Unicode
“သောကြာသားသမီးလေး” တွေရဲ့ သူမတူတဲ့ မွေးရာပါ အားသာချက်တွေနဲ့ ပင်ကိုယ်စရိုက် (၁၀) မျိုး
ရက်သတ္တပတ်တစ်ခုရဲ့ ငါးရက်မြောက်နေ့မှာ မွေးဖွားတဲ့ သောကြာသားသမီးလေးတွေဟာ ဗီးနပ်စ်ဂြိုလ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတာဖြစ်ပါတယ်။ သောကြာသားသမီးလေးတွေမှာ
သူများနဲ့မတူတဲ့ အားသာချက်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အများကြီး ရှိပါတယ်။ ဒီအားသာချက်တွေကိုသာ ကောင်းမွန်စွာ အသုံးချနိုင်ရင်တော့ အောင်မြင်တဲ့သူတွေဖြစ်လာမှာ မလွဲဧကန်ပါပဲ
(၁) သောကြာသားသမီးလေးတွေဟာ ငြိမ်းချမ်းခြင်း၊ လှပခြင်း၊ အချစ်နဲ့ သာယာခြင်းတွေကို ကိုယ်စားပြုကြပါတယ်။
(၂) သောကြာသားသမီးလေးတွေဟာ အဆို၊ ပန်းချီလိုမျိုး အနုပညာအလုပ်တွေကို အထူးခုံမင်နှစ်သက်သလို ထူးကဲတဲ့ ပါရမီလည်း ပါလာတတ်သူတွေ ဖြစ်ပါတယ်။
(၃) သင်ဟာ ပျော်ပျော်နေတတ်သူတစ်ယောက် ဖြစ်တဲ့အပြင် ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သူပါ။ ဒါပေမယ့် အချစ်ရေးမှာတော့ အရမ်းကို ထိရှလွယ်တဲ့ သူတစ်ယောက်ပါ။
(၄) သောကြာသားသမီးလေးတွေဟာ စိတ်ခံစားချက် ပြင်းထန်တဲ့သူတွေဖြစ်တဲ့အလျောက် အသည်းကွဲတဲ့အခါ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်မှုတွေ ပေးသွားတဲ့အခါမှာ လွယ်လွယ်နဲ့ပြန်ပြီး မကုစားနိုင်ကြပါဘူး
(၅) သင်ဟာ မိန်းကလေးတစ်ယောက်ဆိုရင် သူတစ်ပါးရဲ့ စိတ်ခံစားချက်တွေကို စာနာနားလည်ပေးတတ်လွန်းလို့ သင့်မှ ာအပေါင်းအသင်းတွေ ဝိုင်းဝိုင်းလည်နေမှာပါ…
(၆) သောကြာသားသမီးတွေဟာ စကားကို သွယ်ဝိုက် မပြောပဲ တိုက်ရိုက် ပြောတတ်သူတွေ ဖြစ်ပြီး မဟုတ်မခံချင်စိတ် အပြည့်ရှိတဲ့သူတွေဖြစ်ပါတယ်…
(၇) သောကြာသားသမီးတွေဟာ သူငယ်ချင်း အပေါင်းအသင်းတွေကြား၊ ဆန့်ကျင်ဘက် လိင်တွေကြားမှာ အရမ်းကိုပေါ်ပြူလာဖြစ်ပြီး ဖော်ရွေသလောက် မိသားစုတွေနဲ့တော့ သိပ်ပြီး မတည့်တဲ့ သူတွေပါ…
(၈) သောကြာသားသမီးတွေဟာ လွယ်လွယ်နဲ့ ကျရှုံးတတ်တဲ့ သူတွေ မဟုတ်ပါဘူး။ အရမ်းမျှော်လင့်ထားတဲ့ အရာတစ်ခုခု၊ အလေးအနက်ထားတဲ့ အရာတစ်ခုခုက ကိုယ်ထင်ထားသလို ဖြစ်မလာခဲ့ရင် အချိန်တွေ အကြာကြီး စိတ်ထိခိုက် ကြေကွဲတတ်သူတွေပါ…
(၉) သောကြာသားသမီးလေးတွေမှာ တစ်ခုခုဆို အလိုလိုကြိုပြီး သိနေတတ်တဲ့ ဆဋ္ဌမအာရုံ ရှိနေတတ်ပြီး သူတို့တွေးထင်တဲ့ အရာတွေဆို မှန်နေတတ်ပါတယ်…
(၁၀) သောကြာသားသမီးတွေဟာ အရမ်းကို လိမ္မာပါးနပ်သူတွေ ဖြစ်ကြပါတယ်။ သူတို့ထက် အသက်အရွယ်ကြီးသူတွေထက်တောင် ပိုပြီး ပညာ ရှိတတ်ကြပါတယ်။ Credit
Be the first to comment
Leave a Reply
Your email address will not be published.
*