အခ်စ္ကို ကိုးကြယ္မွာမဟုတ္တဲ့ မိန္းမတစ္ေယာက္ရဲ႕ လကၡဏာ (၅) ခု

အခ်စ္ကို ကိုးကြယ္မွာမဟုတ္တဲ့ မိန္းမတစ္ေယာက္ရဲ႕ လကၡဏာ (၅) ခု
အခ်စ္ကို ကိုးကြယ္မွာမဟုတ္တဲ့ မိန္းမတစ္ေယာက္ရဲ႕ လကၡဏာ (၅) ခု

အခ်စ္ကို ကိုးကြယ္မွာမဟုတ္တဲ့ မိန္းမတစ္ေယာက္ရဲ႕ လကၡဏာ (၅) ခု

မိန္းကေလးေတြဟာ အရမ္းခ်စ္မိသြားတဲ့ အခါမ်ိဳးမွာဘာကိုမွမျမင္ႏိုင္ေတာ့ ေလာက္ေအာင္ အခ်စ္ကိုကိုးကြယ္တတ္ ၾကပါတယ္။

ဒါေပမယ့္ တစ္ခ်ိဳ႕ မိန္းကေလး ေတြကေတာ့ ဘယ္ေလာက္ ခ်စ္ခ်စ္ အခ်စ္ကို ကိုးကြယ္မယ့္ သူေတြ မဟုတ္ၾကပါဘူး။

အခ်စ္ကို ကိုးကြယ္မွာ မဟုတ္တဲ့ အသိဉာဏ္ျမင့္ မိန္းမေတြရဲ႕ လကၡဏာေတြကို ေဖာ္ျပေပးလိုက္ပါတယ္…

(၁) မဟုတ္မခံ

အသိဉာဏ္ ျမင့္တဲ့ မိန္းကေလးေတြက သူတို႔ မွန္ေနတဲ့ ကိစၥေတြကို ခ်စ္သူက အတင္း စြပ္စြဲတာေတြ ခ်စ္သူက အႏိုင္က်င့္တာ ၊ မမွ်မတ လာလုပ္တာ မ်ိဳးဆိုရင္ ၿငိမ္ခံေနမယ့္ သူမ်ိဳးေတြ မဟုတ္ပါဘူး။

သူတို႔ကို ဘလိုင္းႀကီး အႏိုင္လာယူတာ ၊ လာေက်ာတာေတြကို ခြင့္လႊတ္ၿပီး ႏႈတ္ဆိတ္ေနမယ့္ သူေတြ မဟုတ္ပါဘူး။ အဆုံးစြန္ထိ ျပန္ေခ်ပၿပီး လိုအပ္ရင္ ခ်စ္သူကို စြန႔္လႊတ္လိုက္ဖို႔ပါ ဝန္မေလးၾကပါဘူး။

(၂) အနာဂတ္ကို အေလးထားတယ္

အသိဉာဏ္ျမင့္တဲ့ မိန္းကေလးေတြဟာ အခ်စ္နဲ႔ အနာဂတ္မွာ အနာဂတ္ကို ဦးစားေပးတဲ့ သူမ်ိဳးေတြ ျဖစ္ၾကပါတယ္သူတို႔ဟာ ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ သူတို႔ရဲ႕ အနာဂတ္ေတြ ၊ ရည္မွန္းခ်က္ေတြကို စြန႔္လႊတ္မယ့္ သူမ်ိဳးေတြ မဟုတ္ပါဘူး။

သူတို႔လုပ္သင့္ လုပ္ထိုက္တဲ့ အလုပ္ကို လုပ္ဖို႔ ၊ သူတို႔ရဲ႕ ပန္းတိုင္ကို ေရာက္ရွိႏိုင္ဖို႔ အခ်စ္ အပါအဝင္ အတား အဆီးေတြ အားလုံးကိုရင္ဆိုင္ ေက်ာ္လႊားမယ့္သူေတြ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ အခ်စ္ဆိုတာ တည္ၿမဲဖို႔ မေသခ်ာဘူး ဆိုတာကို ေကာင္းေကာင္း သိထားၾကလို႔ပါ။

