(၂၃) ႏွစ္အ႐ြယ္ မိန္းကေလး တစ္ေယာက္မွာ ရွိကိုရွိထားသင့္တဲ့ အခ်က္ (၇) ခ်က္

(၂၃) ႏွစ္အ႐ြယ္ မိန္းကေလး တစ္ေယာက္မွာ ရွိကိုရွိထားသင့္တဲ့ အခ်က္ (၇) ခ်က္
(၂၃) ႏွစ္အ႐ြယ္ မိန္းကေလး တစ္ေယာက္မွာ ရွိကိုရွိထားသင့္တဲ့ အခ်က္ (၇) ခ်က္

(၂၃) ႏွစ္အ႐ြယ္ မိန္းကေလး တစ္ေယာက္မွာ ရွိကိုရွိထားသင့္တဲ့ အခ်က္ (၇) ခ်က္

မိန္းကေလးတစ္ေယာက္က အ႐ြယ္ေတြ တျဖည္းျဖည္း ေျပာင္းလဲလာတာနဲ႔အမွ် သူတို႔မွာ ရွိေနတတ္တဲ့ အရာေတြကလည္း ေျပာင္းလဲလာတတ္ပါတယ္။ အ႐ြယ္အလိုက္ ေျပာင္းလဲမႈေတြနဲ႔အတူ တျဖည္းျဖည္းနဲ႔ ပိုၿပီး အဖိုးတန္လာသလို စိတ္ရႈပ္စရာေတြ ပိုမ်ားလာတာမ်ိဳး ျဖစ္တတ္တာ လူ႔သဘာဝပါပဲ။

အသက္ (၂၃) အ႐ြယ္ေရာက္လာတဲ့ မိန္းကေလးေတြဆိုရင္ေတာ့ ဒီအခ်က္ေတြ ရွိထားသင့္ေနပါၿပီ။

၁- ရင့္က်က္မႈ

အသက္ ၂၃ ႏွစ္ဆိုရင္ ေတာ္ေတာ္မ်ားမ်ား ႀကဳံခဲ့ဖူးပါၿပီ။ မေကာင္းတဲ့သူေတြနဲ႔လည္း ဆုံခဲ့ဖူးသလို ကိုယ္နဲ႔ ရင္းႏွီးတဲ့သူေတြလည္း မယုံရတာကို သိၿပီးၾကပါၿပီ။ ဒါ့အျပင္ မိဘေတြနဲ႔ ရန္ေတြ ျဖစ္ခဲ့ဖူးသလို အထိုက္အေလ်ာက္လည္း မိဘေတြကို နားလည္လာတာမ်ိဳးလည္း ရွိေနပါၿပီ။

ဒီအတြက္ သင့္တင့္တဲ့ ရင့္က်က္မႈမ်ိဳး ရွိေနသင့္ပါတယ္။

၂-ဖက္ရွင္အျမင္

အသက္ (၂၃) ႏွစ္ဆိုတာ အရမ္း မငယ္ေတာ့တဲ့ အ႐ြယ္လည္း ျဖစ္သလို အသက္လည္း မႀကီးေသးတဲ့ အ႐ြယ္ ျဖစ္ပါတယ္။

ဒီအတြက္ ကေလးလည္း မဆန္၊ လူႀကီးလည္း မဆန္တဲ့ လူငယ္ဖက္ရွင္ေတြကို ဝတ္ဆင္ရမယ့္ အ႐ြယ္ေရာက္ေနပါၿပီ။ ဒီအတြက္ ဖက္ရွင္အျမင္လည္း ရွိထားဖို႔ လိုပါတယ္။

၃- အလုပ္အကိုင္

အသက္ ၂၃ ႏွစ္ဆိုတာ အသက္ႀကီးသြားတာမ်ိဳး မဟုတ္ေပမယ့္ ကိုယ့္ေျခေထာက္ေပၚ ရပ္တည္ဖို႔ လိုအပ္တဲ့ အ႐ြယ္ေတာ့ ေရာက္ေနပါၿပီ။

ေက်ာင္းတက္ေနဆဲ ျဖစ္ေနရင္ေတာင္မွ ကိုယ့္ရဲ႕ စားဝတ္ေနေရးအတြက္ ကိုယ့္ဘာသာ တာဝန္ယူႏိုင္သင့္ေနပါၿပီ။ ဒီအတြက္ အထိုက္အေလ်ာက္ ရွိတဲ့ ေငြေၾကးကို ရွာႏိုင္တဲ့ အလုပ္အကိုင္မ်ိဳး ရွိသင့္ပါတယ္။

၄-သိနားလည္မႈ

ကေလးလို ဆိုးခ်င္တိုင္း ဆိုးရမယ့္ အ႐ြယ္ မဟုတ္ေတာ့သလို ေနခ်င္တိုင္း ေနမယ္ဆိုတာမ်ိဳးလည္း လုပ္လို႔ မရတဲ့ အ႐ြယ္ ျဖစ္ပါတယ္။

