














Unicode

ခွေးအူခြင်း နိမိတ် ယခုတလော ညတိုင်းနီးပါး ခွေးတွေ အူနေကြတဲ့ အကြောင်း နိ မိတ် ကောက်အဟော

အ မင်္ဂလာမို့ မရေးခဲ့တာ ပါ။ မိတ်ဆွေ လေးငါးဦးထံတော့ ဖုံးဆက် ပြောဖြစ်ခဲ့ပါ သေး၏။ ၁၁ ရက်နေ့ ည ၁ ခွဲ ၂ လောက် ခွေးတွေ တော်တော်အူပါသည်။ လမ်းမကြီး ပေါ်တွေက အူတာပါ။

ဒါပေမဲ့ ခွေးအူသံ (ရှည်/ကြာ/စွဲ) ၍ မအူပါ။ အူတာတော့ လမ်းမကြီးတွေ ဘက်ကဟုသာ ကြားမိပါသည်။ ရုတ်တရက်အူပြီး သိပ်မကြာလိုက် ရပ်သွားပါသည်။ ဂရုတစိုက်နဲ့ နားထောင် ကြည့်ပါသည်။

အသံ … မရှည်ပါ၊ မကြာပါ၊ စွဲ၍မအူပါထို့ ကြောင့် ပဲ့စင်ကြွေ သွားတာတွေ ဖြစ်လာခဲ့ သော် လည်း အူသံစွဲရှည် မကြာ၍ ပဲ့စင်ကြွေ လွင့်ခြင်းတို့ ဒီထက်သိပ် မများလောက်ဟု ဆိုချင်ပါသည်။

မှတ်ချက် (၁) လမ်သွယ် လမ်ကြာ တွေမှာ အူပါက ယခုထက် အစများစွာ ဆိုးတတ် ပါသည်။

မှတ် ချက် (၂) ခွေးအူခြင်းသည် ညည့်၏ ပထမယံကျော် ည ၁၀ ကျော်မှ ညည့်၏ ဒုတိယယံ ည ၁၂ ကျော်တွင်း သန်းခေါင်ဝန်းကျင် များ၌ အူပါက ပို၍ကျက်သရေ ယုတ်၏ဟု အဆိုရှိ၏။

မှတ်ချက် (၃) ခွေးတို့သည် အရပ် ၈ မျက်နှာ ဗရမ်းပတာ လှည့်အူပါက ပို၍ပို၍ ဆိုးစေဟု အဆို ရှိ၏။

မှတ် ချက် (၄) ခွေးတို့သည် အရပ်မျက်နှာ တစ်မျက်နှာတည်းသို့ ဦး တည်အူပါက အဆိုးအညံ့တို့ များစွာ သက်သာ၏ ဟု အဆိုရှိ၏။

ယခုသည် ညမထွက်ရ အမိန့်ရှိနေ၍ ထွက်မ ကြည့်မိလိုက်သဖြင့် အဘယ်အရပ် မျက်နှာမျိုးသို့ အူနေကြ သည်ကိုမသိ မမြင်လိုက်ပါ။

လွန်ခဲ့သော၃ လခန့်က ဘရာဇီးနိုင်ငံမှာ လမ်းမကြီးတွေပေါ်ခွေးအူတာ လူအယောက်များစွာက လောက်လေးဂွဖြင့် ပစ်ကြတာတောင် ခွေးအုပ်စုကတော့ အအူမပျက် ထူးထူးဆန်းဆန်း အူကြပါသတဲ့။

သေနတ်မိုးပေါ် ထောင်ဖေါက် သည်အထိ သွားရောက်ကာတားမြစ် သော်လည်း သေနတ် ဖေါက်ချိန် စက္ကန့်ပိုင်းမျှသာ ရပ်သွားပြီး ဆက်လက်၍ အူနေကြပါသတဲ့ ၅ ရက်အတွင်း သောင်းချီ သေကြ ပျက်စီးပါသတဲ့။

အခုတော့ ရန်ကုန်မြို့ တွင်းသို့ သံဃာ တော်အရှင်သူမြတ်များက အစိုရ၏ အစီအစဉ်ဖြင့် ပရိတ်တော်များ လှည့်လည် ရွတ်ဖတ်နေကြပါသည်။

စေတနာ မေတ္တာဖြင့် Dr.Myint Win (Ph.D) လက္ခဏာ ဗေဒင်ဟော ပြောသူ

Be the first to comment

Leave a Reply

Your email address will not be published.


*