ေစာေစာစီးစီး မ်က္စိ မမႈန္ခ်င္ရင္ ဘာေတြ ေရွာင္ရမလဲ ?

ေစာေစာစီးစီး မ်က္စိ မမႈန္ခ်င္ရင္ ဘာေတြ ေရွာင္ရမလဲ ?
ေစာေစာစီးစီး မ်က္စိ မမႈန္ခ်င္ရင္ ဘာေတြ ေရွာင္ရမလဲ ?

ေစာေစာစီးစီး မ်က္စိ မမႈန္ခ်င္ရင္ ဘာေတြ ေရွာင္ရမလဲ ?

အသက္အ႐ြယ္ ရလာတာနဲ႔အမွ် လူတိုင္းဟာ အျမင္အာ႐ုံ က်ဆင္းလာေလ့ ရွိပါတယ္။ Age Related Macular degeneration လို႔ေခၚပါတယ္။ အသက္အ႐ြယ္ ႀကီးရင့္လို႔ ျဖစ္ေသာ မ်က္လုံးတြင္း မက္ကူလာ တစစပ်က္ယြင္းလာျခင္းလို႔ ဆိုႏိုင္ပါတယ္။

ဒီလိုအေျခအေနဟာ တားလို႔ မရပါဘူး။ ခႏၶာကိုယ္ရဲ႕အလိုအေလ်ာက္ ျဖစ္လာတဲ့ အေျခအေနမို႔လူတိုင္းႀကဳံရမွာ ျဖစ္ပါတယ္။ ဒါကို မတားႏိုင္ေပမယ့္ ေႏွးေအာင္ေတာ့ လုပ္လို႔ ရပါတယ္ ။

မ်က္လုံးအျမင္အာ႐ုံကို က်ဆင္းေစတဲ့ အေၾကာင္းအရင္းေတြထဲမွာ မ်က္ကပ္မွန္ေတြက လာတဲ့အႏၲရာယ္ေတြ ပါဝင္ပါတယ္။ မ်က္ကပ္မွန္ထည့္တဲ့ caseေလးေတြကို သုံးလတစ္ခါ လဲေပးဖို႔အႀကံျပဳထားပါတယ္။ သန္႔ရွင္းဖို႔ အထူးလိုအပ္ပါတယ္။

ဒီမသန္႔ရွင္းတဲ့ မ်က္ကပ္မွန္ caseေလးေတြက လာတဲ့ ဘက္တီးရီးယားေတြ ပိုးေတြဟာ မ်က္လုံးထဲကို ဝင္ေရာက္လာၿပီး မ်က္စိေရာင္တာ၊ အနာျဖစ္တာ၊ မႈန္တာ၊ ကြယ္တာေတြအထိ ဆိုးသြားႏိုင္ေစပါသတဲ့။ Caseေတြကို ေရေႏြးဆူဆူနဲ႔ ေဆးေၾကာဖို႔ ပညာရွင္ေတြက အႀကဳံျပဳထားပါတယ္။

1. ေနပူထဲသြားရင္ ေနကာမ်က္မွန္ တပ္ပါ။

ေနေရာင္ကလာတဲ့ UV ေရာင္ျခည္ေတြဟာ အျမင္အာ႐ုံကို ေစာစီးစြာ ထိခိုက္ေစပါတယ္။ ေနကာမ်က္မွန္ေလးတပ္ေတာ့ စတိုင္လည္းက် လွလည္းလွတဲ့အျပင္ မ်ကိစိၾကည့္ရတာလည္း သက္သာေစပါတယ္။

2. မ်က္လုံးကို မပြတ္ပါနဲ႔။

လူေတြက တစ္ရက္ကို ဆယ့္ေျခာက္ႀကိမ္ေလာက္ မ်က္လုံးကို ပြတ္ေလ့ရွိသတဲ့။ လက္မၾကာခဏေဆးပါ။ မ်က္စိကို မပြတ္မိေအာင္ သတိထားပါ။

3. မ်က္ကပ္မွန္ တပ္ရမယ္ဆိုရင္

မ်က္ကပ္မွန္ကို အထူးျပဳလုပ္ထားတဲ့ သန္႔စင္ေဆးရည္ေတြနဲ႔ ေဆးေၾကာ သန္႔စင္ပါ။ သန္႔စင္ေဆးရည္ မရွိရင္ ဆူၿပီးသားေရေႏြးကို အသုံးျပဳေပးပါ။

4. မ်က္စဥ္းေတြကို မလိုဘဲ မခတ္ပါနဲ႔။

မ်က္စိဆရာ၀န္ႀကီးေတြရဲ႕ အႀကံဉာဏ္ကို ရယူၿပီးမွသာ ေသခ်ာ လိုက္နာအသုံးျပဳေစခ်င္ပါတယ္။

5. ဘာေတြပဲလုပ္လုပ္ အမႈန္အမႊားဝင္ႏိုင္တဲ့ေနရာေတြ

ဥပမာ-ဆိုင္ကယ္စီးတာက စလို႔ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြ သြားရာမွာပဲ ျဖစ္ျဖစ္၊ အိမ္တြင္းမွာ အမိုးအကာသန္႔ရွင္းေရး ၾကမ္းျပင္သန္႔ရွင္းေရး လုပ္ခ်ိန္ပဲ ျဖစ္ျဖစ္ မ်က္စိေတြကို အကာအကြယ္ ယူပါ။ ပါဝါ မပါတဲ့ မ်က္မွန္ တပ္ေပးပါ။

6.ေရကူးရင္လည္း ေရကူးမ်က္မွန္ တပ္ဆင္ပါ။

ေရကူးကန္ထဲက ကလိုရင္းဓာတ္နဲ႔ ပင္လယ္ေရထဲက ဆားဓာတ္ေတြဟာ မ်က္လုံးအိမ္ကို အနည္းနဲ႔ အမ်ား ထိခိုက္မႈ ရွိႏိုင္လို႔ပါ။ မ်က္ဝန္းေလးေတြ ႐ႊန္းစို ေတာက္ပၿပီး အျမင္အားသန္ၾကပါေစ။

#Crd ဂ်ီပီငွက္ (ေဆး/မန္း)

Unicode

စောစောစီးစီး မျက်စိ မမှုန်ချင်ရင် ဘာတွေ ရှောင်ရမလဲ ?