မိသားစုအေပၚ သိနားလည္မႈမ်ိဳးေတြ ရွိသင့္သလို သူငယ္ခ်င္း အေပါင္းအသင္းၾကားမွာလည္း သိနားလည္မႈေတြ ရွိေနသင့္ပါတယ္။

၅- လူေတြကို မယုံၾကည္မႈ

၂၃ ႏွစ္ေလာက္ ေနလာၿပီးရင္ လူတိုင္းက လြယ္လြယ္ယုံလို႔ မရဘူးဆိုတာကို သိလာရမွာ ျဖစ္ပါတယ္။ ကိုယ္နဲ႔ ခင္မင္ရင္းႏွီးလာရင္ေတာင္မွ မ်က္စိစုံမွိတ္ ယုံလို႔ မျဖစ္ဘူးဆိုတာကို သိေနဖို႔ လိုပါတယ္။

ယုံၾကည္မႈ ေပးရမွာ မွန္ေပမယ့္ အဆုံးစြန္ထိ ယုံတာမ်ိဳးေတြ မလုပ္သင့္ေတာ့ပါဘူး။

၆- ခ်စ္တတ္မႈ

အခ်စ္ဆိုတာ တစ္ေယာက္နဲ႔ တစ္ေယာက္ ႀကဳံရတဲ့ အခ်ိန္ေတာ့ မတူၾကပါဘူး။ ဒါေပမယ့္လည္း အခ်စ္ဆိုတာ ဆန႔္က်င္ဘက္ အမ်ိဳးသားတစ္ဦးကို ခ်စ္တဲ့ အခ်စ္မ်ိဳးပဲ ရွိတာ မဟုတ္ပါဘူး။

ကိုယ့္မိဘ သူငယ္ခ်င္းနဲ႔ လူသားဆန္တဲ့အခ်စ္မ်ိဳးေတြ ရွိေနဖို႔ လိုပါေသးတယ္။ အသက္ ၂၃ ႏွစ္ဆိုတာ ကိုယ့္အတြက္ကလြဲရင္ သိပ္မသိတဲ့ ဆယ္ေက်ာ္သက္ဘဝထက္ ပိုၿပီး ခံစားတတ္သင့္ပါတယ္။

၇- ေခတ္နဲ႔ညီတဲ့ ဗဟုသုတ

ဒီေန႔လို အခ်ိန္နဲ႔အမွ် ဖြံ႕ၿဖိဳးတိုးတက္မႈေတြ ရွိေနတဲ့ ေခတ္ႀကီးထဲမွာ အသက္ (၂၃) ႏွစ္အ႐ြယ္ လူငယ္တစ္ေယာက္က ဘာမွ မသိေနဘူးဆိုတာ မျဖစ္သင့္ပါဘူး။ ဖုန္းေတြရဲ႕ ေဈးႏႈန္း၊ အဝတ္အစားေဈးႏႈန္းအျပင္ သတင္း အခ်က္အလက္နဲ႔ ေခတ္စားေနတဲ့ အရာေတြကို သိေနဖို႔ လိုအပ္ပါတယ္။

ဒါ့အျပင္ တျခားေသာ ဗဟုသုတေတြပါ သိထားရင္ေတာ့ ပိုၿပီး ေကာင္းပါတယ္။

Crd

Unicode

(၂၃) နှစ်အရွယ် မိန်းကလေး တစ်ယောက်မှာ ရှိကိုရှိထားသင့်တဲ့ အချက် (၇) ချက်

မိန်းကလေးတစ်ယောက်က အရွယ်တွေ တဖြည်းဖြည်း ပြောင်းလဲလာတာနဲ့အမျှ သူတို့မှာ ရှိနေတတ်တဲ့ အရာတွေကလည်း ပြောင်းလဲလာတတ်ပါတယ်။ အရွယ်အလိုက် ပြောင်းလဲမှုတွေနဲ့အတူ တဖြည်းဖြည်းနဲ့ ပိုပြီး အဖိုးတန်လာသလို စိတ်ရှုပ်စရာတွေ ပိုများလာတာမျိုး ဖြစ်တတ်တာ လူ့သဘာဝပါပဲ။

အသက် (၂၃) အရွယ်ရောက်လာတဲ့ မိန်းကလေးတွေဆိုရင်တော့ ဒီအချက်တွေ ရှိထားသင့်နေပါပြီ။

၁- ရင့်ကျက်မှု

အသက် ၂၃ နှစ်ဆိုရင် တော်တော်များများ ကြုံခဲ့ဖူးပါပြီ။ မကောင်းတဲ့သူတွေနဲ့လည်း ဆုံခဲ့ဖူးသလို ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေလည်း မယုံရတာကို သိပြီးကြပါပြီ။ ဒါ့အပြင် မိဘတွေနဲ့ ရန်တွေ ဖြစ်ခဲ့ဖူးသလို အထိုက်အလျောက်လည်း မိဘတွေကို နားလည်လာတာမျိုးလည်း ရှိနေပါပြီ။

