အိမ္မွာေနၿပီး ဘာေတြလုပ္ေနလဲ မေမးပါနဲ႔

အိမ္မွာေနၿပီး ဘာေတြလုပ္ေနလဲ မေမးပါနဲ႔
အိမ္မွာေနၿပီး ဘာေတြလုပ္ေနလဲ မေမးပါနဲ႔

အိမ္မွာေနၿပီး ဘာေတြလုပ္ေနလဲ မေမးပါနဲ႔

စိတ္ေရာဂါကုဆရာဝန္တစ္ဦးနဲ႔ ေယာက္်ားတစ္ဦးတို႔ အျပန္အလွန္ စကားေျပာေနၾကတယ္… ဆရာဝန္….. ခင္ဗ်ား ဘာအလုပ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းပါသလဲ..ကြၽန္ေတာ္ ဘဏ္စာရင္းအင္းတစ္ေယာက္ပါ။

ဆရာဝန္… ခင္ဗ်ား မိန္းမေရာ သူ အလုပ္အကိုင္မရွိပါဘူး။ သူက အိမ္ရွင္မတစ္ေယာက္သာပါ။ အိမ္မွာ မနက္စာကို ဘယ္သူလုပ္ပါသလဲ… မိန္းမလုပ္ပါတယ္… သူ အလုပ္အကိုင္မရွိေတာ့ သူလုပ္ပါတယ္။

ခင္ဗ်ား မိန္းမဘယ္အခ်ိန္ေလာက္ထၿပီး မနက္စာျပင္ဆင္တတ္သလဲ.. မနက္ ၆နာရီေလာက္မွာပါ။ ဧည့္ခန္းေတြ သန္႔ရွင္းေရးလုပ္ၿပီးမွ သူမနက္စာ လုပ္ပါတယ္။ ခင္ဗ်ား ကေလးေတြ ဘယ္လိုေက်ာင္းသြားသလဲ.. ကြၽန္ေတာ့္မိန္းမ သြားပို႔ပါတယ္။ သူက အလုပ္အကိုင္မရွိေတာ့ သူပဲ ပို႔ပါတယ္။

ကေလးေက်ာင္းပို႔ၿပီးေနာက္ သူ ဘာလုပ္သလဲ.. ေစ်းသြားပါတယ္၊ ေစ်းဝယ္ျပန္ၿပီး ထမင္းဟင္းခ်က္၊ အဝတ္ေလွ်ာ္ပါတယ္။ သူက အလုပ္အကိုင္မရွိဘူးေလ..

ည အလုပ္ဆင္းလို႔ အိမ္ျပန္ေရာက္ရင္ ခင္ဗ်ားဘာလုပ္သလဲ.. အိမ္ျပန္ေရာက္ရင္ ကြၽန္ေတာ္နားပါတယ္။ တစ္ေနကုန္ ပင္ပန္းထားတာကိုးဗ်ာ… အဲဒီအခ်ိန္မွာ ခင္ဗ်ားမိန္းမ ဘာလုပ္ေနလဲ..?

တစ္အိမ္သားလုံး ညစာစားဖို႔အတြက္ သူျပင္ဆင္ေနပါတယ္။ ကေလးေတြကို ထမင္းေကြၽးတယ္၊ ၿပီးရင္ အိုးခြက္ပန္းကန္ေဆးတယ္။ မီးဖိုေဆာင္သန္႔ရွင္းေရးလုပ္ၿပီး ကေလးေတြ အိမ္စာလုပ္တာကို ေစာင့္ၾကည့္တယ္။ ၿပီးရင္ ကေလးေတြအိပ္ဖို႔ သိပ္ပါတယ္။

ဒါဟာ အိမ္ရွင္မလို႔ဆိုတဲ့ မိန္းမတစ္ေယာက္ရဲ႕ တစ္ေန႔တာအလုပ္ပါ။မနက္ကေန ညအထိ ဒီမိသားစုအတြက္ သူတို႔အလုပ္မ်ားရပါတယ္။

ဒါကို အလုပ္အကိုင္မရွိဘူးလို႔ေျပာရက္သလား… သင္ဟာ အလုပ္လုပ္ေနသူတစ္ဦးလား ဒါမွမဟုတ္ အိမ္ရွင္မတစ္ဦးလားလို႔ မိန္းမတစ္ေယာက္ကိုေမးတဲ့အခါ မိန္းမက ဒီလိုျပန္ေျဖပါတယ္…..

