














Credit

Unicode

သနပ်ခါးလိမ်းတဲ့ မိန်းကလေးတိုင်းသိထားသင့်သည့်အချက်များ

မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ်

သနပ်ခါး ကျောက်ပြင် အသစ်ဆို ရေလေးဆေးလိုက်ပြီး သနပ်ခါး တုံးသွေးထည့်လိုက်တာပဲ အဲသလို လုပ်လို့ မရပါဘူး

ကျောက်သား အစစ်ကို ထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကို ပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ် ပထမဦးဆုံး အသုံးမပြု့ခင်မှာ ဝယ်လာတဲ့ ကျောက်ပျဉ်

ကို ရေစင်စင်ဆေးပြီး ကျောက်ပျဉ် ကို ရေပုန်းထဲကို ထည့်ပြီး ရေနဲ့ တစ်ညစိမ်ထားပါ နောက်တစ်ရက်မှာ နနွန်းတက်နဲ့ ဆီ+ ဆား နဲ့ကို

သွေးပြီး တစ်နေကုန် နေလှမ်း ထားရပါတယ်။ ဆီခြောက်တော့မှ သနပ်ခါးကျောက်ပျဉ်ကို ရေထပ်ဆေးပြီး မှ မိမိ ကြိုက်နှစ်သက်ရာ

သနပ်ခါးတုံး ကို သွေးရပါတယ်။ ထွက်လာတဲ့ သနပ်ခါး ကလေးတွေက ညက်နေပြီး

တနေကုန် ပါးပြင်ပေါ် အရာထင်နေပါတယ်တဲ့။ ကဲ ကျောက်ပျဉ်အ သစ်ကို ဘယ်လို အသုံးပြု့ရသလဲဆိုတာ သိသွားပြီပေါ့။

မေမေပြောပြတယ် ကျောက်ပျဉ် ပေါ်သနပ်ခါး သွေးတာ လေ့ကျင့်ခန်း တစ်ခု လုပ်တာနဲ့ တူတူပဲတဲ့

ဒါပေမဲ့ ကြမ်းပြင်ပေါ် ချသွေးရတာ မဟုတ်ပဲ မိမိခါး အလည်လောက် အမြင့်ရှိတဲ့ နေရာ

မှာ ထားပြီး သွေးရမယ်တဲ့ ။ သနပ်ခါး ကို အားစိုက် သွေးနေ ရတော့ လေ့ကျင့်ခန်း လုပ်နေတယ်လို့ မထင်ရပေမယ့် နှစ်နဲ့ ချီပြီး နေ့စဉ်

သွေးနေရတော့ လက်မောင်းကြွက်သွားတွေ က ပိုပြီး သန်မာတယ် ။ ပျော့ပြီး ရွဲကျခြင်းမျိုး မဖြစ်ဘူးတဲ့။ ဘယ်ညာတော့ လှည့်သွေးပေါ့တဲ့

ငရုပ်သီးထောင်း တာလဲ အတူတူပဲ တဲ့ ။ ခေါင်းလေ့ကျင့်ခန်း ကတော့ ရေအိုး ရွက်တာ ပါတဲ့ မေမေ အမေ(အဖွား) ပြောပြတာလို့ ပြောတယ်။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*