(၃) ဂုဏ္သိကၡာကို အေလးထားတယ္

ဉာဏ္ရည္ျမင့္တဲ့ မိန္းကေလးေတြဟာ ဂုဏ္သိကၡာကို တန္ဖိုး ထားၾကသူေတြ ျဖစ္ပါတယ္
ခ်စ္သူနဲ႔ပတ္သက္လို႔ ၊ အသြားအလာ ၊ အေနအထိုင္ အစစအရာရာကို သတိထားမယ့္ သူေတြ ျဖစ္ပါတယ္။

လူတစ္ေယာက္ အတြက္နဲ႔ သူတို႔ရဲ႕ ဂုဏ္သိကၡာေတြ ၊ မာနေတြနဲ႔ နာမည္ကို လုံးဝအထိခိုက္ခံမယ့္ သူမ်ိဳးေတြ မဟုတ္ၾကပါဘူး။

အထူးသျဖင့္ လူမႈေရး ေဖာက္ျပန္တဲ့ ကိစၥေတြ ၊ စႏိုက္ေက်ာ္တာေတြ ၊ သူမ်ားအိမ္ေထာင္ေရးကို ၿပိဳကြဲေစမယ့္ အလုပ္ေတြကို ဘယ္ေတာ့မွ လုပ္မယ့္ သူမ်ိဳးေတြ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ သူတို႔ဟာ အခ်စ္ကို ကိုးကြယ္တဲ့သူေတြ မဟုတ္ၾကလို႔ပါ ။

(၄) ဆႏၵကို သိကၡာနဲ႔ထိန္းတယ္

ဉာဏ္ရည္ျမင့္တဲ့ မိန္းကေလးေတြဟာ ဘယ္ေတာ့မွ အိေျႏၵမရတဲ့ အျပဳအမူမ်ိဳး ၊ သိကၡာက်မယ့္ အရာမ်ိဳး မလုပ္ၾကပါဘူး အေၾကာင္းကေတာ့ သူတို႔ကို သူတို႔ ေကာင္းေကာင္း ထိန္းႏိုင္ၾကပါတယ္။

မခ်စ္သင့္တဲ့သူ ၊ ကိုယ့္ကိုယ္ ျပန္မခ်စ္ႏိုင္မယ့္ သူမ်ိဳးကို ခ်စ္မိေနရင္ေတာင္ ဘယ္ေတာ့မွ ေရွ႕ဆက္တိုးမယ့္ သူေတြ မဟုတ္ပါဘူး။

ခ်စ္ေနတဲ့ ေနရာမွာပဲ ရပ္ၿပီး လုပ္စရာရွိတာ ဆက္လုပ္သြားမယ့္သူမ်ိဳးေတြပါ
သူတို႔ရဲ႕ ဆႏၵတစ္ခုတည္းေၾကာင့္နဲ႔ အရာရာကို စြန႔္လႊတ္ၿပီး နာမည္ အပ်က္ခံၾကမယ့္ သူမ်ိဳးေတြ မဟုတ္ပါဘူး။

(၅) ကိုယ့္ကိုယ္ကို အခ်စ္ဆုံး

ဉာဏ္ရည္ ျမင့္တဲ့ မိန္းကေလးေတြက သူတို႔ကို သူတို႔ အခ်စ္ဆုံး ျဖစ္ပါတယ္
သူတို႔ကို ထိခိုက္ေစမယ့္ အရာေတြ ၊ နာက်င္ေစမယ့္ အရာေတြ ၊ စိတ္ဒုကၡေပးတဲ့ သူမ်ိဳးေတြ ၊ကိုယ္ခ်စ္သေလာက္ ကိုယ့္ကိုယ္ ျပန္မခ်စ္တဲ့ သူေတြကို စိတ္အဆင္းရဲခံၿပီး ဖက္တြယ္ထားမယ့္ သူမ်ိဳးေတြ မဟုတ္ပါဘူး။

