မိုးႀကိဳးမ်ားပစ္ေနခ်ိန္ ေနအိမ္အတြင္း မျပဳလုပ္သင့္သည့္အခ်က္မ်ား

မိုးႀကိဳးမ်ားပစ္ေနခ်ိန္ ေနအိမ္အတြင္း မျပဳလုပ္သင့္သည့္အခ်က္မ်ား
မိုးႀကိဳးမ်ားပစ္ေနခ်ိန္ ေနအိမ္အတြင္း မျပဳလုပ္သင့္သည့္အခ်က္မ်ား

မိုးႀကိဳးမ်ားပစ္ေနခ်ိန္ ေနအိမ္အတြင္း မျပဳလုပ္သင့္သည့္အခ်က္မ်ား

မိုးဦး၊ မိုးေႏွာင္းကာလမွာဆိုရင္ အျခားေသာ အခ်ိန္မ်ားထက္ မိုးႀကိဳးပစ္ျခင္းမ်ား ပို၍ ျဖစ္ပြားတတ္ပါတယ္။ အဲဒိလို မိုးႀကိဳးမ်ား အဆက္မျပတ္ ပစ္ေနခ်ိန္မွာ မိမိတို႔သည္ ေနအိမ္အတြင္း ရွိေနေပမယ့္ သတိထားေရွာင္ၾကဥ္ရမယ့္ အခ်က္ေတြ ရွိပါတယ္။

မိုးႀကိဳးပစ္ေနတုန္းမွာ ေရခ်ိဳးျခင္း၊ ပန္းကန္ေဆးျခင္းတို႔ ျပဳလုပ္ရင္ အႏၲရာယ္ရွိႏိုင္ေၾကာင္း ပညာရွင္မ်ား ေျပာထားပါတယ္။

လွ်ပ္စီးေတြလက္၊ မိုးႀကိဳးေတြပစ္ေနခ်ိန္မွာ ေရမခ်ိဳးရဘူးဆိုတာကို သိေကာင္းသိေန ႏိုင္ေပမယ့္လည္း မိုးႀကိဳးပစ္ မခံရေအာင္ တစ္နည္းအားျဖင့္ ဓာတ္လိုက္မခံရေအာင္ အိမ္ထဲမွာမလုပ္သင့္တဲ့အရာက ဒီတစ္ခုတည္းေတာ့ မဟုတ္ပါဘူး။

အိမ္အျပင္ဘက္မွာ လွ်ပ္စီးေတြလက္ မိုးႀကိဳးေတြပစ္ေနမယ္ဆိုရင္ ညစ္ေပေနတဲ့ အိုးခြက္ပန္းကန္ေတြကို ေဆးေၾကာတာဟာလည္း အႏၲရာယ္ႀကီးမားပါတယ္လို႔ Reader’s Digest သတင္းစာမွာ ေဖာ္ျပထားပါတယ္။

မိုးႀကိဳးေတြပစ္ေနခ်ိန္ ေရခ်ိဳးမိလို႔ လူေတြထိခိုက္ဒဏ္ရာရၾကတဲ့ ဇာတ္လမ္းေတြဟာဒ႑ာရီဆန္ေပမယ့္လည္း အေျခအျမစ္မရွိတာေတာ့ မဟုတ္ပါဘူး။ လွ်ပ္စီးက တိမ္တိုက္ကေန ထြက္လာတဲ့အခါမွာ ေျမျပင္ထဲကို အျမန္ဆုံးလမ္းေၾကာင္းကေန ဝင္ေရာက္သြားေလ့ရွိပါတယ္။

သံေဘာင္ေတ၊ သံပိုက္လိုင္းေတြဟာ အေကာင္းဆုံး ဓာတ္ကူ ပစၥည္းေတြျဖစ္လို႔ တခါတရံ သူ႔လမ္းေၾကာင္းက အေဆာက္အဦး တစ္ခုဆီ ဦးတည္သြားတတ္ပါတယ္။ ဒါေပမယ့္လည္း လွ်ပ္စီးဟာ အတြင္းကလူကို မထိခိုက္ဘဲ အိမ္တစ္လုံးကို ျဖတ္သြားႏိုင္ေပမယ့္လည္း တခ်ိဳ႕ေသာ အေျခအေနေတြမွာေတာ့ ျပင္းျပင္းထန္ထန္ ထိခိုက္သြားေစတတ္ပါတယ္။

