ပီကေဝါးခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာဖြစ်ပေါ်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုးများ

ပီကေဝါးခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာဖြစ်ပေါ်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုးများ
ပီကေဝါးခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာဖြစ်ပေါ်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုးများ

ပီကေဝါးခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာဖြစ်ပေါ်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုးများ

အခု တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ ပီကေဝါးခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာဖြစ်ပေါ်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ ပီကေစားခြင်းဓလေ့က ဟိုးယခင်ကတည်းက ရှိခဲ့တဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။

ပထမဆုံးစတွေ့ရှိရတဲ့ မှတ်တမ်းမှတ်ရာတွေ အရတော့ ရှေးခေတ်ဂရိတွေက သစ်ပင်တွေကို သစ်စေးကို ယူကာ ဝါးမြှုံထားခဲ့ခြင်းက ကမ္ဘာ့ပထမဆုံးပီကေရဲ့ အမှတ်အသားတစ်ခုပဲဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းကစပြီး ပီကေဝါးခြင်း အလေ့အကျင့်က ရပ်တန့်သွားခြင်း မရှိခဲ့ဘဲ ယနေ့အချိန်မှာတော့ အရသာမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ပီကေတွေကို ရရှိနေပါပြီ။ ဒီလို ပီကေစားခြင်းက သင့်ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအပေါ် ဘယ်လိုရိုက်ခတ်မှုတွေဖြစ်စေသလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။

( ၁ ) သွားကိစ္စ

ပီကေစားချိန်မှာ ပထမဆုံးရင်ဆိုင်တွေ့ရမယ့် အရာကတော့ သွားကိစ္စပဲဖြစ်ပါတယ်။

ကောင်းကျိုး – သကြားဓာတ်မပါတဲ့ ပီကေတွေက ခံတွင်းအတွက် ကောင်းမွန်တဲ့ပီကေတွေပဲဖြစ်ပါတယ်။ အဲဒီ ပီကေတွေက ခံတွင်းကို သန့်ရှင်းစေတဲ့ အပြင် ခံတွင်းထဲမှာ ရှိနေတဲ့ ဘတ်တီးရီးယားပိုးမွှားတွေကို နှိမ်နင်းရာမှာ အင်မတန်အစွမ်းထက်လှပါတယ်။

အဲဒီလို သကြားမပါတဲ့ ပီကေတွေကို စားခြင်းအားဖြင့် သွားပျက်စီးယိုယွင်းမှုကို ကာကွယ်နိုင်စေမှာဖြစ်ပြီး သွားဖုံးရောင်ခြင်းဒဏ်ကနေ ကင်းလွှတ်စေမှာဖြစ်ပါတယ်။

ဒါ့အပြင် သွားအပေါ်ယံကြွေသားတွေအတွက်လည်း လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်နဲ့ ဖော့စဖိတ်ဓာတ်တို့ကို သကြားမပါတဲ့ ပီကေတွေက ဖြည့်စွမ်းပေးနိုင်ပါသေးတယ်။

ဆိုးကျိုး – သကြားပါတဲ့ ပီကေတွေကတော့ လုံးဝကို မစားသုံးသင့်တဲ့ ပီကေတွေလို့ သတ်မှတ်ရမှာပါ။ အဲဒီပီကေတွေက လူကြိုက်များပြီး အရသာအစုံရရှိဖို့အတွက် သကြားဓာတ်တွေကို အလွန်အကျွံထည့်သွင်းထားတတ်ကြပါတယ်။

အဆိုပါ ပီကေတွေကို စားခြင်းအားဖြင့် အရင်ဆုံးသိသိသာသာ ထိခိုက်လာမှာကတော့ သွားကျန်းမာရေးပဲဖြစ်ပါတယ်။ ခံတွင်းထဲမှာ ရှိနေတဲ့ ဘတ်တီးရီးယားတချို့က ပီကေက ရလာမယ့် သကြားဓာတ်တွေကို အရင်ဆုံးထိတွေ့ရမှာဖြစ်ပါတယ်။

