲကိုင္ထားသင့္ပါ။ ခြင့္လႊတ္လိုက္ျခင္းက အေကာင္းဆုံးအေျဖဆိုေသာ္ျငားလည္း မခြင့္လႊတ္ႏိုင္ရင္ေတာင္ တစ္ဖက္လူအေပၚမေက်နပ္ခ်က္ႀကီးနဲ႔ ျမင္ေနၾကည့္ေနမယ့္အစား စိတ္ရွင္းရွင္းနဲ႔ၾကည့္လိုက္တာက ကိုယ့္စိတ္ကို ေအးခ်မ္းသြားပါလိမ့္မယ္။

(၈) ဟာသေတြေျပာလိုက္ေတြးလိုက္ျခင္းျဖင့္ ေဒါသကိုေလ်ာ့ခ်လိုက္ပါ။ ဟာဒယလို႔ေခၚတဲ့ စိတ္ကိုရယ္႐ႊင္ျမဴးေစတဲ့ အေၾကာင္းအရာေတြက ျဖစ္ေပၚေနတဲ့ေဒါသရဲ႕အရွိန္ကို သိသိသာသာေလ်ာ့ၾကသြားေစႏိုင္ပါတယ္။

(၉) စိတ္ေျပလက္ေပ်ာက္ျဖစ္မယ့္ အရာေတြကိုက်င့္သုံးပါ။ တရားမွတ္တာ၊ သီခ်င္းနားေထာင္တာ၊ ကိန္းဂဏန္းေတြေရတြက္တာ စတဲ့နည္းလမ္းေတြကိုသုံးျခင္းအားျဖင့္ ေဒါသကိုအာ႐ုံေျပာင္းႏိုင္ပါတယ္။

(၁၀) ဘယ္အခ်ိန္မွာအကူအညီ ရွာရမယ္ဆိုတာသိထားပါ။ စိတ္တိုေနတဲ့အခ်ိန္ ေဒါသကိုထိန္းခ်ဳပ္ႏိုင္ဖို႔ဆိုတာ လူတိုင္းအတြက္အင္မတန္မွ ခက္ခဲလြန္းပါတယ္။ အကယ္လို႔ကိုယ္က ေဒါသကိုထိန္းခ်ဳပ္ဖို႔ ယုံၾကည္ခ်က္မရွိတဲ့အခါ အနီးအနားကကိုယ့္ကိုနားလည္ေပးႏိုင္မယ့္ တစ္ဦးတစ္ေယာက္ကို အကူအညီေတာင္းသင့္ပါတယ္။

ဒီေလာက္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ေဒါသကိုထိန္းခ်ဳပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ေနာ္။

Credit.

Unicode

ဒေါသကိုထိန်းချုပ်နိုင်မယ့်နည်းလမ်းများ

တစ်ခါတစ်လေ ဘယ်လောက်ပဲကောင်းအောင်နေနေ စိတ်ရှုပ်စရာစိတ်တိုစရာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။ အဲ့လိုအချိန်မှာ ဒေါသကိုမထိန်းနိုင်တဲ့အခါ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို ပြဿနာတွေက ပိုပြီးကြီးထွားသွားတတ်ပါတယ်။

နေ့တိုင်းကြုံတွေ့လာနိုင်တဲ့ ဒေါသကိုနည်းမှန်လမ်းမှန်နဲ့ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို ဒီဆောင်းပါးလေးမှာပြောပြသွားမှာပါ။ ဒီလိုဒေါသထွက်စရာတွေ ကြုံလာရပြီဆိုတဲ့အခါ အောက်ပါအချက်(၁၀)ချက်အတိုင်း ပြုလုပ်ကြည့်ပါ။ အမှားနည်းကာကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။

(၁) မပြောခင် စဉ်းစားပါ။ စိတ်တိုဒေါသထွက်နေတုန်းမှာ ပြောလိုက်တဲ့စကားလုံးတွေကြောင့် သွေးအေးသွားတဲ့အခါ မျက်နှာပျက်စရာတွေ တဖက်လူကိုအားနာရတာမျိူးတွေ ကြုံတွေ့ရတတ်ပါတယ်။

(၂) စိတ်ငြိမ်သွားတဲ့အခါမှ မင်းဒေါသထွက်နေကြောင်းဖော်ပြပါ။ ဒီနေရာမှာတစ်ခုသတိထားရမှာက သွေးပူပြီးရှူးရှူးရှဲရှဲတွေ ဖြစ်နေတဲ့အချိန် မဖော်ပြမိစေရန် အရေးကြီးပါတယ်နော်။ သွေးနဲနဲအေးပြီးစိတ်ငြိမ်သွားတဲ့အခါမှသာ ကိုယ်ဘယ်လောက်စိတ်ဆိုးကြောင်း၊ ဘယ်လိုအပြုအမူ ဘယ်လိုလုပ်ရပ်တွေဆိုမကြိုက်ကြောင်းကို ကောင်းကောင်းမွန်မွန်ပြောပြ ဖော်ထုတ်သင့်ပါတယ်နော်။

