မိန္းကေလးတိုင္း ကိုယ့္ခ်စ္သူထံမွ ေမွ်ာ္လင့္တဲ့အရာ (၅) ခု

မိန္းကေလးတိုင္း ကိုယ့္ခ်စ္သူထံမွ ေမွ်ာ္လင့္တဲ့အရာ (၅) ခု
မိန္းကေလးတိုင္း ကိုယ့္ခ်စ္သူထံမွ ေမွ်ာ္လင့္တဲ့အရာ (၅) ခု

မိန္းကေလးတိုင္း ကိုယ့္ခ်စ္သူထံမွ ေမွ်ာ္လင့္တဲ့အရာ (၅) ခု

ထုတ္မေျပာေပမဲ့လည္း အကုန္လုံးက ေမွ်ာ္လင့္ ေနၾကပါတယ္။ မိန္းကေလးေတြ ဆိုတာ သဘာဝအရ ရွက္႐ြံ႕တတ္ၾကၿပီး စိတ္လႈပ္ရွား ခံစားလြယ္သူေတြပါ။ ခ်စ္ရသူ ရွိလာရင္လည္း ခ်စ္သူေၾကာင့္ပဲ ေပ်ာ္ရ၊ ဝမ္းနည္းရနဲ႔ ထုတ္မေျပာ ျဖစ္တဲ့ ခံစားခ်က္ေပါင္း မ်ားစြာလည္း ရွိေလရဲ႕။

ကိုယ့္ခ်စ္သူထံက ေမွ်ာ္လင့္ေတာင့္တတဲ့ အရာေတြ ရွိေနပါလ်က္ အခ်ိဳ႕မိန္းကေလးေတြကေတာ့ ေျပာမထြက္ ၾကပါဘူး။ ဒါေပမဲ့ မိန္းကေလးတိုင္းေတာ့ ေမွ်ာ္လင့္ ၾကတာပါပဲ။

၁။ လက္ေဆာင္
ဒါကေတာ့ မိန္းကေလး သဘာဝပါပဲ။ တန္ဖိုးႀကီးမွရယ္ မဟုတ္ပါဘူး။ ပန္းေလးတစ္ပြင့္ ျဖစ္ျဖစ္ ကလစ္ေလး တစ္ခုခုျဖစ္ျဖစ္ ကိုယ္ခ်စ္တဲ့သူက ေပးတဲ့လက္ေဆာင္ ဆိုတာနဲ႔ပဲ ေပ်ာ္႐ႊင္ေနတတ္ၾကတာမ်ိဳးေလ။

၂။ အမွတ္တရ ေန႔စြဲေတြ
သူမရဲ႕ ေမြးေန႔ အပါအဝင္ အမွတ္တရေန႔စြဲေတြ ကိုလည္း မွတ္မိ ေနေစခ်င္ပါတယ္။ ခ်စ္သူစျဖစ္တဲ့ေန႔ ကိုေတာ့ လုံးဝမေမ့ပါနဲ႔။

၃။ ႏွစ္သိမ့္ အားေပးမႈ
ခ်စ္သူေတြပါ။ ရန္သူေတြလည္း မဟုတ္သလို သူစိမ္းေတြလည္း မဟုတ္ပါဘူး။ ၾကင္နာယုယ ခံရတဲ့ မိန္းကေလးေတြက ခ်စ္သူအေပၚ ပိုၿပီး ခ်စ္လာတတ္ၾကပါတယ္။ သူငယ္ခ်င္းေတြေရွ႕မွာ ခ်စ္သူကို မိတ္ဆက္ ေပးတာမ်ိဳး၊ လူမႈကြန္ရက္အေကာင့္ေတြမွာ ေရးတာမ်ိဳးလည္း ေမွ်ာ္လင့္ၾကပါတယ္။

၄။ ဂ႐ုစိုက္မႈ
လူတိုင္း ဂ႐ုစိုက္ခံလိုၾကတာ ခ်ည္းပါပဲ။ သာမာန္ အခ်ိန္ေတြမွာ ဂ႐ုမစိုက္လို႔ေတာ့ ဘာမွမျဖစ္ေပမဲ့ ေနမေကာင္း ျဖစ္ေနခ်ိန္၊ အားငယ္ ဝမ္းနည္းေနခ်ိန္ေတြ မွာေတာ့ ခ်စ္သူရဲ႕ ဂ႐ုစိုက္ ေဖးမမႈဟာ ႀကီးမားတဲ့ ခြန္အားတစ္ခု ျဖစ္ေစပါတယ္။

