


ဆံပင်မကျွတ်တော့ပဲ နက်မှောင်ကေသာပိုင်စေရာ ဘေးထွက် ဆိုးကျိုး မရှိသော မြန်မာနည်း မြန်မာဟန် ဆံကေသာအတွက် နည်းလမ်းလေး မျှဝေလိုက်တာပါ။










Unicode

ဆံပင်ပြန်နက်စေမည့် ငှက်ပျောရည် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်…

ဆံံပင်မကျွတ်တော့ပဲ နက်မှောင်ကေသာပိုင်စေရာ ဘေးထွက် ဆိုးကျိုး မရှိသော မြန်မာနည်း မြန်မာဟန် ဆံကေသာအတွက် နည်းလမ်းလေး မျှဝေလိုက်တာပါ။

(၁) မြင်ခွာရွက်ညှစ် ရည် လက်ဖက်ရည် ကြမ်းပန်း ကန်(၁)လုံးခန့်

(၂) ငှက်ပျောပင်မှ အရည် လက်ဖက်ရည် အကြမ်းပန်းကန် (၁)လုံးခန့်

(၃) ကွမ်းရွက် လက်ဖက်ရည် အကြမ်းပန်းကန်(၁)လုံး ကြိတ်မှန်ရွက် ပါ ထည့် နိုင်က ပိုပြီးကောင်းပါသည် ။

ထိုအရွက်(၃)ပါး ရရှိသော ညှစ်ရည်ကို ပုလင်းလေးထဲ ထည့်ပြီး ဦးရေပြားအတွင်းသို့ စိမ့်ဝင်အောင် လိမ်းကျံ ပေးခြင်း ဖြစ်ပါ သည် ။ နေ့တိုင်း ဇွဲရှိရှိ လိမ်းကျံ ကြည့် ပါ။

ဆံပင်ကျွတ်၍ စိတ်ညစ် ရသူများ၊ ဆံပင် နီကြန်ကြန် ဖြစ်သူ များ၊ဆံပင် ပင်မသန် သူများ၊ ထိပ်ပြောင်သူ တို့ အတွက် အလွန် ထိရောက်သော နည်းလမ်းလေး ဖြစ် ပါ သည်။

ဆံပင်အတွက် စိတ်ညစ်နေ သူများ လက်တွေ့လုပ် ဆောင်ကြည့်ပါ။ ငှက်ပျောပင်မှ ငှက်ပျောရည်ကို ဟင်းခပ် ဇွန်းမြီးလေးဖြင့် ပင်ခြေကို ထိုပြီး ခွက်လေးဖြင့် ခံလျှင် ငှက်ပျောရည် ကိုရရှိပါသည်။

ထိုသို့ မဟုတ်ပါက ငှက်ပျောလက် ကို ဓါးဖြင့်ဖြတ် လျိုကျပါ အရည် များကျ လာပါ လိမ့် မယ် ။ ခေတ်မီဆေးဝါး များနှင့် ဆံပင် သန်ဆေး၊ဆံပင်နက် ဆေးများ ဝယျယူ သုံးစွဲ နိုင်ရန် အခက်တွေ့သူများအတွက်ပဲ ဖြစ်ပါသည် ။

လုပ်တွေ့လုပ်ကြည့် ပါက ဆံပင် အတွက် အလှခက်နေသူများ ပင်ကိုယ် အလှပြန်၍ ရပါ လိမ့်မည်။ နက်မှောင်သေချာ ဆံကေ သာတို့ ပြန်လည် ပိုင်ဆိုင် ကြပါစေ။

မှုရင်းတင်သူအားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*