အိမ္ရဲ႕ပိုက္လိုင္းစနစ္ထဲက ေရထဲမွာ လွ်ပ္ကူးမႈအားေကာင္းတဲ့ သတၱဳအမႈန္အမႊားေတြ ပါေနတတ္ပါတယ္။ တကယ္လို႔ သင္ ပန္းကန္ေတြေဆးေၾကာေနတုန္းမွာ သင့္အိမ္ကို မိုးႀကိဳးထိမွန္ၿပီဆိုပါေတာ့။

လွ်ပ္စစ္ဓာတ္က ပိုက္လိုင္းကိုအျဖတ္မွာ ေရထဲကို ေရာက္သြားၿပီး ေနာက္ဆုံး သင္နဲ႔ ထိေတြ႕ေနတဲ့ ပန္းကန္ေဆးဇလုံကို ေရာက္ လာပါတယ္။ ေရခ်ိဳးေနရင္လည္း ေရပိုက္ေခါင္းကတစ္ဆင့္ အလားတူျဖစ္ရပ္မ်ိဳး ျဖစ္ႏိုင္ပါတယ္။

အိမ္ထဲမွာ ေနရင္ မိုးႀကိဳးအပစ္ခံရႏိုင္ေျခက ၇၇၅၀၀၀ ပုံတစ္ပုံပဲရွိလို႔ ျဖစ္ႏိုင္ေျခက အင္မတန္နည္းပါးပါတယ္။ ဒါေပမယ့္လည္း အဲဒါဟာ သင့္ရဲ႕နယ္ေျမထဲမွာ မိုးႀကိဳး ပစ္သံေတြၾကားရင္ မကာကြယ္ရဘူးလို႔ မဆိုလိုပါဘူး။

ပိုက္ေတြထဲ ေရေတြကို ပိတ္ထားတာအျပင္ လွ်ပ္စစ္ႀကိဳးေတြ အသုံးျပဳမႈကိုလည္း ေရွာင္ၾကဥ္သင့္ပါတယ္။ အကင္စက္ေတြ၊ ေမႊစက္ေတြဆိုတာလည္း အလားအလာရွိတဲ့ ဓာတ္ကူးပစၥည္းေတြပဲ ျဖစ္ပါတယ္။

မိုးႀကိဳးမ်ား ပစ္ေနခ်ိန္ လွ်ပ္စစ္ပစၥည္းမ်ား အသုံးျပဳေနျခင္းကို ေရွာင္ၾကဥ္ျခင္းသည္ အေကာင္းဆုံးျဖစ္ေၾကာင္း အႀကံျပဳလိုပါတယ္။

မူရင္းေရးသားသူ ႏွင့္ ဓာတ္ပုံပိုင္ရွင္မ်ားအား ေလးစားစြာျဖင့္ Credit ေပးပါသည္။

Unicode

မိုးကြိုးများပစ်နေချိန် နေအိမ်အတွင်း မပြုလုပ်သင့်သည့်အချက်များ

မိုးဦး၊ မိုးနှောင်းကာလမှာဆိုရင် အခြားသော အချိန်များထက် မိုးကြိုးပစ်ခြင်းများ ပို၍ ဖြစ်ပွားတတ်ပါတယ်။ အဲဒိလို မိုးကြိုးများ အဆက်မပြတ် ပစ်နေချိန်မှာ မိမိတို့သည် နေအိမ်အတွင်း ရှိနေပေမယ့် သတိထားရှောင်ကြဉ်ရမယ့် အချက်တွေ ရှိပါတယ်။

မိုးကြိုးပစ်နေတုန်းမှာ ရေချိုးခြင်း၊ ပန်းကန်ဆေးခြင်းတို့ ပြုလုပ်ရင် အန္တရာယ်ရှိနိုင်ကြောင်း ပညာရှင်များ ပြောထားပါတယ်။

လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်နေချိန်မှာ ရေမချိုးရဘူးဆိုတာကို သိကောင်းသိနေ နိုင်ပေမယ့်လည်း မိုးကြိုးပစ် မခံရအောင် တစ်နည်းအားဖြင့် ဓာတ်လိုက်မခံရအောင် အိမ်ထဲမှာမလုပ်သင့်တဲ့အရာက ဒီတစ်ခုတည်းတော့ မဟုတ်ပါဘူး။

