” တိုက်ခန်းဝယ်မယ်ဆိုရင်… “

တိုက်ခန်းဝယ်မယ်ဆိုရင်
တိုက်ခန်းဝယ်မယ်ဆိုရင်

” တိုက်ခန်းဝယ်မယ်ဆိုရင်… “

ကန်ထရိုက်တိုက်ဝယ်ရင် မိုးတွင်းကိုဝယ်.. မိုးတွင်းဆို ရင် နံရံရေစိမ့်တာသိနိုင်တယ်.. အပေါ် ဆုံးထပ်ကိုဝယ်ရင် မျက်နှာကျက်ကနေ ရေယို မယိုစစ်ရမယ်၊ မိုးတွင်းတော့ သိသာပေမယ့် နွေဆို မသိနိုင်ဘူး၊ ဘေးလှေခါးလား၊အလယ်လှေခါးနဲ့ နှစ်ခန်းတွဲရင် ခွဲလားကြည့်ရမယ်။

နှစ်ခန်းတွဲရင် ခွဲတိုက်တွေရဲ့ အပေါဆုံးအလွှာမှာ အလယ်မြင်းမိုကို အုတ်စီထားသလား.. ဒါမှမဟုတ် သံဇကာ ကာထားသလားကြည့် ရမယ်.. နို့မိုဆို တစ်ဘက်ခန်းနဲ့ တဘက်ခန်း မျက်နှာကျက်ကနေ ကူးနိုင်တာမို့ လုံခြုံမှု မရှိနိုင်ဘူး။

နောက်ဖေးမိလ္လာကန်တွေ အနံ့ထွက်ပိုက် (ခေါ်) လေပိုက်တပ်ဆင်ထားမှုလည်း စစ်
ဆေးရမယ်။ အနံထွက်ပိုက် လေပိုက် တပ်ဆင်ထားမှု စံနစ်မကျရင် မိလ္လာနံ့တွေ အခန်းထဲဝင် လာနိုင်တယ်။

နောက်ဖေး အရေးပေါ်လှေကားကတော့ အာစီတွေချည်ပါပဲ ၊ဒါပေမဲ့ လက်ရန်းတွေက စတီးလား ဟော်လိုလား ကြည့်ရမယ်.. စတီးဆိုမဆွေးဘူး ဟော်လိုဆိုရင် သံချေးကိုက်ပြီး ဆွေးမယ်။ နောက်ဖေးအဝတ်လှမ်းတဲ့အခါ အရေးပေါ်လှေကားက မဖြစ်မနေဆင်းရတဲ့အခါ လက်ရန်း ဆွေးနေရင် အန္တရာယ်ရှိတယ်။

မြေညီစက်ခန်းက ရေလှောင်ကန် ရေလုံမလုံလည်းစုံစမ်းရမယ်။ ရေမလုံလို့တော့ လုံးဝမဝယ်နဲ့ ၊ တစ်ချို့ စေတနာပါတဲ့ကန်ထရိုက်တွေက မြေအောက်ရေလှောင်ကန်ကို ကြွေပြားပါကပ်ပေးတာ၊ ရေကန်ဆိုတာ ပုံမှန်ရေလှယ် ဆေးကြောရတော့ ကြွေပြားကပ်တာကောင်းပါ တယ်။

နောက် ရေလှောင်ကန်အဖုံး အဖုံးအနားကွပ် က ၆ လက်မလောက် မြင့်ထားရတယ်၊ ရေမော် တာ ရေစုပ်ပိုက်က ရေထွက်ပေါက်ကို ၂လက်မ ပိုက် ၆လက်မလောက် စွပ်ပြီး မဆလာနဲ့ပိတ် ထားရတယ်။

ရေကန် ရေပြည့်လို့ ရေလျှံရင် ရေကန်အဖုံးစလပ်က မကောင်းတဲ့ရေတွေ ကန်ထဲ မကျတော့ဘူး၊ အပြင် ဘက်ကိုလည်း ရေဆင်းကောင်းအောင် လျှောစောက် လုပ် မလုပ် ကြည့်ရတယ်။ လူနေပြီးသားတိုက်ကို ဝယ်တဲ့အခါ တိုက်ဆောက်လုပ်တဲ့ ရာဇဝင်ကိုမသိနိုင်ပေမယ့် ခန့်မှန်းလို့တော့ရပါတယ်။