(၃) အားကစားတစ်ခုခုလုပ်ပေးပါ။ စိတ်တိုနေတဲ့အခါမျိုးမှာ လမ်းလျှောက်ထွက်တာဖြစ်ဖြစ်၊ ပြေးတာမျိုးဖြစ်ဖြစ် ပြုလုပ်ခြင်းဖြင့်လဲ ဒေါသကိုလျော့ချနိုင်ပါတယ်။

(၄) အချိန်အနည်းငယ်ယူလိုက်ပါ။ အခုခေတ်စားနေတဲ့ စကားနဲ့ပြောရမယ်ဆိုရင် take a break ခနလုပ်လိုက်ပါပေါ့နော်။ ကိုယ့်ကိုစိတ်တိုဒေါသထွက်စေတဲ့ လူတစ်ဦးတစ်ယောက် (သို့မဟုတ်) အကြောင်းအရာတစ်ခုကို မစဉ်းစားမဆက်ဆံပဲ ခနအချိန်ယူလိုက်တာမျိူးပေါ့။

(၅) ဖြစ်နိုင်မယ့်အဖြေကိုရှာပါ။ ပြဿနာရဲ့ အရင်းအမြစ်ကိုရှာဖွေကာ နှစ်ဦးနှစ်ဖက်အတွက်အဆင်ပြေမယ့် ဖြေရှင်းချက်နည်းလမ်းမျိုးကိုချင့်ချိန်စဉ်းစားပါ။ (၆) ကျွန်တော်ကျွန်မဆိုတဲ့ အသုံးအနှုန်းကိုပဲသုံးပါ။

သွေးပူနေတဲ့အချိန်မို့လို့ စိတ်မထိန်းနိုင်တဲ့အခါ ရိုင်းရိုင်းစိုင်းစိုင်းတွေထွက်မိနိုင်တာမို့ စကားပြောတဲ့အခါ အရှေ့ကကျွန်တော်ကျွန်မဆိုတဲ့ အသုံးအနှုန်းကိုသုံးခြင်းအားဖြင့် နောက်ထွက်လာမယ့်စကားလုံးတွေအတွက် အော်တိုဘရိတ်အုပ်မိပြီးသားဖြစ်ပါလိမ့်မယ်။

(၇) မကျေနပ်ချက်ကြီးကို မဆွဲကိုင်ထားသင့်ပါ။ ခွင့်လွှတ်လိုက်ခြင်းက အကောင်းဆုံးအဖြေဆိုသော်ငြားလည်း မခွင့်လွှတ်နိုင်ရင်တောင် တစ်ဖက်လူအပေါ်မကျေနပ်ချက်ကြီးနဲ့ မြင်နေကြည့်နေမယ့်အစား စိတ်ရှင်းရှင်းနဲ့ကြည့်လိုက်တာက ကိုယ့်စိတ်ကို အေးချမ်းသွားပါလိမ့်မယ်။

(၈) ဟာသတွေပြောလိုက်တွေးလိုက်ခြင်းဖြင့် ဒေါသကိုလျော့ချလိုက်ပါ။ ဟာဒယလို့ခေါ်တဲ့ စိတ်ကိုရယ်ရွှင်မြူးစေတဲ့ အကြောင်းအရာတွေက ဖြစ်ပေါ်နေတဲ့ဒေါသရဲ့အရှိန်ကို သိသိသာသာလျော့ကြသွားစေနိုင်ပါတယ်။

(၉) စိတ်ပြေလက်ပျောက်ဖြစ်မယ့် အရာတွေကိုကျင့်သုံးပါ။ တရားမှတ်တာ၊ သီချင်းနားထောင်တာ၊ ကိန်းဂဏန်းတွေရေတွက်တာ စတဲ့နည်းလမ်းတွေကိုသုံးခြင်းအားဖြင့် ဒေါသကိုအာရုံပြောင်းနိုင်ပါတယ်။

(၁၀) ဘယ်အချိန်မှာအကူအညီ ရှာရမယ်ဆိုတာသိထားပါ။ စိတ်တိုနေတဲ့အချိန် ဒေါသကိုထိန်းချုပ်နိုင်ဖို့ဆိုတာ လူတိုင်းအတွက်အင်မတန်မှ ခက်ခဲလွန်းပါတယ်။ အကယ်လို့ကိုယ်က ဒေါသကိုထိန်းချုပ်ဖို့ ယုံကြည်ချက်မရှိတဲ့အခါ အနီးအနားကကိုယ့်ကိုနားလည်ပေးနိုင်မယ့် တစ်ဦးတစ်ယောက်ကို အကူအညီတောင်းသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကိုယ့်ရဲ့ဒေါသကိုထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်နော်။

Credit.

Be the first to comment

Leave a Reply

Your email address will not be published.


*