အသက်အရွယ် ရလာတာနဲ့အမျှ လူတိုင်းဟာ အမြင်အာရုံ ကျဆင်းလာလေ့ ရှိပါတယ်။ Age Related Macular degeneration လို့ခေါ်ပါတယ်။ အသက်အရွယ် ကြီးရင့်လို့ ဖြစ်သော မျက်လုံးတွင်း မက်ကူလာ တစစပျက်ယွင်းလာခြင်းလို့ ဆိုနိုင်ပါတယ်။

ဒီလိုအခြေအနေဟာ တားလို့ မရပါဘူး။ ခန္ဓာကိုယ်ရဲ့အလိုအလျောက် ဖြစ်လာတဲ့ အခြေအနေမို့လူတိုင်းကြုံရမှာ ဖြစ်ပါတယ်။ ဒါကို မတားနိုင်ပေမယ့် နှေးအောင်တော့ လုပ်လို့ ရပါတယ် ။

မျက်လုံးအမြင်အာရုံကို ကျဆင်းစေတဲ့ အကြောင်းအရင်းတွေထဲမှာ မျက်ကပ်မှန်တွေက လာတဲ့အန္တရာယ်တွေ ပါဝင်ပါတယ်။ မျက်ကပ်မှန်ထည့်တဲ့ caseလေးတွေကို သုံးလတစ်ခါ လဲပေးဖို့အကြံပြုထားပါတယ်။ သန့်ရှင်းဖို့ အထူးလိုအပ်ပါတယ်။

ဒီမသန့်ရှင်းတဲ့ မျက်ကပ်မှန် caseလေးတွေက လာတဲ့ ဘက်တီးရီးယားတွေ ပိုးတွေဟာ မျက်လုံးထဲကို ဝင်ရောက်လာပြီး မျက်စိရောင်တာ၊ အနာဖြစ်တာ၊ မှုန်တာ၊ ကွယ်တာတွေအထိ ဆိုးသွားနိုင်စေပါသတဲ့။ Caseတွေကို ရေနွေးဆူဆူနဲ့ ဆေးကြောဖို့ ပညာရှင်တွေက အကြုံပြုထားပါတယ်။

1. နေပူထဲသွားရင် နေကာမျက်မှန် တပ်ပါ။

နေရောင်ကလာတဲ့ UV ရောင်ခြည်တွေဟာ အမြင်အာရုံကို စောစီးစွာ ထိခိုက်စေပါတယ်။ နေကာမျက်မှန်လေးတပ်တော့ စတိုင်လည်းကျ လှလည်းလှတဲ့အပြင် မျကိစိကြည့်ရတာလည်း သက်သာစေပါတယ်။

2. မျက်လုံးကို မပွတ်ပါနဲ့။

လူတွေက တစ်ရက်ကို ဆယ့်ခြောက်ကြိမ်လောက် မျက်လုံးကို ပွတ်လေ့ရှိသတဲ့။ လက်မကြာခဏဆေးပါ။ မျက်စိကို မပွတ်မိအောင် သတိထားပါ။

3. မျက်ကပ်မှန် တပ်ရမယ်ဆိုရင်

မျက်ကပ်မှန်ကို အထူးပြုလုပ်ထားတဲ့ သန့်စင်ဆေးရည်တွေနဲ့ ဆေးကြော သန့်စင်ပါ။ သန့်စင်ဆေးရည် မရှိရင် ဆူပြီးသားရေနွေးကို အသုံးပြုပေးပါ။

4. မျက်စဉ်းတွေကို မလိုဘဲ မခတ်ပါနဲ့။

မျက်စိဆရာ၀န်ကြီးတွေရဲ့ အကြံဉာဏ်ကို ရယူပြီးမှသာ သေချာ လိုက်နာအသုံးပြုစေချင်ပါတယ်။

5. ဘာတွေပဲလုပ်လုပ် အမှုန်အမွှားဝင်နိုင်တဲ့နေရာတွေ

ဥပမာ-ဆိုင်ကယ်စီးတာက စလို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ သွားရာမှာပဲ ဖြစ်ဖြစ်၊ အိမ်တွင်းမှာ အမိုးအကာသန့်ရှင်းရေး ကြမ်းပြင်သန့်ရှင်းရေး လုပ်ချိန်ပဲ ဖြစ်ဖြစ် မျက်စိတွေကို အကာအကွယ် ယူပါ။ ပါဝါ မပါတဲ့ မျက်မှန် တပ်ပေးပါ။

6.ရေကူးရင်လည်း ရေကူးမျက်မှန် တပ်ဆင်ပါ။

ရေကူးကန်ထဲက ကလိုရင်းဓာတ်နဲ့ ပင်လယ်ရေထဲက ဆားဓာတ်တွေဟာ မျက်လုံးအိမ်ကို အနည်းနဲ့ အများ ထိခိုက်မှု ရှိနိုင်လို့ပါ။ မျက်ဝန်းလေးတွေ ရွှန်းစို တောက်ပပြီး အမြင်အားသန်ကြပါစေ။

#Crd ဂျီပီငှက် (ဆေး/မန်း)

Be the first to comment

Leave a Reply

Your email address will not be published.


*