သူတို႔ မေပ်ာ္ေတာ့ဘူး ၊ သည္းမခံႏိုင္ေတာ့ဘူး ၊ စိတ္ကုန္ၿပီဆိုရင္ အခ်စ္ဆိုတဲ့ အရာကို အတင္းဆုပ္ကိုင္ထားမယ့္ သူမ်ိဳးေတြ မဟုတ္ပါဘူးအေၾကာင္းကေတာ့ သူတို႔ကိုသူတို႔ အခ်စ္ဆုံး ၊ တန္ဖိုးအထားဆုံး ျဖစ္ေနလို႔ပါ။

Credit

Unicode

အချစ်ကို ကိုးကွယ်မှာမဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ လက္ခဏာ (၅) ခု

မိန်းကလေးတွေဟာ အရမ်းချစ်မိသွားတဲ့ အခါမျိုးမှာဘာကိုမှမမြင်နိုင်တော့ လောက်အောင် အချစ်ကိုကိုးကွယ်တတ် ကြပါတယ်။

ဒါပေမယ့် တစ်ချို့ မိန်းကလေး တွေကတော့ ဘယ်လောက် ချစ်ချစ် အချစ်ကို ကိုးကွယ်မယ့် သူတွေ မဟုတ်ကြပါဘူး။

အချစ်ကို ကိုးကွယ်မှာ မဟုတ်တဲ့ အသိဉာဏ်မြင့် မိန်းမတွေရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်…

(၁) မဟုတ်မခံ

အသိဉာဏ် မြင့်တဲ့ မိန်းကလေးတွေက သူတို့ မှန်နေတဲ့ ကိစ္စတွေကို ချစ်သူက အတင်း စွပ်စွဲတာတွေ ချစ်သူက အနိုင်ကျင့်တာ ၊ မမျှမတ လာလုပ်တာ မျိုးဆိုရင် ငြိမ်ခံနေမယ့် သူမျိုးတွေ မဟုတ်ပါဘူး။

သူတို့ကို ဘလိုင်းကြီး အနိုင်လာယူတာ ၊ လာကျောတာတွေကို ခွင့်လွှတ်ပြီး နှုတ်ဆိတ်နေမယ့် သူတွေ မဟုတ်ပါဘူး။ အဆုံးစွန်ထိ ပြန်ချေပပြီး လိုအပ်ရင် ချစ်သူကို စွန့်လွှတ်လိုက်ဖို့ပါ ဝန်မလေးကြပါဘူး။

(၂) အနာဂတ်ကို အလေးထားတယ်

အသိဉာဏ်မြင့်တဲ့ မိန်းကလေးတွေဟာ အချစ်နဲ့ အနာဂတ်မှာ အနာဂတ်ကို ဦးစားပေးတဲ့ သူမျိုးတွေ ဖြစ်ကြပါတယ်သူတို့ဟာ ဘယ်လောက်ပဲ ချစ်ချစ် သူတို့ရဲ့ အနာဂတ်တွေ ၊ ရည်မှန်းချက်တွေကို စွန့်လွှတ်မယ့် သူမျိုးတွေ မဟုတ်ပါဘူး။

သူတို့လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ဖို့ ၊ သူတို့ရဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ အချစ် အပါအဝင် အတား အဆီးတွေ အားလုံးကိုရင်ဆိုင် ကျော်လွှားမယ့်သူတွေ ဖြစ်ပါတယ်။ အကြောင်းကတော့ အချစ်ဆိုတာ တည်မြဲဖို့ မသေချာဘူး ဆိုတာကို ကောင်းကောင်း သိထားကြလို့ပါ။

