ၿခံခုန္သူေတြ လူမိတဲ့အခါ ဆင္ေျခေပးေလ့ရွိတဲ့ စကားမ်ား

ၿခံခုန္သူေတြ လူမိတဲ့အခါ ဆင္ေျခေပးေလ့ရွိတဲ့ " စကားမ်ား"
ၿခံခုန္သူေတြ လူမိတဲ့အခါ ဆင္ေျခေပးေလ့ရွိတဲ့ " စကားမ်ား"

ၿခံခုန္သူေတြ လူမိတဲ့အခါ ဆင္ေျခေပးေလ့ရွိတဲ့ စကားမ်ား

အခုေခတ္ႀကီးမွာ သမီးရည္းစားေတြ၊ လင္မယားေတြၾကားမွာ သစၥာရွိတယ္ဆိုတာ ခ်ီးက်ဴးယူရေလာက္ေအာင္ ခက္ခဲရွားပါးလာေနသလိုပါပဲ။ ကိုယ့္ခ်စ္သူထက္ သာတဲ့သူေတြ႕ရင္ ပိုသာယာမယ္လို႔ ထင္မိတာနဲ႔တင္ သစၥာေဖာက္ဖို႔ ဝန္မေလးသူေတြ အရမ္းကို ေပါမ်ားလာပါတယ္။

ေခတ္စကားနဲ႔ဆို ၿခံခုန္ျခင္းပါ။ သစၥာေဖာက္သူေတြ မ်ားေသာအားျဖင့္ ေပးေလ့ရွိတဲ့ ဆင္ေျခေတြကေတာ့ ကိုယ့္ခ်စ္သူရဲ႕ အမွားေတြေၾကာင့္ သူတို႔က တျခားသူဆီ သြားရသလိုမ်ိဳး၊ ဒီလိုမွမဟုတ္ရင္ မေတာ္တဆျဖစ္သလိုမ်ိဳးေတြ သူတို႔အျပစ္ ေပါ့ေအာင္ေျပာဆိုေလ့ရွိပါတယ္ ။

တကယ္ေတာ့ သစၥာေဖာက္တယ္ဆိုတာ ေဘးဘီပေယာဂထက္ ကိုယ့္ေ႐ြးခ်ယ္မႈသာ ျဖစ္ပါတယ္။ ကိုယ့္ေ႐ြးခ်ယ္မႈကလည္း ကိုယ္ဘယ္သူဆိုတာ ေဖာ္ျပသြားပါတယ္။ ေအာက္မွာ ျပထားတဲ့ စကားေလးေတြကေတာ့ စိတ္ပညာရွင္ေတြ အတည္ျပဳထားၾကတဲ့ ၿခံခုန္သူမ်ား ေပးေလ့ရွိတဲ့ ဆင္ေျခေတြျဖစ္ပါတယ္။

“ကိုယ္ မလုပ္ခဲ့ပါဘူး။ အဲ့ဒါ ကိုယ္မဟုတ္ပါဘူး..” ေဖာက္ျပန္သူေတြဆီက အၾကားရဆုံး စကားတစ္မ်ိဳးပါ။ သင္ ျပန္ၾကားရတဲ့အေၾကာင္းက သူမဟုတ္ဘူးလို႔ ေျဗာင္ျငင္းမယ္။ ေတြ႕ခဲ့တဲ့လူေတြက လူမွားေတြ႕ခဲ့သလိုပဲ လုပ္မယ္။ သတင္းမွားေတြဆိုၿပီး ျငင္းမယ္။ သူတို႔ရဲ႕ နံပါတ္တစ္ ဆင္ေျခပါပဲ။

“မင္း ဘာေတြ ေလွ်ာက္ေျပာေနတာလဲ.. ႐ူးေနလား..” သူတို႔ ၿခံခုန္တာကို မိသြားတဲ့ သင္ကပဲ ႐ူးေနသလိုမ်ိဳး စကားေတြ သင့္ကို ျပန္ေျပာပါလိမ့္မယ္။ သင့္အေတြးနဲ႔ သင္ ေလွ်ာက္ထင္ေနတဲ့ ပုံမ်ိဳးေတြ ေျပာပါလိမ့္မယ္။ သင္ကပဲ ေလွ်ာက္ေတြးေနသလိုမ်ိဳးေတြထင္ေအာင္ေပါ့။

ၿခံခုန္သူေတြ လူမိတဲ့အခါ ဆင္ေျခေပးေလ့ရွိတဲ့ ” စကားမ်ား”

“ကိုယ္နဲ႔ သူက အရမ္းရင္းႏွီးတဲ့ သူငယ္ခ်င္းေတြပါ..” သူ႔ကိုယ္သူ လုံးဝ စင္ၾကယ္ေနသလို သန႔္ရွင္းျပေနခ်င္ျပန္ပါၿပီ။ ေဖာက္ျပန္တာကို ဝန္မခံခ်င္ဘဲ သင္ပဲ မွားထင္ေနသလိုပါ။ ‘သူငယ္ခ်င္းေတြပါ’ ဆိုတဲ့ စကားကေတာ့ အတည္ေျပာတာေတြလည္း ရွိသလို ၿခံခုန္သူေတြလည္း တစ္ခါတစ္ရံ သုံးတတ္တဲ့ စကားေလးတစ္ခြန္းပါပဲ။