ဒီလို သကြားဓာတ်ပါတဲ့ပီကေတွေကို စားခြင်းရဲ့ ရလာဒ်ကတော့ ရေရှည်မှာဆိုရင် သွားချေးတွေ ချိုးကပ်လာမှာဖြစ်ပါတယ်။ အဲဒီသွားချေးတွေ တက်လာခြင်းက သွားတွေကို ဆွေးမြေ့စေမယ့် ပထမဆုံးလက္ခဏာပဲဖြစ်ပါတယ်။

(၂) ခန္ဓာကိုယ်အလေးချိန်လျော့ကျခြင်း

ပီကေစားခြင်းက ခန္ဓာကိုယ်အလေးချိန်လျော့ချရာမှာလည်း အထောက်အကူဖြစ်စေတဲ့အရာပါ။

ကောင်းကျိုး – တစ်ခါတစ်ရံမှာတော့ ပီကေစားခြင်းက အစားစားချင်စိတ်ကို လုံးဝမဖြစ်စေအောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ ပီကေစားနေတာကြောင့် အစားစားချိန်ရောက်တာတောင် ဗိုက်လုံးဝမဆာနိုင်အောင်အထိ ဖြစ်လေ့ရှိကြပါတယ်။

မနက်ခင်းမှာ ပီကေစားထားခြင်း မနက်စောစော ဗိုက်ဆာခြင်းကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ပီကေတွေ အများစုက ချိုတဲ့ အရသာရှိပြီး ကယ်လိုရီကလည်း အနည်းငယ်ပါဝင်တာကြောင့် တစ်ခုခုကို စားဖို့ လုံးဝ သတိမရတော့တာမျိုးဖြစ်ကောင်းဖြစ်မှာပါ။

ဒီလို ဗိုက်လုံးဝမဆာဘဲ နေနိုင်ခြင်းက ခန္ဓာကိုယ်အလေးချိန်လျော့ချစေသူတွေအတွက်တော့ အခွင့်ကောင်းတစ်ခုလို့ သတ်မှတ်ရမှာပါ။

ဆိုးကျိုး – ဒီလိုမျိုး ပီကေစားထားတာကြောင့် အစားလုံးဝမစားဘဲ ဝိတ်လျော့နည်းက အမှန်တကယ်ခန္ဓာကိုယ်အလေးချိန်လျော့ကျစေမယ့် နည်းလမ်းတစ်ခုဖြစ်ပေမယ့် ကျန်းမာရေးနဲ့ လုံးဝ ညီညွှတ်နေတဲ့ ကိစ္စရပ်တစ်ခု မဟုတ်ပါဘူး။

ပီကေဝါးနေချိန်မှာ ထွက်လာတဲ့ တံတွေးနဲ့ အာစေးတွေက သင့်ဦးနှောက်ဆီကို သင် အမှန်တကယ်ကို ဗိုက်ဆာနေကြောင်းကို စဉ်ဆက်မပြတ်သတ်င်းတွေ လှမ်းပို့နေမှာဖြစ်ပါတယ်။ ဒါ့အပြင် ပီကေဝါးတာ ကြာလာတာနဲ့ အမျှ လျှာရဲ့ အရသာခံစနစ်လည် ပြောင်းလဲသွားမှာဖြစ်ပြီး ဘယ်လိုအရသာရှိတဲ့အစားအသောက်တွေကို မဆို စားလိုက်ချိန်မှာ အရသာပျက်သွားအောင်လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

ပီကေဝါးပြီး ဝိတ်လျော့သူတွေက တစ်နေ့မှာ အစားနည်းနည်းလောက်သာ စားကြပေမယ့် သူတို့တစ်ခါစားရင်လည်း ကယ်လိုရီများများ စားကြလေ့ရှိတယ်လို့ ပညာရှင်တွေက ထောက်ပြခဲ့ကြပါတယ်။

