










Unicode

မကြာခဏ ဆံပင် ဆေးဆိုးတတ်တဲ့သူများ သတိထားဆင်ခြင်ကြပါ

ယခုခေတ်မှာ ဆံပင်ဆိုးဆေးကို အမျိုးသမီး တိုင်းလိုလို အသုံးပြု လာ ကြပါ တယ်။ ဆံပင်ဆိုးဆေးတွေကို ဓါတုဆေးတွေ နဲ့ ပြုလုပ်ထားကြ ပါတယ် ။

ဆံပင်ကို ဆေးဆိုးနေ ချိန်မှာ ဆံပင် ဆိုးဆေးက အငွေ့တွေကို ရှူမိသွားတတ်ကြပါတယ် ။ ဆံပင်ဆိုးဆေးတွေမှာ ဓါတုပစ္စည်းပေါင်း ၅၀၀၀ ကျော် ပါဝင်ပြီး ကင်ဆာရော ဂါကို ဖြစ်ပွားစေနိုင် တယ်လို့ National Cancer Institute ရဲ့ လေ့လာမှုတစ် ရပ်က ဖော်ပြခဲ့ တာပဲ ဖြစ် ပါ တယ် ။

ဒီလေ့လာမှုမှာ ပါဝင်တဲ့ အမျိုးသမီးတွေကို ဆံပင်ဆိုးဆေး အသုံးပြုပုံနဲ့ ဆံပင်ဖြောင့်ဆေး အသုံးပြုပုံ တို့ကို မေးမြန်းခဲ့ပါတယ်။

ဆံပင်ဆိုးဆေးကို ၅ ပတ် တစ်ခါ သို့မဟုတ် ၈ ပတ် တစ်ခါ အသုံးပြုတဲ့ အာဖရိကနွယ်ဖွား အမေရိကန် အမျိုးသမီးတွေက ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ၆၀ ရာခိုင်နှုန်း ထိရှိပါတယ်။

လူဖြူ အမျိုးသမီးတွေ မှာတော့ ရင်သား ကင်ဆာ ဖြစ်ပွားနိုင်ချေ ၈ ရာခိုင်နှုန်း ရှိပါတယ် ။အာဖရိကနွယ်ဖွား အမေရိကန်အမျိုး သမီးတွေက ဆံပင် ကို ပိုပြီး ဆေးဆိုးကြ ပါတယ်။

ဆံပင်ဆိုးဆေးတွေမှာ အဓိက ပါဝင်တဲ့ ဖော်မယ် ဒီဟိုက်ဓါတ်ငွေ့က ကင်ဆာ ဖြစ်စေနိုင်လို့ပါ။ ဒါပေမယ့် ဒီလေ့လာ မှုအရ ဆံပင်ဆိုးဆေးတွေကို တစ်ခါ တရံ အသုံးပြု သူတွေကတော့ ရင်သား ကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်သာ ရှိပါတယ် ။

ဒါပေမယ့် ကင်ဆာ ဖြစ်ပွားနိုင်ခြေက ဆံပင်ဆိုးဆေး အသုံးပြုပုံ ပမာဏ၊ မကြာမကြာ အသုံးပြုမှုတို့ အပေါ်လည်း မူတည်နေနေသေးတယ် တာလည်း ဖြစ်ပါတယ်နော် ။

Credit – Zombie(LoveMedia)

Be the first to comment

Leave a Reply

Your email address will not be published.


*