ဒီအတွက် သင့်တင့်တဲ့ ရင့်ကျက်မှုမျိုး ရှိနေသင့်ပါတယ်။

၂-ဖက်ရှင်အမြင်

အသက် (၂၃) နှစ်ဆိုတာ အရမ်း မငယ်တော့တဲ့ အရွယ်လည်း ဖြစ်သလို အသက်လည်း မကြီးသေးတဲ့ အရွယ် ဖြစ်ပါတယ်။

ဒီအတွက် ကလေးလည်း မဆန်၊ လူကြီးလည်း မဆန်တဲ့ လူငယ်ဖက်ရှင်တွေကို ဝတ်ဆင်ရမယ့် အရွယ်ရောက်နေပါပြီ။ ဒီအတွက် ဖက်ရှင်အမြင်လည်း ရှိထားဖို့ လိုပါတယ်။

၃- အလုပ်အကိုင်

အသက် ၂၃ နှစ်ဆိုတာ အသက်ကြီးသွားတာမျိုး မဟုတ်ပေမယ့် ကိုယ့်ခြေထောက်ပေါ် ရပ်တည်ဖို့ လိုအပ်တဲ့ အရွယ်တော့ ရောက်နေပါပြီ။

ကျောင်းတက်နေဆဲ ဖြစ်နေရင်တောင်မှ ကိုယ့်ရဲ့ စားဝတ်နေရေးအတွက် ကိုယ့်ဘာသာ တာဝန်ယူနိုင်သင့်နေပါပြီ။ ဒီအတွက် အထိုက်အလျောက် ရှိတဲ့ ငွေကြေးကို ရှာနိုင်တဲ့ အလုပ်အကိုင်မျိုး ရှိသင့်ပါတယ်။

၄-သိနားလည်မှု

ကလေးလို ဆိုးချင်တိုင်း ဆိုးရမယ့် အရွယ် မဟုတ်တော့သလို နေချင်တိုင်း နေမယ်ဆိုတာမျိုးလည်း လုပ်လို့ မရတဲ့ အရွယ် ဖြစ်ပါတယ်။

မိသားစုအပေါ် သိနားလည်မှုမျိုးတွေ ရှိသင့်သလို သူငယ်ချင်း အပေါင်းအသင်းကြားမှာလည်း သိနားလည်မှုတွေ ရှိနေသင့်ပါတယ်။

၅- လူတွေကို မယုံကြည်မှု

၂၃ နှစ်လောက် နေလာပြီးရင် လူတိုင်းက လွယ်လွယ်ယုံလို့ မရဘူးဆိုတာကို သိလာရမှာ ဖြစ်ပါတယ်။ ကိုယ်နဲ့ ခင်မင်ရင်းနှီးလာရင်တောင်မှ မျက်စိစုံမှိတ် ယုံလို့ မဖြစ်ဘူးဆိုတာကို သိနေဖို့ လိုပါတယ်။

ယုံကြည်မှု ပေးရမှာ မှန်ပေမယ့် အဆုံးစွန်ထိ ယုံတာမျိုးတွေ မလုပ်သင့်တော့ပါဘူး။

၆- ချစ်တတ်မှု

အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ကြုံရတဲ့ အချိန်တော့ မတူကြပါဘူး။ ဒါပေမယ့်လည်း အချစ်ဆိုတာ ဆန့်ကျင်ဘက် အမျိုးသားတစ်ဦးကို ချစ်တဲ့ အချစ်မျိုးပဲ ရှိတာ မဟုတ်ပါဘူး။

ကိုယ့်မိဘ သူငယ်ချင်းနဲ့ လူသားဆန်တဲ့အချစ်မျိုးတွေ ရှိနေဖို့ လိုပါသေးတယ်။ အသက် ၂၃ နှစ်ဆိုတာ ကိုယ့်အတွက်ကလွဲရင် သိပ်မသိတဲ့ ဆယ်ကျော်သက်ဘဝထက် ပိုပြီး ခံစားတတ်သင့်ပါတယ်။

၇- ခေတ်နဲ့ညီတဲ့ ဗဟုသုတ

ဒီနေ့လို အချိန်နဲ့အမျှ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိနေတဲ့ ခေတ်ကြီးထဲမှာ အသက် (၂၃) နှစ်အရွယ် လူငယ်တစ်ယောက်က ဘာမှ မသိနေဘူးဆိုတာ မဖြစ်သင့်ပါဘူး။ ဖုန်းတွေရဲ့ ဈေးနှုန်း၊ အဝတ်အစားဈေးနှုန်းအပြင် သတင်း အချက်အလက်နဲ့ ခေတ်စားနေတဲ့ အရာတွေကို သိနေဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် တခြားသော ဗဟုသုတတွေပါ သိထားရင်တော့ ပိုပြီး ကောင်းပါတယ်။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*