အိမ်အပြင်ဘက်မှာ လျှပ်စီးတွေလက် မိုးကြိုးတွေပစ်နေမယ်ဆိုရင် ညစ်ပေနေတဲ့ အိုးခွက်ပန်းကန်တွေကို ဆေးကြောတာဟာလည်း အန္တရာယ်ကြီးမားပါတယ်လို့ Reader’s Digest သတင်းစာမှာ ဖော်ပြထားပါတယ်။

မိုးကြိုးတွေပစ်နေချိန် ရေချိုးမိလို့ လူတွေထိခိုက်ဒဏ်ရာရကြတဲ့ ဇာတ်လမ်းတွေဟာဒဏ္ဍာရီဆန်ပေမယ့်လည်း အခြေအမြစ်မရှိတာတော့ မဟုတ်ပါဘူး။ လျှပ်စီးက တိမ်တိုက်ကနေ ထွက်လာတဲ့အခါမှာ မြေပြင်ထဲကို အမြန်ဆုံးလမ်းကြောင်းကနေ ဝင်ရောက်သွားလေ့ရှိပါတယ်။

သံဘောင်တေ၊ သံပိုက်လိုင်းတွေဟာ အကောင်းဆုံး ဓာတ်ကူ ပစ္စည်းတွေဖြစ်လို့ တခါတရံ သူ့လမ်းကြောင်းက အဆောက်အဦး တစ်ခုဆီ ဦးတည်သွားတတ်ပါတယ်။ ဒါပေမယ့်လည်း လျှပ်စီးဟာ အတွင်းကလူကို မထိခိုက်ဘဲ အိမ်တစ်လုံးကို ဖြတ်သွားနိုင်ပေမယ့်လည်း တချို့သော အခြေအနေတွေမှာတော့ ပြင်းပြင်းထန်ထန် ထိခိုက်သွားစေတတ်ပါတယ်။

အိမ်ရဲ့ပိုက်လိုင်းစနစ်ထဲက ရေထဲမှာ လျှပ်ကူးမှုအားကောင်းတဲ့ သတ္တုအမှုန်အမွှားတွေ ပါနေတတ်ပါတယ်။ တကယ်လို့ သင် ပန်းကန်တွေဆေးကြောနေတုန်းမှာ သင့်အိမ်ကို မိုးကြိုးထိမှန်ပြီဆိုပါတော့။

လျှပ်စစ်ဓာတ်က ပိုက်လိုင်းကိုအဖြတ်မှာ ရေထဲကို ရောက်သွားပြီး နောက်ဆုံး သင်နဲ့ ထိတွေ့နေတဲ့ ပန်းကန်ဆေးဇလုံကို ရောက် လာပါတယ်။ ရေချိုးနေရင်လည်း ရေပိုက်ခေါင်းကတစ်ဆင့် အလားတူဖြစ်ရပ်မျိုး ဖြစ်နိုင်ပါတယ်။

အိမ်ထဲမှာ နေရင် မိုးကြိုးအပစ်ခံရနိုင်ခြေက ၇၇၅၀၀၀ ပုံတစ်ပုံပဲရှိလို့ ဖြစ်နိုင်ခြေက အင်မတန်နည်းပါးပါတယ်။ ဒါပေမယ့်လည်း အဲဒါဟာ သင့်ရဲ့နယ်မြေထဲမှာ မိုးကြိုး ပစ်သံတွေကြားရင် မကာကွယ်ရဘူးလို့ မဆိုလိုပါဘူး။

ပိုက်တွေထဲ ရေတွေကို ပိတ်ထားတာအပြင် လျှပ်စစ်ကြိုးတွေ အသုံးပြုမှုကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အကင်စက်တွေ၊ မွှေစက်တွေဆိုတာလည်း အလားအလာရှိတဲ့ ဓာတ်ကူးပစ္စည်းတွေပဲ ဖြစ်ပါတယ်။

မိုးကြိုးများ ပစ်နေချိန် လျှပ်စစ်ပစ္စည်းများ အသုံးပြုနေခြင်းကို ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း အကြံပြုလိုပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*