(၃) ဂုဏ်သိက္ခာကို အလေးထားတယ်

ဉာဏ်ရည်မြင့်တဲ့ မိန်းကလေးတွေဟာ ဂုဏ်သိက္ခာကို တန်ဖိုး ထားကြသူတွေ ဖြစ်ပါတယ်
ချစ်သူနဲ့ပတ်သက်လို့ ၊ အသွားအလာ ၊ အနေအထိုင် အစစအရာရာကို သတိထားမယ့် သူတွေ ဖြစ်ပါတယ်။

လူတစ်ယောက် အတွက်နဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာတွေ ၊ မာနတွေနဲ့ နာမည်ကို လုံးဝအထိခိုက်ခံမယ့် သူမျိုးတွေ မဟုတ်ကြပါဘူး။

အထူးသဖြင့် လူမှုရေး ဖောက်ပြန်တဲ့ ကိစ္စတွေ ၊ စနိုက်ကျော်တာတွေ ၊ သူများအိမ်ထောင်ရေးကို ပြိုကွဲစေမယ့် အလုပ်တွေကို ဘယ်တော့မှ လုပ်မယ့် သူမျိုးတွေ မဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ အချစ်ကို ကိုးကွယ်တဲ့သူတွေ မဟုတ်ကြလို့ပါ ။

(၄) ဆန္ဒကို သိက္ခာနဲ့ထိန်းတယ်

ဉာဏ်ရည်မြင့်တဲ့ မိန်းကလေးတွေဟာ ဘယ်တော့မှ အိန္ဒြေမရတဲ့ အပြုအမူမျိုး ၊ သိက္ခာကျမယ့် အရာမျိုး မလုပ်ကြပါဘူး အကြောင်းကတော့ သူတို့ကို သူတို့ ကောင်းကောင်း ထိန်းနိုင်ကြပါတယ်။

မချစ်သင့်တဲ့သူ ၊ ကိုယ့်ကိုယ် ပြန်မချစ်နိုင်မယ့် သူမျိုးကို ချစ်မိနေရင်တောင် ဘယ်တော့မှ ရှေ့ဆက်တိုးမယ့် သူတွေ မဟုတ်ပါဘူး။

ချစ်နေတဲ့ နေရာမှာပဲ ရပ်ပြီး လုပ်စရာရှိတာ ဆက်လုပ်သွားမယ့်သူမျိုးတွေပါ
သူတို့ရဲ့ ဆန္ဒတစ်ခုတည်းကြောင့်နဲ့ အရာရာကို စွန့်လွှတ်ပြီး နာမည် အပျက်ခံကြမယ့် သူမျိုးတွေ မဟုတ်ပါဘူး။

(၅) ကိုယ့်ကိုယ်ကို အချစ်ဆုံး

ဉာဏ်ရည် မြင့်တဲ့ မိန်းကလေးတွေက သူတို့ကို သူတို့ အချစ်ဆုံး ဖြစ်ပါတယ်
သူတို့ကို ထိခိုက်စေမယ့် အရာတွေ ၊ နာကျင်စေမယ့် အရာတွေ ၊ စိတ်ဒုက္ခပေးတဲ့ သူမျိုးတွေ ၊ကိုယ်ချစ်သလောက် ကိုယ့်ကိုယ် ပြန်မချစ်တဲ့ သူတွေကို စိတ်အဆင်းရဲခံပြီး ဖက်တွယ်ထားမယ့် သူမျိုးတွေ မဟုတ်ပါဘူး။

သူတို့ မပျော်တော့ဘူး ၊ သည်းမခံနိုင်တော့ဘူး ၊ စိတ်ကုန်ပြီဆိုရင် အချစ်ဆိုတဲ့ အရာကို အတင်းဆုပ်ကိုင်ထားမယ့် သူမျိုးတွေ မဟုတ်ပါဘူးအကြောင်းကတော့ သူတို့ကိုသူတို့ အချစ်ဆုံး ၊ တန်ဖိုးအထားဆုံး ဖြစ်နေလို့ပါ။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*