၅။ လက္ထပ္ခြင့္
ကိုယ့္ရဲ႕ခ်စ္သူက ျမတ္ျမတ္ႏိုးႏိုးနဲ႔ ေတာင္းခံလာမယ့္ လက္ထပ္ခြင့္ကို မိန္းကေလးတိုင္း ေမွ်ာ္လင့္ၾကပါတယ္။ ခ်စ္သူေတြရဲ႕ ပန္းတိုင္ဆိုတာ သက္ဆုံးတိုင္ လက္တြဲျခင္းပဲ မဟုတ္ပါလား။ ခ်စ္ျခင္းေတြ ထုံလႊမ္းထားတဲ့ ပတ္ဝန္းက်င္ေလး တစ္ခုမွာ လက္ထပ္လက္စြပ္ ေလးကို ျမင္လိုက္ရလို႔ကေတာ့ ၾကည္ႏူးေပ်ာ္႐ႊင္သြားမွာ အေသအခ်ာပါပဲ။

Credit – Duwun

Unicode

မိန်းကလေးတိုင်း ကိုယ့်ချစ်သူထံမှ မျှော်လင့်တဲ့အရာ (၅) ခု

ထုတ်မပြောပေမဲ့လည်း အကုန်လုံးက မျှော်လင့် နေကြပါတယ်။ မိန်းကလေးတွေ ဆိုတာ သဘာဝအရ ရှက်ရွံ့တတ်ကြပြီး စိတ်လှုပ်ရှား ခံစားလွယ်သူတွေပါ။ ချစ်ရသူ ရှိလာရင်လည်း ချစ်သူကြောင့်ပဲ ပျော်ရ၊ ဝမ်းနည်းရနဲ့ ထုတ်မပြော ဖြစ်တဲ့ ခံစားချက်ပေါင်း များစွာလည်း ရှိလေရဲ့။

ကိုယ့်ချစ်သူထံက မျှော်လင့်တောင့်တတဲ့ အရာတွေ ရှိနေပါလျက် အချို့မိန်းကလေးတွေကတော့ ပြောမထွက် ကြပါဘူး။ ဒါပေမဲ့ မိန်းကလေးတိုင်းတော့ မျှော်လင့် ကြတာပါပဲ။

၁။ လက်ဆောင်
ဒါကတော့ မိန်းကလေး သဘာဝပါပဲ။ တန်ဖိုးကြီးမှရယ် မဟုတ်ပါဘူး။ ပန်းလေးတစ်ပွင့် ဖြစ်ဖြစ် ကလစ်လေး တစ်ခုခုဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူက ပေးတဲ့လက်ဆောင် ဆိုတာနဲ့ပဲ ပျော်ရွှင်နေတတ်ကြတာမျိုးလေ။

၂။ အမှတ်တရ နေ့စွဲတွေ
သူမရဲ့ မွေးနေ့ အပါအဝင် အမှတ်တရနေ့စွဲတွေ ကိုလည်း မှတ်မိ နေစေချင်ပါတယ်။ ချစ်သူစဖြစ်တဲ့နေ့ ကိုတော့ လုံးဝမမေ့ပါနဲ့။

၃။ နှစ်သိမ့် အားပေးမှု
ချစ်သူတွေပါ။ ရန်သူတွေလည်း မဟုတ်သလို သူစိမ်းတွေလည်း မဟုတ်ပါဘူး။ ကြင်နာယုယ ခံရတဲ့ မိန်းကလေးတွေက ချစ်သူအပေါ် ပိုပြီး ချစ်လာတတ်ကြပါတယ်။ သူငယ်ချင်းတွေရှေ့မှာ ချစ်သူကို မိတ်ဆက် ပေးတာမျိုး၊ လူမှုကွန်ရက်အကောင့်တွေမှာ ရေးတာမျိုးလည်း မျှော်လင့်ကြပါတယ်။

၄။ ဂရုစိုက်မှု
လူတိုင်း ဂရုစိုက်ခံလိုကြတာ ချည်းပါပဲ။ သာမာန် အချိန်တွေမှာ ဂရုမစိုက်လို့တော့ ဘာမှမဖြစ်ပေမဲ့ နေမကောင်း ဖြစ်နေချိန်၊ အားငယ် ဝမ်းနည်းနေချိန်တွေ မှာတော့ ချစ်သူရဲ့ ဂရုစိုက် ဖေးမမှုဟာ ကြီးမားတဲ့ ခွန်အားတစ်ခု ဖြစ်စေပါတယ်။

၅။ လက်ထပ်ခွင့်
ကိုယ့်ရဲ့ချစ်သူက မြတ်မြတ်နိုးနိုးနဲ့ တောင်းခံလာမယ့် လက်ထပ်ခွင့်ကို မိန်းကလေးတိုင်း မျှော်လင့်ကြပါတယ်။ ချစ်သူတွေရဲ့ ပန်းတိုင်ဆိုတာ သက်ဆုံးတိုင် လက်တွဲခြင်းပဲ မဟုတ်ပါလား။ ချစ်ခြင်းတွေ ထုံလွှမ်းထားတဲ့ ပတ်ဝန်းကျင်လေး တစ်ခုမှာ လက်ထပ်လက်စွပ် လေးကို မြင်လိုက်ရလို့ကတော့ ကြည်နူးပျော်ရွှင်သွားမှာ အသေအချာပါပဲ။

Credit – Duwun

Be the first to comment

Leave a Reply

Your email address will not be published.


*