ကြၽန္မက အိမ္ရွင္မတစ္ဦးပါ။ ကြၽန္မရဲ႕အလုပ္က တစ္ေန႔ ၂၄နာရီျဖစ္တယ္။ ကြၽန္မက မိခင္တစ္ဦးပါ။ ကြၽန္မက ဇနီးတစ္ဦးလည္းျဖစ္တယ္။ ကြၽန္မက သမီးတစ္ေယာက္လည္း

ျဖစ္တယ္။ ကြၽန္မက ေခြၽးမတစ္ေယာက္လည္းျဖစ္တယ္။ ကြၽန္မက ႏႈိးစက္နာရီဆိုလည္း ဟုတ္တယ္။ ကြၽန္မက စားဖိုးမႉးလည္းျဖစ္တယ္။ ကြၽန္မက အခိုင္းအေစတစ္ေယာက္လည္းျဖစ္တယ္။

ကြၽန္မက ကေလးထိန္းလည္းဟုတ္တယ္။ ကြၽန္မက ဆရာမလည္းျဖစ္တယ္။ ကြၽန္မက အိမ္ေစာင့္လည္း ဟုတ္တယ္။ ကြၽန္မက ေတာက္တိုမယ္ရလည္း ဟုတ္တယ္။ ကြၽန္မက အႀကံေပးလည္း ဟုတ္တယ္။ ကြၽန္မမွာ နားရက္မရွိပါဘူး။

ဖ်ားခြင့္တင္တာေတြ မရွိပါဘူး။ ကြၽန္မမွာ ႏွစ္တစ္ႏွစ္ပိတ္ရက္ေတြဆိုတာ မရွိပါဘူး။ ကြၽန္မအလုပ္က ေန႔ရယ္ ညရယ္လို႔ မခြဲပါဘူး။

အလုပ္ေတြအေပၚ ကြၽန္မတာဝန္ေက်ရပါတယ္။ အဲဒီအတြက္ ရတဲ့အက်ိဳးအျမတ္က
“ေန႔တိုင္း အိမ္မွာေနၿပီး ဘာလုပ္ေနသလဲ” ဆိုတာပဲျဖစ္တယ္..

မိန္းမဆိုတာ ထမင္းစားစားပြဲေပၚက ဆားနဲ႔တူတယ္။သူ႔အေရးပါမႈကို လူေတြသိပ္ဂ႐ုမစိုက္မိတတ္ၾကဘူး။ဒါေပမယ့္ သူေလ်ာ့ေနရင္ အစားအစာေတြက အရသာမဲ့သြားတယ္

သင့္ေဘးက မိခင္၊ မိန္းမ၊ ခြၽးမ၊ သမီး၊ အစ္မ၊ သူငယ္ခ်င္းေတြကို ေက်းဇူးတင္စကား တစ္ခြန္းေလာက္ အခါအားလပ္တဲ့အခါ ေျပာေပးဖို႔ မေမ့ပါနဲ Crd

Unicode

အိမ်မှာနေပြီး ဘာတွေလုပ်နေလဲ မမေးပါနဲ့

စိတ်ရောဂါကုဆရာဝန်တစ်ဦးနဲ့ ယောက်ျားတစ်ဦးတို့ အပြန်အလှန် စကားပြောနေကြတယ်… ဆရာဝန်….. ခင်ဗျား ဘာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပါသလဲ..ကျွန်တော် ဘဏ်စာရင်းအင်းတစ်ယောက်ပါ။

ဆရာဝန်… ခင်ဗျား မိန်းမရော သူ အလုပ်အကိုင်မရှိပါဘူး။ သူက အိမ်ရှင်မတစ်ယောက်သာပါ။ အိမ်မှာ မနက်စာကို ဘယ်သူလုပ်ပါသလဲ… မိန်းမလုပ်ပါတယ်… သူ အလုပ်အကိုင်မရှိတော့ သူလုပ်ပါတယ်။

ခင်ဗျား မိန်းမဘယ်အချိန်လောက်ထပြီး မနက်စာပြင်ဆင်တတ်သလဲ.. မနက် ၆နာရီလောက်မှာပါ။ ဧည့်ခန်းတွေ သန့်ရှင်းရေးလုပ်ပြီးမှ သူမနက်စာ လုပ်ပါတယ်။ ခင်ဗျား ကလေးတွေ ဘယ်လိုကျောင်းသွားသလဲ.. ကျွန်တော့်မိန်းမ သွားပို့ပါတယ်။ သူက အလုပ်အကိုင်မရှိတော့ သူပဲ ပို့ပါတယ်။

ကလေးကျောင်းပို့ပြီးနောက် သူ ဘာလုပ်သလဲ.. ဈေးသွားပါတယ်၊ ဈေးဝယ်ပြန်ပြီး ထမင်းဟင်းချက်၊ အဝတ်လျှော်ပါတယ်။ သူက အလုပ်အကိုင်မရှိဘူးလေ..