( ၃ ) အစာချေဖျက်မှုကိစ္စ

ပီကေစားပြီးဝိတ်လျော့ခြင်းနဲ့ အတူတူတွဲပါလာတာကတော့ အစာချေဖျက်မှုကိစ္စပဲဖြစ်ပါတယ်။

ကောင်းကျိုး – ပီကေစားချိန်မှာ ခံတွင်းအတွင်းမှာ အရင်ကထက် တံတွေးတွေပိုထွက်လာလာလေ့ရှိခြင်းက ကျန်းမာရေးအတွက် ပိုကောင်းမွန်လာစေတဲ့အရာတွေဖြစ်တယ်လို့ သိရပါတယ်။ လူတချို့က ခရီးထွက်ချိန် (သို့) ကားစီးချိန်မှာ အော့အန်ခြင်းတွေ၊ ခေါင်းမူးခြင်းတွေဖြစ်လာလေ့ရှိပြီး ပီကေစားလိုက်ရင် သက်သာသွားတယ်ဆိုတာက အဲဒီတံတွေးတွေ ပိုထွက်လာလို့ပဲဖြစ်ပါတယ်။

တချို့ပညာရှင်တွေကတော့ အဲဒီလို တံတွေးတွေ များများစားစားထွက်ရှိလာခြင်းက ဆေးဝါးတွေ စားတာထက်တောင် ပိုအစွမ်းထက်တယ်လို့ ယုံကြည်ကြပါတယ်။ ဗိုက်နာတာတွေ၊ ရင်ခေါင်းအောင့်တာတွေနဲ့ ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ကို ပီကေစားခြင်းအားဖြင့် အတိုင်းအတာတစ်ခုအထိ လျော့ချနိုင်စွမ်းရှိပါတယ်။

ဆိုးကျိုး – တကယ်လို့သင့်မှာ အစာအိမ်နဲ့ ပတ်သက်တဲ့ရောဂါ၊ အစာခြေဖျက်တဲ့နေရာတွေမှာ ပြဿနာရှိနေသူတစ်ယောက်ဆိုရင်တော့ ပီကေဝါးခြင်းက ဆိုးကျိုးတွေကို ဖြစ်လာနိုင်စေပါတယ်။

ပီကေစားနေချိန်အတွင်းမှာ ပါးစပ်ကနေ လေနည်းနည်းခြင်းစီ တိုးဝင်နေမှာဖြစ်ပြီး အစာအိမ်ကို ရောက်ရှိသွားချိန်မှာတော့ ဗိုက်အောင့်ဗိုက်နာခြင်းတွေကို ဖြစ်လာတတ်ပါတယ်။

( ၄ ) ဦးနှောက်ကိစ္စ

ကောင်းကျိုး – ပီကေဝါးနေခြင်းက စိတ်ဖိစီးမှုတွေကို လျော့စေနိုင်မှာဖြစ်ပြီး စိတ်ဓာတ်တက်ကြွခြင်းတွေကိုပါ ဖြစ်စေနိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြခဲ့ကြပါတယ်။

ပီကေဝါးခြင်းက Cortisol လို့ ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေ လျော့ ချပေးနိုင်စွမ်းရှိပြီး အလုပ်လုပ်ရာမှာ အရင်ထက်ပိုပြီး အာရုံစူးစိုက်မှုပိုမိုရရှိစေတတ်ပါတယ်။

တစ်နေ့တာလုံး အပူအပင်မရှိ အလုပ်နိုင်မှာဖြစ်ပြီး စိုးရိမ်ကြောင့်ကြမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ကျစေနိုင်မှာပဲဖြစ်ပါတယ်။

ဆိုးကျိုး – ပီကေများများစားခြင်းရဲ့ ဆိုးကျိုးနောက်တစ်ခုကတော့ မေးရိုးတွေ အရင်ထက်ပိုမို လှုပ်ရှားစေမှာဖြစ်လို့ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းတို့ကို ရံဖန်ရံခါခံစားရနိုင်ခြေရှိပါတယ်။

ဒီလို ပီကေစားတိုင်း ခေါင်းအမြဲတမ်းကိုက်သူတစ်ယောက်ဆိုရင်တော့ ရေရှည်မှာဆိုရင် နာတာရှည်ခေါင်းကိုက်ခြင်းဒဏ်တွေကို ခံစားရနိုင်ချေရှိပါတယ်။