“ဒီတစ္ခါေလး မွားသြားတာပါ..” ဒီလိုစကားမ်ိဳးကေတာ့ သူက်ဴးလြန္ခဲ့တာကို ဝန္ခံရမွာ မေၾကာက္ေတာ့တဲ့အခါ သုံးတဲ့စကားပါ။ သူ႔အမွားကို ဝန္ခံမယ္၊ ဒါေပမယ့္ သူမွားတာ ဒီတစ္ခါတည္း ျဖစ္တဲ့ ပုံမ်ိဳးလည္း ကာေျပာမယ္။ သင့္ကို ခြင့္လႊတ္ေစခ်င္တယ္။ တကယ္ေတာ့ သူမွားခဲ့တာ ဘယ္ႏွခါ ရွိၿပီလည္း သူတို႔ကိုယ္တိုင္ပဲ သိပါလိမ့္မယ္။

“ဒီလို ထပ္မမွားေတာ့ပါဘူးလို႔ ကတိေပးပါတယ္..” ဒီလိုေျပာရင္ေတာ့ သိပ္မဆိုးဘူးလို႔ ေျပာလို႔ရပါတယ္။ သူ႔အမွားကိုလည္း ဝန္ခံၿပီး ေနာင္တရေၾကာင္း ျပကာ သင့္ဆီက ခြင့္လႊတ္မႈကို ေတာင္းခံခ်င္ရင္ သုံးတဲ့ စကားေလးပါ။

ဒါေပမယ့္ သူ႔ကိုထပ္ယုံသင့္ မယုံသင့္ကေတာ့ ခံရသူကိုယ္တိုင္က စဥ္းစားခ်င့္ခ်ိန္ၿပီး ျပန္လက္ခံ သင့္/မသင့္ ဆုံးျဖတ္သင့္ပါတယ္ေနာ္။

ေယာက်္ားေလးျဖစ္ေစ၊ မိန္းကေလးျဖစ္ေစ၊ ကိုယ့္ခ်စ္သူက ကိုယ့္ကို သစၥာေဖာက္ၿပီဆိုရင္ေတာ့ ခံစားရမွာ အနည္းနဲ႔ အမ်ားပါပဲ။

သစၥာေဖာက္သူက ဘယ္လိုစကားမ်ိဳး ျပန္ေျပာလဲဆိုတဲ့ အေပၚမူတည္ၿပီး ကိုယ္ဘယ္လို သူနဲ႔ ေရွ႕ဆက္ရမလဲဆိုတာရယ္၊ ခြင့္လႊတ္သင့္ မလႊတ္သင့္ ဆိုတာေတြရယ္ကို ပိုၿပီးစဥ္းစားတတ္လာမွာပဲျဖစ္ပါတယ္။crd

Unicode

ခြံခုန်သူတွေ လူမိတဲ့အခါ ဆင်ခြေပေးလေ့ရှိတဲ့ စကားများ

အခုခေတ်ကြီးမှာ သမီးရည်းစားတွေ၊ လင်မယားတွေကြားမှာ သစ္စာရှိတယ်ဆိုတာ ချီးကျူးယူရလောက်အောင် ခက်ခဲရှားပါးလာနေသလိုပါပဲ။ ကိုယ့်ချစ်သူထက် သာတဲ့သူတွေ့ရင် ပိုသာယာမယ်လို့ ထင်မိတာနဲ့တင် သစ္စာဖောက်ဖို့ ဝန်မလေးသူတွေ အရမ်းကို ပေါများလာပါတယ်။

ခေတ်စကားနဲ့ဆို ခြံခုန်ခြင်းပါ။ သစ္စာဖောက်သူတွေ များသောအားဖြင့် ပေးလေ့ရှိတဲ့ ဆင်ခြေတွေကတော့ ကိုယ့်ချစ်သူရဲ့ အမှားတွေကြောင့် သူတို့က တခြားသူဆီ သွားရသလိုမျိုး၊ ဒီလိုမှမဟုတ်ရင် မတော်တဆဖြစ်သလိုမျိုးတွေ သူတို့အပြစ် ပေါ့အောင်ပြောဆိုလေ့ရှိပါတယ် ။

တကယ်တော့ သစ္စာဖောက်တယ်ဆိုတာ ဘေးဘီပယောဂထက် ကိုယ့်ရွေးချယ်မှုသာ ဖြစ်ပါတယ်။ ကိုယ့်ရွေးချယ်မှုကလည်း ကိုယ်ဘယ်သူဆိုတာ ဖော်ပြသွားပါတယ်။ အောက်မှာ ပြထားတဲ့ စကားလေးတွေကတော့ စိတ်ပညာရှင်တွေ အတည်ပြုထားကြတဲ့ ခြံခုန်သူများ ပေးလေ့ရှိတဲ့ ဆင်ခြေတွေဖြစ်ပါတယ်။