ည အလုပ်ဆင်းလို့ အိမ်ပြန်ရောက်ရင် ခင်ဗျားဘာလုပ်သလဲ.. အိမ်ပြန်ရောက်ရင် ကျွန်တော်နားပါတယ်။ တစ်နေကုန် ပင်ပန်းထားတာကိုးဗျာ… အဲဒီအချိန်မှာ ခင်ဗျားမိန်းမ ဘာလုပ်နေလဲ..?

တစ်အိမ်သားလုံး ညစာစားဖို့အတွက် သူပြင်ဆင်နေပါတယ်။ ကလေးတွေကို ထမင်းကျွေးတယ်၊ ပြီးရင် အိုးခွက်ပန်းကန်ဆေးတယ်။ မီးဖိုဆောင်သန့်ရှင်းရေးလုပ်ပြီး ကလေးတွေ အိမ်စာလုပ်တာကို စောင့်ကြည့်တယ်။ ပြီးရင် ကလေးတွေအိပ်ဖို့ သိပ်ပါတယ်။

ဒါဟာ အိမ်ရှင်မလို့ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ တစ်နေ့တာအလုပ်ပါ။မနက်ကနေ ညအထိ ဒီမိသားစုအတွက် သူတို့အလုပ်များရပါတယ်။

ဒါကို အလုပ်အကိုင်မရှိဘူးလို့ပြောရက်သလား… သင်ဟာ အလုပ်လုပ်နေသူတစ်ဦးလား ဒါမှမဟုတ် အိမ်ရှင်မတစ်ဦးလားလို့ မိန်းမတစ်ယောက်ကိုမေးတဲ့အခါ မိန်းမက ဒီလိုပြန်ဖြေပါတယ်…..

ကျွန်မက အိမ်ရှင်မတစ်ဦးပါ။ ကျွန်မရဲ့အလုပ်က တစ်နေ့ ၂၄နာရီဖြစ်တယ်။ ကျွန်မက မိခင်တစ်ဦးပါ။ ကျွန်မက ဇနီးတစ်ဦးလည်းဖြစ်တယ်။ ကျွန်မက သမီးတစ်ယောက်လည်း

ဖြစ်တယ်။ ကျွန်မက ချွေးမတစ်ယောက်လည်းဖြစ်တယ်။ ကျွန်မက နှိုးစက်နာရီဆိုလည်း ဟုတ်တယ်။ ကျွန်မက စားဖိုးမှူးလည်းဖြစ်တယ်။ ကျွန်မက အခိုင်းအစေတစ်ယောက်လည်းဖြစ်တယ်။

ကျွန်မက ကလေးထိန်းလည်းဟုတ်တယ်။ ကျွန်မက ဆရာမလည်းဖြစ်တယ်။ ကျွန်မက အိမ်စောင့်လည်း ဟုတ်တယ်။ ကျွန်မက တောက်တိုမယ်ရလည်း ဟုတ်တယ်။ ကျွန်မက အကြံပေးလည်း ဟုတ်တယ်။ ကျွန်မမှာ နားရက်မရှိပါဘူး။

ဖျားခွင့်တင်တာတွေ မရှိပါဘူး။ ကျွန်မမှာ နှစ်တစ်နှစ်ပိတ်ရက်တွေဆိုတာ မရှိပါဘူး။ ကျွန်မအလုပ်က နေ့ရယ် ညရယ်လို့ မခွဲပါဘူး။

အလုပ်တွေအပေါ် ကျွန်မတာဝန်ကျေရပါတယ်။ အဲဒီအတွက် ရတဲ့အကျိုးအမြတ်က
“နေ့တိုင်း အိမ်မှာနေပြီး ဘာလုပ်နေသလဲ” ဆိုတာပဲဖြစ်တယ်..

မိန်းမဆိုတာ ထမင်းစားစားပွဲပေါ်က ဆားနဲ့တူတယ်။သူ့အရေးပါမှုကို လူတွေသိပ်ဂရုမစိုက်မိတတ်ကြဘူး။ဒါပေမယ့် သူလျော့နေရင် အစားအစာတွေက အရသာမဲ့သွားတယ်

သင့်ဘေးက မိခင်၊ မိန်းမ၊ ချွးမ၊ သမီး၊ အစ်မ၊ သူငယ်ချင်းတွေကို ကျေးဇူးတင်စကား တစ်ခွန်းလောက် အခါအားလပ်တဲ့အခါ ပြောပေးဖို့ မမေ့ပါနဲ Crd

Be the first to comment

Leave a Reply

Your email address will not be published.


*