ဘေး ဝဲယာ ၊ ရှေ့နောက် စောင်း မစောင်း မျက်မြင် နဲ့ခန့်မှန်းပေါ့ ၊ နောက် မြေညီတိုင် (Column) အရွယ် အစားကို ကြည့် ၊ တစ် ချို့ ၅ထပ် ၆ထပ် တိုက် တွေ မြေ ညီ တိုင်ကစ 9″×12″အရွယ် တွေ လုပ်ထားတာ ၊ နံရံတွေအက်ကွဲမှု ရှိ မရှိ လည်းမျက်မြင်နဲ့ လေ့လာလို့ရပါတယ် ။

၆ထပ် တိုက်တစ်လုံးတွေ့ဘူးတယ် အုတ်စီပြီး ရှေ့ကို ငိုက်သွားလို့ အပေါ် ဆုံး ပါရာပတ် ကနေ ကြိုးဆွဲ ပြီးပလာစတာ လုပ်လိုက်တာ တစ်တိုက်လုံး စကွဲယားကျ ဖြစ်သွားတယ် အတွင်းကော် လာတွေပါ လိုက်ချောပြစ် ရတာပေါ့ ။ နောက်တိုက်တစ်လုံးကျတော့ အရှေ့နောက် Level တိုက် တာ ၉”လောက်ကွာ နေလို့ ညီအောင် ပြန် ခင်းတာ တွေတယ် အဲဒီတော့ တိုက်က ဝန်ပိုတွေ များလာတာပေါ့ ။

ကွန်ဒိုမဟုတ်ပဲ ရိုးရိုးဖေါင်ဒေးရှင်းတိုက်တွေ ဝယ်ရင် သေချာ နားလည် တဲ့သူ နဲ့ဝယ်မှ ၊ မင်္ဂလာ တောင်ညွန့်ထဲမှာ တိုက်တစ် လုံးမြေထဲ ကြွံဝင်သွားတာ မြေညီ တစ်ထပ်လုံး မြေထဲ ရောက်သွားတယ်။

အခု ကန်ထရိုက်တိုက်တွေဆောက်နေတာ အင်ဂျင်နီယာမပါဘူး၊ အင်ဂျင်နီယာဆိုတာ လက်မှတ်ထိုးရုံပဲ ၊ ပန်းရံ လက်သမားတွေကပဲ ဦးစီးနေတာ ၊ သံချောင်းရယ် ကျောက်ရယ် သဲရယ် ဘိလပ်မြေရယ် တွေ့ရင် အာစီဖြစ်တာပဲ ဆိုတဲ့အသိ စွဲနေကြတာ။

၆လွှာ အပေါ် ဆုံးထပ်ကို သိန်း၂၀၀ လောက်ပေးဝယ်ရတာ ၊ သိန်း၂၀၀ဆိုတာ ပလုံသွားရင် ပြန်ရှာလို့မလွယ်တဲ့ ခေတ်ကြီးမှာ တိုက်ခန်းဝယ်မယ်ဆို သေသေချာချာ စဉ်းစားပေါ့။

ပြီးစလွယ်ဆောက်တဲ့ ကန်ထရိုက်တွေအနေနဲ့ မကျေနပ်လည်းမတတ်နိုင်ဘူး၊ အမြတ်ကို အဓိကထား လူပေါင်းများစွာရဲ့ဘဝ၊ အသက်တွေ၊ ချွေးနည်းစာတွေကို မသမာတဲ့နည်းနဲ့ မဖျက်စီးပါနဲ့ မရယူပါနဲ့၊ ဆရာဝန်မှားရင် အသက်တစ်ချောင်းပဲ ဆုံးရှုံးမယ် ကန်ထရိုက် ပြီးစလွယ်လုပ်ရင် အသက်ပေါင်းများစွာ ဘဝပေါင်းများစွာ ဆုံးရှုံးမယ်။

အင်ဂျင်နီယာအစား ကန်ထရိုက်လို့ ဘာဖြစ်လို့ပြောရတာလည်းဆိုတော့ အင်ဂျင်နီယာ တာဝန် ယူရတဲ့ တိုက်က ကွန်ဒိုကလွဲရင် မရှိသလောက်ပဲ မို့လို့ပါ။

ခရက်ဒစ် မူရင်းရေးသားသူ

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*