“ကိုယ် မလုပ်ခဲ့ပါဘူး။ အဲ့ဒါ ကိုယ်မဟုတ်ပါဘူး..” ဖောက်ပြန်သူတွေဆီက အကြားရဆုံး စကားတစ်မျိုးပါ။ သင် ပြန်ကြားရတဲ့အကြောင်းက သူမဟုတ်ဘူးလို့ ဗြောင်ငြင်းမယ်။ တွေ့ခဲ့တဲ့လူတွေက လူမှားတွေ့ခဲ့သလိုပဲ လုပ်မယ်။ သတင်းမှားတွေဆိုပြီး ငြင်းမယ်။ သူတို့ရဲ့ နံပါတ်တစ် ဆင်ခြေပါပဲ။

“မင်း ဘာတွေ လျှောက်ပြောနေတာလဲ.. ရူးနေလား..” သူတို့ ခြံခုန်တာကို မိသွားတဲ့ သင်ကပဲ ရူးနေသလိုမျိုး စကားတွေ သင့်ကို ပြန်ပြောပါလိမ့်မယ်။ သင့်အတွေးနဲ့ သင် လျှောက်ထင်နေတဲ့ ပုံမျိုးတွေ ပြောပါလိမ့်မယ်။ သင်ကပဲ လျှောက်တွေးနေသလိုမျိုးတွေထင်အောင်ပေါ့။

ခြံခုန်သူတွေ လူမိတဲ့အခါ ဆင်ခြေပေးလေ့ရှိတဲ့ ” စကားများ”

“ကိုယ်နဲ့ သူက အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေပါ..” သူ့ကိုယ်သူ လုံးဝ စင်ကြယ်နေသလို သန့်ရှင်းပြနေချင်ပြန်ပါပြီ။ ဖောက်ပြန်တာကို ဝန်မခံချင်ဘဲ သင်ပဲ မှားထင်နေသလိုပါ။ ‘သူငယ်ချင်းတွေပါ’ ဆိုတဲ့ စကားကတော့ အတည်ပြောတာတွေလည်း ရှိသလို ခြံခုန်သူတွေလည်း တစ်ခါတစ်ရံ သုံးတတ်တဲ့ စကားလေးတစ်ခွန်းပါပဲ။

“ဒီတစ်ခါလေး မှားသွားတာပါ..” ဒီလိုစကားမျိုးကတော့ သူကျူးလွန်ခဲ့တာကို ဝန်ခံရမှာ မကြောက်တော့တဲ့အခါ သုံးတဲ့စကားပါ။ သူ့အမှားကို ဝန်ခံမယ်၊ ဒါပေမယ့် သူမှားတာ ဒီတစ်ခါတည်း ဖြစ်တဲ့ ပုံမျိုးလည်း ကာပြောမယ်။ သင့်ကို ခွင့်လွှတ်စေချင်တယ်။ တကယ်တော့ သူမှားခဲ့တာ ဘယ်နှခါ ရှိပြီလည်း သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

“ဒီလို ထပ်မမှားတော့ပါဘူးလို့ ကတိပေးပါတယ်..” ဒီလိုပြောရင်တော့ သိပ်မဆိုးဘူးလို့ ပြောလို့ရပါတယ်။ သူ့အမှားကိုလည်း ဝန်ခံပြီး နောင်တရကြောင်း ပြကာ သင့်ဆီက ခွင့်လွှတ်မှုကို တောင်းခံချင်ရင် သုံးတဲ့ စကားလေးပါ။

ဒါပေမယ့် သူ့ကိုထပ်ယုံသင့် မယုံသင့်ကတော့ ခံရသူကိုယ်တိုင်က စဉ်းစားချင့်ချိန်ပြီး ပြန်လက်ခံ သင့်/မသင့် ဆုံးဖြတ်သင့်ပါတယ်နော်။

ယောကျ်ားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ ကိုယ့်ချစ်သူက ကိုယ့်ကို သစ္စာဖောက်ပြီဆိုရင်တော့ ခံစားရမှာ အနည်းနဲ့ အများပါပဲ။

သစ္စာဖောက်သူက ဘယ်လိုစကားမျိုး ပြန်ပြောလဲဆိုတဲ့ အပေါ်မူတည်ပြီး ကိုယ်ဘယ်လို သူနဲ့ ရှေ့ဆက်ရမလဲဆိုတာရယ်၊ ခွင့်လွှတ်သင့် မလွှတ်သင့် ဆိုတာတွေရယ်ကို ပိုပြီးစဉ်းစားတတ်လာမှာပဲဖြစ်ပါတယ်။crd

Be the first to comment

Leave a Reply

Your email address will not be published.


*