( ၅ ) ရင်ပူမှုကိုလျော့ကျစေနိုင်ခြင်း

ပီကေဝါးခြင်းကြောင့် ဖြစ်လာတဲ့ ကောင်းကျိုးတစ်ခုကတော့ အစာပြွန်အတွင်းက အက်ဆစ်ဓာတ်တွေကို လျော့ချစေနိုင်တဲ့အစွမ်းပဲဖြစ်ပါတယ်။

ပီကေဝါးနေစဉ်မှာ ထွက်ရှိလာတဲ့ တံတွေးတွေက အစာပြွန်အတွင်းမှာရှိနေတဲ့ အက်ဆစ်ဓာတ်တွေကို အာနိသင်ပျက်ပြယ်သွားအောင် လုပ်နိုင်ပြီး ပြင်းထန်တဲ့အစွမ်းတွေကိုလည်း လျော့ကျစေနိုင်စွမ်းရှိပါတယ်။ ဒီလို အက်စစ်ဓာတ်လျော့ကျသွားမှုက ရင်ပူတွေတာကို လုံးဝမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

( ၆ ) မေးရိုးပြဿနာများဖြစ်လာနိုင်ခြေရှိခြင်း

ပီကေများများဝါးမှုကြောင့် ပထမဆုံးသိသိသာသာ ခံစားရမှာကတော့မေးရိုးတွေညောင်းညာလာခြင်းပဲဖြစ်ပါတယ်။ ဒီကိစ္စဟာ ရေရှည်မှာဆိုရင်တော့ မေးရိုးအဆစ်အမြစ်တွေနဲ့ ကြွက်သားတချို့အပေါ်မှာ ဆိုးဆိုးဝါးဝါးထိခိုက်ပျက်စီးမှုတွေဖြစ်လာစေမှာဖြစ်ပါတယ်။

အစားစားတဲ့နေရာ၊ ရယ်မောတဲ့ နေရာနဲ့ စကားပြောတဲ့နေရာမှာ မေးရိုးတွေကို အသုံးပြုရလေ့ရှိတာကြောင့် မေးရိုးတစ်ခုခု ပျက်စီးယိုယွင်းသွားခဲ့ရင်တော့ နာကျင်မှုကို သိသိသာသာခံစားရမှာဖြစ်ပါတယ်။

( ၇ ) မှတ်ဉာဏ်တိုးစေခြင်း

ပီကေကို စဉ်ဆက်မပြတ်စားနေခြင်းမှာ သင့်ရဲ့ နှလုံးခုန်နှုန်းတွေ၊ သွေးလည်ပတ်မှုနဲ့ ဦးနှောက်ကို အောက်ဆီဂျင်ပို့မှုက အရင်ကထက် ပို မြန်ဆန်နေမှာဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်ရပ်တွေက ဦးနှောက်အလုပ်လုပ်ပုံအတွက်တော့ တကယ်ကို ကောင်းမွန်တဲ့အရာတွေပဲဖြစ်ပါတယ်။

ဆုံးဖြတ်ချက်တွေချတဲ့နေရာ၊ မှတ်ဉာဏ်တွေကိုပြန်ခေါ်တဲ့နေရာမှာ ပီကေစားထားတဲ့သူက ပီကေလုံးဝမစားတဲ့သူထက် နှာတစ်ဖျားသာနေတတ်ပါတယ်။

( ၈ ) နားနဲ့ ပတ်သက်တဲ့ရောဂါတချို့ကိုကာကွယ်ပေးနိုင်ခြင်း

နားအတွင်းမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတွေက နှာခေါင်းနဲ့ နားရွက်တို့ဆက်နွယ်နေတဲ့ သွေးကြောမျှင်တွေထဲမှာ ဘတ်တီရီးယားပိုးမွှားတွေ အများအပြား စုစည်းလာခြင်းကနေ ဖြစ်လာလေ့ရှိကြပါတယ်။ ဒီလို နားပြဿနာက ကလေးငယ်တွေမှာ အများဆုံးအဖြစ်များလေ့ရှိကြပါတယ်။

ပီကေဝါးခြင်းကနေပြီး Xylito လို့ ခေါ်တဲ့ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတဲ့ ဓာတုဓာတ်တစ်မျိုး ရရှိလာစေမှာဖြစ်ပြီး ဘတ်တီးရီးယားပိုးမွှားတွေကို ချေဖျက်နိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*